Home

Facebook တွင် Status Update ကို Emoticons ဟုခေါ်သည့် ပုံလေးများပါထည့်သွင်းနိုင် တော့မည်


                        Facebook ၏ Update Status text box နေရာတွင် How are you doing, What's going on, How's it going? စသည့် စာကြောင်းများအစား၊ What are you doing? ဟု ပြင်ဆင်ခါ မိမိပြုလုပ်နေသည်များကို ပိုမိုသစ်လွင်သည့် feature များဖြင့် အဆင်သင့် ရွေးချယ် update လုပ်နိုင်ရန် Facebook မှစမ်းသပ်နေပါတယ်။ Feeling, Reading, Eating, Listening စသည်ဖြင့် ခေါင်းစဉ်အလိုက် ရွေးချယ်နိုင်ခါ ခေါင်းစဉ်တစ်ခုချင်းစီအတွက် icon တစ်ခုစီသတ်မှတ်ပေးထားပါတယ်။ ထို့အပြင် smile emotion ရုပ်ကလေးများကိုပါ ရွေးချယ် ထည့်သွင်းခါ status update ပြုလုပ်နိုင်ရန် facebook mobile ဝဘ်ဆိုက်မှာ user အချို့နှင့် စမ်းသပ်နေပါတယ်။

0 comments:

iOS, Android နှင့် Window 8 OS များကို ယှဉ်ပြိုင်မည့် Blackberry 10 (BB10) mobile operating system

                              
                                     Apple ရဲ့ iOS သုံး iDevice များ, Google ၏ Android နှင့် Microsoft ရဲ့ Window 8 OS သုံး နာမည်စုံ mobile device များအကြားမှာ ယခင်က နာမည်ကျော်လူကြိုက်များခဲ့တဲ့ ကနေဒါနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ RIM (Research In Motion ltd) ဟာ ဒီကနေ့တော့ သူ့ရဲ့ မူပိုင် Operating system အသစ် တစ်ခုဖြစ်တဲ့ Blackberry 10 ကို စတင်မိတ်ဆက်ခဲ့ပါပြီ။ လက်ရှိ Blackberry ဖုန်းများမှာ အသုံးပြုနေတဲ့ Blackberry operating system နဲ့ လုံးဝမတူတဲ့ ထူးခြားဆန်းသစ်တဲ့ feature များအပြင်၊ ရုပ်ရှင်များ၊ တီဗွီရှိုးများ၊ သီချင်းများ၊ ဂိမ်းများ နှင့် အသုံးဝင် ဆော့ဖ်ဝဲများ ပါဝင်သည့် Application ပေါင်း ၇၀၀၀၀ ကျော်ကိုလည်း Blackberry 10 OS မှာ support လုပ်သွားမှာဖြစ်ပါတယ်။

0 comments:

Easy MP3 downoader 4.5.1.6 (latest version/ direct download)

                              MP3 သီချင်းများကို အလွယ်ကူဆုံး download ပြုလုပ်ပေးနိုင်မယ့် Easy MP3 downloader နောက်ဆုံးထွက် version 4.5.1.6 ပါ။ သီချင်းပေါင်း သန်း ၁၀၀ ကျော်များထဲမှ မိမိကြိုက်နှစ်သက်ရာ သီချင်းများအလိုက် သီဆိုသူ၊ သီချင်းအမည်၊ အယ်လ်ဘမ်အမည် စသည်တို့ကို ရိုက်ထည့်ခါ ရှာဖွေနိုင်သည့်အပြင် Rock, Pop, Alternative အစရှိသဖြင့် Categories များအလိုက် လည်းရှာဖွေနိုင်ပါတယ်။ လတ်တလောထင်ပေါ်ကြော်ကြားနေသည့် သီချင်းများကို လည်း feature section မှာ ပြသပေးထားပါတယ်။

0 comments:

ရွှေသားဖြင့်ပြုလုပ်ထားသော Ammo USB flash device လေးများ



                               စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Strontium Technology မှ Ammo ဟုခေါ်သည့် ၂၄ ကာရတ် ရှိ ရွေသားအကာဖြင့်ပြုလုပ်ထားသော USB Flash Drive များကို ထုပ်လုပ်လိုက်ပါတယ်။ သိုလှောင်နိုင်မှုပမာဏ 16 GB ကနေ 64 GB ထိ ရရှိနိုင်ပြီး၊ ဈေးနှုန်းကတော့ 16 GB အတွက် အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လခန့်ကျသင့်မည်ဖြစ်ပြီး၊ 64 GB အတွက်တော့ ၄၆ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ အားနဲချက်ကတော့ USB 2.0 system ကို သာ အသုံးပြုထားခြင်းပဲဖြစ်ပြီး၊ Windows PC, notebook PC များနှင့် Apple ၏ iMac နှင့်MacBook များမှာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

0 comments:

Apple mobile device များအတွက် အသစ်ထွက် iOS 6.1 Features & Download

                              Apple mobile device များဖြစ်သည့် iPad, iPhone, iPod touch များအတွက် Operating System Firmware အသစ် iOS 6.1 ကို Apple မှ တရားဝင် update ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အသစ်ထပ်မံထည့်သွင်းပေးလိုက်တဲ့ Feature များကတော့ နောက်ဆုံးပေါ် mobile network တစ်ခုဖြစ်တဲ့ LTE (Long Term Evolution) network ပါဝင်လာခြင်း၊ အမေရိကားတွင် အသုံးပြုသူများအတွက် ရုပ်ရှင်လက်မှတ်များကို Siri မှတစ်ဆင့် အမိန့်ပေးစေခိုင်းခါ ဝယ်ယူနိုင်ခြင်း၊ iTunes Match subscribers များအတွက် သီချင်းများကို iCloud မှတစ်ဆင့် ဝယ်ယူ download လုပ်နိုင်ခြင်း၊ ကြော်ငြာများကို ခြေရာခံသည့်စနစ်ကို လွယ်ကူစွာ reset ပြုလုပ်စေနိုင်မည့် Advertising Identifier reset button ပါဝင်ခြင်း၊ Apple TV ကို iPad, iPhone, iPod touch တစ်ခုခုမှတစ်ဆင့် Bluetooth စနစ်အသုံးပြုထားသည့် Keyboard ဖြင့် စေခိုင်းနိုင်ခြင်း၊ စသည်တို့ပဲဖြစ်ပါတယ်။

0 comments:

Android ဖုန်းများအတွက် iTunes ကဲ့သို့ လုပ်ဆောင်ပေးနိုင်သော SnapPea

                            
                              Apple mobile device များအားလုံး ကို iTunes အသုံးပြုခါ သီချင်းများ၊ ဗွီဒီယိုများ၊ ဂိမ်းများ ထည့်သွင်း သကဲ့သို့ Android device များအတွက် media file များ၊ application များကို ထည့်သွင်း စီစဉ်ပေးနိုင်မယ့် SnapPea လို့ခေါ်တဲ့ window software ပါ။ မိမိ၏ Android ဖုန်းကို USB connection ဖြင့်သော်လည်းကောင်း Wifi network တစ်ခုတည်းတွင် ချိတ်ဆက်​​ ၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုသော application များကို Google play store တွင် သွားရောက် download လုပ်စရာမလိုပဲ SnapPea မှတိုက်ရိုက် download ပြုလုပ်ခါ Install ပြုလုပ်နိုင်သည့်အပြင် ဖုန်းအတွင်းယခင်ကရှိပြီးသား application များကိုလည်း ကွန်ပျူတာတွင် backup လုပ်ထားနိုင်ပါတယ်။

0 comments:

128 GB ဆံ့ Apple ရဲ့ iPad 4 လာတော့မည့်

                                လက်ရှိအသုံးပြုနေသည့် Apple ရဲ့ iPad တွေမှာ အများဆုံး 64 GB ထိအောင် data များသိုလှောင်နိုင်သည့် ပမာဏရှိနေပြီး၊ ထို့ထက်ပိုမို သိုလှောင်နိုင်မယ့် iPad ကို Apple တို့ စတင် ထုတ်လုပ်ဖို့ရန် ရည်ရွယ်နေကြပါပြီ။ ဆက်လက်ထုတ်လုပ်မယ့် iPad ရဲ့ သိုလှောင်နိုင်မှုပမာဏကတော့ 128GB flash memory ရှိမှာဖြစ်ပြီး၊ အပြင်ပိုင်း ဒီဇိုင်းနှင့် အခြား function များကိုတော့ ပြောင်းလဲနိုင်ဖွယ် မရှိသေးကြောင်း 9to5mac.com မှာ ဖေါ်ပြထားပါတယ်။ လက်တလော အပြိုင်အဆိုင်များပြီး၊ ထင်သလောက် ဈေးကွက်မရခဲ့တဲ့ အနေအထားကို ပြန်လည် ထိမ်းသိမ်းနိုင်စေရန် ရည်ရွယ် ချက်ဖြင့် အဆောတလျင် ထုတ်လုပ်မည့် 128 GB ဆံ့ Apple iPad မှာ ယခင် iPad များကဲ့သို့ပင် အဖြူနှင့် အနက် ၂ ရောင်လာမည်ဖြစ်ပြီး၊ Wifi သီးသန့် နှင့် Wifi+ Cellularဗားရှင်း နှစ်မျိုးထွက်လာမှာ ဖြစ်ပါတယ်။ 

0 comments:

Firefox နှင့် Google Chrome သုံးသူများအတွက် မြန်မာစာအဆင်ပြေစွာ ဖတ်ရှုနိုင်သည့် Tagu တန်ခူး Addon


                           ကွန်ပျူတာ စနစ်တစ်ခုလုံးအတွက် မြန်မာ ဇော်ဂျီ font နှင့် အခြား ယူနီကုဒ် တစ်မျိုးမျိုး ထည့်သွင်းထားသော်လည်း Browser များ၏ ရံဖန်ရံခါ update ပြုလုပ်မှုများကြောင့်နှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် မြန်မာစာ အသုံးပြုထားသော webpage များကို ဖတ်ရှုရာမှာ လေးထောင့်တုံးများ ပေါ်နေတတ်ပြီး၊ အဆင်မပြေမှုများ ကြုံတွေ့ကြရပါတယ်။ Firefox နှင့် Google Chrome အသုံးပြုသူများအတွက်တော့ မြန်မာ developer တစ်ယောက်ဖန်တီးထားသော Tagu တန်ခူးဟုခေါ်သည့် Browser Addon တစ်ခုကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အထက်ပါ Browser များမှာ Facebook အပါအဝင်၊ မြန်မာစာပါဝင်သော Webpage များမှာ အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ၄င်း Tagu Addon ကိုထည့်သွင်းထားခြင်းဖြင့် မိမိ၏ကွန်ပျူတာတွင် အခြားမည်သည့် မြန်မာစာစနစ်များကိုမှ ထည့်သွင်းထားစရာမလိုပဲ ဇော်ဂျီစနစ်ရော အခြား ယူနီကုဒ်စနစ်များကိုပါ အလိုအလျှောက် ခွဲခြားပြီး၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

0 comments:

face-recognition ပြုလုပ်နိုင်ခြင်းမှ ကာကွယ်နိုင်သည့် မျက်မှန်


                              Face-recognition လို့ခေါ်တဲ့ ကင်မရာ အတော်များများမှာ ပါဝင်တဲ့ မျက်နှာဖတ်သည့် စနစ် ကိုကာကွယ်နိုင်ရန် ဂျပန်နိုင်ငံ မှ Isao Echizen ဆိုသူ သိပ္ပံပညာရှင် တစ်ယောက်က မျက်မှန်တစ်လက်ကို တီထွင်လိုက်ပါတယ်။ အဆိုပါမျက်မှန်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော near-infrared LEDs ဟုခေါ်သည့် မီးလုံးလေးများကို face-recognition စနစ်မှ အများဆုံး ဖတ်ရှုသည့် မျက်နှာ၏ အစိတ်အပိုင်းများဖြစ်သည့် မျက်လုံး၊ မျက်ခုံးနှင့် နှာတံများအနီးတွင် တပ်ဆင်ထားပါတယ်။ ၄င်းမျက်မှန်ကိုတပ်ဆင်ထားသူအား face-recognition စနစ်ပါဝင်သည့် ကင်မရာတစ်ခုခုနှင့် ရိုက်ကူးလိုက်ပါက မျက်မှန်တွင်တပ်ဆင်ပေးထားသော မီးလုံးလေးများမှ digital noise ဟုခေါ်သည့် ပုံမှန်မဟုတ်သော မလိုလားအပ်သည့် အရောင်များကို အလိုအလျှောက်ဖန်တီးပေးခြင်းဖြင့် Auto face-recognition ပြုလုပ်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

0 comments:

Android mobile device များအတွက် Temple Run 2 ထွက်ရှိ



                           ပြီးခဲ့တဲ့ အပါတ်က Apple mobile device များအတွက် စတင်မိတ်ဆက်ခဲ့တဲ့ နာမည်ကြီးလူကြိုက်များတဲ့ Temple run 2 ဂိမ်းဟာ Android OS သုံး mobile device များအတွက်လည်း ထွက်ရှိလာပါပြီ။ ယခင် Temple run ဂိမ်း ထက် ပိုမိုကောင်းမွန်တဲ့ Graphic design များနှင့် ပြေးလမ်းများ ၊ power-up function များ၊ Achievement များ၊ Character များကို ယခင် Temple run ထက်ပိုမိုကောင်းမွန်အောင် ဖန်တီးပေးထားပြီး၊ ယခင်ဂိမ်းနှင့်မတူသည့်အချက်ကတော့ လမ်းကြောင်းမှားလျှင်ဖြစ်စေ၊ ခလုပ်တိုက်၍ဖြစ်စေ မိမိ၏ character သေဆုံးသွားပါက "Save me" ဟူသည့် function ကိုအသုံးပြုပြီး၊ ရောက်ရာနေရာမှ ဆက်ပြေးနိုင်ခြင်းပဲဖြစ်ပါတယ်။

0 comments:

Window live messenger service ရပ်စဲလျှင် Skype တွင်ဆက်လက်အသုံးပြုပုံ

                               Microsoft ရဲ့ အထင်ကရ online chat service တစ်ခုဖြစ်တဲ့ MSN Messenger လို့ခေါ်တဲ့ Window Live Messenger ဟာ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရပ်စဲပါတော့မယ်။  မတ်လ ၁၅ ရက်နေ့ကနေစတင်ပြီးတော့ Window live messenger desktop application မှာ sign in လုပ်တာနဲ့ Skype ကို download လုပ်ခါ install ပြုလုပ်ခိုင်းပြီး၊ Window live messenger ကို Uninstall ပြုလုပ်ခိုင်းမည့် စာသားပေါ်လာမည်ဖြစ်ပြီး၊ အခြား IM chatting software များဖြစ်သည့် Pidgin နှင့် Trillian  အစရှိသော Third party client software များမှာလည်း ထို့အတူဖြစ်လာမှာ ဖြစ်ပါတယ်။ Window live messenger account မှာရှိပြီးသား သူငယ်ချင်း များနှင့် ဆက်လက် ဆုံစည်းလိုသူများအတွက်တော့ Window live account ကို Skype account တွင် ဆက်လက် အသုံးပြုနိုင်ရန် ဖန်တီးပေးထားမှာဖြစ်ပါတယ်။ ထိုသို့ပေါင်းစည်းရာမှာလည်း အသုံးပြုလက်စ Skype account နှင့် ပေါင်းစပ်နိုင်ရန်နှင့် Skype account အသစ် ဖန်တီးခါ ပေါင်းစည်းနိုင်ရန် နည်းလမ်းနှစ်ခု ရွေးချယ်နိုင်ပြီး၊ နောက်ဆုံးထွက် Skype application ကို မိမိကွန်ပျူတာမှာ install ပြုလုပ်ထားရမှာ  ဖြစ်ပါတယ်။ Window live account နှင့် Skype account ကိုပေါင်းစည်း လိုပါက အောက်တွင်ပြထားသော နည်းလမ်းများအတိုင်းလိုက်လံဆောင်ရွက်နိုင်ပါတယ်။

0 comments:

ရှေ့နောက်ကင်မရာများမှ တပြိုင်တည်း ရိုက်ကူးနိုင်မည့် LG Optimus G Pro ဖုန်း

LG's Optimus G Pro ဖုန်းကို ရှေ့ပိုင်းမှမြင်ရပုံ
                               LG electronic ကုမ္ပဏီကထုတ်လုပ်တဲ့ ၅ လက်မအရွယ်ရှိတဲ့ LG Optimus G Pro (L-04E) ဖုန်း ဟာ full HD 1080p အရည်အသွေးနဲ့ ထွက်ရှိလို့လာပါပြီ။ 1.7 GHz အမြန်နှုန်းရှိတဲ့ Snapdragon S4 Pro APQ8064 processor တပ်ဆင်ထားပြီး၊ RAM ကိုတော့ 2GB ထည့်သွင်းပေးထားပါတယ်။ နောက်ဆုံး ထွက် Android 4.1 Jelly Bean စနစ်ဖြစ်ခါ၊ ယခင်ထွက်ရှိပြီးသား Optimus G ဘက်ထရီထက် ပိုမိုကြာရှည်ခံအသုံးပြုနိုင်သည့် 3000mAh ဘက်ထရီ တပ်ဆင်ထားသော်လည်း 10.1 မီလီမီတာ အထူနှင့် 160 ဂရမ် သာလေးတဲ့အတွက် ဘက်ထရီ အနည်းငယ်ပိုကြီးလာသည်နှင့်စာလျှင် ဖုန်း၏ အထူနှင့် အလေးချိန်တို့မှာ မပြောပလောက်ပါဘူး။

0 comments:

iPad mini ထက်ပါးသော Sony Xperia Z Tablet အသစ်ထွက်ရှိ

 Sony Xperia Z tablet
                             Sony Mobile ကုမ္ပဏီရဲ့ အသစ်ထပ်မံထွက်ရှိလာတဲ့ ရေစိုအကြမ်းခံ (water & dust proof) Xperia Z Tablet ပါ။ 1920-1200 ပစ်ဆဲလ် Screen resolution ရှိတဲ့ 10.1 လက်မ Screen ကို Mobile Bravia Engine 2 အသုံးပြုခါ အရည်အသွေးမြှင့်ထားပါတယ်။ Qualcomm 1.5GHz quad-core APQ8064 processor ကိုအသုံးပြုထားပြီး၊ RAM memory ပမာဏကတော့ 2GB နှင့် built-in memory 32 GB ပါဝင်ခါ MicroSD Expension Slot လည်းပါဝင်ပါသေးတယ်။ ကျောဘက်မှာ 8.1-megapixel ရှိတဲ့ Exmor R ကင်မရာကို တပ်ဆင်ပေးထားပြီး၊ NFC နှင့် LTE ကဲ့သို့သော နောက်ဆုံး ပေါ် network connection system များလည်းအသုံးပြုနိုင်ပါတယ်။

0 comments:

လူအများစိတ်ဝင်စားလာတဲ့ Google ရဲ့ အနာဂါတ် သိပ္ပံမျက်မှန်

                                  ကွန်ပျူတာ အင်တာနက်လောကမှာ မသိသူမရှိသလောက် နာမည်ကြီးလှတဲ့ ကမ္ဘာ့အကြီးဆုံးနည်းပညာ ကုမ္ပဏီ Google ရဲ့ Hardware ပစ္စည်း တစ်ခုဖြစ်တဲ့ Google Glass ဟာ လက်တွေ့ အသုံးမပြုနိုင်သေးပေမယ့်လည်း၊ နည်းပညာစိတ်ဝင်စားတဲ့ လူအများကြားမှာတော့ ထင်ကြေးအမျိုးမျိုးနဲ့ မှန်းဆနေကြပါတယ်။ Google Glass ရဲ့ မျက်မှန်ကိုင်း တစ်ဖက်မှာ တိုက်ရိုက်ရိုက်ကူးနိုင်သည့် video recording စနစ်ပါဝင်ပြီး၊ ကြိုးမဲ့ အင်တာနက်စနစ်တခုခုအသုံးပြုခါ online cloud storage သို့တိုက်ရိုက် upload လုပ်နိုင်သောကြောင့် live presentation ပုံစံမျိုးပါ ထုတ်လွင့်နိုင်ဖွယ်ရာရှိကြောင်း အချို့ကဆိုပါတယ်။ အခြားမျက်မှန်ကိုင်း တစ်ဖက်မှာတော့ laser projector အသေးစားတစ်ခုပါဝင်နိုင်ပြီး၊ ၄င်း projector မှ လေဆာ အလင်းတန်းများကို မျက်မှန်ဝတ်ဆင်ထားသူ၏ လက်ဖဝါး၊ လက်ဖျံ နှင့် အခြား အရာဝတ္ထုများပေါ်သို့ keyboard အရိပ်ပုံစံ ကျရောက်စေခါ ထို keyboard မှတစ်ဆင့် မျက်မှန်ကို ခိုင်းစေနိုင်မှာဖြစ်ပါတယ်။

0 comments:

50 GB free ရမယ့် MEGA တစ်ဖြစ်လဲ Megaupload online file storage site


                               လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အမေရိကန်အစိုးရရဲ့ အွန်လိုင်းဥပဒေသစ် ပြဌာန်းလိုက်ပြီးတဲ့နောက်ပိုင်း Megaupload အပါအဝင် အချို့ online file sharing service ဆိုက်တွေဟာ ပိတ်ပင်ခံခဲ့ရပါတယ်။ ယခု MEGA site ကတော့ ပိတ်ပင်ခံခဲ့ရတဲ့ ဆိုက်တွေထဲမှ တစ်ခုဖြစ်ပြီး၊ ပိုမိုသစ်လွင်ပြီးပြည့်စုံတဲ့ feature အသစ်များနဲ့ beta version အနေနဲ့ ပြန်လည် စတင်ခဲ့ပါပီ။ Free register user များအတွက် သိမ်းထားပေးမယ့် ပမာဏကို 50 GB ထိအောင် အလကားပေးထားပါတယ်။ လောလောဆယ်အနေနဲ့ အသုံးများတဲ့ Web browser အားလုံးနဲ့ အဆင်ပြေနိုင်ပြီး၊ Mobile application ကိုတော့ မကြာမီကာလအတွင်း ဖြန့်ချီပေးမယ်လို့ သိရပါတယ်။

0 comments:

အရေးကြီး အချက်အလက်နဲ့ ဖိုင်တွေကို Email ကနေ လုံခြုံစိတ်ချစွာ ပို့နိုင်သော Lockbin


                                   အရေးကြီးပြီး၊ အသေးစိတ်ကျတဲ့ data များကို အွန်လိုင်းမှတစ်ဆင့် အခြားသူတစ်ယောက် ၇ဲ့ Email ကို ပို့ဆောင်ပေးနိုင်မယ့် Lockbin messaging site ပါ။ လက်ခံမည့်သူ၏ အီးမေးလိပ်စာ၊ ပို့သူ၏ အီးမေးလိပ်စာ နှင့် အမည်၊ message ကို encrypt ပြုလုပ်ပေးမည့် password များကို ရိုက်ထည့်ခါ အလွယ်တကူပေးပို့နိုင်ပါတယ်။ SSL enable ဖြစ်ပြီး AES-256bit encryption စနစ်ဖြင့် encrypt ပြုလုပ်ပေးသည့်အတွက် လုံခြုံစိတ်ချစွာ ပေးပို့နိုင်ပြီး၊ မိမိ၏ အီးမေးကိုဖွင့်ရန် အခြေအနေမပေးသည့် အခါများတွင်လည်း အသုံးပြုနိုင်ပါတယ်။ Text format တစ်မျိုးတည်းသာမကပဲ media file များပါ ပူးတွဲပေးပို့နိုင်ပြီး၊  Attachment size ကို Free user များအတွက် 15 MB သတ်မှတ်ပေးထားပါတယ်။ လက်ခံမည့်သူအား encrypt လုပ်လိုက်သော အီးမေးကို ဖတ်ရှုနိုင်ရန် မိမိသတ်မှတ်လိုက်သော password အသိပေးထားရမှာဖြစ်ပြီး၊ password မမှန်လျှင် ဖွင့်ကြည့်လို့ရမှာမဟုတ်ပါဘူး။

0 comments:

Voice message ပေးပို့နိုင်သော Android Facebook application 2.1

                         Android System သုံး Mobile ဖုန်း အသုံးပြုသူများအတွက် Official Facebook application version 2.1 အသစ် ထွက်ရှိလာပြီဖြစ်ပါတယ်။ Version အသစ်မှာ iOS facebook messenger application မှာ ကဲ့သို့ Voice message ပေးပို့နိုင်မယ့် feature ကိုထည့်သွင်းပေးထားပါတယ်။ ဓါတ်ပုံများကို loading ပြုလုပ်ချိန် ပိုမိုမြန်ဆန်လာပြီး၊ Sharing ကိုလည်း မိမိ၏ Timeline တွင်သာမကပဲ Group နှင့် Page များမှာပါ တိုက်ရိုက် ပြန်လည် Share ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

0 comments:

မြန်မာစာ အဆင်သင့် အသုံးပြုနိုင်သော HTC ဖုန်းများ


                       ထိုင်ဝမ် မိုဘိုင်းဖုန်းကုမ္ပဏီ HTC ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ကပဲ KMD computer group နဲ့အတူ သူ့ရဲ့ HTC ဖုန်း များကို ပြည်တွင်းဈေးကွက်မှာ စတင် ဖြန့်ချီခဲ့ပါပြီ။ ပြည်တွင်း မိုဘိုင်းဖုန်း အသုံးပြုသူများကို ဆွဲဆောင်မှုရှိစေတာကတော့ ပထမဆုံး မြန်မာဖောင့် အသုံးပြုလို့ရတဲ့ စမတ်ဖုန်းများ ဖြစ်နေခြင်းပါ။  မြန်မာဖောင့် စနစ်ဟာ ယခုချိန်ထိ တိတိကျကျ စံသတ်မှတ် ထားသော လက်ကွပ်ပုံစံ နှင့် font အနေအထားများ မရှိသေးပေမယ့်၊ ပြည်တွင်း developer Sanmyanmar နှင့်ပူပေါင်းဖန်တီးထားသည့် ယခု HTC ရဲ့ စနစ်ဟာ နောင်ထပ်မံတိုးချဲ့လာမယ့် မြန့်မာ့ မိုဘိုင်းဖုန်း နယ်ပယ်မှာ စံတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

0 comments:

Facebook Messenger မှတဆင့် VOIP ဖုန်းခေါ်ဆိုနိုင်တော့မည်


                          Facebook ရဲ့ official application တစ်ခုဖြစ်တဲ့ Facebook messenger မှတစ်ဆင့် WiFi သို့မဟုတ် Cellular network တစ်ခုခုကို အသုံးပြုပြီး၊ မိမိ၏ Friend list ထဲမှ သူငယ်ချင်းများကို Voice over IP လို့ခေါ်တဲ့ VOIP နည်းပညာသုံး အင်တာနက် ဖုန်း ခေါ်ဆို နိုင်တော့မှာပါ။ Skype Voice နှင့် Google Talk call များကဲ့သို့ အကောင့်တစ်ခုမှတစ်ခု အခမဲ့ ဖုန်းပြောဆိုနိုင် မယ့် Feature အသစ်ကို Canada မှာ စတင်စမ်းသပ် အသုံး ပြုနေပြီး၊ စမ်းသပ်မှုကာလပြီးမြောက်လျှင် တစ်ကမ္ဘာလုံးအဆင့် အသုံးပြုနိုင်လာတော့မှာဖြစ်ပါတယ်။

0 comments:

Mobile Gamer များအတွက် Temple Run 2 အသစ်ထွက်ရှိ

 
                           နာမည်ကြီး Mobile Game Temple Run Brave ကို အကြိုက်ဆော့ကစား ခဲ့သူများအတွက် Imangi Studios ရဲ့ ထပ်မံဖန်တီးမှုအဖြစ် Temple Run 2 ထွက်ရှိလာပါပီ။ Temple Run 2 မှာ ယခင် Temple Run Brave ထက် Graphics ပိုင်း ပိုမိုကောင်းမွန်လာပြီး၊ ပြေးလမ်းများကိုလည်း ကြိုးတန်းများတွင် ခိုပြေးခြင်း၊ ကုန်းတက် ကုန်းဆင်းများတွင် ပြေးခြင်း၊ မိုင်းရထားတွဲများပေါ်တွင် တက်ပြေးခြင်း စသော ပါတ်ဝန်းကျင်အသစ် နှင့် အသုံးပြုသည့် ပစ္စည်းသစ် များထည့်သွင်း ထားပါတယ်။  Powerups နှင့် Achievements များကိုလည်း အသစ်များထပ်မံ ထည့်သွင်း ပေးထားသည့်အပြင် Character တစ်ယောက်စီအတွက် သီးခြား Special အသုံးပြုနိုင်မယ့် Feature များကိုပါ ဆော့ကစားနိုင်ပါတယ်။ 

0 comments:

ကမ္ဘာ့ ပထမဆုံး 1000GB ဆံ့ USB 3.0 flash drive

                      
                         Video, Audio, Photo အစရှိတဲ့ multi-media file အမျိုးမျိုးကို လွယ်ကူပေါ့ပါးစွာ သိမ်းဆည်း၊ သယ်ဆောင်ပေးနိုင်သော USB Flash drive လေးများကို လူတိုင်း ဆောင်ထားတတ်ကြမှာပါ။ 16GB, 32GB, 64GB နှင့် အများဆုံး 256 GB (Kingston DataTraveler HyperX 3.0) အထိအောင် သိမ်းဆည့်ပေးနိုင်ကြသော USB flash drive လေးများကိုအသုံးပြုခါ မနည်းလွန်းမများလွန်းသော Data များကို သယ်ဆောင်၊ သိမ်းဆည်းပေးနိုင်ပြီး၊ ထို့ထက်ပို သိမ်းဆည်းလိုပါက External Hard Drive ကဲ့သို့သော Device များကိုအသုံးပြုရပါတယ်။ Kingston ရဲ့  DataTraveler HyperX Predator 3.0 USB flash drive ကတော့ အထက်တွင်ရေးခဲ့သော ပမာဏများထက်ပိုမိုခါ အများဆုံး 1 Tetra bytes (1000GB) ထိအောင် သိမ်းဆည်းပေးနိုင်ပါတယ်။ USB 3.0 System ကိုအသုံးပြုထားပြီး၊ Reading Speed ကို 240MB/s ထိလျှင်မြန်စွာအသုံးပြုနိုင်ပြီး၊ Writing Speed ကိုတော့ 160MB/s ထိအောင် အသုံးပြုနိုင်တဲ့အတွက် အလျှင်မြန်ဆုံး USB Flash Drive speed ပဲဖြစ်ပါတယ်။ USB 2.0 System များအတွက်ကတော့ 30MB/s reading နှင့် 30MB/s writing speed အမြန်နှုန်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

0 comments:

Galaxy S2 နှင့်မကွာလှတဲ့ Samsung Galaxy S2 Plus မိတ်ဆက်

                         Samsung ရဲ့ S2 series ဖုန်းအသစ်တစ်မျိုး ဖြစ်လာမယ့် Galaxy S2 Plus ပါ။ မျက်နှာပြင် အကျယ် 4.3 လက်မရှိပြီး၊ Resolution ကတော့ (800 x 480 Pixels) ရှိပါတယ်။ Super AMOLED Plus capacitive touch screen display ကိုအသုံးပြုထားပြီး၊ 1.2 GHz dual-core processor အသုံးပြုထားတဲ့အတွက် ယခင် Samsung Galaxy S2 နှင့် သိပ်မကွာတဲ့ hardwares များ ကိုအသုံးပြုထားပါတယ်။   1GB RAM နှင့် Android 4.1.2 (Jelly Bean) System အသုံးပြုထားပြီး၊ Built-in memory storage ကတော့ 8 GB ပါဝင်ပါတယ်။ 64 GB ထိအောင်အသုံးပြုနိုင်တဲ့ External microSD memory slot ပါဝင်ပြီး၊ ကင်မရာမှာလည်း ယခင် Galaxy S2 အတိုင်း အရှေ့ကင်မရာ 2 Megapixel နှင့် 1080P အရည်အသွေးရှိ Video များကို ရိုက်ကုးနိုင်သော Main Camera 8 Megapixel တို့ပါဝင်ပါတယ်။

0 comments:

အသစ်ထွက်ရှိမယ့် iPhone 6 ခန့်မှန်း Design

                           
                            iPhone 5 ထွက်ရှိပီးလို့ မကြာသေးတဲ့အချိန်မှာပဲ Apple ရဲ့ ထုံးစံအတိုင်း အစဉ်လိုက် ထပ်မံထွက်ရှိမယ့် iPhone 6 ဒါမှမဟုတ် iPhone 5S ရဲ့အကြောင်းကို Apple Brand ကြိုက်နှစ်သက်သူတိုင်း စိတ်ဝင်စားလာကြမှာပါ။ အီတလီလူမျိုး ဒီဇိုင်နာ Federico Ciccarese ဟာ ယခင် iPhone pre-design များကဲ့သို့ပဲ သူ့ရဲ့ စိတ်ကူးနဲ့ ကြိုတင်ခန့်မှန်းခါ ထပ်မံထွက်ရှိမယ့် iPhone 6/ 5S ရဲ့ ဒီဇိုင်းကို ပုံမှာပြထားတဲ့အတိုင်း ရေးဆွဲထားပါတယ်။

0 comments:

မေ့တတ်သူများအတွက် Stick 'N' Find bluetooth စတစ်ကာလေးများ

                
                               သတိမေ့တတ်သူများအတွက် အသုံးဝင်နိုင်မယ့် mobile gadget တစ်ခုပါ။  မိမိသုံးနေကြ ဖုန်းကို တစ်နေရာရာတွင် ချခဲ့ပြီး၊ နောက်တစ်ခါ ပြန်အသုံးပြုချင်လျှင် ထားခဲ့သောနေရာကို မမှတ်မိတော့ ပါက အခြားဖုန်းတစ်လုံးလုံးနှင့် ခေါ်ဆိုကြည့်လျှင် ဖုန်း Ring သံကို နားထောင်ပြီး၊ ပြန်လည်ရှာတွေ့နိုင်ပါတယ်။ အလားတူ အရေးကြီးသော့တွဲများ၊ တီဗွီရီမုများ၊ အိမ်မွေးတိရိစ္ဆာန် ကလေးများ  ပျောက်ဆုံးပါက အထက်ပါအတိုင်း ခေါ်ဆို၍ မဖြစ်နိုင်တော့ပါဘူး။ ဆယ်ပြားစေ့အရွယ်သာရှိပြီး၊ bluetooth 4.0 system အသုံးပြုထားတဲ့ Stick 'N' Find စတေကာလေးများကို အထက်ပါ ပစ္စည်းများမှာ ကပ်ပေးလိုက်ပြီး၊ မိမိအသုံးပြုနေကျ ဖုန်းမှတစ်ဆင့် ရှာဖွေနိုင်ပါတယ်။

                     အသုံးပြုဖို့ကတော့ Stick 'N' Find sticker ကို ရှာဖွေလိုသော ပစ္စည်းများပေါ်မှာ ကပ်ပေးထားပြီး၊ iPhone 4s, iPhone 5, New Ipad, iPad mini, New iPod touch နဲ့ Android 4.1 system သုံး device တစ်ခုခုမှာ Stick 'N' Find Application ကို install လုပ်ပေးထားရပါမယ်။ ပြီးလျှင် sticker နာမည် များကို configure လုပ်ပေးထားပြီး၊ ရှာဖွေလိုသော အချိန်မှာ Stick 'N' Find application ကိုဖွင့်ခါ ပေ ၁၀၀ အတွင်း ရှာဖွေပေးနိုင်ပါတယ်။ လဲလှယ်ပေးနိုင်တဲ့ CR2016 ဘက်ထရီ ပါဝင်ပြီး၊ သက်တမ်းကတော့ တစ်ရက်ကို ၃၀ မိနစ်အသုံးပြုပါက တစ်နှစ်ခံမယ်လို့ ဆိုပါတယ်။ လောလောဆယ် အားနဲချက်ကတော့ sticker ရဲ့ တည်နေရာ အရပ်မျက်နှာနှင့် အကွာ အဝေး ကိုအတိအကျ ဖေါ်ပြပေးနိုင်ခြင်းမရှိသေးပဲ၊ application radar မှာ sticker တစ်ခုပေါ်လာသည်နှင့် ရှေ့တိုးနောက်ဆုတ်လုပ်ခါ ချဉ်းကပ်ရှာဖွေရမှာဖြစ်ပါတယ်။ အသေးစိတ်ကို http://www.sticknfind.com/ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။


0 comments: