Home

Fancy USB flash drive လေးများစုစည်းမှု

                       
                      ဒီဇိုင်းအသစ်အဆန်းများနဲ့ fancy style USB flash drive များကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်။ ပမာဏသေးငယ်ပေမယ့် 4GB ကနေ 32GB ထိအောင် ထည့်သွင်းသယ်ဆောင်သွားလို့ ရပါတယ်။

အိုင်ဖုန်းနှင့် တွဲဖက်အသုံးပြုနိုင်သည့် အရက်မှုးနှုန်းတိုင်း ကိရိယာ Breathalyzer

                   ကားမောင်းရင်းဖြစ်စေ၊ အခြားတားမြစ်ထားသော အရက်မသောက်ရ နေရာများတွင်ဖြစ်စေ လေမှတစ်ဆင့် သွေးကြောအတွင်း alcohol ပမာဏ blood alcohol concentration (BAC) ကို တိုင်းတာစစ်ဆေးပေးနိုင်သော Breathometer ခေါ် ကိရိယာကို Smith and Wesson ကုပ္မဏီမှ စတင်တီထွင်ခဲ့ပါတယ်။ အဆင့်မြင့်လာသည့် မိုဘိုင်းကွန်ပျူတာစနစ်များ နှင့် တွဲဖက်အသုံးပြုနိုင်သည့် portable gadget hardware များမျိုးစုံပေါ်ပေါက်လာခါ ယခု Breathalyzer ကို အိုင်ဖုန်းဖြင့် တွဲဖက်အသုံးပြုနိုင်ရန် Breathometer ကုမ္ပဏီမှ ဖန်တီးထုပ်လုပ်လိုက်ပါတယ်။ ကားကီးချိန်းတစ်ခုအရွယ်သာရှိသည့် ၄င်း Breathalyzer ကို ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပြီး၊ အလွယ်တကူလည်း သယ်ဆောင်နိုင်ပါတယ်။ အသွင်းအထုတ်ပြုလုပ်နိုင်သည့် jack pin ကိုထုတ်ခါ အိုင်ဖုန်း၏ 3.5 mm စတီရီယို နားကြပ်ပေါက်တွင် တပ်ဆင်ပေးပြီး၊ အိုင်ဖုန်းတွင်ထည့်သွင်းထားသည့် Application ဖွင့်ရမှဖြစ်ပါတယ်။ ပြီးနောက် တိုင်းတာလိုသူ၏ ပါးစပ်မှတစ်ဆင့် Breathalyzer ကိရိယာသို့ လေမှုတ် ပေးရမှာဖြစ်ပြီး၊ အိုင်ဖုန်း၏ application မှတစ်ဆင့် Alcohol ပါဝင်မှုပမာဏကို ဖေါ်ပြပေးမှာဖြစ်ပါတယ်။

ဖုန်းရော tablet ပါသုံးနိုင်မည့် Asus PadFone infinity (2 in 1) smart device

                      လွန်ခဲ့တဲ့ ရက်အနဲငယ်ကပဲ Asus ကုမ္ပဏီဟာ PadFone infinity လို့ခေါ်တဲ့ Tablet အဖြစ်ရော၊ စမတ်ဖုန်းတစ်လုံး အဖြစ်ပါ ပြောင်းလဲ အသုံးပြုနိုင်တဲ့ Smart device မျိုးဆက် နောက်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းကို tablet dock ထည့်သွင်းတပ်ဆင်ရုံဖြင့် ၁၀.၁ လက္မ မျက်နှာပြင်ကျယ် Tablet တစ်လုံးကို စမတ်ဖုန်းတွင်ပါဝင်သည့် စွမ်းဆောင်ချက်များအတိုင်း ကိုင်ဆောင်ခွင့်ရရှိနိုင်မှာဖြစ်ပြီး၊ ဖုန်းသီးသန့်အသုံးပြုလိုချိန်တွင် tablet dock မှပြန်ဖြုတ်ခါ ပေါ့ပါးစွာအသုံးပြုနိုင်အုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကတည်းက PadFone နှင့် PadFone 2 ဟူ၍ နှစ်မျိုးထုပ်လုပ်ခဲ့ပြီး၊ ယခု PadFone infinity မှာတော့ ပိုမိုထူးခြားကောင်းမွန် အောင် update ပြုလုပ်ပေးထားပါတယ်။

ဆယ်မိနစ် အားသွင်းရုံဖြင့် တစ်လသုံးနိုင်သည့် ကမ္ဘာ့အပါးလွှာဆုံး နာရီ


                         Central Standard Timing လို့ခေါ်တဲ့ Electronic ကုမ္ပဏီတစ်ခုမှ 0.8 မီလီမီတာသာ အထူရှိသော ကမ္ဘာ့အပါးလွှာဆုံးနာရီကို စမ်းသပ်ထုပ်လုပ်နေပါတယ်။ နာရီကို ကိုယ်ထည်ကို ကွေးညွတ်နိုင်သော ပြော့ပြောင်းတဲ့ Stainless Steel စတီးဖြင့်ပြုလုပ်ထားပြီး၊ display ကိုတော့ Electronic Ink လို့ခေါ်တဲ့ E-ink Electronic paper တစ်မျိုးဖြင့် ပြုလုပ်ထားပါတယ်။ သာမန် Credit Card အကြွေးဝယ်ကဒ် တစ်ခုလောက်သာ အထူရှိတဲ့ ဒီ CST-01 နာရီမှာ သော့သီးကဲ့သို့သော ခလုပ်တစ်ခုမျှ မပါဝင်ပဲ အချိန်တိုက်ခြင်း၊ ၁၂ နာရီနှင့် ၂၄ နာရီ စနစ်ပြောင်းလဲခြင်းများကို Base Station လို့ခေါ်တဲ့ အားသွင်းနိုင်တဲ့ ထိမ်းချုပ်တုံးလေးမှ တစ်ဆင့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Micro-Energy Cell လို့ခေါ်တဲ့ အလွန်သေးငယ်ပြီး၊ လေးလံသော ဓါတုပစ္စည်းများ၊ အဆိပ်သင့် စေနိုင်သော ပစ္စည်းများမပါဝင်သည့် ဓါတ်ခဲကို အသုံးပြုထားပါတယ်။ ဆယ်မိနစ်အားသွင်းရုံဖြင့် တစ်လတိုင်အောင် အသုံးပြုနိုင်တဲ့ ၄င်း MEC စနစ်ဓါတ်ခဲမှာ အကြိမ် ၁၀၀၀၀ ခန့်အားပြန်လည်ဖြည့်သွင်းနိုင်ပြီး၊ ၁၅ နှစ်ခန့်ထိအောင်အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။

အံ့ဖွယ် အစွမ်းများနဲ့ Google glass ကို Website နှင့်တကွ တရားဝင်မိတ်ဆက်ပြီ

                       လွန်ခဲ့တဲ့ လပိုင်းလောက်ထိအောင် ဒီဇိုင်နာများ၊ အိုင်တီဆိုင်ရာ ခန့်မှန်းအဖြေရှာသူများ အားလုံး မှန်းဆခဲ့ကြသည့် Google Glass project ကို အခုတော့ တရားဝင် Google website မှာ စတင်မိတ်ဆက်ဖေါ်ပြလိုက်ပါပြီ။ Google Glass ရဲ့ တကယ်တမ်းထွက်ရှိလာတဲ့ပုံကတော့ အထက်တွင်ပြထားသည့်အတိုင်း Video camera နှင့် laser projector အသေးစားလေးများကို မျက်မှန်၏ ညာဘက်ပိုင်းတွင် ပေါ့ပါး ကျစ်လစ်စွာ တပ်ဆင်ပေးထားပြီး၊ ညာဘက် နားနောက်ဘက်မှ မျက်မှန်ကိုင်း ထိပ်တွင် ဘက်ထရီ၊ CPU chips များ၊ network card များကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာ၏နောက်ဘက် တည့်တည့်တွင် photo နှင့် video များကို သိုလှောင်ထားပေးနိုင်မည့် flash memory စနစ် ပါဝင်နေနိုင်ပါတယ်။ ကင်မရာ၏ နောက်ဘက် အတွင်းဘက်တွင်တော့ အသံဖြင့် အမိန့်ပေးစေခိုင်းနိုင်မည့် microphone စနစ်တပ်ဆင်ထားပါတယ်။ မျက်မှန်ကိုင်းမှာ ကွေးနိုင်ဆန့်နိုင်အောင် ပြောင်းသော ပလက်စတစ် (သို့) material အမျိုးအစားတစ်ခုဖြင့် ပြုလုပ်ပေးထားပြီး၊ အနီ၊ အနက်၊ အပြာ၊ ခဲ စသည့် အေ၇ာင်များနှင့် ထုပ်လုပ်ထားပါတယ်။

ရွှေသားဖြင့်ပြုလုပ်ထားသော Ammo USB flash device လေးများ



                               စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Strontium Technology မှ Ammo ဟုခေါ်သည့် ၂၄ ကာရတ် ရှိ ရွေသားအကာဖြင့်ပြုလုပ်ထားသော USB Flash Drive များကို ထုပ်လုပ်လိုက်ပါတယ်။ သိုလှောင်နိုင်မှုပမာဏ 16 GB ကနေ 64 GB ထိ ရရှိနိုင်ပြီး၊ ဈေးနှုန်းကတော့ 16 GB အတွက် အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လခန့်ကျသင့်မည်ဖြစ်ပြီး၊ 64 GB အတွက်တော့ ၄၆ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ အားနဲချက်ကတော့ USB 2.0 system ကို သာ အသုံးပြုထားခြင်းပဲဖြစ်ပြီး၊ Windows PC, notebook PC များနှင့် Apple ၏ iMac နှင့်MacBook များမှာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

128 GB ဆံ့ Apple ရဲ့ iPad 4 လာတော့မည့်

                                လက်ရှိအသုံးပြုနေသည့် Apple ရဲ့ iPad တွေမှာ အများဆုံး 64 GB ထိအောင် data များသိုလှောင်နိုင်သည့် ပမာဏရှိနေပြီး၊ ထို့ထက်ပိုမို သိုလှောင်နိုင်မယ့် iPad ကို Apple တို့ စတင် ထုတ်လုပ်ဖို့ရန် ရည်ရွယ်နေကြပါပြီ။ ဆက်လက်ထုတ်လုပ်မယ့် iPad ရဲ့ သိုလှောင်နိုင်မှုပမာဏကတော့ 128GB flash memory ရှိမှာဖြစ်ပြီး၊ အပြင်ပိုင်း ဒီဇိုင်းနှင့် အခြား function များကိုတော့ ပြောင်းလဲနိုင်ဖွယ် မရှိသေးကြောင်း 9to5mac.com မှာ ဖေါ်ပြထားပါတယ်။ လက်တလော အပြိုင်အဆိုင်များပြီး၊ ထင်သလောက် ဈေးကွက်မရခဲ့တဲ့ အနေအထားကို ပြန်လည် ထိမ်းသိမ်းနိုင်စေရန် ရည်ရွယ် ချက်ဖြင့် အဆောတလျင် ထုတ်လုပ်မည့် 128 GB ဆံ့ Apple iPad မှာ ယခင် iPad များကဲ့သို့ပင် အဖြူနှင့် အနက် ၂ ရောင်လာမည်ဖြစ်ပြီး၊ Wifi သီးသန့် နှင့် Wifi+ Cellularဗားရှင်း နှစ်မျိုးထွက်လာမှာ ဖြစ်ပါတယ်။ 

iPad mini ထက်ပါးသော Sony Xperia Z Tablet အသစ်ထွက်ရှိ

 Sony Xperia Z tablet
                             Sony Mobile ကုမ္ပဏီရဲ့ အသစ်ထပ်မံထွက်ရှိလာတဲ့ ရေစိုအကြမ်းခံ (water & dust proof) Xperia Z Tablet ပါ။ 1920-1200 ပစ်ဆဲလ် Screen resolution ရှိတဲ့ 10.1 လက်မ Screen ကို Mobile Bravia Engine 2 အသုံးပြုခါ အရည်အသွေးမြှင့်ထားပါတယ်။ Qualcomm 1.5GHz quad-core APQ8064 processor ကိုအသုံးပြုထားပြီး၊ RAM memory ပမာဏကတော့ 2GB နှင့် built-in memory 32 GB ပါဝင်ခါ MicroSD Expension Slot လည်းပါဝင်ပါသေးတယ်။ ကျောဘက်မှာ 8.1-megapixel ရှိတဲ့ Exmor R ကင်မရာကို တပ်ဆင်ပေးထားပြီး၊ NFC နှင့် LTE ကဲ့သို့သော နောက်ဆုံး ပေါ် network connection system များလည်းအသုံးပြုနိုင်ပါတယ်။