Home

မှတ်မိလိုသမျှ မပျက်မိစေဖို့ ရှိထားသင့်သည့် Evernote

                                Computer အသုံးပြုသူတိုင်း Window 7 မှာရော Vista မှာ ပါ Note gadget တွေ အသင့်ထည့်ပေးထားတာကို သတိထားမိမှာပါ။ အကြောင်းအရာ အမျိုးမျိုးကို နောင်တစ်ချိန်တွင် ပြန်လည် မှတ်မိနေစေရန်နှင့် ပျောက်ပျက် မသွားစေရန်၊ အထက်တွင် ရေးခဲ့သည့် Window note gadget များမှာ ရေးဖူး၊ မှတ်ဖူး၊ သုံးဖူးကြပါလိမ့်မယ်။ သို့ရာတွင် ၄င်း built-in ပါဝင်သော note gadget များတွင် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပြီး၊ အဓိကပြသနာမှာ Window note gadget များမှာ မြန်မာ Zawgyi font အသုံးပြု၍ အဆင်မပြေခြင်း ပင်ဖြစ်ပါတယ်။ အထက်ပါ အခက်အခဲများကို အဆင်ပြေနိုင်စေရန် 2011 နောက်ပိုင်းမှစ၍ နာမည်ကြီးလာပြီး၊ ယခုအခါ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူပေါင်း ၄၅ သန်းကျော် ရှိနေပြီဖြစ်သည့်၊ Evernote application လေးက ကူညီနိုင်ပါတယ်။
Evernote တွင် သာမန် note application များထက် သာလွန် ကောင်းမွန်သည့် အချက်များမှာ- 

၁။ Window ကွန်ပျူတာ၊ smart phone နှင့် အခြား mobile device များအားလုံးတွင် အသုံးပြုနိုင်သည့်အပြင်၊ Sync function ပါဝင်သည့်အတွက် ရုံးမှ ကွန်ပျူတာတွင် မှတ်လာခဲ့သော note များကို အိမ်ပြန်ရောက်လျှင်ဖြစ်စေ၊ လမ်းတွင်ဖြစ်စေ မိမိ၏ mobile device တစ်ခုခုမှ Auto/Manual Sync လုပ်ခါ ပြန်လည်ဖတ်ရှုနိုင်ခြင်း နှင့် အပြန်အလှန်အားဖြင့် mobile device မှ PC သို့ပြန်လည် Sync လုပ်နိုင်ခြင်း။

၂။ Note မှတ်သားရာတွင် စာဖြင့် ရေးမှတ်နိုင်သည့်အပြင်၊ အသံဖြင့်ပါရေးမှတ်နိုင်သော Audio note၊  ကွန်ပျူတာ တွင် mouse အသုံးပြု၍ သော်လည်းကောင်း၊ touch enable mobile device များတွင် မိမိ၏လက်ရေးကို အသုံးပြုသော်လည်းကောင်း မှတ်သားနိုင်သည့်၊ Ink note (Hand writing note)၊ Webcam ကိုအသုံးပြု၍ ရိုက်ကူးထားနိုင်သော Video note, Screen capture note စသည့် note function များပါဝင်ခြင်း။

၃။ Editing field တွင် Zawgyi font ကို default font အဖြစ် သတ်မှတ်ထားနိုင်ပြီး၊ font color, size, type, style, layout စသည်များကို လိုအပ်သလို အသုံးပြုနိုင်ပြီး၊ ပုံများ၊ ဇယားကွပ်များ၊ to-do check box များ၊ အခြား Attachment file များ ပါထည့်သွင်းနိုင်သည့်အပြင် အရေးကြီးသော နံပါတ်များ၊ Password များကို ရွေး၍ သီးသန့် Encrypt လုပ်ခါ လုံခြုံစွာ မှတ်သားထားနိုင်ခြင်း။
၎။ Note တစ်ခုရေးမှတ်ပြီးတိုင်း သိမ်းဆည်းရန် Save button ကို နှိပ်ရန်မလိုပဲ၊ close button နှိပ်ရုံဖြင့် save ပြီးသားဖြစ်၍ အကြောင်းတစ်ခုခုကြောင့် data lost မဖြစ်နိုင်ခြင်း၊ delete လုပ်လိုက်သော note များကို သီးသန့် သိမ်းဆည်းရန် Trash folder ပါရှိပြီး၊ Sync လုပ်ရာတွင် Trash folder ကိုပါ Sync လုပ်ပေး၍ နောင်တစ်ချိန်တွင် delete ပြုလုပ်လိုက်သော note များကို Trash folder မှ ပြန်လည် ရယူနိုင်ခြင်း။

၅။ မိမိ၏ note များကို Evernote Server တွင် lifetime သိမ်းဆည့်းပေးထားသောကြောင့်၊ အချိန်မရွေး ပြန်လည် ဖတ်ရှုနိုင်ပြီး၊ လူတိုင်းအဆင်ပြေစေနိုင်သည့် အချက်မှာ Public internet cafe ကဲ့သို့သော နေရာများတွင်ပါ browser တစ်ခုခုကို အသုံးပြုပြီး၊ evernote ကိုအသုံးပြုနိုင်ခြင်း၊ Evernote တွင် Sign-up လုပ်လျှင် evernote e-mail လိပ်စာတစ်ခု ရရှိပြီး၊ ၄င်း လိပ်စာသို့ mail ပို့ခြင်းဖြင့် မိမိ၏ Evernote account တွင် Save လုပ်ပေးခြင်း စသည်တို့ဖြစ်ပါတယ်။

အားနည်းချက်မှာ Evernote တွင် free account ပြုလုပ်ထားသူများအတွက် လစဉ် Upload size ကို 60MB သတ်မှတ်ထားသော်လည်း နေ့စဉ်အသုံး ပြုသူများအတွက် note file များကို text format များဖြင့်သာ အသုံးပြုပါက လုံလောက်သော ပမာဏဖြစ်ပါတယ်။

0 comments: