Home

ဖုန်းရော tablet ပါသုံးနိုင်မည့် Asus PadFone infinity (2 in 1) smart device

                      လွန်ခဲ့တဲ့ ရက်အနဲငယ်ကပဲ Asus ကုမ္ပဏီဟာ PadFone infinity လို့ခေါ်တဲ့ Tablet အဖြစ်ရော၊ စမတ်ဖုန်းတစ်လုံး အဖြစ်ပါ ပြောင်းလဲ အသုံးပြုနိုင်တဲ့ Smart device မျိုးဆက် နောက်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းကို tablet dock ထည့်သွင်းတပ်ဆင်ရုံဖြင့် ၁၀.၁ လက္မ မျက်နှာပြင်ကျယ် Tablet တစ်လုံးကို စမတ်ဖုန်းတွင်ပါဝင်သည့် စွမ်းဆောင်ချက်များအတိုင်း ကိုင်ဆောင်ခွင့်ရရှိနိုင်မှာဖြစ်ပြီး၊ ဖုန်းသီးသန့်အသုံးပြုလိုချိန်တွင် tablet dock မှပြန်ဖြုတ်ခါ ပေါ့ပါးစွာအသုံးပြုနိုင်အုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကတည်းက PadFone နှင့် PadFone 2 ဟူ၍ နှစ်မျိုးထုပ်လုပ်ခဲ့ပြီး၊ ယခု PadFone infinity မှာတော့ ပိုမိုထူးခြားကောင်းမွန် အောင် update ပြုလုပ်ပေးထားပါတယ်။

                          စမတ်ဖုန်းရဲ့အရွယ်ကတော့ ၅ လက္မရှိလာပြီး၊ screen resolution ကို 1920 X 1800 pixel ဖြင့် ထုပ်လုပ်ထားပါတယ်။ 1.7 GHz အမြန်နှုန်းရှိတဲ့ Quad-core ပရိုဆက်ဆာ ကိုထည့်သွင်းထားပြီး၊ 2GB Ram နှင့် 64GB သိမ်းဆည်းနိုင်တဲ့ memory ပါဝင်ပါတယ်။ ကင်မရာကို 13 megapixel တပ်ဆင်ပေးထားပြီး၊ LTE, Wifi, Bluetooth, A-GPS, NFC စတဲ့ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာ စနစ်များအားလုံးအသုံးပြု၍ရပြီး၊ Android 4.2 version ဖြစ်ပါတယ်။ CPU အမြန်နှုန်း၊ RAM နှင့် Built-in memory ပမာဏများကို ကြည့်ရုံနှင့် သာမန် စမတ်ဖုန်းတစ်လုံးရော၊ tablet တစ်လုံးထက်ပါ မနဲသည့် hardware များကိုတပ်ဆင်ပေးထားတာကိုတွေ့ရပါတယ်။ စမတ်ဖုန်းနည်းပညာရော၊ tablet နည်းပညာပါ အပြိုင်အဆိုင်တိုးတက်နေသော အချိန်တွင် တပြိုင်တည်း ၂ မျိုးစလုံးအသုံးပြုနိုင်သည့် Asus ၏ PadFone infinity ဟာ 2 in 1 smart device တစ်ခုပဲဖြစ်နေပါတော့တယ်။
ref: mashable.com

0 comments: