Home

Apple မှ သင့်တင့်သော ဈေးနှုန်းဖြင့် iPhone မျိုးဆက်တစ်ခု ၂၀၁၃ အတွင်းထုတ်မည်

                            သင့်တင့်သော ဈေးနှုန်းဖြင့် iPhone မျိုးဆက်တစ်ခု ကို Apple ကုမ္ပဏီမှ ယခုနှစ်အတွင်း ထုတ်လုပ်ဖွယ်ရှိကြောင်း သိရပါတယ်။ ထုံးစံအတိုင်းဆိုလျှင် iPhone 5 ထွက်ရှိလာပြီးနောက် ပိုမိုကောင်းမွန်စေရန် ပြုပြင်ဖန်တီးပေးထားသော မျိုးဆက်သစ်မော်ဒယ် 5S အဖြစ် ထွက်ရှိလာရမည်ဖြစ်ပြီး၊ 5S ကို ယခုနှစ်ဇွန်လပိုင်းတွင် ထွက်ရှိလာမယ်လို့ သတင်းထွက်နေပါတယ်။ ၄င်းသတင်းများအရ မျိုးဆက်သစ် iPhone 5S မှာ မတူညီသည့် ဈေးကွက်ထိုးဖောက်မှုပုံစံဖြင့် ဝင်ရောက်လာမည်ဖြစ်ပြီး၊ သင့်တင့်သော ဈေးနှုန်းဖြင့် ထွက်ရှိလာဖွယ်ဖြစ်နေပါတယ်။ လက်ရှိ iPhone 5 ထက် ပိုမိုဈေးနှုန်းချိုသာစေရန် ကိုယ်ထည်ကို အရောင် ၆ ရောင်သုံးနိုင်မည့် fiberglass ဆန်ဆန် ကော်သားဖြင့်ပြုလုပ်မည်ဖြစ်ပြီး၊ screen display မှာလည်း Retina မဟုတ်တော့ပဲ သာမန် display ဖြင့်သာ ထွက်ရှိလာမယ်လို့ ဆိုပါတယ်။

                            ကိုယ်ထည်အရှည်ကိုတော့ လက်ရှိ iPhone 5 နှင့်အရွယ်တူ 128.8mm ထုတ်လုပ်မည်ဖြစ်ပြီး၊ အထူကတော့ ကွာခြားသွားမည်ဖြစ်ခါ အလေးချိန်မှာလည်း လက်ရှိအိုင်ဖုန်းထက် အနည်းငယ် ပိုလေးလာနိုင်ကြောင်းသိရပါတယ်။ iOS 7 ကိုလည်း လာမယ့် ဇွန်လအတွင်းထွက်ရှိဖို့ ပြင်ဆင်ထားပြီး၊ ထပ်မံထွက်ရှိမယ့် iPhone 5S မှာ လက်ရှိ iPhone 5 တွင်တပ်ဆင်ထားသော A6 ထက်ပိုကောင်းသည့် A7 processor ကိုအသုံးပြုမှာဖြစ်ပါတယ်။ အခြား hardware များကတော့ iPhone 5 ကဲ့သို့ပင်ဖြစ်ပြီး၊ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၀၀ မှ ၆၀၀ ကြားဖြစ်မယ်လို့ သိရပါတယ်။ macrumors.com မှာတော့ လက်ရှိ iPhone 5 ထက် အစစအရာရာပိုမိုကောင်းမွန်လာမည့် iPhone 5S ရော ယခု သင့်တင့်သော ဈေးနှုန်းဖြင့် iPhone မျိုးဆက်ပါ တပြိုင်တည်း ထွက်ရှိလာနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

0 comments: