Home

ဘက်ထရီအားမခံသည့် အချက်နှင့် contact application ပြဿနာကို ဖြေရှင်းပေးမည့် iOS 6.1.2 update နှင့် jailbreak


                    နောက်ဆုံးထွက်ခဲ့တဲ့ iOS 6.1.1 မှာ အဓိကအားဖြင့် iPhone 4S အသုံးပြုသူများအနေနဲ့ ဘက်ထရီအားကုန်လွယ်ခြင်း၊ Exchange Calendar နှင့် Contact application များမှာ ပြသနာအချို့ရှိနေခြင်း၊ Wifi network ချိတ်ဆက်ရာတွင် အဆင်မပြေခြင်း များကို ဖြေရှင်းနိုင်ဖို့ Apple မှ iOS 6.1.2 ကို ထပ်မံ ထုပ်လုပ်လိုက်ပါတယ်။ ယခုထွက်ရှိလာတဲ့ update iOS 6.1.2 ကို ယခင် iOS 6.1 တင်ထားသည့်မည်သည့် iDevice မဆို update လုပ်နိုင်ပြီး၊ iPhone 3GS နှင့်အထက်, iPad 2 နှင့် အထက်, iPod touch 4G နှင့်အထက် အပါအဝင် iPhone 5 တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

                      ယခင် 6.1 တွင် Jailbreak ပြုလုပ်ပြီးသူများလည်း အသစ်ထွက် 6.1.2 ကိုတင်ကာ evasi0n 1.4 ဖြင့် ပြန်လည်၍ jailbreak ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အောက်တွင်ပေးထားသော တိုက်ရိုက် link များမှ မိမိ device နှင့် သက်ဆိုင်သည့် iOS 6.1.2 ကိုရွေးချယ်ခါ download လုပ်ပြီး update ပြုလုပ်နိုင်ပါတယ်။ iOS 6.1.2 ကို update  ပြုလုပ်ပြီးပါက jailbreak ပြန်လည်ပြုလုပ်လိုသူများအတွက် Evasi0n 1.4 ကို အောက်တွင် download ပြုလုပ်ခါ jailbreak ပြုလုပ်နိုင်ပါတယ်။ jailbreak ပြုလုပ်ပုံ မှာ ယခင် iOS 6.1 ကဲ့သို့ ပင်ဖြစ်ပြီး အသေးစိတ်ကို ဤနေရာ တွင် သွားရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Download iOS 6.1.2 for your iDevice

 Download Evasi0n 1.4 for your computer




Jailbreak ပြုလုပ်ပုံ အသေးစိတ်ဖတ်ရှုရန်

0 comments: