Home

အမေရိကား၏ လက်တွေ့ကျသော အွန်လိုင်းမူပိုင်ခွင့် ဥပဒေထိမ်းချုပ်မှုအသစ် စတင်တော့မည်

                      သီချင်းများ၊ ရုပ်ရှင်များ၊ တီဗွီရှိုးများ နှင့် အခြား program ဖိုင်များ ကို ကမ္ဘာတဝှမ်းမှ အင်တာနက်အသုံးပြုသူများအချင်းချင်း မျှဝေအသုံးပြုနိုင်ရန် အလွယ်ကူဆုံးစနစ်မှာ Peer to peer (P2P) လို့ခေါ်တဲ့ internet file sharing စနစ်ဖြစ်ပါတယ်။ ၄င်းစနစ်မှာ ကိုယ်ပိုင် server (သို့မဟုတ်) cloud storage တစ်ခုခုတွင်သိမ်းဆည်းထားရန်မလိုပဲ file size မည်မျှပင်ကြီးစေ upload တင်ပေးထားပါက အခြား သူများမှ P2P software တစ်ခုခုကို သုံးခါ အစမှပြန်စ စရာမလိုသည့် resumable စနစ်ဖြင့် download လုပ်ထားရာနေရာမှဆက်လက်ခါ နေ့စဉ်ရက်ဆက် download ပြုလုပ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ထိအောင် ၄င်း P2P file sharing စနစ်ဖြင့် နာမည်ကြီးခဲ့သည့် limewire ကဲ့သို့သော software ကို လက်ရှိအချိန်တွင် အမေရိကန်အစိုးရ၏ အွန်လိုင်းဥပဒေနှင့် ငြိစွန်းကြောင်း သက်သေခိုင်လုံ၍ ပိတ်ပင်ခံထားရသော်လည်း အခြား P2P software များကတော့ ရှိနေဆဲ သုံးနေကြဆဲပင်ဖြစ်ပါတယ်။ အထက်ပါ P2P စနစ်အသုံးပြုသူ များအတွက် copyright ဥပဒေသစ်တစ်ခုကို Center for Copyright Information (CCI) လို့ခေါ်တဲ့ အဖွဲ့မှ လာမယ့် တနင်္လာနေ့မှစတင်ခါ စောင့်ကြည့် ချမှတ်သွားမယ်လို့ သိရပါတယ်။
                        Copyright Alert System (CAS) လို့ခေါ်တဲ့ မူပိုင်ခွင့်ဥပဒေ သတိပေး စနစ်သစ်မှာ နေရာဒေသအလိုက် အင်တာနက်စနစ်ထောက်ပံ့သည့် အဖွဲ့အစည်း (ISPs) များ၊ မူပိုင်ခွင့်ပိုင်ရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ အင်တာနက်လိပ်စာ (IP address) တစ်ခုမှ P2P sharing စနစ် အသုံးပြုခါ သီချင်း၊ ရုပ်ရှင် စသည်များကို စတင် upload/ download ပြုလုပ်သည်ကို ISPs များ၏ အကူအညီဖြင့် ၄င်း file များ၏ မူလပိုင်ရှင်မှ သိရှိနိုင်မှာဖြစ်ပါတယ်။ ထို့နောက် သေချာပါက ပထမဆုံးအနေနှင့် share ပြုလုပ်သည့် IP လိပ်စာ တစ်ခုချင်းဆီသို့ ISPs များမှတစ်ဆင့် မူလပိုင်ရှင်များ၏ ခွင့်ပြုချက် ရယူခါ သတိပေးတားမြစ်ချက် ပေးပို့မှာဖြစ်ပါတယ်။
                         ကြိုတင်သတိပေးတားမြစ်ချက်ရရှိပြီးနောက် ဆက်လက်၍ တရားမဝင် share ပြုလုပ်နေပါက ၁။ မိမိနှင့် ISPs (အင်တာနက်ထောက်ပံ့သည့် အဖွဲ့အစည်း) တို့ တရားဝင်သဘောတူထားသည့် internet speed အင်တာနက်အမြန်နှုန်းကို ယာယီလျှော့ချခြင်း၊ ၂။ အခြား အင်တာနက်စနစ်ဆိုင်ရာ service များကို လျှော့ချခြင်း၊ ၃။ မည်သည့်အင်တာနက်စနစ်ကိုသုံးစေ၊ ISPs မှသတ်မှတ်ပေးလိုက်သော Webpage တစ်ခုတွင်သာ ပြန်လည် ရောက်ရှိနေစေခြင်း တို့ကို အချိန်ကာလတစ်ခုထိအောင် သိသိသာသာ ပြစ်ဒဏ်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူမှ ISPs သို့ ဆက်သွယ်ခါ ထပ်မံ၍ မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်သည့် လုပ်ဆောင်ချက်များ မလုပ်တော့ပါဟု သဘောတူညီမှုတစ်ခု ရပြီးမှသာ အထက်ပါပြစ်ဒဏ်များမှ ပြန်လည် လျှော့ချသွားမှာဖြစ်ပါတယ်။
                        IP လိပ်စာတစ်ခု (သို့မဟုတ်) အင်တာနက်အကောင့်တစ်ခုမှ Copyright မူပိုင်ခွင့် ဥပဒေကို ဖောက်ဖျက်စေသည့် အချက်များကတော့ ၁။ မူပိုင်ခွင့်ပြုလုပ်ထားသော (သို့) တရားဝင်ပြန်လည်ဖြန့်ဝေခွင့်ပေးမထားသော သီချင်း၊ ရုပ်ရှင်များအပါအဝင် မည်သည့် digital file ကိုမဆို မူလပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပြန်လည်မျှဝေ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း၊ ၂။ ထိုသို့ဖြန့်ဖြူးလိုပါက အွန်လိုင်း မူပိုင်ခွင့်တရားဥပဒေကို မည်သို့ရှောင်တိမ်းရသည်ကို ပညာပေးဖြန့်ဝေခြင်း၊ ၃။ အထက်ပါ file များအား တိုက်ရိုက်မျှဝေမသုံးစွဲသော်လည်း တရားဥပဒေနှင့်အညီ မျှဝေသုံးစွဲခွင့်ရှိစေသည့် သတင်းအချက်အလက်များကို မူလပိုင်ရှင်၏ခွင့်ပြုချက် မရပဲ ပြန်လည်ဖြန့်ဖြူးခြင်း တို့ပဲဖြစ်ပါတယ်။               
                     စတင်စမ်းသပ်ဆဲကာလမှ မှားယွင်းစွာ သတိပေးတားမြစ်ခံရမှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ထိုသို့မှားယွင်း သည်ဟု ယူဆပါက American Arbitration Association နှင့် CCI အဖွဲ့များ မှတစ်ဆင့် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။ အထက်ပါစနစ်များမှ လောလောဆယ် Peer to peer network တစ်ခုထဲတွင်သာ တွင်ကျယ်စွာ စောင့်ကြည့်နိုင်အုံးမည်ဖြစ်ပြီး file copyright information နှင့် အသုံးပြုသူ၏ အင်တာနက်လိပ်စာမှလွဲ၍ အခြား personal သတင်းအချက်အလက်များကို ရယူမည်မဟုတ်ဟု ဖေါ်ပြထားပါတယ်။ မည်သို့ပင်ဆိုစေ ယခုကဲ့သို့ အင်တာနက်လိုင်းကို ဖြတ်တောက်၍ ပြစ်ဒဏ်သတ်မှတ်ခြင်းမှာ လက်တွေ့ကျပြီး အချိန်ကာလတစ်ခုတိုင်အောင် ထိရောက်နိုင်သော်လည်း VOIP ဖုန်းကဲ့သို့သော အင်တာနက်စနစ်သုံး device များမှာ မမျှော်လင့်ပဲ လိုင်းပျက်ခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး အရေးကြီးဖုန်းခေါ်ဆိုမှုများမှာ အခက်အခဲတွေ့စေနိုင်ကြောင်း သုံးသပ်လိုက်ရပါတယ်။

ref:  http://www.copyrightinformation.org

0 comments: