Home

Blogger တွေရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းပေးမယ့် Zoundry Raven software

                           Blogspot, Movable Type & TypePad, Windows Live Spaces, WordPress အစရှိသည့် Blogger များရဲ့လိုအပ်ချက်တော်တော်များများကို ဖြည့်ဆည်းပေးမယ့် software တစ်ခုကို ပြန်လည်မျှဝေလိုက်ပါတယ်။ သူ့မှာပါဝင်တဲ့ လုပ်ဆောင်ချက်များကတော့ အရမ်းကိုများပြီး၊ အသုံးလည်းတော်တော်ဝင်ပါတယ်။ သင်ရေးသား ဖန်တီးထားသမျှ မတူညီတဲ့ site များမှ blog များအားလုံးကို ဒီ software လေးတစ်ခုတည်းနဲ့ manage လုပ်နိုင်ပါတယ်။ Internet လိုင်းမရှိလည်း သင့် blog post များကိုကြိုတင်ရေးသားပြီး save လုပ်ထားနိုင်သောကြောင့် internet လိုင်းကိုအားကိုးပြီး blog ရေးနေရတဲ့ blogger များအတွက် အရမ်းကိုအသုံးဝင်ပါတယ်။ သင့် blog မှာအသုံးပြုထားတဲ့ template ကိုသတ်မှတ်ပေးထားလျှင် off line မှာပဲသင့် post ကို preview ကြည့်လို့ရပါသေးတယ်။ Internet လိုင်းရသည့်အချိန်မှာသင် save လုပ်ထားတဲ့ post များကို သင်နှစ်သက်ရာ blog မှာ publish လုပ်လိုက်ရုံပါပဲ။

                           သင်ရေးသားပြီးသမျှ blog များမှ post များအားလုံးကိုလည်း သင့်ကွန်ပျူတာမှာပဲ backup လုပ်ထားနိုင်ပါသေးတယ်။ သင့်ရဲ့ FTP server ကိုလည်းသတ်မှတ်ပေးထားနိုင်ပါတယ်။ Portable အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ Unicode (UTF-8) ကိုလည်း support လုပ်ပေးပြီး၊ အခြားလုပ်ဆောင်ချက်များစွာပါဝင်တဲ့ ဒီ blog editing software ကို Zaundry Raven ကနေ free ပေးထားပါတယ်။ Zaundry Raven software ကို ဖွင့်ပြီးလျှင် Add account ကိုနှိပ်၍ သင်ဖန်တီးပြီးသား blog URL တစ်ခုကိုသတ်မှတ်ပေးပါ။ ပြီးလျှင် သင့်ရဲ့ User name နှင့် password ကိုအသုံးပြုပြီး account တစ်ခုကိုအရင်လုပ်ပါ။ ပြီးလျှင် သင့်ရဲ့ မတူညီတဲ့ account များမှ blog များကိုသင်နှစ်သက်သလို manage လုပ်နိုင်ပါပြီ။

1 comment:

  1. Blog ရေးသူတိုင်းလက်စွဲပြုထားသင့်တဲ့ software ပါလို့ ညွန်းလိုက်ပါတယ်။

    ReplyDelete