Home

Facebook comment တွင် တိုက်ရိုက် reply ပြုလုပ်နိုင်ပြီ

            
                              Facebook တွင် comment တစ်ခုချင်းစီကို တိုက်ရိုက် reply ပြန်ရေးပေးနိုင်တဲ့ feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ မိမိတင်ထားသော အကြောင်းအရာ သို့မဟုတ် အခြားသူများ၏ အကြောင်းအရာများတွင် ယခင်က comment တစ်ခုကို reply လုပ်လိုပါက ပထမ comment ပေးခဲ့သူ၏ pofile link ကိုထည့်သွင်း၍ ဖြစ်စေ၊ နာမည်တိုက်ရိုက်ရေး၍ ဖြစ်စေ ယခင် comment ၏ အောက်မှ comment တစ်ခုထပ်ရေးပေးခြင်းဖြင့် reply လုပ်ပေးခဲ့ကြရပါတယ်။ Blog comment များကဲ့သို့ comment တစ်ခုကို တိုက်ရိုက် reply ပြုလုပ်နိုင်ရန် facebook မှ reply ဟူသည့် option ကို ထပ်မံထည့်သွင်းပေးပြီး၊ တိုက်ရိုက် အမေးအဖြေသဘော မျိုး ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။ Reply option ကို comment ၏ အောက် Like ၏ ညာဘက်ဘေးနားတွင်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Page တစ်ခုအတွက် တိုက်ရိုက် reply option ကိုအသုံးပြုနိုင်ရန် Admin panel ၏ အောက်နားတွင် ပြသပေးထားသော demo animation နေရာတွင် အောက်ပါပုံတွင်ပြထားသည့်အတိုင်း Turn on Replies ကို click နှိပ်ပေးရမှာဖြစ်ပါတယ်။

လက်တွေ့ လက်ဆောင်ပေးနိုင်မယ့် Facebook ရဲ့ Gift Card လာတော့မည်

                                 Facebook သူငယ်ချင်းများ အတွက် မွေးနေ့လိုနေ့မျိုးတွေမှာ Facebook built-in application တွေသုံးပီး လက်ဆောင်ပေး၊ မွေးနေ့ဆုတောင်း ပြုလုပ်နေသူများအတွက် ထို့ထက်ပိုမိုလက်တွေ့ဆန်သော လက်ဆောင်ပေးခြင်း တစ်ခုကို Facebook မှ စတင်စမ်းသပ်နေပါပြီ။ Newyork မြို့မှာရှိတဲ့ Target, Jamba Juice နှင့် Olive Garden အစရှိတဲ့ အထင်ကရ ဆိုင်တွေမှာ ဝယ်ယူသုံးစွဲနိုင်မယ့် facebook gift card ကိုစတင် စမ်းသပ်သုံးစွဲမှုတွေပြုလုပ်နေပါပြီ။ လက်ဆောင်ပေးတဲ့ အပိုင်းမှာ facebook အသုံးပြုသူ သူငယ်ချင်းများအချင်းချင်း ချောကလတ်များ၊ ပန်းစည်းများ အစရှိသည့် ပစ္စည်းများကို ပေးပို့နိုင်မျာဖြစ်ပါတယ်။ နောက်တစ်ပါတ် ကြာသာပတေးနေ့ကနေစတင်ပြီးတော့ အမေရိကန်နိုင်ငံမှာ အမြဲတမ်းအသုံးပြုနိုင်မယ့် facebook gift ကဒ်များကို စတင်အသုံးပြုနိုင်မယ် လို့ ကြေငြာထားပါတယ်။

Facebook တွင် Status Update ကို Emoticons ဟုခေါ်သည့် ပုံလေးများပါထည့်သွင်းနိုင် တော့မည်


                        Facebook ၏ Update Status text box နေရာတွင် How are you doing, What's going on, How's it going? စသည့် စာကြောင်းများအစား၊ What are you doing? ဟု ပြင်ဆင်ခါ မိမိပြုလုပ်နေသည်များကို ပိုမိုသစ်လွင်သည့် feature များဖြင့် အဆင်သင့် ရွေးချယ် update လုပ်နိုင်ရန် Facebook မှစမ်းသပ်နေပါတယ်။ Feeling, Reading, Eating, Listening စသည်ဖြင့် ခေါင်းစဉ်အလိုက် ရွေးချယ်နိုင်ခါ ခေါင်းစဉ်တစ်ခုချင်းစီအတွက် icon တစ်ခုစီသတ်မှတ်ပေးထားပါတယ်။ ထို့အပြင် smile emotion ရုပ်ကလေးများကိုပါ ရွေးချယ် ထည့်သွင်းခါ status update ပြုလုပ်နိုင်ရန် facebook mobile ဝဘ်ဆိုက်မှာ user အချို့နှင့် စမ်းသပ်နေပါတယ်။

Voice message ပေးပို့နိုင်သော Android Facebook application 2.1

                         Android System သုံး Mobile ဖုန်း အသုံးပြုသူများအတွက် Official Facebook application version 2.1 အသစ် ထွက်ရှိလာပြီဖြစ်ပါတယ်။ Version အသစ်မှာ iOS facebook messenger application မှာ ကဲ့သို့ Voice message ပေးပို့နိုင်မယ့် feature ကိုထည့်သွင်းပေးထားပါတယ်။ ဓါတ်ပုံများကို loading ပြုလုပ်ချိန် ပိုမိုမြန်ဆန်လာပြီး၊ Sharing ကိုလည်း မိမိ၏ Timeline တွင်သာမကပဲ Group နှင့် Page များမှာပါ တိုက်ရိုက် ပြန်လည် Share ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

Facebook Messenger မှတဆင့် VOIP ဖုန်းခေါ်ဆိုနိုင်တော့မည်


                          Facebook ရဲ့ official application တစ်ခုဖြစ်တဲ့ Facebook messenger မှတစ်ဆင့် WiFi သို့မဟုတ် Cellular network တစ်ခုခုကို အသုံးပြုပြီး၊ မိမိ၏ Friend list ထဲမှ သူငယ်ချင်းများကို Voice over IP လို့ခေါ်တဲ့ VOIP နည်းပညာသုံး အင်တာနက် ဖုန်း ခေါ်ဆို နိုင်တော့မှာပါ။ Skype Voice နှင့် Google Talk call များကဲ့သို့ အကောင့်တစ်ခုမှတစ်ခု အခမဲ့ ဖုန်းပြောဆိုနိုင် မယ့် Feature အသစ်ကို Canada မှာ စတင်စမ်းသပ် အသုံး ပြုနေပြီး၊ စမ်းသပ်မှုကာလပြီးမြောက်လျှင် တစ်ကမ္ဘာလုံးအဆင့် အသုံးပြုနိုင်လာတော့မှာဖြစ်ပါတယ်။

Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ ညီမ Randi ကိုယ်တိုင်ကြုံတွေ့ရတဲ့ Facebook ရဲ့ Privacy အားနည်းချက်

 Randi Zuckerberg ရဲ့ public ဖြစ်သွားတဲ့ private photo
                         Facebook တည်ထောင်သူ မက်ဇူကာဘက် (Mark Zuckerberg)  ရဲ့ ညီမ ရန်ဒီ ဇူကာဘတ် (Randi Zuckerberg) ဟာ လွန်ခဲ့တဲ့ ခရစ္စမတ် နေ့က မိသားစုများနဲ့ မိးဖိုခန်းမှာ ရိုက်ခဲ့တဲ့ ပုံတစ်ပုံကို မကြာသေးမီကမှ iTunes မှာ မိတ်ဆက်ပေးလိုက်တဲ့ Poke Application ကို အသုံးပြုပြီး၊ သူမရဲ့ မိသားစုဝင်တွေအတွက် Share လုပ်ခဲ့ပါတယ်။ Poke application ရဲ့ စွမ်းဆောင်ချက်အတိုင်း ပုံမှန်ဆိုရင် သူမပို့ပေးလိုက်တဲ့ ပုံဟာ သတ်မှတ်လိုက်တဲ့ Family Friends တွေပဲမြင်တွေ့ရမှာဖြစ်ပြီး၊ သတ်မှတ်အချိန်အတွင်းမှာ Self-destruct အော်တိုဖျက်ပစ်ရမှာဖြစ်ပါတယ်။ (ဤ နေရာတွင် Poke Application အကြောင်းဖတ်ရန်) သို့ရာတွင် ၄င်းပုံကို ရန်ဒီရဲ့ လုပ်ဖော်ကိုင်ဖက် Callie Schweitzer  ဆိုသူက twitter မှာပြန်လည် share လုပ်လိုက်တဲ့အချိန်မှာတော့ ရန်ဒီ ဟာ Facebook ရဲ့ Privacy အပေါ်မှာ လုံးလုံးသံသယဝင်ခဲ့ရပြီး twitter မှာ share လိုက်တဲ့ သူမရဲ့ပုံကိုလည်း ပြန်လည်ဖျက်ချခိုင်းခဲ့ပါတယ်။  "not sure where you got this photo. I posted it to friends only on FB. You reposting it to Twitter is way uncool." လို့သူမရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။



                                  
                                    ဖြစ်ပုံမှာ Callie ဟာ ရန်ဒီရဲ့ ညီမတစ်ယောက် ရဲ့ Public feed မှာ Subscribe လုပ်ထားပါတယ်။ ပုံထဲမှာ ရန်ဒီရဲ့ ညီမကို tag လုပ်ထားပါတယ်။ Facebook ရဲ့ သတ်မှတ်ထားတဲ့ Tag streaming flow အတိုင်း ရန်ဒီရဲ့ ညီမဟာ tag ခြင်းခံရတဲ့ အတွက် Subscirbe လုပ်ထားသူ Callie Schweitzer ရဲ့ friend feed update စာရင်းမှာ လာပေါ်နေပုံရပါတယ်။ တကယ်တန်းဖြစ်သွားတာကတော့ ရန်ဒီက Private ဖြစ်စေလိုလို့၊ Poke application ကနေ Share လုပ်လိုက်ခါမှ သူမရဲ့သူငယ်ချင်း Callie က Twiter မှာ ပြန်ဖွ လိုက်တဲ့ အတွက် တစ်ကမ္ဘာလုံးက Social media user တွေ မြင်တွေ့သွားရတဲ့အဖြစ်ပါ။ မည်သို့ဆိုစေ အလုံးအရင်းနဲ့ ကြီးထွားလာတဲ့ Facebook ဟာ social media လောကမှာ Facebook အသုံးပြုသူတစ်ယောက်ချင်းစီအနေနဲ့ Privacy control နဲ့ Share ပြုလုပ်တဲ့ streaming feed flow ကတော့ ဟာကွပ်များရှိနေဆဲ လို့ယူဆရပါတယ်။ 

Ref-http://www.buzzfeed.com, http://mashable.com

Facebook နှင့် Google+ user များအတွက် Happy New Year 2013 Profile cover များ


Happy new year 2013 :) 
ပုံများပေါ်တွင် Right-Click နှိပ်ခါ "Save image as" မှတစ်ဆင့် သိမ်းလိုသည့် location ကိုရွေးခါ download ရယူနိုင်ပါတယ်။

Apple device များအတွက် ထူးခြားသည့် Facebook ၏ Poke application

                     
                       Facebook ရဲ့ ပြန်လည် ရုပ်သိမ်းသွားတဲ့ Poke function ကို official poke application တစ်ခုအနေနဲ့ iOS device များအတွက် စတင်ဖြန့်ချီ လိုက်ပါပြီ။ ဒီ application မှာ Facebook friend အချင်းချင်း Text message သာမက Picture, Video message များနှင့်ပါ Poke လုပ်နိုင်ပါတယ်။ Poke application ရဲ့ထူးခြားချက်ကတော့ Self destruction ဆိုတဲ့ အလိုအလျောက် ဖျက်စနစ် ပါဝင်ခြင်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ Friend list ထဲမှ တစ်စုံတစ်ယောက်ကို Poke လုပ်လိုက်ပါက တစ်ဖက်လူမှ Poke message ကိုစတင်ကြည့် လိုက်သည်နှင့် သတ်မှတ်ထားသော အချိန်ပြည့်လျှင် ၄င်း Message မှာ မိမိ၏ Account မှာရော၊ Poke လုပ်သူရဲ့ Account မှာပါ အပီးအပိုင် ပျောက်ပျက်သွားမှာ ဖြစ်ပါတယ်။

Privacy ကို ပိုမိုလွယ်ကူစွာ ပြောင်းလဲသတ်မှတ်နိုင်မည့် Facebook ၏ New Privacy Shortcut မိတ်ဆက်


                            Facebook အသုံးပြုသူများအနေနဲ့ မိမိ၏ Privacy နှင့် ပတ်သက်သော setting များကို ယခင်က Home menu ၏ ဘေးရှိ drop down menu မှတစ်ဆင့် မိမိ၏ Privacy Settings သို့ဝင်ပြီး သတ်မှတ်ပေးရပါတယ်။ 20/12/2012 ရက်နေ့မှစ၍ Facebook မှ New Privacy Shortcut ကို နိုင်ငံအချို့မှ Facebook user များအတွက် စတင်မိတ်ဆက်လိုက်ပါတယ်။ ပုံမှန်မြင်တွေ့နေကြ Home menu ၏ ညာဘက်နေရာတွင် dropdown ပုံစံ menu ကို Setting icon menu ပုံစံပြောင်းလဲလိုက်ပြီး၊ Home menu နှင့် Setting menu တို့၏ အလယ်တွင် New Privacy Shortcut ကိုရည်ညွန်းသည့် သော့ခလောက်ပုံစံ Icon ကို ထည့်သွင်းပေးလိုက်ပါတယ်။

မှတ်မိလိုသမျှ မပျက်မိစေဖို့ ရှိထားသင့်သည့် Evernote

                                Computer အသုံးပြုသူတိုင်း Window 7 မှာရော Vista မှာ ပါ Note gadget တွေ အသင့်ထည့်ပေးထားတာကို သတိထားမိမှာပါ။ အကြောင်းအရာ အမျိုးမျိုးကို နောင်တစ်ချိန်တွင် ပြန်လည် မှတ်မိနေစေရန်နှင့် ပျောက်ပျက် မသွားစေရန်၊ အထက်တွင် ရေးခဲ့သည့် Window note gadget များမှာ ရေးဖူး၊ မှတ်ဖူး၊ သုံးဖူးကြပါလိမ့်မယ်။ သို့ရာတွင် ၄င်း built-in ပါဝင်သော note gadget များတွင် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပြီး၊ အဓိကပြသနာမှာ Window note gadget များမှာ မြန်မာ Zawgyi font အသုံးပြု၍ အဆင်မပြေခြင်း ပင်ဖြစ်ပါတယ်။ အထက်ပါ အခက်အခဲများကို အဆင်ပြေနိုင်စေရန် 2011 နောက်ပိုင်းမှစ၍ နာမည်ကြီးလာပြီး၊ ယခုအခါ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူပေါင်း ၄၅ သန်းကျော် ရှိနေပြီဖြစ်သည့်၊ Evernote application လေးက ကူညီနိုင်ပါတယ်။

Firefox Browser တွင် Gmail, Facebook စသည့် Account များကို တစ်ခုထက်ပို၍ တပြိုင်တည်း ဖွင့်နည်း

                              Internet Browser များမှာ Gmail, Yahoo Mail, AOL Mail, Facebook စသည့်အကောင့်များကို တစ်ခုထက်ပို၍ ဖွင့်လိုပါက ပုံမှန်အားဖြင့် လက်ရှိအသုံးပြုနေသော အကောင့်မှ Sign Out လုပ်ပြီးမှသာ၊ နောက်အကောင့်တစ်ခုကို ထပ်မံဝင်ရောက်၍ Sign In လုပ်ပေးနိုင်ပါတယ်။ အကောင့်တစ်ခု ထက်ပို၍ အသုံးပြုသူများအနေနဲ့၊ နောက်အကောင့်တစ်ခုကို အသုံးပြုလိုပါက အထက်ပါအတိုင်း Sign Out လုပ်ပြီးမှ၊ Sign In ပြန်လုပ်ပေးရပါက အချိန်ပေးရခြင်း၊ အကောင့်နှစ်ခုလုံးမှ Content များကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ခြင်း၊ Built In Chatting ပါဝင်သော အကောင့်များကို တစ်ပြိုင်နက်တည်း Chatting မပြုလုပ်နိုင်ခြင်း စသော အခက်အခဲများကြုံတွေ့ရပါတယ်။ Firefox Internet Browser ကိုအသုံးပြု သူများအနေနဲ့ CookieSwap လို့ခေါ်တဲ့ Firefox Add-on ကိုအသုံးပြုပြီး၊ ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

Facebook တွင် Chat History ကိုပြန်လည်ကြည့်ရှုနိုင်မည့် Chat History Manager

                                                      Facebook မှာ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ Chat ထားတဲ့ History ကို ပြန်ကြည့်ဖို့ Facebook Privacy အရ တရားဝင်မဖြစ်နိုင်ပါဘူး။ ယခုဖေါ်ပြမယ့် Chat History Manager ကတော့ Facebook Chat History များကို Save လုပ်ထားနိုင်ပြီး Account တစ်ခုလုပ်ခါ၊ Password နှင့် သိမ်းဆည်း ထားနိုင်ပါတယ်။ Facebook Chat History Manager ကို FireFox နှင့် Google Chrome Browser များမှာ တွဲဖက်အသုံးပြုနိုင်ပါတယ်။ အသုံးများတဲ့ FireFox Browser နှင့် အသုံးပြုပုံကို ဖေါ်ပြပေးသွားပါမယ်။

Web Video များကို ရှာဖွေနိုင်ပြီး၊ Video Format မျိုးစုံနှင့် MP3 အဖြစ်ပါ download လုပ်နိုင်သော VDownloader

                                       Youtube, Google Video, Yahoo Video, Daily Motion စသော Vedio Site များမှ Video များကို လွယ်ကူစွာ ရှာဖွေနိုင်ပြီး၊ Video Format မျိုးစုံနှင့် MP3 Format အဖြစ်ပါ Download လုပ်နိုင်သော Free VDownloader ပါ။ Built in Video Player ပါရှိပြီး၊ ၎င်း Player နှင့် Video များကို ကြော်ညာများ၊ Recent Video များ မပါဝင်ပဲ၊ တိုက်ရိုက် ရှာဖွေကြည့်ရှုနိုင်သောကြောင့် သာမန်ထက်ပိုမို လျှင်မြန်စွာ ကြည့်ရှုနိုင်ပါတယ်။ Video Format များအနေနဲ့၊ AVI, MPEG, 3GP စသော အသုံးများသည့် Format များအပြင် VCD, SVCD, DVD, Mobile, Apple Products များအတွက်ပါ တခါတည်း Convert လုပ်ပေးနိုင်ပါတယ်။

ကိုယ်ပိုင်ရုပ်ပုံများကို Funny ပုံများအဖြစ် လွယ်ကူစွာ ဖန်တီးပေးမည့် SeeNow

                                          နှစ်သက်ရာ ပုံများကို Upload လုပ်၍ Funny ပုံများ၊ နာမည်ကြီး ရုပ်ရှင်ဇာတ်ဇာတ်ဝင်ခန်းပုံများ၊ Magazine Cover ပုံများ နှင့် အခြားပုံများကို လွယ်ကူစွာ ပြောင်းလဲပေးနိုင်တဲ့ Site တစ်ခုကိုဖေါ်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းများနှင့် Share ပြုလုပ်လိုသူများနှင့် Facebook အသုံးပြုသူများအတွက် ပိုမိုသင့်တော်ပါတယ်။

သင်၏ Facebook Account ကို အခြား Device များမှအသုံးပြုပါက Notification Email ပို့စေလိုလျှင်

                                    Facebook Account တစ်ခုကို သုံးနေကျ ကွန်ပျူတာ (device) မှလွဲပြီး၊ အခြားနေရာ၊ အခြား Device (ဥပမာ- mobile, အခြား PC) များမှ အသုံးပြုလျှင် မူရင်း Account ပိုင်ရှင်ထံသို့ Notification Email ပို့ပေးနိုင်ရန် ပြုလုပ်ထားနိုင်ပါတယ်။ ပထမဆုံး Facebook Account တွင် Login လုပ်ပါ။ ထို့နောက် Facebook Window ၏ညာဘက်၊ အပေါ်ဆုံးထောင့်ရှိ Account Menu မှ Down arrow ကိုနှိပ်၍ Account Settings သို့သွားပါ။ ပြီးလျှင် Settings sub menu ၏အောက်ရှိ Account Security ကိုသွား၍ Change ကိုနှိပ်ပါ။  "Would you like to receive notifications for logins from new devices? " ဟူသောနေရာတွင် Yes ကိုရွေး၍ Submit button ကိုနှိပ်ပါ။

Facebook Account ကို permanetly ဖျက်လိုလျှင် (No need to deactivate)

                                      Facebook အသုံးပြုသူများအတွက် Facebook ကိုအကြောင်းအမျိုးမျိုးကြောင့် မသုံးလိုတော့ပါက လုံးဝ၊ လုံးဝ၊ permanetly ဖျက်ပစ်လိုက်တဲ့နည်းပါ။ Deactivate လုပ်လျှင် နောက်ဆက်တွဲ Facebook message email များပို့နေအုံးမည်ဖြစ်သည့်အပြင်၊ တချိန်ချိန်မှာ Login ပြန်လုပ်လိုက်ရင် Activate ပြန်ဖြစ်သွားပါတယ်။ ဒီနည်းကတော့ Deactivate လုပ်စရာမလိုသလို၊ အသုံးပြုနေတဲ့ Account ထဲက မည်သည့် Data ကိုမျှ သီးခြားဖျက်စရာမလိုပဲ၊ Account တစ်ခုလုံးကို တိုက်ရိုက် Permanetly , Officially ဖျက်တဲ့နည်းပါ။

Facebook တွင် စာများကို flip style ဇောက်ထိုးရေးလိုလျှင်



                                     Facebook Status message များ၊ Wall posts များ၊ Info message များနှင့် အခြားနေရာများမှာ စာများကို flip style ဇောက်ထိုးရေးသားနိုင်တဲ့ site တစ်ခုကို ဖေါ်ပြပေးလိုက်ပါတယ်။ အထက်ပါပုံတွင် ပြထားသည့်အတိုင်း ရေးသားလိုတဲ့ စာကို ပုံမှန်အတိုင်း ရေးသားရမည်ဖြစ်ပြီး၊ Auto flip ပြောင်းလဲပေးပါတယ်။ (ပုံများပေါ်တွင် click နှိပ်၍ မူရင်းပုံများကို ကြည့်ပါ။ ) အဆင်သင့်ပြောင်းလဲပေးသော Flip text များကို Copy ကူး၍ သင်၏ Facebook အတွင်း ရေးသားလိုတဲ့နေရာမှာ Paste လုပ်လိုက်ရုံပါပဲ။

Facebook Notifier ကဲ့သို့လုပ်ဆောင်ပေးမည့် Facebook Desktop Version1.0


                                 Facebook အသုံးပြုသူများအတွက် Browser ကိုအသုံးပြု၍ Facebook.com သို့သွားစရာမလိုပဲ၊ Desktop ပေါ်မှာတင် Facebook ကိုအသုံးပြုနိုင်မည့် software ပါ။ Minimize ပြုလုပ်ထားလျှင် Notifier တစ်ခုအဖြစ်၊ System tray မှာရှိနေပြီး၊ New messages, new wall posts, new pokes, new friend requests စသည်တို့ကို notify ပြုလုပ်ပေးပါတယ်။

Web Content တစ်ခုကို One click access ဖြင့်လွယ်ကူစွာ Facebook သို့ပို့လိုလျှင်


                           Social network media တစ်ခုဖြစ်တဲ့ Facebook သို့လွယ်ကူစွာ share ပြုလုပ်နိုင်ရန် Site တော်တော်များများမှာ social bookmark များကို အဆင်သင့်ထည့်ပေးထားတတ်ကြပါတယ်။ အကယ်၍ အဆင်သင့် အသုံးပြုရန် social bookmark များမပါရှိပါက ယခု FacebookThis! java script bookmark ကိုအသုံးပြု၍ အကြောင်းအရာတစ်ခုကို လွယ်ကူစွာ facebook သို့ပို့နိုင်ပါတယ်။ FacebookThis! java script bookmark ကိုအသုံးပြုလိုပါက အောက်တွင်ပြထားသည့် FacebookThis! link ကို drag ဆွဲ၍ သင်၏ browser bookmark bar ပေါ်သို့တင်ပေးလိုက်ရုံပါပဲ။

Facebook Chat Emotion သင်္ကေတများ


                                      Facebook Chat Emotion သင်္ကေတများကို ဖေါ်ပြပေးလိုက်ပါတယ်။ ပုံတွင်ပြထားသည့်အတိုင်း ညာဘက်ခြမ်းမှ သင်္ကေတများကို ရိုက်လျှင် ဘယ်ဘက်မှ Emotion အရုပ်များ ပေါ်မှာဖြစ်ပါတယ်။ ပုံပေါ်တွင် click နှိပ်၍ မူရင်းပုံကို ကြည့်နိုင်ပါတယ်။ အသစ်ထပ်မံတွေ့ရှိလျှင် ဤ post မှာပဲထပ်မံ update ပြုလုပ်ပေးသွားပါမယ်။
Update:
                       Keyboard မှ Num Lock key ကို ON ထားပြီး Alt Key နှင့် Number key များတွဲရိုက်လျှင် အောက်ပါ သင်္ကေတများပေါ်ပါမည်။