Home

Apple မှ Smart Pen ခေါ် စမတ် ကွန်ပျူတာ ဘောပင် ထုတ်မည်

                          
photo: cdn.psfk.com
                           Apple ကွန်ပျူတာကုမ္ပဏီမှ iWatch ခေါ် စမတ်နာရီထုတ်လုပ်မည့်သတင်းများ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ယခုတဖန် ကွန်ပျူတာစနစ်၊ sensor စနစ်နှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ်များပါဝင်သည့် Smart Pen စမတ်ဘောပင်တစ်မျိုးကို ထုတ်လုပ်တော့မည် ဟု သတင်းများ ထပ်မံထွက်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ 1997 ခုနှစ်ကတည်းက ဒီ ကွန်ပျူတာဘောပင်နဲ့ပါတ်သက်တဲ့ ဒီဇိုင်းကို အင်္ဂလန် နည်းပညာရှင် Lyndsay Williams ဆိုသူကတီထွင်ပေးခဲ့ပြီး Apple ကုမ္ပဏီမှ 2008 မှာ မူပိုင်အဖြစ်ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ စမတ်ဘောပင်မှာ touchscreen LCD display တစ်ခုပါဝင်မည်ဖြစ်ပြီး၊ ၄င်း screen မှတစ်ဆင့် အီးမေးများ၊ text message များနှင့် အခြား စာသားဖြင့်ဖေါ်ပြနိုင်သော information များကို ဖေါ်ပြမှာဖြစ်ပါတယ်။ Cellular သို့မဟုတ် GPS data စနစ် တမျိုးမျိုးပါဝင်နိုင်ပြီး၊ ၄င်းစနစ်ကိုအသုံးပြုခါ အင်တာနက်ဖြင့်ချိန်ဆက်နိုင်မှာဖြစ်ပါတယ်။

0 comments:

Fancy USB flash drive လေးများစုစည်းမှု

                       
                      ဒီဇိုင်းအသစ်အဆန်းများနဲ့ fancy style USB flash drive များကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်။ ပမာဏသေးငယ်ပေမယ့် 4GB ကနေ 32GB ထိအောင် ထည့်သွင်းသယ်ဆောင်သွားလို့ ရပါတယ်။

0 comments:

Mozilla မှ Unreal Engine 3 Epic ဂိမ်းများကို browser တွင်ကစားနိုင်ရန် စမ်းသပ်နေ

                     Mozilla Firefox browser တွင် PS3/4 , Xbox 720 တို့ကဲ့သို့သော 3D Epic game များကို မည်သည့် plug-in မှထပ်မံထည့်သွင်းစရာမလိုပဲ အဆင်ပြေစွာ ဆော့ကစားနိုင်ရန် Mozilla မှ developer များစတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ UE3 ခေါ် Unreal Engine 3 စနစ် ဂိမ်းများကို Emscrepten နှင့် asm.js ခေါ် javascript ကုဒ်များကို အသုံးပြုပြီး console ဂိမ်းစက်များထက်မညံ့သော အရည်အသွေးဖြင့် ဆော့ကစားနိုင်မှာဖြစ်တယ်လို့ firefox ရဲ့ official blog မှာ ဖေါ်ပြထားပါတယ်။ အပြိုင်အဆိုင် နာမည်ကြီး browser များဖြစ်တဲ့ Google Chrome နှင့် Internet Explorer များမှာ browser based game များ ကစားနိုင်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ firefox browser ကို အသုံးပြုမှုမှာ တကမ္ဘာလုံးအဆင့် ထိပ်ဆုံးမှာရောက်ရှိနေပါတယ်။ ယခုအခါ ၄င်း browser များထက်ပိုမိုကောင်းမွန်ရုံတင်မကပဲ Sony ၏ Play Station ကဲ့သို့သော console game စက်များ၏ အရည်အသွေးလောက်နီးပါး ကစားနိုင်မည့် Epic game များကို Mozilla မှ စမ်းသပ်နေသည်ဖြစ်ရာ အင်တာနက်အသုံးပြုရင်း ဂိမ်းကစားလိုသူများကို ထပ်မံ၍ ဆွဲဆောင်ထားနိုင်အုံးမှာ ပဲဖြစ်ပါတယ်။

1 comments:

Facebook comment တွင် တိုက်ရိုက် reply ပြုလုပ်နိုင်ပြီ

            
                              Facebook တွင် comment တစ်ခုချင်းစီကို တိုက်ရိုက် reply ပြန်ရေးပေးနိုင်တဲ့ feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ မိမိတင်ထားသော အကြောင်းအရာ သို့မဟုတ် အခြားသူများ၏ အကြောင်းအရာများတွင် ယခင်က comment တစ်ခုကို reply လုပ်လိုပါက ပထမ comment ပေးခဲ့သူ၏ pofile link ကိုထည့်သွင်း၍ ဖြစ်စေ၊ နာမည်တိုက်ရိုက်ရေး၍ ဖြစ်စေ ယခင် comment ၏ အောက်မှ comment တစ်ခုထပ်ရေးပေးခြင်းဖြင့် reply လုပ်ပေးခဲ့ကြရပါတယ်။ Blog comment များကဲ့သို့ comment တစ်ခုကို တိုက်ရိုက် reply ပြုလုပ်နိုင်ရန် facebook မှ reply ဟူသည့် option ကို ထပ်မံထည့်သွင်းပေးပြီး၊ တိုက်ရိုက် အမေးအဖြေသဘော မျိုး ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။ Reply option ကို comment ၏ အောက် Like ၏ ညာဘက်ဘေးနားတွင်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Page တစ်ခုအတွက် တိုက်ရိုက် reply option ကိုအသုံးပြုနိုင်ရန် Admin panel ၏ အောက်နားတွင် ပြသပေးထားသော demo animation နေရာတွင် အောက်ပါပုံတွင်ပြထားသည့်အတိုင်း Turn on Replies ကို click နှိပ်ပေးရမှာဖြစ်ပါတယ်။

0 comments:

မြန်မာနိုင်ငံ၏ အင်တာနက် စနစ်နှင့် ကမ္ဘာ့ ထိပ်သီး နည်းပညာကုမ္ပဏီ Google

Photo credit: elevenmyanmar.com
                  Google ၏ CEO Mr.Eric Schmidt မြန်မာနိုင်ငံသို့ လာရောက်လည်ပါတ်သွားပီးတဲ့နောက်ပိုင်း Google မှ မြန်မာနိုင်ငံအပေါ် တားမြစ်ထားသည့် Online services အချို့ကို ပြန်လည် အသုံးပြုခွင့်ပေးခဲ့ပါတယ်။ မြန်မာ domain အဖြစ် Google.com.mm ကို Mr.Eric Schmidt မလာခင်ရက်ပိုင်းအလို မှစတင်ခါ အသုံးပြုခွင့်ပေးခဲ့ပြီး ၄င်းနောက် အားလုံးမျှော်လင့်နေကြသည့် Google Play ကို စမ်းသပ် အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိသည့် Google မှ ရာထူးအကြီးဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည့် Mr.Eric Schmidt က "လူငယ်တွေနဲ့ နည်းပညာပေါင်းစပ်လိုက်ရင် တိုင်းပြည်တစ်ပြည်ဟာ ပြီးပြည့်စုံသွားမှာပါ၊ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကတစ်ဆင့် လူကြီးမိဘတွေကို အင်တာနက်ကိုဘယ်လိုသုံးရတယ်ဆိုတာ ပြန်ပြောနေတဲ့ အသံစာစာလေးတွေကို ကြားရတာကို သူနှစ်သက်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အုပ်ချုပ်သူများဘက်မှလည်း အင်တာနက်ပိုင်းဆိုင်ရာ ထိမ်းချုပ်ထားတာတွေကို အသင့်အတင့် ရုပ်သိမ်းပေးနိုင်ခဲ့ရင် ပိုကောင်းလာမယ်လို့ ထင်ပြီး၊ "အစိုးရတွေအနေနဲ့ကတော့ သူတို့သတင်းကို အင်တာနက်ပေါ်မှာ ကောင်းသတင်းပဲရေးစေချင်ကြပြီး၊ မကောင်းသတင်းများကို ကြိုက်နှစ်သက်ကြမှာ မဟုတ်ဘူး" လို့ ပြောကြားသွားတာကိုလည်း elevenmyanmar.com မှာ ဖေါ်ပြထား ပါတယ်။

0 comments:

Apple မှ သင့်တင့်သော ဈေးနှုန်းဖြင့် iPhone မျိုးဆက်တစ်ခု ၂၀၁၃ အတွင်းထုတ်မည်

                            သင့်တင့်သော ဈေးနှုန်းဖြင့် iPhone မျိုးဆက်တစ်ခု ကို Apple ကုမ္ပဏီမှ ယခုနှစ်အတွင်း ထုတ်လုပ်ဖွယ်ရှိကြောင်း သိရပါတယ်။ ထုံးစံအတိုင်းဆိုလျှင် iPhone 5 ထွက်ရှိလာပြီးနောက် ပိုမိုကောင်းမွန်စေရန် ပြုပြင်ဖန်တီးပေးထားသော မျိုးဆက်သစ်မော်ဒယ် 5S အဖြစ် ထွက်ရှိလာရမည်ဖြစ်ပြီး၊ 5S ကို ယခုနှစ်ဇွန်လပိုင်းတွင် ထွက်ရှိလာမယ်လို့ သတင်းထွက်နေပါတယ်။ ၄င်းသတင်းများအရ မျိုးဆက်သစ် iPhone 5S မှာ မတူညီသည့် ဈေးကွက်ထိုးဖောက်မှုပုံစံဖြင့် ဝင်ရောက်လာမည်ဖြစ်ပြီး၊ သင့်တင့်သော ဈေးနှုန်းဖြင့် ထွက်ရှိလာဖွယ်ဖြစ်နေပါတယ်။ လက်ရှိ iPhone 5 ထက် ပိုမိုဈေးနှုန်းချိုသာစေရန် ကိုယ်ထည်ကို အရောင် ၆ ရောင်သုံးနိုင်မည့် fiberglass ဆန်ဆန် ကော်သားဖြင့်ပြုလုပ်မည်ဖြစ်ပြီး၊ screen display မှာလည်း Retina မဟုတ်တော့ပဲ သာမန် display ဖြင့်သာ ထွက်ရှိလာမယ်လို့ ဆိုပါတယ်။

0 comments:

Google ကလည်း Motorola နှင့် ပေါင်းခါ စမတ်နာရီထုတ်မည်

                             Sony ၏ ထုတ်လုပ်ပြီး SmartWatch, Apple ၏ အတည်မပြုရသေးသော iWatch နှင့် Samsung ၏ အတည်ပြုပြီး Altius smart watch သတင်းများထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း Google မှလည်း စမတ်နာရီတစ်မျိုးကို ထုပ်လုပ်နေတယ်လို့ သတင်းများထွက်ပေါ်လာပြန်ပါတယ်။ Financial Times ဝဘ်ဆိုက်စာမျက်နှာမှာ ဖေါ်ပြထားတာကတော့ Google ပိုင် Motorola မိုဘိုင်းကုမ္ပဏီမှ ဝတ်ဆင်အသုံးပြုနိုင်သော Android စနစ်ဖြင့် ချိတ်ဆက်ထားသည့် ပစ္စည်းတစ်မျိုးကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ကလည်း Motorola ကုမ္ပဏီမှ MocotoACTV လို့ခေါ်တဲ့ အားကစားသုံး နှင့် သီချင်းနားထောင်နိုင်ရန် နာရီတစ်မျိုးကို ထုတ်လုပ်ခဲ့ဖူးတဲ့အတွက် လက်တွေ့မှာတော့ Apple, Samsung တို့နှင့်စာလျှင် Google ပိုင် Motorola မှ စမတ်ဖုန်း ထုတ်လုပ်မှုမှာ အတွေ့အကြုံရှိခဲ့ဖူးတယ်လို့ ပြောလို့ရပါတယ်။

0 comments:

Apple ID ကိုလည်း 2 step verification စနစ်စတင်ပြီ

                          Apple ID သို့မဟုတ် iTunes account လို့ခေါ်တဲ့ Apple device များအတွက် backup, sync, download ပြုလုပ်နိုင်ရန် လိုအပ်တဲ့ Account ကို log in လုပ်ရာမှာ 2 step verification ကို Apple မှ 22/ 4/13 မှာ စတင် တည်ဆောက်ပေးခဲ့ပါတယ်။ Apple ID ရှိပြီးသားသူများရော၊ အသစ်ပြုလုပ်မည့်သူများပါ ယခု 2 step verification စနစ်အတွက် စတင် sign up လုပ်နိုင်ပြီး မြန်မာနိုင်ငံမှာတော့ မရသေးပါဘူး။ အမေရိကား၊ အင်္ဂလန်၊ အိုင်ယာလန်၊ ႀသစေတ်းလ် နှင့် နယူဇီလန် နိုင်ငံများမှာ စတင် အသုံးပြုနိုင်ပြီလို့သိရပါတယ်။ အသုံးပြုပုံကတော့ အသုံးပြုနေကျ Apple ID နှင့် log in ဝင်လိုက်လျှင် Apple ID ပိုင်ရှင်မှ ထည့်သွင်းထားသော ဖုန်းနံပါတ်သို့ ဂဏန်း ၄ လုံးကို SMS မတ်ဆေ့ပို့ပေးမှာဖြစ်ပြီး၊ ၄င်း ဂဏန်း ၄ လုံးကိုမှန်ကန်စွာထည့်နိုင်မှသာ iPhone, iPod touch, iPad device အားလုံးမှာ log in ဝင်နိုင်မှာဖြစ်ပါတယ်။

1 comments:

Google Image Search တွင် animated GIFs format ပုံများကို Filter ဖြင့်ရှာနိုင်ပြီ

                         ဓါတ်ပုံဖိုင်အမျိုးအစားများစွာရှိသည့်အနက်မှ animation လှုပ်ရှားမှုပုံရိပ်များဖြင့် ဖန်တီးထားသော GIF format (Graphics Interchange Format) ပုံများကို အလွယ်တကူရှာဖွေနိုင်ရန် Google Image တွင် စတင်ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် search result မှာပါ animated လှုပ်ရှားမှုပုံရိပ်များကို တိုက်ရိုက် မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ GIFs အမျိုးအစား ပုံများကိုရှာဖွေရန်အတွက် Google Image Search သို့သွားခါ Search tools ကို click နှိပ်ခါ Any type တွင် "animated" ဟူ၍ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

0 comments:

iOS 6.1.3 မှာလည်း Lockscreen ကို bypass လုပ်ခါ Contact ကို ဝင်ရောက်နိုင် (Security issue)

                             Evasi0n တို့ jailbreak မလုပ်နိုင်သေးတဲ့ နောက်ဆုံးထွက် iOS 6.1.3 မှာ Apple ရဲ့ security report အရ lockscreen ကို bypass ကျော်နိုင်ခြင်းကို ပြင်ဆင်ပေးထားခဲ့တယ်လို့ ဆိုထားပေမယ့် ယခု အောက်တွင်ပြထားသော Youtube video တစ်ခုမှ lockscreen ကို bypass ကျော်ပုံကို ပြသထားတာကိုတွေ့ မြင့်ရမှာဖြစ်ပါတယ်။ ဒီတစ်ခါတော့ security ပြဿနာက Voice dial လို့ခေါ်တဲ့ အသံနှင့် ဖုန်းနံပါတ်နှိပ်ခါ ဖုန်းခေါ်တဲ့ စနစ်ကနေ ဖြစ်စေတာပဲဖြစ်ပါတယ်။ Video မှာပြထားသည့်အတိုင်း Voice dial ဖြင့် ဖုန်းခေါ်စေခါ sim card ကို ရုတ်တရက်ဆွဲဖြုတ်လိုက်လျှင် contact screen ကို အလိုအလျှောက် ပြန်ရောက်သွားပါတယ်။

0 comments:

iOS 6.1.3, Evasi0n နှင့် Untethered Jailbreak

                                         iOS 6 ရဲ့ နာမည်ကြီး untethered jailbreak အဖွဲ့ Evasi0n ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရေကို စိန်ခေါ်လိုက်သည့် iOS 6.1.3 ကို Apple တို့ မတ်လ ၁၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ ယခု iOS 6 မှာ အဓိကအနေနဲ့ lock screen ကို ကျော်၍ ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ခြင်း၊ voice mail များကို နားထောင်နိုင်ခြင်း၊ ဓါတ်ပုံများကို ကြည့်ရှုနိုင်ခြင်း စသည့် security ပိုင်းဆိုင်ရာအားနည်းချက်များကို ပြင်ဆင်ပေးထားပြီး၊ ဂျပန်နိုင်ငံ၏ မြေပုံကို update လုပ်ထားပါတယ်။ ဒါ့အပြင် Evasi0n အတွက် iOS စနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန် အထောက်အကူဖြစ်စေတဲ့ အားနည်းချက်များကိုလည်း ပြန်လည်ပြင်ဆင်ပေးလိုက်သေးတယ်လို့ သိရပါတယ်။ iOS 6.1.2 ထိအောင်နေ့ခြင်းညခြင်း untethered jailbreak tool ထွက်ရှိပေးခဲ့တဲ့ Evasi0n အဖွဲ့ကတော့ ယခုအချိန်ထိအောင် jailbreak နဲ့ပါတ်သက်လို့ နှုတ်ဆိတ်နေဆဲပဲရှိပါသေးတယ်။ ဒါ့အပြင် နောက်ဆုံးထွက် iPhone 5, iPhone 4S, iPad နှင့် iPod touch 5th-generation iDevice များမှာ iOS 6.1.3 ကို အကြောင်းအမျိုးမျိုးကြောင့် တင်လိုက်မိပါက 6.1.2 သို့ပြန်လည် downgrade ပြုလုပ်ဖို့ကိုလည်း မည်သည့် tool မျှ မစွမ်းဆောင်နိုင်သေးဘူးလို့ သိရပါတယ်။

0 comments:

Facebook for Android 2.3 နှင့် Facebook for iOS 5.6 download


                      Facebook 2.3 for Android နှင့် Facebook 5.6 for iOS update မှာ Android device များနှင့် အိုင်ဖုန်းအသုံးပြုသူများအတွက် Profile cover photo ကိုအလွယ်တကူ ပြောင်းလဲတင်ပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Profile view ကနေ Cover photo ပေါ်မှာ တစ်ချက်ထောက်ပြီး Cover photo update လုပ်တဲ့ Option မှ တစ်ဆင့် ဓါတ်ပုံများကို တိုက်ရိုက်တင်နိုင်ပါတယ်။ ဒါ့အပြင် Android ရော iOS version မှာပါ group မတ်ဆေ့ပို့ရတာ ပိုမိုလွယ်ကူလာစေပြီး၊ group conversation များပြန်လည်ရှာဖွေနိုင်ရန် လည်း Update ပြုလုပ်ပေးထားပါတယ်။ Android version 2.3 မှာ News feed မှာ Hide stories နှင့် Report spam option များထပ်မံထည့်သွင်းပေးထားတဲ့အတွက် report ပြုလုပ်လိုတဲ့အချိန်မှာ အဆင်ပြေစေပါတယ်။ အခြား improvement နှင့် bug fixes များလည်းပါဝင်ပါတယ်။

0 comments:

Notification မှတစ်ဆင့် function အသစ်များပြုလုပ်နိုင်သော Gmail for Android 4.3 APK

                      Android mobile ဖုန်းများအတွက် Official Gmail application အသစ်ထွက် 4.3 ပါ။ ယခု Version အသစ်မှာ Notification အသိပေးစနစ် အတွက် ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်ပေးထားပြီး၊ notification drawer မှတစ်ဆင့် reply, archive, delete စသည်တို့ကို တိုက်ရိုက်ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Email တစ်စောင်ဝင်လာတိုင်း Gmail application ဖွင့်ပြီး အထက်ပါ function လုပ်ဆောင်ချက်များကို သီးသန့် ဆောင်ရွက်စရာမလိုပဲ notification bar မှတိုက်ရိုက် ပြုလုပ်ပေးနိုင်မှာဖြစ်တဲ့အတွက် Memory စားသက်သာခြင်း၊ အချိန်မြန်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေတဲ့အတွက် update ပြုလုပ်ထားသင့်ပါတယ်။

0 comments:

အိုင်ဖုန်းနှင့် တွဲဖက်အသုံးပြုနိုင်သည့် အရက်မှုးနှုန်းတိုင်း ကိရိယာ Breathalyzer

                   ကားမောင်းရင်းဖြစ်စေ၊ အခြားတားမြစ်ထားသော အရက်မသောက်ရ နေရာများတွင်ဖြစ်စေ လေမှတစ်ဆင့် သွေးကြောအတွင်း alcohol ပမာဏ blood alcohol concentration (BAC) ကို တိုင်းတာစစ်ဆေးပေးနိုင်သော Breathometer ခေါ် ကိရိယာကို Smith and Wesson ကုပ္မဏီမှ စတင်တီထွင်ခဲ့ပါတယ်။ အဆင့်မြင့်လာသည့် မိုဘိုင်းကွန်ပျူတာစနစ်များ နှင့် တွဲဖက်အသုံးပြုနိုင်သည့် portable gadget hardware များမျိုးစုံပေါ်ပေါက်လာခါ ယခု Breathalyzer ကို အိုင်ဖုန်းဖြင့် တွဲဖက်အသုံးပြုနိုင်ရန် Breathometer ကုမ္ပဏီမှ ဖန်တီးထုပ်လုပ်လိုက်ပါတယ်။ ကားကီးချိန်းတစ်ခုအရွယ်သာရှိသည့် ၄င်း Breathalyzer ကို ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပြီး၊ အလွယ်တကူလည်း သယ်ဆောင်နိုင်ပါတယ်။ အသွင်းအထုတ်ပြုလုပ်နိုင်သည့် jack pin ကိုထုတ်ခါ အိုင်ဖုန်း၏ 3.5 mm စတီရီယို နားကြပ်ပေါက်တွင် တပ်ဆင်ပေးပြီး၊ အိုင်ဖုန်းတွင်ထည့်သွင်းထားသည့် Application ဖွင့်ရမှဖြစ်ပါတယ်။ ပြီးနောက် တိုင်းတာလိုသူ၏ ပါးစပ်မှတစ်ဆင့် Breathalyzer ကိရိယာသို့ လေမှုတ် ပေးရမှာဖြစ်ပြီး၊ အိုင်ဖုန်း၏ application မှတစ်ဆင့် Alcohol ပါဝင်မှုပမာဏကို ဖေါ်ပြပေးမှာဖြစ်ပါတယ်။

0 comments:

ကမ္ဘာ့တန်ဘိုးကြီးဖုန်း စာရင်းဝင် နောက်ဆုံးထွက် Vertu Ti မိုဘိုင်းဖုန်း

                       ပြောင်းလဲတိုးတက်လာတဲ့ မိုဘိုင်းဖုန်း ခေတ်ထဲမှာ luxury branded မိုဘိုင်းဖုန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံ Vertu ကုမ္ပဏီမှ တန်ဘိုးကြီး hardware များနဲ့ပြုလုပ်ထားတဲ့ Vertu Ti အမည်ရှိ Android 4.0 (Ice Cream Sandwich) စနစ်ဖုန်းတစ်လုံး ထုပ်လုပ်လိုက်ပါတယ်။ Vertu Ti မှာ ၄င်းကုမ္ပဏီ၏ ဒုတိယမြောက် Touch screen phone တစ်လုံးဖြစ်ပြီး ပထမ မျိုးဆက် Vertu Constellation touch screen ဖုန်းကိုတော့ Symbian စနစ်ကို အသုံးပြုထားခါ အခြားဖုန်းများကတော့ java စနစ် key pad ဖုန်းများဖြစ်ပါတယ်။ ဖုန်းများကို လက်လုပ် (hand-made) စနစ်ဖြင့်တိကျသေသပ်စွာ ပြုလုပ်ပေးခြင်း၊ အသုံးပြုထားသော ဖုန်းကိုယ်ထည်များ၊ ကင်မရာများ၊ ခလုပ်များ၊ screen များ၊ စသည်တို့ကို တန်ဖိုးကြီး ရတနာများ၊ သားရေအစစ်များ၊ တန်ဖိုးကြီး သတ္ထုများဖြင့် ပြုလုပ် ထားခြင်း စသည်တို့ကြောင့် Vertu ကုမ္ပဏီထုတ်ဖုန်းများမှာ တန်ဖိုးအလွန်အမင်းမြင့်မားပြီး၊ လက်ဝတ်ရတနာတစ်ခုကဲ့သို့ တန်ဖိုးထား ကိုင်ဆောင်ကြပါတယ်။   

0 comments:

Samsung, HTC, Motorola, Sony, LG ဖုန်းများအတွက် လျှို့ဝှက် code များ

                              လက်ရှိ update ဖြစ်တဲ့  Samsung, HTC, Motorola, Sony, LG ဖုန်းများအတွက် လျှို့ဝှက် code များကို ရှာဖွေတွေ့ရသလောက် ပြန်လည် မျှဝေလိုက်ပါတယ်။ အချို့ဖုန်းများမှာ အဆင်မပြေနိုင်ပေမယ့် ဖုန်းတော်တော်များများမှာ အဆင်ပြေပါတယ်။ သေချာနားမလည်သည့် လျှို့ဝှက်ကုဒ်များကို စမ်းသပ်မသုံးမပြုမှီ မိမိ၏ဖုန်းရှိ data များအား အရင်ဆုံး backup လုပ်ထားသင့်ပါတယ်။

0 comments:

အမေရိကား၏ လက်တွေ့ကျသော အွန်လိုင်းမူပိုင်ခွင့် ဥပဒေထိမ်းချုပ်မှုအသစ် စတင်တော့မည်

                      သီချင်းများ၊ ရုပ်ရှင်များ၊ တီဗွီရှိုးများ နှင့် အခြား program ဖိုင်များ ကို ကမ္ဘာတဝှမ်းမှ အင်တာနက်အသုံးပြုသူများအချင်းချင်း မျှဝေအသုံးပြုနိုင်ရန် အလွယ်ကူဆုံးစနစ်မှာ Peer to peer (P2P) လို့ခေါ်တဲ့ internet file sharing စနစ်ဖြစ်ပါတယ်။ ၄င်းစနစ်မှာ ကိုယ်ပိုင် server (သို့မဟုတ်) cloud storage တစ်ခုခုတွင်သိမ်းဆည်းထားရန်မလိုပဲ file size မည်မျှပင်ကြီးစေ upload တင်ပေးထားပါက အခြား သူများမှ P2P software တစ်ခုခုကို သုံးခါ အစမှပြန်စ စရာမလိုသည့် resumable စနစ်ဖြင့် download လုပ်ထားရာနေရာမှဆက်လက်ခါ နေ့စဉ်ရက်ဆက် download ပြုလုပ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ထိအောင် ၄င်း P2P file sharing စနစ်ဖြင့် နာမည်ကြီးခဲ့သည့် limewire ကဲ့သို့သော software ကို လက်ရှိအချိန်တွင် အမေရိကန်အစိုးရ၏ အွန်လိုင်းဥပဒေနှင့် ငြိစွန်းကြောင်း သက်သေခိုင်လုံ၍ ပိတ်ပင်ခံထားရသော်လည်း အခြား P2P software များကတော့ ရှိနေဆဲ သုံးနေကြဆဲပင်ဖြစ်ပါတယ်။ အထက်ပါ P2P စနစ်အသုံးပြုသူ များအတွက် copyright ဥပဒေသစ်တစ်ခုကို Center for Copyright Information (CCI) လို့ခေါ်တဲ့ အဖွဲ့မှ လာမယ့် တနင်္လာနေ့မှစတင်ခါ စောင့်ကြည့် ချမှတ်သွားမယ်လို့ သိရပါတယ်။
                        Copyright Alert System (CAS) လို့ခေါ်တဲ့ မူပိုင်ခွင့်ဥပဒေ သတိပေး စနစ်သစ်မှာ နေရာဒေသအလိုက် အင်တာနက်စနစ်ထောက်ပံ့သည့် အဖွဲ့အစည်း (ISPs) များ၊ မူပိုင်ခွင့်ပိုင်ရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ အင်တာနက်လိပ်စာ (IP address) တစ်ခုမှ P2P sharing စနစ် အသုံးပြုခါ သီချင်း၊ ရုပ်ရှင် စသည်များကို စတင် upload/ download ပြုလုပ်သည်ကို ISPs များ၏ အကူအညီဖြင့် ၄င်း file များ၏ မူလပိုင်ရှင်မှ သိရှိနိုင်မှာဖြစ်ပါတယ်။ ထို့နောက် သေချာပါက ပထမဆုံးအနေနှင့် share ပြုလုပ်သည့် IP လိပ်စာ တစ်ခုချင်းဆီသို့ ISPs များမှတစ်ဆင့် မူလပိုင်ရှင်များ၏ ခွင့်ပြုချက် ရယူခါ သတိပေးတားမြစ်ချက် ပေးပို့မှာဖြစ်ပါတယ်။
                         ကြိုတင်သတိပေးတားမြစ်ချက်ရရှိပြီးနောက် ဆက်လက်၍ တရားမဝင် share ပြုလုပ်နေပါက ၁။ မိမိနှင့် ISPs (အင်တာနက်ထောက်ပံ့သည့် အဖွဲ့အစည်း) တို့ တရားဝင်သဘောတူထားသည့် internet speed အင်တာနက်အမြန်နှုန်းကို ယာယီလျှော့ချခြင်း၊ ၂။ အခြား အင်တာနက်စနစ်ဆိုင်ရာ service များကို လျှော့ချခြင်း၊ ၃။ မည်သည့်အင်တာနက်စနစ်ကိုသုံးစေ၊ ISPs မှသတ်မှတ်ပေးလိုက်သော Webpage တစ်ခုတွင်သာ ပြန်လည် ရောက်ရှိနေစေခြင်း တို့ကို အချိန်ကာလတစ်ခုထိအောင် သိသိသာသာ ပြစ်ဒဏ်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူမှ ISPs သို့ ဆက်သွယ်ခါ ထပ်မံ၍ မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်သည့် လုပ်ဆောင်ချက်များ မလုပ်တော့ပါဟု သဘောတူညီမှုတစ်ခု ရပြီးမှသာ အထက်ပါပြစ်ဒဏ်များမှ ပြန်လည် လျှော့ချသွားမှာဖြစ်ပါတယ်။
                        IP လိပ်စာတစ်ခု (သို့မဟုတ်) အင်တာနက်အကောင့်တစ်ခုမှ Copyright မူပိုင်ခွင့် ဥပဒေကို ဖောက်ဖျက်စေသည့် အချက်များကတော့ ၁။ မူပိုင်ခွင့်ပြုလုပ်ထားသော (သို့) တရားဝင်ပြန်လည်ဖြန့်ဝေခွင့်ပေးမထားသော သီချင်း၊ ရုပ်ရှင်များအပါအဝင် မည်သည့် digital file ကိုမဆို မူလပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပြန်လည်မျှဝေ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း၊ ၂။ ထိုသို့ဖြန့်ဖြူးလိုပါက အွန်လိုင်း မူပိုင်ခွင့်တရားဥပဒေကို မည်သို့ရှောင်တိမ်းရသည်ကို ပညာပေးဖြန့်ဝေခြင်း၊ ၃။ အထက်ပါ file များအား တိုက်ရိုက်မျှဝေမသုံးစွဲသော်လည်း တရားဥပဒေနှင့်အညီ မျှဝေသုံးစွဲခွင့်ရှိစေသည့် သတင်းအချက်အလက်များကို မူလပိုင်ရှင်၏ခွင့်ပြုချက် မရပဲ ပြန်လည်ဖြန့်ဖြူးခြင်း တို့ပဲဖြစ်ပါတယ်။               
                     စတင်စမ်းသပ်ဆဲကာလမှ မှားယွင်းစွာ သတိပေးတားမြစ်ခံရမှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ထိုသို့မှားယွင်း သည်ဟု ယူဆပါက American Arbitration Association နှင့် CCI အဖွဲ့များ မှတစ်ဆင့် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။ အထက်ပါစနစ်များမှ လောလောဆယ် Peer to peer network တစ်ခုထဲတွင်သာ တွင်ကျယ်စွာ စောင့်ကြည့်နိုင်အုံးမည်ဖြစ်ပြီး file copyright information နှင့် အသုံးပြုသူ၏ အင်တာနက်လိပ်စာမှလွဲ၍ အခြား personal သတင်းအချက်အလက်များကို ရယူမည်မဟုတ်ဟု ဖေါ်ပြထားပါတယ်။ မည်သို့ပင်ဆိုစေ ယခုကဲ့သို့ အင်တာနက်လိုင်းကို ဖြတ်တောက်၍ ပြစ်ဒဏ်သတ်မှတ်ခြင်းမှာ လက်တွေ့ကျပြီး အချိန်ကာလတစ်ခုတိုင်အောင် ထိရောက်နိုင်သော်လည်း VOIP ဖုန်းကဲ့သို့သော အင်တာနက်စနစ်သုံး device များမှာ မမျှော်လင့်ပဲ လိုင်းပျက်ခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး အရေးကြီးဖုန်းခေါ်ဆိုမှုများမှာ အခက်အခဲတွေ့စေနိုင်ကြောင်း သုံးသပ်လိုက်ရပါတယ်။

ref:  http://www.copyrightinformation.org

0 comments:

ဖုန်းရော tablet ပါသုံးနိုင်မည့် Asus PadFone infinity (2 in 1) smart device

                      လွန်ခဲ့တဲ့ ရက်အနဲငယ်ကပဲ Asus ကုမ္ပဏီဟာ PadFone infinity လို့ခေါ်တဲ့ Tablet အဖြစ်ရော၊ စမတ်ဖုန်းတစ်လုံး အဖြစ်ပါ ပြောင်းလဲ အသုံးပြုနိုင်တဲ့ Smart device မျိုးဆက် နောက်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းကို tablet dock ထည့်သွင်းတပ်ဆင်ရုံဖြင့် ၁၀.၁ လက္မ မျက်နှာပြင်ကျယ် Tablet တစ်လုံးကို စမတ်ဖုန်းတွင်ပါဝင်သည့် စွမ်းဆောင်ချက်များအတိုင်း ကိုင်ဆောင်ခွင့်ရရှိနိုင်မှာဖြစ်ပြီး၊ ဖုန်းသီးသန့်အသုံးပြုလိုချိန်တွင် tablet dock မှပြန်ဖြုတ်ခါ ပေါ့ပါးစွာအသုံးပြုနိုင်အုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကတည်းက PadFone နှင့် PadFone 2 ဟူ၍ နှစ်မျိုးထုပ်လုပ်ခဲ့ပြီး၊ ယခု PadFone infinity မှာတော့ ပိုမိုထူးခြားကောင်းမွန် အောင် update ပြုလုပ်ပေးထားပါတယ်။

0 comments: