Home

Apple device များအတွက် ထူးခြားသည့် Facebook ၏ Poke application

                     
                       Facebook ရဲ့ ပြန်လည် ရုပ်သိမ်းသွားတဲ့ Poke function ကို official poke application တစ်ခုအနေနဲ့ iOS device များအတွက် စတင်ဖြန့်ချီ လိုက်ပါပြီ။ ဒီ application မှာ Facebook friend အချင်းချင်း Text message သာမက Picture, Video message များနှင့်ပါ Poke လုပ်နိုင်ပါတယ်။ Poke application ရဲ့ထူးခြားချက်ကတော့ Self destruction ဆိုတဲ့ အလိုအလျောက် ဖျက်စနစ် ပါဝင်ခြင်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ Friend list ထဲမှ တစ်စုံတစ်ယောက်ကို Poke လုပ်လိုက်ပါက တစ်ဖက်လူမှ Poke message ကိုစတင်ကြည့် လိုက်သည်နှင့် သတ်မှတ်ထားသော အချိန်ပြည့်လျှင် ၄င်း Message မှာ မိမိ၏ Account မှာရော၊ Poke လုပ်သူရဲ့ Account မှာပါ အပီးအပိုင် ပျောက်ပျက်သွားမှာ ဖြစ်ပါတယ်။

 
                                                                                                            Self destruction time မှာလည်း တစ်စက္ကန့်၊ ၃ စက္ကန့်၊ ၅ စက္ကန့်နှင့် အများဆုံး ၁၀ စက္ကန့်သာရွေးချယ် နိုင်ပြီး Poke နိုင်မှာဖြစ်ပါတယ်။ Poke message လက်ခံသူမှ Message ကိုစတင်ကြည့်ရန် Notification area ကို ထိထားရမှာဖြစ်ပြီး၊ စတင်ထိလိုက်သည်နှင့် Count down timer က အလုပ်လုပ်မှာဖြစ်ပါတယ်။ သတ်မှတ် အချိန်ပြည့်တာနဲ့၊ ၄င်း Poke message ကို Poke လုပ်သူရော၊ Poke လက်ခံသူ၏ Account မှာပါ ပြန်လည်ရှာဖွေ ကြည့်ရှုနိုင်မှာ မဟုတ်ပဲ၊ အလိုအလျှောက် ပျက်သွားမှာဖြစ်ပါတယ်။ Message တစ်ခုကို အချိန်တိုအတွင်း တစ်ကြိမ်သာ ကြည့်ရှုစေလိုပါက ယခု Poke application ကိုသုံးနိုင်သောကြောင့် "လျှပ်တစ်ပြက်" message system လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ ပထမဆုံး Version ကို iOS platform အတွက်သာ စတင်ဖြန့်ချီထားပြီး၊ Facebook web browser version နှင့် အခြား Android platform device များမှာ Poke message ကိုလက်ခံနိုင် မှာ မဟုတ်သေးပါဘူး။ Apple device များအချင်းချင်းမှာပင် တစ်ဖက်လူ၏ Poke message ကိုကြည့်ရှုနိုင်ရန် ယခု Poke Application ကို Install လုပ်ခိုင်းသောကြောင့် လောလောဆယ်တွင် Facebook ၏ mobile poke ကို တွင်ကျယ်စွာ အသုံးပြုနိုင်အုံးမှာ မဟုတ်သေးပေမယ့် ထူးခြားတဲ့ Function ကြောင့် Facebook user များရဲ့ စိတ်ဝင်စားမှုကိုတော့ နံပါတ်တစ်နေရာယူထားပါတယ်။ Poke Application ကို iPhone 3GS, 4, 4S, 5, iPod touch 3rd, 4th, 5th generation နှင့် iPad များမှာ iOS 5.1 နှင့်အထက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(Facebook Poke Application ကို iTunes မှ Download ရန်)

0 comments: