Multi-Media နဲ့ပါတ်သက်ပြီး၊ တော်တော်များများ စုံစုံလင်လင် ဖန်တီး ဆောင်ရွက် ပေးနိုင်တဲ့ Life Time Free License ပေးထားတဲ့ Media Suite တစ်ခုကို တင်ပြပေးလိုက်ပါတယ်။ Free Studio Manager လို့ခေါ်ပြီး၊ DVDVideosoft.com ကဖန်တီးပေးထားတဲ့ Media Suite ဖြစ်ပါတယ်။ Video / Audio / Image / Photo Format မျိုးစုံကို Convert လုပ်ပေးနိုင်တဲ့ Converter များ၊ Mobile Device Converter များ၊ Video Downloader များ၊ Youtube Web Video များကို Download , Upload, Convert လုပ်ပေးနိုင်တဲ့ Program များ၊ CD, DVD Format မျိုးစုံ Burn ပေးနိုင်သည့် Burning Program များ၊ Screen Saver Software များ၊ Screen Capture Software များ စသည့် အသုံးဝင် Program များအားလုံးပါဝင်ပါတယ်။
Multi Media CD/DVD တစ်ခုမှ အခြား CD/DVD အလွတ် များသို့ Copy ကူးရန်လည်းကောင်း၊ ISO File နှင့် အခြား Media Folder များကို CD/DVD သို့ Burn ရန်လည်းကောင်း၊ CD/DVD မှ MPEG1/2 , AVI စသော Video File နှင့် Audio File များသို့ Convert ပြုလုပ်နိုင်ရန်လည်းကောင်း၊ အခြား စနစ်ကျသော DVD Menu များနှင့် Disc များကိုဖန်တီးနိုင်ရန်အတွက်လည်းကောင်း ယခု Jam DVD Copy Software ကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုသည့် Function ကို Main Window မှာ ရွေးချယ်ပြီး၊ Burn, Copy, Convert စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ Professional အသုံးပြုလိုသူများအတွက် သင့်တော်ပါတယ်။
Lyrics လို့ခေါ်တဲ့ သီချင်းစာသားများကို Auto ရှာဖွေပေးနိုင်ပြီး၊ Window Media Player, Real Player, iTunes, Winamp, VLC Media Player, XM Play, KMP Player, Media Monkey စတဲ့ Media Player များမှာ Plug-in အဖြစ် ပူးတွဲ အသုံးပြုနိုင်သည့် Software ပါ။ အထက်ပါ Media Player များကို အသုံးပြု၍ သီချင်းတစ်ပုဒ် ဖွင့်လိုက်သည်နှင့် Minilyrics Player ပါ ပူးတွဲတက်လာ၍ Artist, Title စသည်များပေါ်တွင် အခြေခံခါ၊ ၎င်းသီချင်းစာသား Lyrics များကို Web မှ Auto ရှာဖွေပေးမှာဖြစ်ပါတယ်။ ရှာဖွေရရှိသည့် Lyircs များကို Auto Save လုပ်ပေးနိုင်ပြီး၊ အခြား Lyrics File (.lrc), Text File (.txt), Snc File (.snc) ဟူ၍လည်း ခွဲခြား သိမ်းဆည်းနိုင်ပါတယ်။
Video Format တစ်ခုမှ အခြား Video Format များ၊ Audio Format များနှင့် Picture Format များသို့ တိုက်ရိုက် High Quality ဖြင့် Convert လုပ်နိုင်သော Xilisoft Converter 6 ပါ။ Video Format အနေနဲ့၊ AVCHD (mts, m2ts), TS, H.264/AVC, MKV ကဲ့သို့သော HD Video Format များနှင့် အခြား အသုံးများသည့် AVI, MPEG, WMV, MP4, DivX, RM, MOV, နှင့် FLV Format များအပြင် Mobile Phone များ၊ Apple Product များ၊ Sony Game Product များ၊ Microsoft Game Product များနှင့် အခြား Format များကိုပါ လွယ်ကူစွာ ပြောင်းလဲပေးနိုင်ပါတယ်။ ထို့အပြင် Video File မှ MP3, WMA, WAV, OGG, M4A စသော Audio Format များသို့လည်း ပြောင်းလဲနိုင်ပါတယ်။ SWF, FLV ကဲ့သို့သော Flash Video Format ကိုပါ Support လုပ်သည့်အတွက် Picture File များကို စုစည်း၍ Video File အဖြစ် Convert လုပ်နိုင်ပါသေးတယ်။
Audio Recorder, Audio CD Burner, Audio Converter, Audio Editor, CD Grabber, MP3 CD Burner များအားလုံးပါဝင်သည့် 6 in 1 Digital Music Record Edit Burn Studio Version 7.5 ပါ။ ကွန်ပျူတာ Built-in Microphone ကိုအသုံးပြု၍ဖြစ်စေ၊ Video/Audio File များမှဖြစ်စေ၊ အခြား Audio Output Device များမှဖြစ်စေ၊ Music File များကို ကောင်းမွန်သည့် Quality ဖြင့် Digitally Record လုပ်နိုင်ပါတယ်။ ထို့ပြင် Record လုပ်ထားသော Music File နှင့် အခြား Existing Music file များကို Digital Effect များထည့်သွင်း၍ Edit လုပ်နိုင်ပါတယ်။ Edit လုပ်ထားသော Music File များကို Audio CD Burner နှင့် MP3 CD Burner များကို အသုံးပြု၍ Music CD အဖြစ် Burn နိုင်ပါတယ်။ Audio CD များမှ file များကို Record လုပ်ရန် CD Grabber ကို အသုံးပြုနိုင်ပြီး ၊ WAV, MP3, WMA, OGG, VOX စသော Format များကိုပြောင်းလဲနိုင်ရန် Audio Converter ပါဝင်ပါသေးတယ်။
Youtube, Google Video, Yahoo Video, Daily Motion စသော Vedio Site များမှ Video များကို လွယ်ကူစွာ ရှာဖွေနိုင်ပြီး၊ Video Format မျိုးစုံနှင့် MP3 Format အဖြစ်ပါ Download လုပ်နိုင်သော Free VDownloader ပါ။ Built in Video Player ပါရှိပြီး၊ ၎င်း Player နှင့် Video များကို ကြော်ညာများ၊ Recent Video များ မပါဝင်ပဲ၊ တိုက်ရိုက် ရှာဖွေကြည့်ရှုနိုင်သောကြောင့် သာမန်ထက်ပိုမို လျှင်မြန်စွာ ကြည့်ရှုနိုင်ပါတယ်။ Video Format များအနေနဲ့၊ AVI, MPEG, 3GP စသော အသုံးများသည့် Format များအပြင် VCD, SVCD, DVD, Mobile, Apple Products များအတွက်ပါ တခါတည်း Convert လုပ်ပေးနိုင်ပါတယ်။
သီချင်းနှင့် ရုပ်ရှင် CD, VCD, DVD cover ပုံများဖြစ်သည့် Album Art Picture များကို Artist နှင့် Album နာမည်များရိုက်ထည့်ပြီး၊ Auto ရှာဖွေ download လုပ်နိုင်သည့် software ပါ။ မြန်မာ Artist များနှင့် Album Cover picture များကိုပါ ရှာဖွေပေးနိုင်ပါတယ်။ Options menu မှာ သိမ်းဆည်းလိုတဲ့ location ကို ရွေးချယ်ပေးထားရမည်ဖြစ်ပြီး၊ full size ရော pixel အလိုက်ပါ save လုပ်နိုင်ပါတယ်။ သိမ်းဆည်းလိုသည့် picture ပေါ်ရှိ save button ကိုနှိပ်၍ သိမ်းဆည်းနိုင်ပြီး၊ jpg format အနေနှင့် သိမ်းဆည်းပေးပါတယ်။ 437 KB ရှိပြီး၊ Window XP နှင့် Vista များမှာအသုံးပြုနိုင်ပါတယ်။