Home

သင့် desktop screen ကို 3D desktop screen အဖြစ်ပြောင်းလဲပေးမယ့် BumpTop


               သင့်ကွန်ပျူတာ desktop screen ကို 360 ဒီဂရီ 3D desktop screen အဖြစ်ဒီ BumpTop software ကပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ အထက်ပါ video တွင်ပြထားသည့်အတိုင်း သင်နှစ်သက်ရာ shortcut များ၊ ရုပ်ပုံများနှင့် အခြား file များကို သင့်စိတ်ကြိုက် အရွယ်အစားအလိုက် နေရာချထားနိုင်သလို၊ စနစ်တကျလည်း စီစဉ်ထားနိုင်ပါတယ်။ Facebook, Twitter အစရှိတဲ့ social media များကိုလည်း shortcut များအဖြစ်စီစဉ်ပေးထားပါတယ်။ Print ထုတ်ရန် printer shortcut နှင့် note အလွယ်တကူရေးနိုင်ရန် sticky note များလည်းပါဝင်ပါတယ်။ BumpTop ကို install လုပ်၍ စပြီး run တဲ့အချိန်မှာ tutorial များနှင့်ရှင်းပြပေးသွားမှာဖြစ်တဲ့အတွက် အသုံးပြုရလွယ်ကူစေပါတယ်။

1 comments:

USB ကို key တစ်ခုအဖြစ်အသုံးပြု၍ သင့်ကွန်ပျူတာကို lock ချပေးမည့် Predator

                                 ရိုးရှင်းပြီး၊ အသုံးပြုရလွယ်ကူစေတဲ့ software ပါ။ သင်သတ်မှတ်ထားတဲ့ USB flash drive တစ်ခုကို သင့်ကွန်ပျူတာမှဖြုတ်လိုက်လျှင် သင့်ကွန်ပျူတာသည် lock ကျသွားမည်ဖြစ်ပြီး၊ USB ကိုပြန်တပ်လိုက်လျှင် auto lock ပြန်ပွင့်သွားနိုင်ရန် ဒီ software နှင့် control လုပ်နိုင်ပါတယ်။ USB ကို key တစ်ခုအဖြစ်ရိုးရှင်းစွာ အသုံးပြုနိုင်ပါတယ်။ သင်သတ်မှတ်ထားတဲ့ second တိုင်းမှာ သင့်ကွန်ပျူတာမှာ USB device ရှိ၊မရှိ စစ်ဆေးနေမှာပါ။ မရှိဘူးဆိုလျှင် auto lock ကျသွားမှာဖြစ်ပြီး၊ တစ်စုံတစ်ယောက်က သင့်ကွန်ပျူတာကို အသုံးပြုဖို့ကြိုးစားရင်၊ second 20 အတွင်း password ကိုတောင်းပါလိမ့်မယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မှန်ကန်တဲ့ password ကိုထည့်မပေးခဲ့လျှင် access denied ဖြစ်ပြီး၊ alarm မည်စေရန် စီစဉ်ထားနိုင်ပါတယ်။ ထို့ပြင် system log information မှာမှတ်တမ်းတင်ပေးထားမှာ ဖြစ်တဲ့အတွက် သင်နောက်တစ်ကြိမ် ကွန်ပျူတာကိုပြန်ဖွင့်လျှင် သင့်ကွန်ပျူတာကို တစ်စုံတစ်ယောက်က ဖွင့်ဖို့ကြိုးစားခဲ့တယ်ဆိုတာကို သင့်ကိုပြန်လည် အသိပေးမှာပါ။

0 comments:

On line Photoshop service

                         Adobe ကနေ free ဖွင့်လှစ်ပေးထားတဲ့ Photoshop on line service ပါ။ User တစ်ယောက်ကို URL လိပ်စာ (http://yourname.photoshop.com) တစ်ခုနှင့် on line storage memory 2GB free ပေးထားတဲ့အတွက် on line album တစ်ခုအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ သင့် Email လိပ်စာကိုအသုံးပြုပြီး၊ သင်နှစ်သက်ရာ password နှင့် register လုပ်လိုက်ရုံပါပဲ။ Photo များသာမက၊ video များကိုပါ save လုပ်ထားနိုင်ပါတယ်။ သင့်ကွန်ပျူတာမှ upload လုပ်ပြီး ဒီ on line service မှာ edit လုပ်လို့ရသလို၊ Facebook, Flickr, Picasa, Photobucket အစရှိတဲ့ social network များမှသင့်ရဲ့ photo များကိုလည်း edit, upload နှင့် download လုပ်လို့ရပါသေးတယ်။ Decorate editor ကိုလည်း beta version အဖြစ်ထည့်ပေးထားပါတယ်။

0 comments:

Folder နှင့် file များကို password နှင့်ဖျောက်ထားပေးမယ့် WinMend


                               သင့်ကွန်ပျူတာကိုအခြားသူများသုံးလျှင် မတွေ့စေလိုသော folder နှင့် file များကို password နှင့်ဖျောက်ထား (hidden) လုပ်ပေးမယ့် software ပါ။ သင့်ကွန်ပျူတာမှာရှိတဲ့ folder နှင့် file များသာမက၊ USB ကဲ့သို့သော removable disk များမှ folder နှင့် file များကိုပါ ဒီ software နှင့် hidden လုပ်ထားလို့ရပါတယ်။ Portable အဖြစ်လည်း အသုံးပြုလို့ရပါတယ်။ Install လုပ်၍ run ပြီးလျှင် သင်နှစ်သက်ရာ password ကို သေချာအောင် ၂ ခေါက် ပြန်ရိုက်ခိုင်းပါလိမ့်မယ်။ ပြီးလျှင် Hide folder (သို့မဟုတ်) Hide file(s) ကိုနှိပ်၍ သင် hiddenလုပ်လိုသော folder နှင့် file များကိုရွေးလိုက်ပါ။ သင်ရွေးချယ်လိုက်သော folder နှင့် file များရဲ့ နောက်မှာ hidden ဟူ၍ အနီရောင်စာတန်းပေါ်နေလျှင် ၎င်း folder နှင့် file များသည်၊ သင့်ကွန်ပျူတာ (သို့မဟုတ်) သင့် removable disk မှပျောက်သွားပါလိမ့်မည်။ Removable disk ဆိုလျှင်လည်း အခြားကွန်ပျူတာများတွင် အသုံးပြုသည့်တိုင်အောင် သင်ဖျောက်လိုက်သော folder နှင့် file များသည် ရှာ၍တွေ့မည်မဟုတ်ပေ။

2 comments:

သင့်ရဲ့မျက်နှာကို window password အဖြစ်ပြောင်းလဲပေးမယ့် Luxand Blink software

                                သင့်ကွန်ပျူတာကိုစဖွင့်မည်ဆိုလျှင် power ခလုတ်ကိုနှိပ်ပြီးတာနဲ့ window က loading လုပ်ပြီး၊ သင့်ကို password နှင့် log in လုပ်ခိုင်းပါတယ်။ အဲဒီမှာ သင့်ရဲ့ user name ကိုရွေးပြီးတော့ သင့် password တွေကိုရိုက်ထည့်ပြီး log in လုပ်ရပါတယ်။ အကယ်၍ သင်ရိုက်ထည့်သော password ကမှားနေပြီဆိုလျှင် window ကပွင့်မှာမဟုတ်သလို၊ အဆင်မသင့်လျှင် service center ကိုပြေးရပါမယ်။ ယခုတင်ပြမယ့် ဆော့(ဖ်)ဝဲကတော့ မည်သည့် password ကိုမှရိုက်ထည့်စရာမလိုပဲ၊ သင့်မျက်နှာကိုမြင်တာနဲ့ သင့်ကွန်ပျူတာက သင့်ကို log in လုပ်ပေးသွားမှာပါ။ Face recognition လို့ခေါ်တဲ့နည်းပညာနဲ့ ဖန်တီးထားတဲ့ ဒီ Luxand Blink software ကို install လုပ်ပြီး၊ run at window startup ကိုရွေးပေးလိုက်ရင် သင့် window ဖွင့်တိုင်းမှာ password များကိုရိုက်ထည့်စရာမလိုပဲ သင့်ကွန်ပျူတာ web cam ကိုကြည့်လိုက်တာနဲ့ သင့် window ကပွင့်သွားမှာပါ။ User တစ်ယေက်ထက်ပိုပြီးလည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုထားတဲ့ history ကိုပြန်ကြည့်လို့ရသလို၊ အခြားသူတစ်ယောက်က log in လုပ်ဖို့ ကြိုးစားရာမှာ fail ဖြစ်ခဲ့လျှင်လည်း၊ ထိုသူရဲ့မျက်နှာကို သင့် web cam မှမှတ်တမ်းတင်ထားမှာပါ။

1 comments:

သင့်ရဲ့ desktop အတွက် လှပတဲ့အသွင်ဆန်းနဲ့ Dock menu


                                သင့်ရဲ့ desktop ဖန်သားပြင်ကိုအလှဆင်ဖို့ task bar တစ်ခုလောက်နီးနီး လုပ်ဆောင်ချက်တွေနဲ့ လှပတဲ့ အသွင်ဆန်းနဲ့ Dock menu တစ်ခုကို ဝေမျှပေးလိုက်ပါတယ်။ 12 MB သာရှိတဲ့ ဒီ dock menu မှာ သင်နှစ်သက်ရာ shortcut များကို တင်ထားနိုင်တဲ့အပြင် task manager တစ်ခုအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ Shortcut လေးတွေရဲ့ size , appearance နဲ့ effect များကိုလည်းသင့်စိတ်ကြိုက် configure menu မှာရွေးချယ်နိုင်ပါတယ်။ သင် window တစ်ခုခုကို screen အပြည့်ဖွင့်ထားတဲ့အချိန်မှာလည်း ဒီ dock menu တည်ရှိရာနေရာကို cusor လေးဝဲလိုက်ရင် အသုံးပြုရန်အဆင်သင့်ဖြစ်အောင် လုပ်ထားလို့ရပါတယ်။ Exe file ကို download လုပ်ပြီး run လိုက်ရုံပါပဲ။ Normal version ကို Free ပေးထားပါတယ်။

0 comments:

Blogger တွေရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းပေးမယ့် Zoundry Raven software

                           Blogspot, Movable Type & TypePad, Windows Live Spaces, WordPress အစရှိသည့် Blogger များရဲ့လိုအပ်ချက်တော်တော်များများကို ဖြည့်ဆည်းပေးမယ့် software တစ်ခုကို ပြန်လည်မျှဝေလိုက်ပါတယ်။ သူ့မှာပါဝင်တဲ့ လုပ်ဆောင်ချက်များကတော့ အရမ်းကိုများပြီး၊ အသုံးလည်းတော်တော်ဝင်ပါတယ်။ သင်ရေးသား ဖန်တီးထားသမျှ မတူညီတဲ့ site များမှ blog များအားလုံးကို ဒီ software လေးတစ်ခုတည်းနဲ့ manage လုပ်နိုင်ပါတယ်။ Internet လိုင်းမရှိလည်း သင့် blog post များကိုကြိုတင်ရေးသားပြီး save လုပ်ထားနိုင်သောကြောင့် internet လိုင်းကိုအားကိုးပြီး blog ရေးနေရတဲ့ blogger များအတွက် အရမ်းကိုအသုံးဝင်ပါတယ်။ သင့် blog မှာအသုံးပြုထားတဲ့ template ကိုသတ်မှတ်ပေးထားလျှင် off line မှာပဲသင့် post ကို preview ကြည့်လို့ရပါသေးတယ်။ Internet လိုင်းရသည့်အချိန်မှာသင် save လုပ်ထားတဲ့ post များကို သင်နှစ်သက်ရာ blog မှာ publish လုပ်လိုက်ရုံပါပဲ။

1 comments:

PC မှ ဖုန်းကို on line ကနေ Free ခေါ်ပေးမယ့် Mediaring Talk



                                    Voip လို့ခေါ်တဲ့ on line ကနေ ဖုန်းခေါ်တဲ့နည်းပညာတွေ ခေတ်စားလာတာနဲ့အမျှ၊ Voip service တွေအပြိုင်အဆိုင်ပေါ်ပေါက်လာပါတယ်။ Mediaring Talk လို့ခေါ်တဲ့ Voip service ကတော့ နိုင်ငံတော်တော်များများကို ယခုအချိန်ထိ free ခေါ်ဆိုခွင့်ပေးထားပါတယ်။  တရုတ်၊ စင်္ကာပူ၊ ကနေဒါ၊  ဟောင်ကောင် နှင့် အမေရိကန်နိုင်ငံများမှ landline ကြိုးဖုန်းနှင့် mobile ဖုန်းများ၊ ႀသစေတ်းလ်၊ အင်္ဂလန်နှင့် ထိုင်ဝမ်နိုင်ငံများမှ landline ကြိုးဖုန်းများကို free ခေါ်ဆိုလို့ရတယ်လို့ပြောထားပါတယ်။

2 comments:

Free Sony Ericsson mobile game များအပိုင်း (၁)

                                         ရှာဖွေစုဆောင်းမိသော Sony Ericsson mobile game များကို အပိုင်းလိုက် ဝေမျှပေးသွားပါမည်။ Sony Ericsson screen size အချိုး 240-320 ရှိသော W705, W880, W890, W950, K750, K800, K810, K850, K910, G900 နှင့်အခြားဖုန်းများတွင် ကစား၍ အဆင်ပြေပါလိမ့်မည်။ ပုံများ၏အောက်တွင်ရှိသော ဂိမ်းနာမည်များကို click နှိပ်၍ ziddu download site သို့သွားပြီး download လုပ်ပါ။ ထို့နောက် zip file ကိုဖွင့်ပြီး jar file ကိုသင့်ဖုန်းသို့ bluetooth (သို့မဟုတ်) USB cable နှင့်ပို့ပါ။ ပြီးလျှင် jar file ကို install လုပ်၍ကစားနိုင်ပါပြီ။ ဤအပိုင်း (၁) တွင် စုစုပေါင်း ဂိမ်း (၁၀) ခုပါပါသည်။


                                                         


0 comments:

Joan Jade and the Gates of Xibalba (final) PC game

                                      Joan Jade and the Gates of Xibalba pc game ပါ။ Exe file ဖြစ်လို့ install လုပ်ရတာလွယ်ပါတယ်။ Mini game များလည်းပါဝင်ပါတယ်။ 84.09 Mb ရှိပါတယ်။ Full version စွန့်စားခန်းဂိမ်းပါ။ Media fire ကနေ download လုပ်ပြီး install တန်းလုပ်ရုံပါပဲ။

0 comments:

Skin ဒီဇိုင်းမျိုးစုံနဲ့ Xion audio player

                               Xion လို့ခေါ်တဲ့ audio player မှာ skin အရောင်စုံ၊ လှပတဲ့ ဒီဇိုင်းမျိုးစုံနဲ့ support လုပ်ပေးထားပါတယ်။  AC3, AAC, AIFF, APE, ASF, MP3, MP4, M4a, OGG, WAV, WMA, MIDI စတဲ့ audio ဖိုင်တွေကို ဒီ player နဲ့ ဖွင့်လို့ရပါတယ်။ Internet radio streaming လည်းပါရှိပါတယ်။ သူရဲ့မူရင်း website မှာ plug in များကိုလည်း download လုပ်နိုင်ပါသေးတယ်။ 100% free ပေးထားပါတယ်။

0 comments:

သင့် desktop screen မှာရှိသမျှ ကို video record လုပ်နိုင်မယ့် CamStudio.exe

                               သင့် desktop screen ကို video record လုပ်ပေးနိုင်တဲ့ software ပါ။ Avi နဲ့ Swf ဖိုင်တွေအဖြစ်သိမ်းပေးပါတယ်။ Desktop တစ်ခုလုံးကို record လုပ်နိုင်သလို၊ သင်ကြိုက်နှစ်သက်ရာ window နေရာကိုလည်း record လုပ်နိုင်ပါတယ်။ Recording လုပ်နေတုန်းမှာ အသံကိုမလိုချင်လျှင်လည်း ဖျောက်ထားလို့ရပါတယ်။ Exe file ဖြစ်တဲ့အတွက် install လုပ်ရာမှာလွယ်ကူစေပါတယ်။ တရားဝင် free ပေးထားပါတယ်။


0 comments:

Photo နဲ့ image တွေကို edit လုပ်ပေးမယ့် Paint.NET software

                                     သေးငယ်တဲ့ memory ပမာဏနဲ့ သင့်ရဲ့ photo နဲ့ image တွေကို microsoft paint ထက်ကို ပိုပြီးတော့ ကောင်းအောင် ပြုပြင်ပေးနိုင်တဲ့ ဆော့(ဖ်)ဝဲပါ။ Photoshop , Adope , Corel စတဲ့ photo နဲ့ပါတ်သက်တဲ့ဆော့(ဖ်)ဝဲတွေလောက်မကောင်းပေမယ့်၊ ၎င်းဆော့(ဖ်)ဝဲများမှာပါတဲ့ လုပ်ဆောင်ချက်တော်တော်များများကို ဒီဆော့(ဖ်)ဝဲမှာတွေ့ရမှာပါ။ Noise reduction, photo sharpening စတဲ့ photo နဲ့ပါတ်သက်တဲ့ function တွေတော်တော်များများပါပါတယ်။

0 comments:

Internet Download Manager

                                Internet download manager (IDM) လို့ခေါ်တဲ့ လျှင်မြန်စွာနဲ့ download လုပ်ပေးတဲ့ ဆော့(ဖ်)ဝဲပါ။ Window 7 မှာပါအသုံးပြုနိုင်တဲ့ 5.18 build 8 ပါ။ အောက်တွင်ပြထားသောနေရာတွင်သွား၍ အရင် download လုပ်ပါ။ ပြီးလျှင် download လုပ်ထားသော rar file ပါဝင်သည့် folder ကိုဖွင့်ပါ။ ရလာသော rar file ကို winrar (သို့မဟုတ်) winzip software ကိုအသုံးပြု၍ ဖြည်ပါ။ ၎င်း rar file ပေါ်တွင် right click နှိပ်၍ extract here ကိုနှိပ်ပါ။ Internet download manager ဆိုတဲ့ file တစ်ခု လက်ရှိ folder တွင် ထပ်၍ရလာပါလိမ့်မည်။ ၎င်း folder ကို ဖွင့်ပါ။ ပြီးလျှင် idman518.exe ဆိုတဲ့ file ကို run ၍ install လုပ်ပါ။

0 comments:

Call of duty 2 ကွန်ပျူတာဂိမ်း free download

                           Call of duty 2 ကွန်ပျူတာဂိမ်းပါ။ Electronic Art ဂိမ်းကထုတ်လိုက်တဲ့နာမည်ကြီးဂိမ်းတစ်ခုပါ။ Sendspace ကနေပြီးတော့ အပိုင်း ၅ ပိုင်းလုံးကို အရင် download လုပ်ပါ။ ပြီးရင် winrar နဲ့ file တွေကိုပြန်ဖြေပါ။ File တွေကိုဖြေပီးရင် unpack ဆိုတဲ့ file ရလာပါလိမ့်မယ်။ အဲဒါကို run လိုက်ပါ။ မိနစ်အနည်းငယ် unpack လုပ်ပါလိမ့်မယ်။ ပြီးတာနဲ့ exe file တစ်ခုရလာပါလိမ့်မယ်။ Install လုပ်လိုက်ပါ။ ကစားလို့ရပါပြီ။ သင့်ကွန်ပျူတာအနေနဲ့ လိုအပ်ချင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
  • 1.4 GHz Processor
  • 512 MB RAM
  • ATI Radeon 9200 / GeForce 4

0 comments:

Student's Dictionary မြန်မာ on line dictionary

                                   Student's Dictionary မြန်မာ on line dictionary ဟာ မြန်မာ on line စာကြည့်တိုက်တစ်ခုဖြစ်တဲ့ e-Library ရဲ့ beta version ဖြစ်ပါတယ်။ English လိုရေးလျှင် English လိုရော မြန်မာလိုပါ ဥပမာစုံလင်စွာနဲ့ ဖေါ်ပြပေးပါတယ်။

0 comments:

English အသံအတိုင်းရေးလျှင် မြန်မာလို ပေါ်မည့် Burglish Test Engine

                                  English စာလက်ကွက်ကို ကောင်းကောင်းရိုက်တက်ပြီး၊ မြန်မာစာ လက်ကွက် တစ်မျိုးမျိုးကို ကျင့်ရန်ကြောက်သော၊ ကျင့်ရန်အချိန်မရသော ၊ အကြောင်းအမျိုးမျိုးကြောင့် မကျင့်ရသေးသော သူများအတွက် ဒီ Burglish Test Engine ကအထောက်အကူပြုပါလိမ့်မယ်။ English အသံထွက်အတိုင်း ကွပ်လပ်အတွင်းရိုက်ထည့်လျှင် မြန်မာလို ပေါ်ပါတယ်။ ဥပမာ- ko ဟုရေးလျှင် "ကို ၊ ကိုး ၊ ကိုရ် ၊ ကိုယ် " စတဲ့ မြန်မာစာ လုံးတွေပေါ်မှာဖြစ်ပြီး သင်လိုချင်တဲ့စကားလုံးကို space bar ဒါမှမဟုတ် down arrow နဲ့ up arrow key တွေကိုအသုံးပြု၍ ရွေးနိုင်ပါတယ်။ အခြား လုပ်ဆောင်ချက်များလည်းပါဝင်ပါတယ်။ Zawgyi One , Uniburma, Myazedi, Myanmar 3, Padauk နဲ့ Parabaik မြန်မာ font ထဲက တစ်ခုခုရှိလျှင် အသုံးပြု၍ ရပါတယ်။

0 comments:

မြန်မာဘာသာ periodic table ဒြပ်စဉ်အလှည့်ကျဇယား

                               Chemistry ဓာတုဗေဒကို စိတ်ဝင်စားသော မြန်မာများအားလုံးအတွက် အသုံးဝင်စေမယ့် မြန်မာဘာသာနှင့်ပြန်ဆိုထားသော periodic table ခေါ် ဒြပ်စဉ်အလှည့်ကျဇယားပါ။ ကျောင်းသူ၊ကျောင်းသားများ အတွက်ရော ၊ဆရာ ဆရာမများအတွက်ပါအသုံးဝင်စေပါတယ်။ Mendeleyev University of Chemical Technology of Russia (MUCTR) မှမြန်မာကျောင်းသားများကစုပေါင်းပြီး ကြိုးစားဖန်တီးထားတာပါ။ ဓာတုဗေဒအကြောင်းကိုစိတ်မဝင်စားရင်တောင် ဒြပ်တစ်ခုခုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ၊ ဒြပ်စင်တွေရဲ့ ပါတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုတွေ ၊ ၎င်းဒြပ်ရဲ့ ဂုဏ်သတ္တိတွေကို ဗဟုသုတ အနေနဲ့ လေ့လာနိုင်ပါတယ်။

0 comments:

Burmese-English-Burmese မြန်မာ on line dictionary

                           မြန်မာမှ english ရော english မှမြန်မာကိုရော ဘာသာပြန်ပေးမယ့် on line dictionary ပါ။ သူ့ရဲ့ မူရင်း key board ကိုပါအသုံးပြုနိုင်အောင်စီစဉ်ပေးထားပါတယ်။ စာကားလုံးတွေကို အတိအကြလည်းရှာလို့ရသလို similar word ကိုလည်းရှာလို့ရပါတယ်။ အသံထွက်ကိုပါ လေ့လာလို့ရအောင် ပြုလုပ်ပေးထားပါတယ်။

0 comments:

Allchannel on line မြန်မာ dictionary

                           Allchannel on line မြန်မာ dictionary ကို မြန်မာမှ English နှင့် English မှမြန်မာ (၂)မျိုးစလုံး အတွက် အသုံးပြုနိုင်ပါတယ်။ အသံထွက်ကိုပါ လေ့လာနိုင်ပါတယ်။ Zawgyi font နဲ့ မပေါ်ပါဘူး။ NyiMyanmar 1 true type font ကို download လုပ်မှသာ အဆင်ပြေစွာ အသုံးပြု၍ရမှာ ဖြစ်ပါတယ်။ ဤ font ကို Allchannel dictionary မှာတခါတည်း download လုပ်နိုင်ပါတယ်။

0 comments:

သင့် Gmail ကိုအလွယ်တကူ စစ်နိုင်မယ့် Gmail Notifier

                                Gmail Notifier ကတော့ သင့် Gmail ကိုအလွယ်တကူ စစ်ပေးနိုင်ပါတယ်။ အင်တာနက် Connection သိပ်မကောင်းတဲ့နေရာတွေမှာ သင်ဖွင့်နေကြ Gmail Window ကိုဖွင့်မယ်ဆိုရင် အချိန်ကြာပါတယ်။ ဒီဆော့(ဖ်)ဝဲကို ရှိထားရင် သင့် Gmail window ကိုဖွင့်ကြည့်စရာမလို တော့ပါဘူး။ သင့် Gmail inbox မှာ mail အသစ်ဝင်တာနဲ့ Sound Alert အနေနဲ့ သင့်ကိုဖေါ်ပြပါလိမ့်မယ်။ သင့် Gmail account နောက်တစ်ခုကိုကြည့်ဖို့အတွက်လည်း Gmail Notifier ကိုအသုံးပြုနိုင်ပါတယ်။ Account တစ်ခုတည်း ရှိသောသူများအတွက်တော့ Gtalk တစ်ခုတည်းနဲ့တင် အဆင်ပြေနိုင်ပါတယ်။ 

0 comments:

Rar ဖိုင်များကိုပြန်ဖြည်ရန်အတွက် Winrar 3.80 (Pro)



                                 Rar နဲ့ဆုံးတဲ့ဖိုင်တွေကိုပြန်ဖြေဖို့အတွက် Winrar Software ပါ။ Download လုပ်ဖို့အတွက်တင်ပေးထားတဲ့ site တော်တော်များများမှာ rar file တွေကိုသုံးတာများပါတယ်။ File ဆိုဒ်ကြီးရင် upload ရော download ရောအတွက် အဆင်မပြေကြတဲ့အတွက် file တွေကိုချုံ့ပေးတဲ့ဆော့(ဖ်)ဝဲပါ။ Download လုပ်ပြီးသား rar file တွေကို right click ထောက်ပြီး extract here ကိုနှိပ်ပြီး ဖြေရပါမယ်။ မူရင်း file တစ်ခုရလာပါလိမ့်မယ်။ Software တစ်ခုအတွက် rar file တစ်ခုတည်းဖြစ်နိုင်သလို rar file တွေကိုခွဲပြီးတင်ပေးထားတာလည်းဖြစ်နိုင်ပါတယ်။ Rar file တွေအများကြီးဆိုရင်တော့ ၎င်း file အားလုံးကို download လုပ်ပြီးမှဖြေရပါမယ်။

0 comments:

လုပ်ဆောင်ချက်များစွာပါဝင်သော Scott's Gmail Alert

                                       Scott's Gmail Alert လို့ခေါ်တဲ့ Gmail shortcut ဆော့(ဖ်)ဝဲမှာ လုပ်ဆောင်ချက်များစွာပါဝင်ပါတယ်။ သင့် Gmail account ၅ ခုကိုတစ်ပြိုင်နက်ထဲ sign in လုပ်ထားနိုင်ပါတယ်။ ၎င်း account တစ်ခုခုမှ mail အသစ်ဝင်လာလျှင် အသံနဲ့ Alert ပေးပါတယ်။ သင် ကြိုက်ရာအသံကို preference setting ရဲ့ အောက်မှာ ရွေးချယ်နိုင်ပါတယ်။ ဒါအပြင် Cap lock key ပွင့်နေလျှင်လည်း သင်နှစ်သက်ရာအသံနဲ့ alert ပေးနိုင်အောင်လုပ်ထားလို့ရပါတယ်။ သင်နှစ်သက်ရာ web site ရဲ့ RSS feed ကိုလည်း alert လုပ်ပေးနိုင်ပါသေးတယ်။

0 comments:

Audio, Video နဲ့ Picture စတဲ့ Media အားလုံးကို တည်းဖြတ်နိုင်တဲ့ Media Cope software

                                     Media Cope လို့ခေါ်တဲ့ ဆော့(ဖ်)ဝဲကတော့ Audio, Video, Picture, Photo အစရှိတဲ့ media file တွေအားလုံးကို ဖြတ်၊ ညှပ်၊ ကပ်၊ ပြောင်း၊ ချုံ့၊ ချဲ့ အားလုံးလုပ်နိုင်ပါတယ်။ အသေးစိတ်ကြည့်မယ်ဆိုရင် Audio/Video Player, Audio/Video Cutter, Audio Converter, Video Converter, Photo Cutter နဲ့ Photo Resizer/Converter များပါဝင်ပါတယ်။ Convert လုပ်ရန်အတွက် Out put file များအနေနဲ့လည်း တော်တော်များများ ပြောင်းနိုင်ပါတယ်။ Picture file ကို Convert လုပ်ရာမှာ ဒီဆော့(ဖ်)ဝဲမှာပါတဲ့ အသုံးများတဲ့ size များအပြင်၊ သင်လိုချင်တဲ့ size ကို သက်မှတ်ပေးထားနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံကို ချုံ့၊ ချဲ့လုပ်နိုင်သလို၊ ဖြတ်ထုတ်ပစ်လို့လည်း ရပါတယ်။ Full version ကို တရားဝင် free ပေးထားပါတယ်။

0 comments:

Empire Builder Ancient Egypt ကွန်ပျုတာဂိမ်း free download

                                      Empire Builder Ancient Egypt ကွန်ပျုတာဂိမ်းပါ။ သဲကန္တာရတွေနဲ့ပြည့်နေတဲ့ အီဂျစ်မြေကို အင်ပါယာကြီးတစ်ခုဖြစ်အောင် သင်ကိုယ်တိုင် တည်ဆောက်နေသကဲ့သို့ ခံစားချက်မျိုးပေါ်လာအောင် ဒီဂိမ်းက သင့်ကိုဆွဲဆောင်မှု ပေးပါလိမ့်မယ်။ Hot file site ကနေ rar file ကို download လုပ်ပါ။ ပြီလျှင် win rar (သို့မဟုတ်) win zip နဲ့ပြန်ပြီးတော့ file ကိုဖြည်ပါ။ သင့်ကွန်ပျူတာအနေနဲ့ ဒီဂိမ်းကို ကစားရန်အတွက် လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0 comments:

On line မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း

                           မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ကတော့ မြန်မာစာကို လေ့လာနေသူတွေအတွက်ရော၊ အသုံးပြုနေသူတွေအတွက်ပါ အသုံးဝင်စေမယ့် နေရာလေးပါ။ "က" ကနေ "အ" အထိ မိမိအရင်ရှာလိုသော ဗျည်းကိုအရင်ရွေးရပါမယ်။ ဥပမာ- "က" နဲ့စတဲ့စကားလုံးတစ်လုံးရဲ့ သတ်ပုံကိုကြည့်ချင်တယ်ဆိုရင် "က" ကိုအရင်နှိပ်ရပါမယ်။ ဒါဆိုရင် "က" အက္ခရာနဲ့အသုံးပြုတဲ့ "က ၊ ကာ ၊ ကား ၊ ကိ ၊ ကီ ၊ ကီး " စတဲ့ "က" ရဲ့ စာလုံးပေါင်းသတ်ပုံကို ဇယားကွက်နဲ့ ဖေါ်ပြပါလိမ့်မယ်။ သင်ကြည့်လိုတဲ့ အသုံးကို ထပ်ပြီးနှိပ်ပေးလိုက်ပါ။ သူ့ရဲ့မှန်ကန်စွာ အသုံးပြုရမယ့် စကားလုံးများကို ထပ်ပြီးတော့အစဉ်လိုက်ဖေါ်ပြပေးပါလိမ့်မယ်။ သင်ကြည့်လိုတဲ့ အသုံးကိုမှန်၊ မမှန်လိုက်ရှာလိုက်ရုံပါပဲ။

0 comments:

Gtalk chat window background မှာ သင်နှစ်သက်ရာပုံတင်ပေးမယ့် MyTheme.exe

                             သုံးနေကျ Gtalk chat window ရဲ့ နောက်ခံ ဟာအဖြူရောင် ဘာရုပ်ပုံမှမပါပါဘူး။ အခုဒီ MyTheme ဆော့(ဖ်)ဝဲ ကို download လုပ်ပြီး install လုပ်လိုက်ပါ။ သင်တင်လိုတဲ့ နောက်ခံပုံကို သင့် Gtalk chat window မှာတင်ဖို့ အဆင်ပြေသွားပါလိမ့်မယ်။ သင်တင်လိုတဲ့ ပုံကိုတော့ chat window နဲ့ကိုက်ညီစေမယ့် ပုံဖြစ်အောင် ပြုပြင်ပေးဖို့လိုပါလိမ့်မယ်။
                              MyTheme ကို install လုပ်ပြီးလျှင် အရင်ဆုံး သင်တင်လိုတဲ့ပုံကို ရွေးရန်အတွက် Start ကိုနှိပ်ပါ။ ထို့နောက် all programs ကိုသွားပြီး dash>>my theme>>change background အစဉ်အတိုင်း နှိပ်သွားပါ။ ၎င်းနောက် သင်တင်လိုတဲ့ပုံကို ရွေးပြီး double click နှိပ်လိုက်ပါ။

0 comments:

Gtalk တွင် english meaning မှ မြန်မာဘာသာသို့ ပြန်ပေးမည့် gtalk dictionary account

                                 သင်သိလိုသော English စကားလုံးတစ်လုံးကို Gtalk ကနေမေးမြန်းပြီး မြန်မာဘာသာသို့ လျှင်မြန်စွာ ပြန်ဆိုနိုင်ပါတယ်။ မြန်မာလိုတိုက်ရိုက် ဘာသာပြန်ဆိုမှုမရှိသော စကားလုံးများအတွက် English လိုပြန်ဆိုပေးပါတယ်။ Gtalk ကိုအသုံးများတဲ့ မြန်မာများအတွက်လည်း အဆင်ပြေစေမယ့် Gtalk dictionary ပါ။ On line dictionary လို့ပြောရပါမယ်။ သင့်မှာ Gtalk အကောင့်တစ်ခုရှိရင်ကိုအသုံးပြုလို့ရနေပါပြီ။ အောက်တွင်ပြထားသော အကောင့်ကို သင့် Gtalk မှာ add လိုက်ရုံပါ။ အောက်တွင် video နှင့်တကွဆက်လက်ရှင်းပြထားပါတယ်။

14 comments:

Volvo The Game ကွန်ပျူတာဂိမ်း free doanload

                    
                        SimBin studio နဲ့ Volvo moto company တို့ကပူးပေါင်းတင်ဆက်လိုက်တဲ့ Volvo The Game ကွန်ပျူတာဂိမ်းပါ။ Volvo S60 မော်ဒယ်ကားကိုပွဲထုတ်ကြော်ငြာတဲ့အနေနဲ့ ဒီဂိမ်းကို တရားဝင် free တင်ဆက်ပေးထားတာပါ။ ဒီဂိမ်းကိုကစားဖို့ သင့်ကွန်ပျူတာအနေနဲအနိမ့်ဆုံး လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

2 comments:

Free download Microsoft Visio 2010 beta version

                                  Microsoft မှ နောက်ထပ်အသစ်ထပ်မံထွက်ရှိမယ့် Visio 2010 အတွက် beta version ကို တရားဝင် free download ပေးထားပါတယ်။ ယခင် version များထက်အားသာချက်ကတော့ Communication ပိုင်းပဲဖြစ်ပါတယ်။ Bluetooth နဲ့လျှင်မြန်စွာ file transfer လုပ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ဒီဆော့(ဖ်)ဝဲကို download လုပ်ရန်အတွက် သင့်မှာ Window live ID (သို့မဟုတ်) hot mail account ရှိရပါမယ်။ Microsoft ရဲ့ official page ကိုသွားပြီးလျှင် သင့် Window live ID (သို့မဟုတ်) hot mail account နဲ့ Sign in လုပ်ရပါမယ်။ Activation key ပေးလျှင်သိမ်းထားပေးပါ။ သင် install လုပ်ပြီးလို့ run တဲ့အချိန်မှာ activation key တောင်းရင် ထည့်ပြီး activate လုပ်ပေးလိုက်ပါ။ 32bit version ဟာ 32bit ရော 64bit processor သုံး window များအတွက်ပါ အဆင်ပြေပါလိမ့်မယ်။ 64bit version ကိုလည်း download လုပ်နိုင်ပါတယ်။ System လိုအပ်ချက်များနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0 comments: