Home

Free and useful Image Resizer

                                       အကြောင်းအမျိုးမျိုးကြောင့် Image File တစ်ခုကို Resize ပြုလုပ်လိုသည့်အခါ ယခု Image Resizer ကို အသုံးပြု၍ လွယ်ကူစွာ Resize ပြုလုပ်နိုင်ပါတယ်။ Install ပြုလုပ်ပြီးလျှင် Window Right Click Context Menu တွင်Resize Pictures ဟူ၍ Menu တစ်ခုပါဝင်လာမည် ဖြစ်ပြီး၊ ထို Menu ကို  Click နှိပ်ခါ မိမိ ပြောင်းလဲလိုသည့် ပုံအရွယ်အစားကို ရွေးချယ်ပေးရပါမယ်။ Small (854-480), Medium (1366-768), Large (1920-1080), Mobile (320-480) ဟူ၍ အသုံးများသည့် Size များကို အဆင်သင့် ရွေးချယ်နိုင်သလို၊ မိမိနှစ်သက်ရာ Custom Size ကိုလည်း Advanced Menu မှာ သတ်မှတ်ပေးနိုင်ပါတယ်။ Resize ပြုလုပ်လိုက်သည့် ပုံကို  မူရင်း ဖိုင်အတွင်းမှာပဲ Copy ဖန်တီးပေးပါတယ်။

Free, Full and Complete Media Suite (Free Studio 4.9)

                                    Multi-Media နဲ့ပါတ်သက်ပြီး၊ တော်တော်များများ စုံစုံလင်လင် ဖန်တီး ဆောင်ရွက် ပေးနိုင်တဲ့ Life Time Free License ပေးထားတဲ့ Media Suite တစ်ခုကို တင်ပြပေးလိုက်ပါတယ်။ Free Studio Manager လို့ခေါ်ပြီး၊  DVDVideosoft.com ကဖန်တီးပေးထားတဲ့ Media Suite ဖြစ်ပါတယ်။ Video / Audio / Image / Photo Format မျိုးစုံကို Convert လုပ်ပေးနိုင်တဲ့ Converter များ၊ Mobile Device Converter များ၊ Video Downloader များ၊ Youtube Web Video များကို Download , Upload, Convert လုပ်ပေးနိုင်တဲ့ Program များ၊ CD, DVD Format မျိုးစုံ Burn ပေးနိုင်သည့် Burning Program များ၊ Screen Saver Software များ၊ Screen Capture Software များ စသည့် အသုံးဝင် Program များအားလုံးပါဝင်ပါတယ်။

ရေဆေး၊ ဆီဆေးပန်းချီပုံများ ရေးဆွဲနိုင်သော ArtRage Studio Pro (Latest Version)

                               Canvas တစ်ခုပေါ်တွင် စုပ်တံအမျိုးမျိုးနှင့် ဆီဆေး၊ ရေဆေး၊ Sketch စသည့် ပန်းချီပုံများကို စိတ်ကြိုက်ပြီးပြည့်စုံစွာ ရေးဆွဲနိုင်သော ArtRage Studio Pro 3.0.7 Latest Version ဖြစ်ပါတယ်။ စုပ်တံဖိုး၊ ဆေးဖိုး၊ Canvas ဖိုးမကုန်ပဲ နှစ်သက်သလောက် ရေးဆွဲနိုင် သောကြောင့် ပန်းချီဝါသနာပါသူများအတွက် အထူးသင့်တော်ပြီး၊ Gif, Png, Tiff, Jpeg Format များအပြင်၊ Photoshop PSD Format အဖြစ်ပါ သိမ်းဆည်းနိုင်ပါတယ်။ ပါဝင်သည့် Tool များကတော့ Oil Brush, WaterColor, Palette Knife, Air Brush, Ink Pen, Paint Roller, Felt Pen, Paint Tube, Chalk , Glitter Tube စသည်ဖြင့် ပန်းချီနှင့်ပါတ်သက်သော Tool များစုံလင်အောင်ပါဝင်ပါတယ်။ Zoom Function, Redo/Undo Function များပါဝင်သောကြောင့် အသုံးပြုရလွယ်ကူပါတယ်။

Photo နှင့် Video များကိုလွယ်ကူစွာပေါင်းစပ်၍ Slide Show Movie ဖန်တီးနိုင်သော Photo Movie Theater 2.11

                                Photo, Video , Music များကို စနစ်တကျ လွယ်ကူစွာ Transitions Effect များထည့်ခါ အသုံးပြုလိုသော Format (သို့မဟုတ်) Device များသို့ တိုက်ရိုက် ဖန်တီးပေးနိုင်သော Photo Movie Theater 2.11 ဖြစ်ပါတယ်။ Transition Effect များနှင့် အခြား Effect များကို လွယ်ကူစွာ Preview ကြည့်နိုင်ပါတယ်။ ဖန်တီးလိုသည့် Project အလိုက် Children ,Family , Travel ,  Wedding စသည်ဖြင့် အဆင်သင့် သင့်တော်သော Project များကို ရွေးချယ်နိုင်ပါတယ်။ Out put Format များအနေနဲ့ DVD, iPod, iPhone, PSP, Mobile စသည်ဖြင့် Device အလိုက် ရွေးချယ်နိုင်သလို၊ MP4, AVI, WMV စသည်ဖြင့် File Format အလိုက်လည်း ရွေးချယ်နိုင်ပါတယ်။

Black and White Photo နှင့် Color Photo အဟောင်းများကို Color ပြန်တင်ပေးနိုင်သော Recolored V1.1.0

                                      Black and White ဓါတ်ပုံများ၊ Color ဓါတ်ပုံအဟောင်းများကို နှစ်သက်ရာ Color (သို့မဟုတ်) မူရင်း Color အဖြစ် ပြန်လည်ရယူပေးနိုင်မည့် Recolored V1.1.0 Latest Version ပါ။ Built In User Guide ပါဝင်ပြီး၊ Unlimited Undo/Redo Function ပါ၊ ပါဝင်သောကြောင့် စိတ်ကြိုက် ပြုပြင်နိုင်ပြီး၊ Professional အဖြစ်ပါအသုံးပြုနိုင်ပါတယ်။ Graphical Editing Tools 7 မျိုးပါဝင်ပါတယ်။ JPEG, PNG, BMP, RCL (proprietary file format) များအဖြစ် သိမ်းဆည်းနိုင်ပါတယ်။ Download လုပ်ပြီးလျှင် Rar File ကိုဖြည်၍ Recolored110 ကို Install လုပ်ပြီးလျှင် Enter License Key ကိုနှိပ်ခါ Download File ထဲတွင်ပါဝင်သော Serial Text File မှ Name နှင့် Key များကို ထည့်ပေးပါ။ ထို့နောက် OK ကိုနှိပ်ပြီးလျှင် Full Version အသုံးပြုနိုင်ပြီ။

Wedding Slide Show Video Album စနစ်တကျပြုလုပ်နိုင်သော Wedding Album Maker Gold V3.08

                                     Video Album Maker/Creator များစွာရှိသည့်အနက်၊ အခြား Maker/Creator များနှင့် ခြားနားစွာ Weeding လက်ထပ်မင်္ဂလာပွဲများတွင် မှတ်တမ်းတင်ထားသည့် Video ကို စနစ်တကျ၊ Weeding Effect များစုံလင်စွာ နှင့်ဖန်တီးနိုင်ရန် အတွက် Specialized ပြုလုပ်ပေးသော Weeding Album Maker Gold V3.08 Latest Version ပါ။ Photo, Video များကို Weeding နှင့် သက်ဆိုင်သည့် Transation Effect 260 ကျော် နှင့် Art Clip များ၊ Text များ၊ DVD Menu Template များကို ထည့်သွင်းခါ Slide Show Video အဖြစ်ဖန်တီး၍ VCD/DVD များသို့ တိုက်ရိုက် Burn ပေးနိုင်ပါတယ်။ Out Put Video Format များအနေနဲ့ အသုံးများသည့် AVI, FLV Format များအပြင်၊ MPEGI, MPEGII, MPEG-4,  3GP, XVid Format များနှင့် iPhone, iPod , PSP, Blue Ray Disc, HD Format များအဖြစ် Save လုပ်နိုင်ပါတယ်။

3D Animation Slide Show လွယ်ကူစွာဖန်တီးနိုင်သော Aleo Flash Slideshow Creator V1.8 Portable

                                                  Animation Flash Maker အမျိုးမျိုးရှိသည့်အနက်၊ 3D Design Flash Animation များကို ဖန်တီးပေးနိုင်သော Aleo Flash Slide Show Creator Version 1.8 Latest Version Portable ပါ။ PNG, GIF, JPG, JPEG စသော ပုံများကို SWF Flash File အဖြစ်ဖန်တီး၍ Webpage များမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 3D Flash Design 13 မျိုးပါဝင်ပြီး၊ နောက်ခံ Music File ပါ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အခြား Flash Creator များထက်ခြားနားသည့် အချက်ကတော့ Mouse Over Effect ပါဝင်ခြင်းဖြစ်ပါတယ်။ အသုံးပြုရန်လွယ်ကူပြီး၊ 11 MB သာရှိ၍ Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Photo ပုံများကို Effect များထည့်သွင်း Edit လုပ်နိုင်မည့် Photo Art Studio 2.65 (Portable)

                                    AMS Software ကထုပ်လုပ်ထားတဲ့ Photo ဓါတ်ပုံများကို Effect များစွာ ထည့်သွင်း Edit လုပ်ခါ Save လုပ်နိုင်မည့် Photo Art Studio 2.65 (Portable) ပါ။ အသုံးပြုရလွယ်ကူပြီး၊ Frame, Greeting Card, Collages, Clip Arts, Text  စသည်တို့ကို ရွေးချယ် ပေါင်းစပ်နိုင်ပါတယ်။ Picture File အားလုံးနီးပါးကို Support လုပ်ပေးပြီး၊ Out put File ကို သာမန် Picture File Format များအပြင် ၊ PSD File, AVI File, ICO File စသော အခြား Application များနှင့် တွဲဖက်အသုံးပြုနိုင်သည့် File Format အဖြစ်ပါ Save လုပ်နိုင်ပါတယ်။ Save မလုပ်မှီ၊ Preview ကြည့်နိုင်ပါသေးတယ်။ Skin Design အနေနဲ့ Elegent, Ledenets, MacOs2, Office 2003/2007 စသည်ဖြင့် Skin Design 17 မျိုးကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ 5.1 MB ရှိပြီး၊ Window XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။

Passport ပုံကို စနစ်တကျ ပြုလုပ်နိုင်သော Passport Photo Studio

                                             ကိုယ်ပိုင် Out door ဓါတ်ပုံများစွာ ရှိပြီး၊ Passport ပုံမရှိသည့် သူများအတွက် Out door ပုံများမှ Passport ပုံကို စနစ်တကျ ပြုလုပ်ပေးနိုင်သော Passport Photo Studio ပါ။ Passport ဓါတ်ပုံ Size ကို United States နှင့် United Kingdom ဟူ၍ စံ ၂ မျိုး သတ်မှတ်ပေးနိုင်ပြီး၊ လွယ်ကူစွာ Edit လုပ်နိုင်ပါတယ်။ JPG File အဖြစ် Save လုပ်နိုင်ပြီး၊ Print ပါ တိုက်ရိုက် ထုတ်နိုင်ပါတယ်။ Contrast , Brightness များကို လည်း ညှိုပေးနိုင်ပါတယ်။

HD Video, Audio နှင့် Picture File အဖြစ်ပါ Convert လုပ်နိုင်သော Xilisoft HD Video Conveter 6

                                       Video Format တစ်ခုမှ အခြား Video Format များ၊ Audio Format များနှင့် Picture Format များသို့ တိုက်ရိုက် High Quality ဖြင့် Convert လုပ်နိုင်သော Xilisoft Converter 6 ပါ။ Video Format အနေနဲ့၊ AVCHD (mts, m2ts), TS, H.264/AVC, MKV ကဲ့သို့သော HD Video Format များနှင့် အခြား အသုံးများသည့် AVI, MPEG, WMV, MP4, DivX, RM, MOV, နှင့် FLV Format များအပြင် Mobile Phone များ၊ Apple Product များ၊ Sony Game Product များ၊ Microsoft Game Product များနှင့် အခြား Format များကိုပါ လွယ်ကူစွာ ပြောင်းလဲပေးနိုင်ပါတယ်။ ထို့အပြင် Video File မှ MP3, WMA, WAV, OGG, M4A စသော Audio Format များသို့လည်း ပြောင်းလဲနိုင်ပါတယ်။ SWF, FLV ကဲ့သို့သော Flash Video Format ကိုပါ Support လုပ်သည့်အတွက် Picture File များကို စုစည်း၍ Video File အဖြစ် Convert လုပ်နိုင်ပါသေးတယ်။

ပုံတစ်ပုံချင်းစီကို Password တစ်ခုစီသတ်မှတ်၍ သိမ်းဆည်းနိုင်သော LockImage

                                   JPEG, GIF, PNG, BMP အစရှိသော Image File များကို Password တစ်ခုချင်းစီ ခံ၍ Executable File (.exe) အဖြစ်ဖန်တီးခါ၊ သိမ်းဆည်းပေးနိုင်သော LockImage ပါ။ တစ်ကြိမ်ဖွင့်တိုင်း တစ်ခါ Save လုပ်စဉ်က Password ကို ထည့်ခါ ဖွင့်ရသောကြောင့် အသုံးများပြီး၊ အရေးကြီးသည့် Drawing ကဲ့သို့သော Image File များကိုသိမ်းဆည်းရန် သင့်တော်ပါတယ်။ အသုံးပြုရန်လွယ်ကူပြီး၊ အသုံးဝင်သလောက် Memory ပမာဏ မှာ 8.9 KB သာရှိပါတယ်။ Install လုပ်ပြီးလျှင် Run ပါ။ ပြီးလျှင် File Menu မှ Open ကို နှိပ်ခါ သိမ်းဆည်းလိုသော ပုံကို ရွေးပေးပါ။ ပြီးလျှင် File Menu မှ Save as ကို Click ခါ သိမ်းဆည်းလိုသော Location ကိုရွေး၍ Save ကိုနှိပ်ပါ။ Choose Password Window ကျလာပြီး အသုံးပြုလိုသည့် Password ကို ၂ ကြိမ် ထည့်သွင်းခါ OK ကိုနှိပ်ပါ။

JPEG Format Picture များကို လျှင်မြန်စွာ ကြည့်ရှုနိုင်မည့် FastPictureViewer Free Version

                                                 JPEG Format Picture များကို အခြား Image Viewer များထက်ပိုမိုလျှင်မြန်စွာ ကြည့်ရှု နိုင်မည့် Free FastPictureViewer Professional Free Version ပါ။ အခြား Image Viewer များကဲ့သို့ ပုံတစ်ပုံနှင့် တစ်ပုံ အကူးအပြောင်းတွင် Loading လုပ်နေခြင်းမရှိပဲ၊ ချက်ချင်း လျှင်မြန်စွာကြည့်ရှုနိုင်သည့်အတွက် မိမိ၏ Digital Camera ဖြင့်ရိုက်လာသော ပုံများကို Folder အလိုက်  ပြန်လည်ကြည့်ရှုသည့်အခါတွင် အသုံးပြုရန် သင့်တော်ပါတယ်။ ထို့အပြင် ပုံများကို ကြည့်ရှုနေစဉ်အတွင်း Copy နှင့် Rename function များကို One Click Access ဖြင့် အသုံးပြုနိုင်ပါသေးတယ်။

ကိုယ်ပိုင် Photo များနှင့် 3D/Animation ScreenSaver, Wallpaper များပြုလုပ်နိုင်မည့် PhotoJoy

                                               ကိုယ်ပိုင် Photo များကို 3D/Animated ScreenSaver, Wallpaper, Photo Album စသည်တို့ကို လွယ်ကူစွာ ဖန်တီး၊ အသုံးပြုနိုင်မည့် Software ပါ။ Memory ပမာဏသေးငယ်ပြီး၊ အသုံးပြုရလွယ်ကူပါတယ်။ Animation Design များ၊ 3D ScreenSaver Design များ နှင့် အခြား Photo Layout များကို Collages, Photo Toys, ScreenSaver, Photo Library စသည်ဖြင့် Category အလိုက်  Free download လုပ်၍ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ကိုယ်ပိုင် local disk မှ Photo များကို ထည့်သွင်းအသုံးပြုနိုင်သလို၊ Flickr ကဲ့သို့သော Online Photo Service များမှ Photo များကိုလည်း တိုက်ရိုက် Streaming ပြုလုပ်ခါ၊ အသုံးပြုနိုင်ပါတယ်။       

Face Skin ကိုပိုမိုချောမွေ့စေရန် လွယ်ကူစွာပြုလုပ်နိုင်မည့် Face Smoother 2.0 Portable


                                                 ဓာတ်ပုံတစ်ပုံ၏ မျက်နှာ (သို့မဟုတ်) skin ချောမွေ့ညီညွတ်မှုကို ပိုမိုကောင်းမွန်စေရန် လွယ်ကူစွာ ပြုလုပ်နိုင်မည့် Face Smoother 2.0 Portable software ပါ။ Adobe Photoshop ကိုအသုံးပြု၍ ဓာတ်ပုံပြင်ရန်အဆင်မပြေသူများအတွက် Face Smoother ကအဆင်ပြေပါလိမ့်မယ်။ ပြုပြင်လိုတဲ့ပုံကို Open tab ကို click နှိပ်၍ တင်ပါ။ ပြီးလျှင် Smooth, Sharpen tab များကိုအသုံးပြု၍ Face Skin ကိုပိုမိုချောမွေ့စေရန် လွယ်ကူစွာ ပြုပြင်နိုင်ပါပြီ။                                                 

Online image editor Pixlr



                                Online image editor တစ်ခုဖြစ်တဲ့ flash ကိုအခြေခံထားသော Pixlr online image editor ကိုဖေါ်ပြပေးလိုက်ပါတယ်။ Offline desktop software များဖြစ်တဲ့ adobe photoshop, Paint.Net နှင့် Online editor SplashUp တို့ကဲ့သို့ editing tools, effect, filter စသည်ဖြင့် စုံလင်စွာအသုံးပြုနိုင်ပါတယ်။ အသေးစိတ် edit ပြုလုပ်နိုင်မည့် Pixlr Editor နှင့် လွယ်ကူစွာ edit ပြုလုပ်နိုင်မည့် Pixlr Express ဟူ၍ ၂ မျိုးအသုံးပြုနိုင်ပြီး၊ local / external device များမှရော၊ web address များမှပုံများကိုပါ edit လုပ်နိုင်ပါတယ်။ Edit လုပ်ပြီးလျှင် မိမိ၏ local device သို့ save လုပ်ပေးပါတယ်။ Flash ကိုအခြေခံ၍ ပြုလုပ်ထားသောကြောင့် flash player ရှိမှသာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အိမ်ခန်းတစ်ခု၏ ဖွဲ့စည်းပုံကို ကြိုတင်နေရာချထားနိုင်သည့် Roomful Express (Room Planer)


(ပုံပေါ်တွင် click နှိပ်၍မူရင်းပုံများကို ကြည့်နိုင်ပါသည်)    
                                         အိမ်ခန်းတစ်ခု၏ ဖွဲ့စည်းပုံ၊ ပရိဘောဂများနေရာချထားပုံ၊ အကျယ်အဝန်း စသည်တို့ကို လွယ်ကူစွာ ကြိုတင်နေရာချ၊ တိုင်းတာနိုင်သည့် Roomful Express (Room Planer) Online Editor ပါ။ Living room, Bed room, Dinning room, Kitchen စသည်ဖြင့် Plan ချလိုသည့် အခန်းများကို ရွေးချယ်နိုင်ပြီး၊ ပရိဘောဂများကိုလည်း category အလိုက် ရွေးချယ်နေရာချနိုင်ပါတယ်။ အကျယ်အဝန်း၊ အကွာအဝေးများကိုလည်း feet, inches unit များနှင့် တိုင်းတာနိုင်ပါတယ်။ Register လုပ်ထားလျှင် Plan ဆွဲထားသည့် အခန်းပုံကို share/save လုပ်နိုင်ပြီး၊ Undo, Delete, Zoom function များပါ၊ ပါဝင်ပါတယ်။

Web Page တစ်ခုလုံးမှ Picture file များကိုလျှင်မြန်စွာ download လုပ်နိုင်မည့် Mihov Picture Downloader


                              Webpage တစ်ခုလုံးမှ picture file များကို မူရင်း Site သို့သွားရန်မလိုပဲ Site URL လိပ်စာထည့်ပေးရုံနှင့် လျှင်မြန်၊ လွယ်ကူစွာ download လုပ်ပေးနိုင်မည့် software ပါ။ Download လုပ်လိုသည့် picture file အမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်။ ပထမဆုံး download လုပ်လိုသည့် Site URL လိပ်စာကို ပုံတွင်ပြထားသည့် အတိုင်းထည့်ပါ။ ပြီးလျှင် download လုပ်လိုသည့် picture file အမျိုးအစားများကို ရွေး၍ Load Page ကိုနှိပ်ပါ။

Album Art cover picture များကို ရှာဖွေပေးမည့် Album Art Downloader 0.34.1


                               သီချင်းနှင့် ရုပ်ရှင် CD, VCD, DVD cover ပုံများဖြစ်သည့် Album Art Picture များကို Artist နှင့် Album နာမည်များရိုက်ထည့်ပြီး၊ Auto ရှာဖွေ download လုပ်နိုင်သည့် software ပါ။ မြန်မာ Artist များနှင့် Album Cover picture များကိုပါ ရှာဖွေပေးနိုင်ပါတယ်။ Options menu မှာ သိမ်းဆည်းလိုတဲ့ location ကို ရွေးချယ်ပေးထားရမည်ဖြစ်ပြီး၊ full size ရော pixel အလိုက်ပါ save လုပ်နိုင်ပါတယ်။ သိမ်းဆည်းလိုသည့် picture ပေါ်ရှိ save button ကိုနှိပ်၍ သိမ်းဆည်းနိုင်ပြီး၊ jpg format အနေနှင့် သိမ်းဆည်းပေးပါတယ်။ 437 KB ရှိပြီး၊ Window XP နှင့် Vista များမှာအသုံးပြုနိုင်ပါတယ်။

Photo ပုံများကို ပန်းချီပုံများအဖြစ် လွယ်ကူစွာ ဖန်တီးနိုင်မည့် FotoSketcher



                              Photo ပုံများကို ပန်းချီပုံစံ Sketch ဆွဲထားသည့် ပုံများအဖြစ်သို့ လွယ်ကူစွာပြောင်းလဲပေးနိုင်ပါတယ်။ ပုံတစ်ပုံကိုတင်၍ အဆင်သင့်ပေးထားသော Parameter များကို ညှိပေးပြီး၊ စိတ်ကြိုက်ဖြစ်လျှင် Draw it ကိုနှိပ်ခါ Process ပြုလုပ်နိုင်ပါတယ်။ Photo frame နှင့် Text များကိုပါ ပေါင်းစပ်နိုင်ပြီး၊ Color နှင့် Design များကိုပါရွေးချယ်နိုင်ပါတယ်။ JPG နှင့် BMP format များအဖြစ်သိမ်းဆည်းနိုင်ပါတယ်။ 3.7 MB သာရှိပြီး၊ Window 7 အပါအဝင် Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။


ပုံတစ်ပုံ၏ အလင်းအမှောင်ကို စိတ်ကြိုက် ပြုပြင်နိုင်မည့် Light Artist Software



                               ပုံတစ်ပုံရဲ့ lighting အလင်းရောင် effect ကို သင့်စိတ်ကြိုက် ကောင်းကောင်းပြန်လည်ပြုပြင်ပေးနိုင်တဲ့ software ပါ။ Light effect အတွက် သီးသန့် ပြုလုပ်ထားသည့် software တစ်ခုဖြစ်ပြီး၊ Light setting များအနေနဲ့ Golden engraving, Pupple light, Spring sun, Engraved in blue, Deep blue, Floodlights, Flying colors, Glow of fire, Jupiter rising, Stage lights စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။ Actual size နှင့် Window fit size ကို zoom ဆွဲ၍ လွယ်ကူစွာ Preview ကြည့်နိုင်ပါတယ်။