Home

Free, Full and Complete Media Suite (Free Studio 4.9)

                                    Multi-Media နဲ့ပါတ်သက်ပြီး၊ တော်တော်များများ စုံစုံလင်လင် ဖန်တီး ဆောင်ရွက် ပေးနိုင်တဲ့ Life Time Free License ပေးထားတဲ့ Media Suite တစ်ခုကို တင်ပြပေးလိုက်ပါတယ်။ Free Studio Manager လို့ခေါ်ပြီး၊  DVDVideosoft.com ကဖန်တီးပေးထားတဲ့ Media Suite ဖြစ်ပါတယ်။ Video / Audio / Image / Photo Format မျိုးစုံကို Convert လုပ်ပေးနိုင်တဲ့ Converter များ၊ Mobile Device Converter များ၊ Video Downloader များ၊ Youtube Web Video များကို Download , Upload, Convert လုပ်ပေးနိုင်တဲ့ Program များ၊ CD, DVD Format မျိုးစုံ Burn ပေးနိုင်သည့် Burning Program များ၊ Screen Saver Software များ၊ Screen Capture Software များ စသည့် အသုံးဝင် Program များအားလုံးပါဝင်ပါတယ်။

Copy, Burn, Convert စုံလင်စွာပြုလုပ်နိုင်မည့် Jam DVD Copy

                                          Multi Media CD/DVD တစ်ခုမှ အခြား CD/DVD အလွတ် များသို့ Copy ကူးရန်လည်းကောင်း၊ ISO File နှင့် အခြား Media Folder များကို CD/DVD သို့ Burn ရန်လည်းကောင်း၊ CD/DVD မှ MPEG1/2 , AVI စသော Video File နှင့် Audio File များသို့ Convert ပြုလုပ်နိုင်ရန်လည်းကောင်း၊ အခြား စနစ်ကျသော DVD Menu များနှင့်  Disc များကိုဖန်တီးနိုင်ရန်အတွက်လည်းကောင်း ယခု Jam DVD Copy Software ကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုသည့် Function ကို Main Window မှာ ရွေးချယ်ပြီး၊ Burn, Copy, Convert စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ Professional အသုံးပြုလိုသူများအတွက် သင့်တော်ပါတယ်။

FLV Online Video များကို Dowload/Convert လုပ်ပေးမည့် Wondershare FLV Downloader Pro V1.4.1

                                    YouTube, Google Video, Yahoo, CNN စသော Online Video Streaming Site များမှ Video များကို URL Address လိပ်စာ ရယူခါ Download လုပ်ပေးပြီး၊ AVI, MP4, WMV, MPEG, MP3 စသော Audio/Video Format များသို့ ပြောင်းလဲ Convert လုပ်ပေးနိုင်သည့် Wondershare FLV Downloader Pro Version 1.4.1 ဖြစ်ပါတယ်။ အခြား FLV Downloader များထက်သာလွန်သည့် အချက်များကတော့ Skin Design လှပခြင်း၊ Media Short Cut Button များပြည့်စုံသည့် Built in Video Player ပါဝင်ခြင်း၊ ၎င်း Software ကို Run ထားလျှင်၊ သို့မဟုတ် System Tray တွင် Minimize လုပ်ထားစဉ် FLV Online Video Streaming File တစ်ခုကို ကြည့်ရှုပါက Auto Detect လုပ်၍ Pop Up Window Notification , Sound Notification များနှင့် အချက်ပြပေးပြီး၊ Download လုပ်နိုင်ရန် Auto စီစဉ်ပေးခြင်း စသည်တို့ဖြစ်ပါတယ်။ Apple , Sony , Microsoft , Zen, Zune စသည့် Entertainment Media Player အမျိုးအစား တစ်ခုချင်းစီအတွက် Output Format များကို သီးသန့် ခွဲခြား၍ Convert လုပ်ပေးနိုင်ပါတယ်။

FM PDF to JPG Converter 1.0

                            PDF File များမှ JPG/JPEG Picture Format များသို့ လွယ်ကူစွာပြောင်းလဲပေးနိုင်သည့် FM PDF to JPG Converter 1.0 ပါ။ Local Disk များမှ PDF File များကို JPG/JPEG Format သို့ပြောင်းလဲနိုင်ရုံသာမက Online PDF URL Address လိပ်စာများကိုပါ တိုက်ရိုက် ထည့်သွင်းပြီး JPG/JPEG Format သို့ပြောင်းလဲနိုင်ပါတယ်။ HTTP နှင့် FTP Protocol နှစ်မျိုးလုံးကို Support လုပ်ပေးပြီး၊ Password Protect ပြုလုပ်ထားသော PDF File များကိုပါ တိုက်ရိုက် JPG/JPEG Format များသို့ပြောင်းလဲနိုင်ပါတယ်။ Java အခြေခံ Software တစ်ခုဖြစ်သောကြောင့် မိမိ၏ကွန်ပျူတာတွင် Java Runtime ရှိနေရပါမယ်။ ထို့အပြင် FM PDF to JPG Converter ကို အဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် ၎င်း Software ကို install လုပ်စဉ်တွင် GPL Ghostscript ကိုပါ install လုပ်ပေးရပါမယ်။ 6.8 MB ရှိပြီး၊ 32bit OS Window များအားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Video File များကို အနုစိပ် Edit ပြုလုပ်နိုင်သော Aiseesoft Total Media Converter 5.2.26 (Portable)

                                Video File များကို အနုစိပ် Edit လုပ်ရန်နှင့် Convert ပြုလုပ်ရန် အသုံးပြုနိုင်သည့် Aiseesoft Total Media Converter 5.2.26 (Portable) ပါ။ AVI, MPEG, WMV, MP4, RM, MOV, 3GP, VOB, FLV, MP3, WMA, H.264 HD Video, iPhone, iPod Video Format စသော Video Format များကို အပြန်အလှန် Convert ပြုလုပ်ပေးနိုင်သည့် အပြင် DVD မှ ၎င်း File Format များသို့ပါ Convert လုပ်နိုင်ပါတယ်။ Edit အနေနဲ့၊ Video File တစ်ခုကို မိမိနှစ်သက်ရာ နေရာများကိုသာ ဖြတ်ထုတ်နိုင်ခြင်း (Trim), Video Play Region ကို Crop ဖြတ်နိုင်ခြင်း၊ Watermark ထည့်သွင်း Edit လုပ်နိုင်ခြင်း၊ Output Video File Effect ကိုညှိပေးနိုင်ခြင်း၊ Video Clip တစ်ခုခြင်းစီကို Output Video file တစ်ခုတည်းသို့ ပြောင်းလဲနိုင်ခြင်း များကို ပြုလုပ်ပေးနိုင်ပါတယ်။

Video Site 75 ခုမှ Video များကို Download လုပ်နိုင်သော xVideoServiceThief Video Downloader

                                           YouTube, Yahoo, Google Videos, Metacafe စသော နာမည်ကြီး Video Site များအပါအဝင် Video Site 75 ခုမှ Video များကို URL Address ရယူပြီး၊ Download လုပ်ပေးနိုင်ရုံသာမက နှစ်သက်ရာ Video Format များသို့ပါ တိုက်ရိုက် Convert လုပ်ပေးနိုင်တဲ့ xVideoServiceThief Video Downloader ပါ။ 123video, 5min, ATV, Aniboom မှစ၍ Zedge, Zubble စသည်ဖြင့်  အက္ခရာစဉ်အလိုက် Video Site ၇၅ မျိုးမှ Video များကို Download လုပ်နိုင်ပါတယ်။ http:// နှင့် rtmp:// Protocol များကို Support လုပ်ပေးပြီး၊ တချိန်တည်းမှာ Video တစ်ခုထက်ပို၍ Download လုပ်နိုင်ပါတယ်။ Built in Search Box ပါဝင်ပြီး၊ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

HD Video, Audio နှင့် Picture File အဖြစ်ပါ Convert လုပ်နိုင်သော Xilisoft HD Video Conveter 6

                                       Video Format တစ်ခုမှ အခြား Video Format များ၊ Audio Format များနှင့် Picture Format များသို့ တိုက်ရိုက် High Quality ဖြင့် Convert လုပ်နိုင်သော Xilisoft Converter 6 ပါ။ Video Format အနေနဲ့၊ AVCHD (mts, m2ts), TS, H.264/AVC, MKV ကဲ့သို့သော HD Video Format များနှင့် အခြား အသုံးများသည့် AVI, MPEG, WMV, MP4, DivX, RM, MOV, နှင့် FLV Format များအပြင် Mobile Phone များ၊ Apple Product များ၊ Sony Game Product များ၊ Microsoft Game Product များနှင့် အခြား Format များကိုပါ လွယ်ကူစွာ ပြောင်းလဲပေးနိုင်ပါတယ်။ ထို့အပြင် Video File မှ MP3, WMA, WAV, OGG, M4A စသော Audio Format များသို့လည်း ပြောင်းလဲနိုင်ပါတယ်။ SWF, FLV ကဲ့သို့သော Flash Video Format ကိုပါ Support လုပ်သည့်အတွက် Picture File များကို စုစည်း၍ Video File အဖြစ် Convert လုပ်နိုင်ပါသေးတယ်။

Digital HQ Video Quality ဖြင့်ကြည့်နိုင်မည့် DivX Plus Player နှင့် DivX Plus Converter 8.0 Pro (Latest Version)

                                             Digital Video Express, DivX လို့ခေါ်တဲ့၊ Memory Size သေးငယ်သလောက်၊ လျှင်မြန်ညက်ညောစွာ ကြည့်ရှုနိုင်တဲ့ High Quality Digital Video Format နှင့် အခြား Video Format များကို ကြည့်ရှုနိုင်သည့် DivX Plus Player နှင့် Web Video များ၊ MKV, WMV, AVI, MOV, MP4 စသော Video Format များကို DivX Format သို့ပြောင်းလဲပေးနိုင်သည့်၊ DivX Plus Converter 8.0 Pro (Latest Version) ပါ။ Pro Version အနေနဲ့ DivX Plus Player အပြင်၊ DivX Pro Codec 6.9.2, DivX Plus Converter 8.0, MPEG2/DVD Plug in, DFX Audio Enhancer များပါဝင်ပါတယ်။

Music File များကို Digitally Record, Edit, Convert, Burn စုံလင်စွာပြုလုပ်နိုင်သော Digital Music Record Edit Burn Studio

                                                   Audio Recorder, Audio CD Burner, Audio Converter, Audio Editor, CD Grabber, MP3 CD Burner များအားလုံးပါဝင်သည့် 6 in 1 Digital Music Record Edit Burn Studio Version 7.5 ပါ။ ကွန်ပျူတာ Built-in Microphone ကိုအသုံးပြု၍ဖြစ်စေ၊ Video/Audio File များမှဖြစ်စေ၊ အခြား Audio Output Device များမှဖြစ်စေ၊ Music File များကို ကောင်းမွန်သည့် Quality ဖြင့် Digitally Record လုပ်နိုင်ပါတယ်။ ထို့ပြင် Record လုပ်ထားသော Music File နှင့် အခြား Existing Music file များကို Digital Effect များထည့်သွင်း၍ Edit လုပ်နိုင်ပါတယ်။ Edit လုပ်ထားသော Music File များကို Audio CD Burner နှင့် MP3 CD Burner များကို အသုံးပြု၍ Music CD အဖြစ် Burn နိုင်ပါတယ်။ Audio CD များမှ file များကို Record လုပ်ရန် CD Grabber ကို အသုံးပြုနိုင်ပြီး ၊ WAV, MP3, WMA, OGG, VOX စသော Format များကိုပြောင်းလဲနိုင်ရန် Audio Converter ပါဝင်ပါသေးတယ်။

Web Video များကို ရှာဖွေနိုင်ပြီး၊ Video Format မျိုးစုံနှင့် MP3 အဖြစ်ပါ download လုပ်နိုင်သော VDownloader

                                       Youtube, Google Video, Yahoo Video, Daily Motion စသော Vedio Site များမှ Video များကို လွယ်ကူစွာ ရှာဖွေနိုင်ပြီး၊ Video Format မျိုးစုံနှင့် MP3 Format အဖြစ်ပါ Download လုပ်နိုင်သော Free VDownloader ပါ။ Built in Video Player ပါရှိပြီး၊ ၎င်း Player နှင့် Video များကို ကြော်ညာများ၊ Recent Video များ မပါဝင်ပဲ၊ တိုက်ရိုက် ရှာဖွေကြည့်ရှုနိုင်သောကြောင့် သာမန်ထက်ပိုမို လျှင်မြန်စွာ ကြည့်ရှုနိုင်ပါတယ်။ Video Format များအနေနဲ့၊ AVI, MPEG, 3GP စသော အသုံးများသည့် Format များအပြင် VCD, SVCD, DVD, Mobile, Apple Products များအတွက်ပါ တခါတည်း Convert လုပ်ပေးနိုင်ပါတယ်။

Youtube Video ကို MP3 Audio အဖြစ်တိုက်ရိုက် Download လုပ်ပေးမည့် X2X Youtube to Audio Downloader

                                         Youtube မှ မိမိနှစ်သက်ရာ သီချင်း Video ကို Audio file များအဖြစ် တိုက်ရိုက်ပြောင်းလဲ Download လုပ်ပေးနိုင်တဲ့ Software ပါ။ Audio Out put format အနေနဲ့ MP3, AAC, WAV, WMA, OGG format များအဖြစ် ရွေးချယ် Download လုပ်နိုင်ပါတယ်။ ထို့အပြင် Audio Quality အနေနဲ့လည်း High Quality, Standard Quality, Economy Quality စသည့်ဖြင့် ရွေးချယ် Download လုပ်နိုင်ပါတယ်။

Real Player SP ထက်ပိုမိုကောင်းမွန်သည့် RealPlayer SP Plus free download



                               RealPlayer SP ထက် ပိုမိုသာလွန်ကောင်းမွန်သည့် feature များနှင့် RealPlayer SP Plus ပါ။ RealPlayer SP ထက်ပိုကောင်းတဲ့ အချက်များကတော့ H.264 video converter ပါဝင်ခြင်း၊ HQ video များကို 120 mins ထိ VCD/DVD burn နိုင်ခြင်း၊ Advanced audio quality ပါဝင်ပြီး၊ 10 band graphics equalizer များပါဝင်ခြင်း စသည်တို့ဖြစ်ပါတယ်။

Free AMV Video Converter



                      Video format တော်တော်များများကို Anime Music Video လို့ခေါ်တဲ့ memory ပမာဏသေးငယ်တဲ့ AMV video format သို့ပြောင်းလဲပေးနိုင်မယ့် AMV video converter ပါ။ တရုတ်နိုင်ငံဖြစ် MP3, MP4 များအတွက် အသုံးပြုရန်သင့်တော်ပါတယ်။ AVI, MPEG, ASF, MOV, RM, Ram, Rmvb, MPG, WMA, VOB အစရှိတဲ့ video format များကို AMV format လွယ်ကူစွာပြောင်းလဲပေးနိုင်ပါတယ်။ Build in player ပါဝင်ပါတယ်။ 7.1 MB ရှိပြီး Window98, XP, Vista များမှာအသုံးပြုနိုင်ပါတယ်။

Quick Media Converter HD Latest Version 4.0.0.20


                        Quick Media Converter HD V 4.0.0.20 ပါ။ နောက်ဆုံး Updated version ဖြပ်ပါတယ်။ ယခင် version 4.0.0.8 ထက်ပိုမိုကောင်းမွန်တဲ့အချက်များကတော့ full HD AVC support ပါဝင်လာခြင်းပဲဖြစ်ပါတယ်။ ကျန်တဲ့ Feature များကတော့ ယခင် version 4.0.0.8 အတိုင်းပါပဲ။ 42.5 MB ရှိပြီး၊ Window 95,98,2000,XP,Vista နှင့် 7 များမှာအသုံးပြုနိုင်ပါတယ်။


Bienne Soft YouTube Downloader and Converter


                                       YouTube, Google Video, MySpaceTV နှင့် အခြား video channels များမှ video များကို URL address လိပ်စာထည့်ပြီး လွယ်ကူစွာ download လုပ်နိုင်မည့် Bienne Soft YouTube Downloader version 2.5.3 ပါ။ သင်နှစ်သက်ရာ devices များတွင် အသုံးပြုနိုင်သည့် video format များသို့ လွယ်ကူစွာ Convert ပြောင်းလဲနိုင်ပါတယ်။ Download quality ကိုလည်း Normal, HQ, HD စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။ 3Mb ရှိပြီး၊ Window 2000, XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။

Professional လုပ်ဆောင်ချက်များစွာနှင့် video converter WinX HD Deluxe

                                Professional function ပေါင်းများစွာပါဝင်တဲ့ video converter ပါ။ Blu-ray,BDAV, M2TS, MKV, AVCHD, HDTV and MPEG-TS video movies အစရှိတဲ့ multi track HD video များအားလုံးကို support လုပ်ပါတယ်။ Build in video player ပါဝင်ပါတယ်။ HD camcorder တွေကနေရိုက်ထားတဲ့ video တွေကို iPad, iPod, iPhone, Apple TV, PS3, PSP, Xbox, Zune, PDA, Blackberry, Nokia, Android, Zen အစရှိတဲ့ portable နဲ့ console player တွေအတွက်လွယ်ကူစွာ ပြောင်းလဲပေးနိုင်ပါတယ်။ သာမန် video converter တွေထက် ၅ ဆကနေ ၁၅ ဆထိအောင် convert လုပ်တဲ့နှုန်း ပိုမိုမြန်ဆန်ပါတယ်။

Audio, Video နဲ့ Picture စတဲ့ Media အားလုံးကို တည်းဖြတ်နိုင်တဲ့ Media Cope software

                                     Media Cope လို့ခေါ်တဲ့ ဆော့(ဖ်)ဝဲကတော့ Audio, Video, Picture, Photo အစရှိတဲ့ media file တွေအားလုံးကို ဖြတ်၊ ညှပ်၊ ကပ်၊ ပြောင်း၊ ချုံ့၊ ချဲ့ အားလုံးလုပ်နိုင်ပါတယ်။ အသေးစိတ်ကြည့်မယ်ဆိုရင် Audio/Video Player, Audio/Video Cutter, Audio Converter, Video Converter, Photo Cutter နဲ့ Photo Resizer/Converter များပါဝင်ပါတယ်။ Convert လုပ်ရန်အတွက် Out put file များအနေနဲ့လည်း တော်တော်များများ ပြောင်းနိုင်ပါတယ်။ Picture file ကို Convert လုပ်ရာမှာ ဒီဆော့(ဖ်)ဝဲမှာပါတဲ့ အသုံးများတဲ့ size များအပြင်၊ သင်လိုချင်တဲ့ size ကို သက်မှတ်ပေးထားနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံကို ချုံ့၊ ချဲ့လုပ်နိုင်သလို၊ ဖြတ်ထုတ်ပစ်လို့လည်း ရပါတယ်။ Full version ကို တရားဝင် free ပေးထားပါတယ်။