Home

built-in PDF reader ပါပြီး၊ လေးလံခြင်းမရှိတော့သည့် Firefox 19 update

                          လူသုံးများတဲ့ browser တစ်ခုဖြစ်တဲ့ Mozilla firefox မှ PDF file များကို မည်သည့် Third-party Plug-in မျှအသုံးပြုစရာမလိုပဲ ဖတ်နိုင်အောင် HTML5 ကိုအခြေခံထားသည့် built-in PDF reader ကိုထည့်သွင်းခါ Updated version 19 ထပ်မံထုပ်လုပ်လိုက်ပါပြီ။ နောက်ဆုံး Version 18 ထိအောင် firefox စတင်ဖွင့်လိုက်ချိန်တွင် နှေးကွေးလေးလံနေစေသော အမှားအယွင်း များကိုလည်း ပြန်လည် ပြင်ဆင်ပေးလိုက်တဲ့အတွက် ယခု version 19 မှာ Start-up time ကိုလည်း ပိုမိုလျှင်မြန်လာစေပါတယ်။ ထို့အပြင် Private browsing mode မှာ ပါဝင်နေတဲ့ bug အချို့ကိုလည်း ပြန်လည် ပြုပြင်ပေးထားတဲ့အတွက် ယခင် Version များထက် ပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

                          Developer mode အတွက် လည်း function အသစ်များကို ထည့်သွင်းပေးထားပြီး၊ HTML5 ကိုလည်း ပိုမို Improve လုပ်ပေးထားပါတယ်။ Desktop version အတွက်သာမကပဲ mobile version အဖြစ် Firefox 19 for Android ကိုပါ update ပြုလုပ်ပေးထားပြီး၊ ယခု mobile version 19 မှာ Third-party themes များကို တပ်ဆင် အသုံးပြုနိုင်လာမှာဖြစ်ပါတယ်။


Firefox for Android 19 ကို Android device များအတွက် download လုပ်ရန်

0 comments: