Home

Free, Full and Complete Media Suite (Free Studio 4.9)

                                    Multi-Media နဲ့ပါတ်သက်ပြီး၊ တော်တော်များများ စုံစုံလင်လင် ဖန်တီး ဆောင်ရွက် ပေးနိုင်တဲ့ Life Time Free License ပေးထားတဲ့ Media Suite တစ်ခုကို တင်ပြပေးလိုက်ပါတယ်။ Free Studio Manager လို့ခေါ်ပြီး၊  DVDVideosoft.com ကဖန်တီးပေးထားတဲ့ Media Suite ဖြစ်ပါတယ်။ Video / Audio / Image / Photo Format မျိုးစုံကို Convert လုပ်ပေးနိုင်တဲ့ Converter များ၊ Mobile Device Converter များ၊ Video Downloader များ၊ Youtube Web Video များကို Download , Upload, Convert လုပ်ပေးနိုင်တဲ့ Program များ၊ CD, DVD Format မျိုးစုံ Burn ပေးနိုင်သည့် Burning Program များ၊ Screen Saver Software များ၊ Screen Capture Software များ စသည့် အသုံးဝင် Program များအားလုံးပါဝင်ပါတယ်။

နှစ်သက်ရာ စာကြောင်းများ ရေးသား၍ Mobile Phone Animation Wallpaper များပြုလုပ်နိုင်သာ Reddodo


                                      မိမိနှစ်သက်ရာ စာကြောင်းများ၊ နာမည်များ ကို အဆင်သင့် ပေးထားသော Mobile Animation Wallpaper Template များတွင် ထည့်သွင်းခါ Free Download ရယူနိုင်သည့် Reddodo Site ကိုဖေါ်ပြပေးလိုက်ပါတယ်။ Text အရေအတွက် အနေနဲ့ 17 လုံးထိအောင် ရေးသားနိုင်ပြီး၊ Phone Brand နှင့် Model ကိုရွေးချယ်ခါ လွယ်ကူစွာ ဖန်တီးရယူနိုင်ပါတယ်။ Mobile Phone Brand များအနေနဲ့ LG, Motorola, Nokia, Panasonic, Samsung, Sanyo, Sony Ericsson Brand များကို Support လုပ်ပေးပါတယ်။ အခြား Mobile Phone Brand များဖြစ်ပါက Generic ကိုရွေးချယ်၍ Screen Resolution ကို သတ်မှတ်ခါ ဖန်တီးနိုင်ပါတယ်။

Russia အာကာသယဉ်အချို့၏ အလုပ်လုပ်ပုံကို တွေ့မြင်နိုင်မည့် Buran 3D Screen Saver

                                           ရုရှားနိုင်ငံမှ လူသားအထောက်အကူပြု Spacecraft ယဉ်များတည်ဆောက် ဖန်တီးနေသည့် အာကာသ နည်းပညာဌာန တစ်ခုမှ ဖန်တီးထားသော Buran Screen saver ပါ။ အာကာသယဉ် ၈ မျိုး၏ ကမ္ဘာ ကိုလှည့်ပါတ် အလုပ်လုပ်နေပုံကို 3D Screen Saver အဖြစ်တွေ့မြင်နိုင်ပါတယ်။ Install လုပ်ပြီးလျှင် Personalize >> Screen Saver >> buran ကိုရွေးချယ်ပြီးလျှင် Setting သို့သွား၍ Screen Saver အဖြစ်အသုံးပြုလိုသည့် အာကာသယဉ်နာမည်များကို ရွေးချယ်နိုင်သလို Random လည်းအသုံးပြုနိုင်ပါတယ်။

ကိုယ်ပိုင် Photo များနှင့် 3D/Animation ScreenSaver, Wallpaper များပြုလုပ်နိုင်မည့် PhotoJoy

                                               ကိုယ်ပိုင် Photo များကို 3D/Animated ScreenSaver, Wallpaper, Photo Album စသည်တို့ကို လွယ်ကူစွာ ဖန်တီး၊ အသုံးပြုနိုင်မည့် Software ပါ။ Memory ပမာဏသေးငယ်ပြီး၊ အသုံးပြုရလွယ်ကူပါတယ်။ Animation Design များ၊ 3D ScreenSaver Design များ နှင့် အခြား Photo Layout များကို Collages, Photo Toys, ScreenSaver, Photo Library စသည်ဖြင့် Category အလိုက်  Free download လုပ်၍ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ကိုယ်ပိုင် local disk မှ Photo များကို ထည့်သွင်းအသုံးပြုနိုင်သလို၊ Flickr ကဲ့သို့သော Online Photo Service များမှ Photo များကိုလည်း တိုက်ရိုက် Streaming ပြုလုပ်ခါ၊ အသုံးပြုနိုင်ပါတယ်။       

Microsoft Bing ScreenSaver official free download

                                          Microsoft Bing Search ကို promotion လုပ်တဲ့အနေနဲ့ free download ပေးထားတဲ့ Bing search background ScreenSaver ပါ။ Bing Search Background HD picture ပုံများကို စုစည်းပြီး၊ ScreenSaver အဖြစ်ဖန်တီးပေးထားပါတယ်။ 5.8 MB ရှိပြီး၊ Window XP, Vista နှင့် 7 များမှာအသုံးပြုနိုင်ပါတယ်။ System လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ROLEX Desktop ScreenSaver



                                               နာမည်ကြီး ROLEX နာရီ Desktop ScreenSaver ပါ။ ROLEX နာရီအမျိုးအစား ၆ မျိုးပါဝင်ပါတယ်။ Rar file ကို download လုပ်ပြီး၊ Winrar နှင့်ပြန်ဖြည်ပေးရပါမယ်။ 15.3 MB ရှိပြီး၊ Window 2000, XP, Vista များမှာ အသုံးပြုနိုင်ပါတယ်။

Window Logon Screen Picture ကိုပြောင်းလဲနိုင်မည့် Free LogonStudio



                                 Window XP, Vista နှင့် Window 7 များ၏ Logon Screen background ပုံကို သင်နှစ်သက်ရာပုံ ပြောင်းလဲပေးနိုင်မည့် Free LogonStudio software ပါ။ ရှိပြီးသား Window wallpaper များကို auto load ပြုလုပ်ပေးပါတယ်။ ၎င်းပြင် LogonStudio Software မှာပါဝင်တဲ့ ပုံများကိုအဆင်သင့် အသုံးပြုလို့ရသလို Online မှလည်း free download လုပ်လို့ရပါသေးတယ်။  7.5 MB ရှိပြီး၊ Window XP, Vista နှင့် 7 များမှာအသုံးပြုနိုင်ပါတယ်။ System လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

နှစ်သက်ရာ SWF movie file များကို screen saver အဖြစ်ဖန်တီးပေးမည့် InstantStorm

                                သင်နှစ်သက်ရာ SWF flash movie file များကို screen saver အဖြစ် လွယ်ကူစွာ သင့်စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ Exe file အဖြစ် save လုပ်ပေးပါတယ်။ Save မလုပ်မီ၊ သင်ဖန်တီးထားသော screen saver ကို preview ကြည့်နိုင်ပါသေးတယ်။ Screen rosolution နှင့် exit event များကိုလည်း advanced option မှာသင့်စိတ်ကြိုက် သတ်မှတ်ထားနိုင်ပါတယ်။