Multi-Media နဲ့ပါတ်သက်ပြီး၊ တော်တော်များများ စုံစုံလင်လင် ဖန်တီး ဆောင်ရွက် ပေးနိုင်တဲ့ Life Time Free License ပေးထားတဲ့ Media Suite တစ်ခုကို တင်ပြပေးလိုက်ပါတယ်။ Free Studio Manager လို့ခေါ်ပြီး၊ DVDVideosoft.com ကဖန်တီးပေးထားတဲ့ Media Suite ဖြစ်ပါတယ်။ Video / Audio / Image / Photo Format မျိုးစုံကို Convert လုပ်ပေးနိုင်တဲ့ Converter များ၊ Mobile Device Converter များ၊ Video Downloader များ၊ Youtube Web Video များကို Download , Upload, Convert လုပ်ပေးနိုင်တဲ့ Program များ၊ CD, DVD Format မျိုးစုံ Burn ပေးနိုင်သည့် Burning Program များ၊ Screen Saver Software များ၊ Screen Capture Software များ စသည့် အသုံးဝင် Program များအားလုံးပါဝင်ပါတယ်။
Digital CamCorder ဖြင့် ရိုက်ယူထားသော Video Clip များ၊ အခြား Video File များကို ပြန်ဆက်ပြီး၊ Video File တစ်ခုတည်း အဖြစ်ပေါင်းစပ်ပေးနိုင်သည့် အပြင်၊ Split, Cut Function များကို ပါပြုလုပ်ပေးနိုင်သော ImTOO Video Editor V1.0.34 (Latest Version) ဖြစ်ပါတယ်။ Video Joiner အနေနဲ့ Out Put File ကို မူရင်း File Extension အဖြစ်သာမကပဲ၊ ခြားနားတဲ့ AVI, MP4/MPEG-4, H.264, 3GP, MOV, SWF, WMV, ASF, VOB Video File Extension များသို့ပါ လွယ်ကူစွာပေါင်းစပ်ပေးနိုင်ပါတယ်။ Video File များကို သီးသန့် Join, Split, Cut ပြုလုပ်နိုင်သော Software တစ်ခုဖြစ်ပြီး၊ Built In Preview Player ပါဝင်ပါတယ်။
Video File အများစုကို အခြား သင့်တော်ရာ Format များသို့ လွယ်ကူလျှင်မြန်စွာ ပြောင်းလဲပေးနိုင်သော EffectMatrix မှထုတ်ထားသည့် Total Video Converter HD 3.71 Latest Version ဖြစ်ပါတယ်။ ယခုနောက်ဆုံး Version မှာ AVCHD (*.mts, .m2ts, *.ts) Format များကို PS3, Blu Ray များကိုတိုက်ရိုက် Convert / Burn ပြုလုပ်နိုင်ရန် ဖန်တီးပေးထားပါတယ်။ Built In Player ပါဝင်ပြီး၊ H.264 TS, Mpeg-2 TS, WMV-HD, MKV-HD, DivX-HD, Xvid-HD, MOV-HD, FLA-HD စတဲ့ HD Format များအားလုံးကို ပြောင်းလဲ Convert ပြုလုပ်ပေးနိုင်ပါတယ်။ Video Converter အပြင် Desktop Capture, Video File Joiner, Flash Video Downloader, Video Editor များပါပါဝင်ပါတယ်။
Multi Media CD/DVD တစ်ခုမှ အခြား CD/DVD အလွတ် များသို့ Copy ကူးရန်လည်းကောင်း၊ ISO File နှင့် အခြား Media Folder များကို CD/DVD သို့ Burn ရန်လည်းကောင်း၊ CD/DVD မှ MPEG1/2 , AVI စသော Video File နှင့် Audio File များသို့ Convert ပြုလုပ်နိုင်ရန်လည်းကောင်း၊ အခြား စနစ်ကျသော DVD Menu များနှင့် Disc များကိုဖန်တီးနိုင်ရန်အတွက်လည်းကောင်း ယခု Jam DVD Copy Software ကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုသည့် Function ကို Main Window မှာ ရွေးချယ်ပြီး၊ Burn, Copy, Convert စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ Professional အသုံးပြုလိုသူများအတွက် သင့်တော်ပါတယ်။
Video Album Maker/Creator များစွာရှိသည့်အနက်၊ အခြား Maker/Creator များနှင့် ခြားနားစွာ Weeding လက်ထပ်မင်္ဂလာပွဲများတွင် မှတ်တမ်းတင်ထားသည့် Video ကို စနစ်တကျ၊ Weeding Effect များစုံလင်စွာ နှင့်ဖန်တီးနိုင်ရန် အတွက် Specialized ပြုလုပ်ပေးသော Weeding Album Maker Gold V3.08 Latest Version ပါ။ Photo, Video များကို Weeding နှင့် သက်ဆိုင်သည့် Transation Effect 260 ကျော် နှင့် Art Clip များ၊ Text များ၊ DVD Menu Template များကို ထည့်သွင်းခါ Slide Show Video အဖြစ်ဖန်တီး၍ VCD/DVD များသို့ တိုက်ရိုက် Burn ပေးနိုင်ပါတယ်။ Out Put Video Format များအနေနဲ့ အသုံးများသည့် AVI, FLV Format များအပြင်၊ MPEGI, MPEGII, MPEG-4, 3GP, XVid Format များနှင့် iPhone, iPod , PSP, Blue Ray Disc, HD Format များအဖြစ် Save လုပ်နိုင်ပါတယ်။
IP Network Camera, USB Camera , Capture Card စသော Live Video Recording Hardware များနှင့် တွဲဖက်၍ Surveillance System တစ်ခုကို ဖန်တီးပေးနိုင်မည့် H264 WebCam Deluxe 3.71 Latest Version ပါ။ 30 fps (Frame per second) နှုံးနဲ့ Record လုပ်နိုင်ပြီး၊ တိုက်ရိုက် Local ရော၊ Internet Live Broadcasting ပါပြုလုပ်ပေးနိုင်သောကြောင့် Internet Explorer ကဲ့သို့ Browser များမှလည်းကောင်း၊ Local Station မှလည်းကောင်း တိုက်ရိုက် ကြည့်ရှုအသုံးပြုနိုင်ပါတယ်။ Motion Detection များကို အသံနှင့်သာမက Email, FTP တို့နှင့်ပါ Alert လုပ်ပေးနိုင်ပါတယ်။ ထို့အပြင် အသုံးပြုသည့် Camera အရည်အသွေးကို H264, XVID နှင့် Flash multimedia stream Quality ဖြစ်အောင် Encode ပြုလုပ်ပေးနိုင်ပါသေးတယ်။
Video File များကို အနုစိပ် Edit လုပ်ရန်နှင့် Convert ပြုလုပ်ရန် အသုံးပြုနိုင်သည့် Aiseesoft Total Media Converter 5.2.26 (Portable) ပါ။ AVI, MPEG, WMV, MP4, RM, MOV, 3GP, VOB, FLV, MP3, WMA, H.264 HD Video, iPhone, iPod Video Format စသော Video Format များကို အပြန်အလှန် Convert ပြုလုပ်ပေးနိုင်သည့် အပြင် DVD မှ ၎င်း File Format များသို့ပါ Convert လုပ်နိုင်ပါတယ်။ Edit အနေနဲ့၊ Video File တစ်ခုကို မိမိနှစ်သက်ရာ နေရာများကိုသာ ဖြတ်ထုတ်နိုင်ခြင်း (Trim), Video Play Region ကို Crop ဖြတ်နိုင်ခြင်း၊ Watermark ထည့်သွင်း Edit လုပ်နိုင်ခြင်း၊ Output Video File Effect ကိုညှိပေးနိုင်ခြင်း၊ Video Clip တစ်ခုခြင်းစီကို Output Video file တစ်ခုတည်းသို့ ပြောင်းလဲနိုင်ခြင်း များကို ပြုလုပ်ပေးနိုင်ပါတယ်။
YouTube, Yahoo, Google Videos, Metacafe စသော နာမည်ကြီး Video Site များအပါအဝင် Video Site 75 ခုမှ Video များကို URL Address ရယူပြီး၊ Download လုပ်ပေးနိုင်ရုံသာမက နှစ်သက်ရာ Video Format များသို့ပါ တိုက်ရိုက် Convert လုပ်ပေးနိုင်တဲ့ xVideoServiceThief Video Downloader ပါ။ 123video, 5min, ATV, Aniboom မှစ၍ Zedge, Zubble စသည်ဖြင့် အက္ခရာစဉ်အလိုက် Video Site ၇၅ မျိုးမှ Video များကို Download လုပ်နိုင်ပါတယ်။ http:// နှင့် rtmp:// Protocol များကို Support လုပ်ပေးပြီး၊ တချိန်တည်းမှာ Video တစ်ခုထက်ပို၍ Download လုပ်နိုင်ပါတယ်။ Built in Search Box ပါဝင်ပြီး၊ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
Video Format တစ်ခုမှ အခြား Video Format များ၊ Audio Format များနှင့် Picture Format များသို့ တိုက်ရိုက် High Quality ဖြင့် Convert လုပ်နိုင်သော Xilisoft Converter 6 ပါ။ Video Format အနေနဲ့၊ AVCHD (mts, m2ts), TS, H.264/AVC, MKV ကဲ့သို့သော HD Video Format များနှင့် အခြား အသုံးများသည့် AVI, MPEG, WMV, MP4, DivX, RM, MOV, နှင့် FLV Format များအပြင် Mobile Phone များ၊ Apple Product များ၊ Sony Game Product များ၊ Microsoft Game Product များနှင့် အခြား Format များကိုပါ လွယ်ကူစွာ ပြောင်းလဲပေးနိုင်ပါတယ်။ ထို့အပြင် Video File မှ MP3, WMA, WAV, OGG, M4A စသော Audio Format များသို့လည်း ပြောင်းလဲနိုင်ပါတယ်။ SWF, FLV ကဲ့သို့သော Flash Video Format ကိုပါ Support လုပ်သည့်အတွက် Picture File များကို စုစည်း၍ Video File အဖြစ် Convert လုပ်နိုင်ပါသေးတယ်။
Digital Video Express, DivX လို့ခေါ်တဲ့၊ Memory Size သေးငယ်သလောက်၊ လျှင်မြန်ညက်ညောစွာ ကြည့်ရှုနိုင်တဲ့ High Quality Digital Video Format နှင့် အခြား Video Format များကို ကြည့်ရှုနိုင်သည့် DivX Plus Player နှင့် Web Video များ၊ MKV, WMV, AVI, MOV, MP4 စသော Video Format များကို DivX Format သို့ပြောင်းလဲပေးနိုင်သည့်၊ DivX Plus Converter 8.0 Pro (Latest Version) ပါ။ Pro Version အနေနဲ့ DivX Plus Player အပြင်၊ DivX Pro Codec 6.9.2, DivX Plus Converter 8.0, MPEG2/DVD Plug in, DFX Audio Enhancer များပါဝင်ပါတယ်။
Youtube, Google Video, Yahoo Video, Daily Motion စသော Vedio Site များမှ Video များကို လွယ်ကူစွာ ရှာဖွေနိုင်ပြီး၊ Video Format မျိုးစုံနှင့် MP3 Format အဖြစ်ပါ Download လုပ်နိုင်သော Free VDownloader ပါ။ Built in Video Player ပါရှိပြီး၊ ၎င်း Player နှင့် Video များကို ကြော်ညာများ၊ Recent Video များ မပါဝင်ပဲ၊ တိုက်ရိုက် ရှာဖွေကြည့်ရှုနိုင်သောကြောင့် သာမန်ထက်ပိုမို လျှင်မြန်စွာ ကြည့်ရှုနိုင်ပါတယ်။ Video Format များအနေနဲ့၊ AVI, MPEG, 3GP စသော အသုံးများသည့် Format များအပြင် VCD, SVCD, DVD, Mobile, Apple Products များအတွက်ပါ တခါတည်း Convert လုပ်ပေးနိုင်ပါတယ်။
Blu Ray (M2TS format) Disc ကို HD video format (H.264/MPEG-4 AVC, AVCHD video and HD WMV) များအဖြစ် လွယ်ကူစွာ convert လုပ်နိုင်တဲ့ Aimersoft Blu Ray DVD ripping software ပါ။ ၎င်းအပြင် iPod, iPhone, Archos, iRiver, Creative Zen, PSP, PS3, Xbox 360, Apple TV, Zune, mobile phone သော portable device များတွင်အသုံးပြုနိုင်သည့် AVI, MPEG, WMV, MKV, MP4, H.264/AVC, RM, MOV, XviD, 3GP, FLV အစရှိသော video format များသို့လည်း ပြောင်းလဲပေးနိုင်ပါသေးတယ်။
Professional function ပေါင်းများစွာပါဝင်တဲ့ video converter ပါ။ Blu-ray,BDAV, M2TS, MKV, AVCHD, HDTV and MPEG-TS video movies အစရှိတဲ့ multi track HD video များအားလုံးကို support လုပ်ပါတယ်။ Build in video player ပါဝင်ပါတယ်။ HD camcorder တွေကနေရိုက်ထားတဲ့ video တွေကို iPad, iPod, iPhone, Apple TV, PS3, PSP, Xbox, Zune, PDA, Blackberry, Nokia, Android, Zen အစရှိတဲ့ portable နဲ့ console player တွေအတွက်လွယ်ကူစွာ ပြောင်းလဲပေးနိုင်ပါတယ်။ သာမန် video converter တွေထက် ၅ ဆကနေ ၁၅ ဆထိအောင် convert လုပ်တဲ့နှုန်း ပိုမိုမြန်ဆန်ပါတယ်။