Home

Notification မှတစ်ဆင့် function အသစ်များပြုလုပ်နိုင်သော Gmail for Android 4.3 APK

                      Android mobile ဖုန်းများအတွက် Official Gmail application အသစ်ထွက် 4.3 ပါ။ ယခု Version အသစ်မှာ Notification အသိပေးစနစ် အတွက် ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်ပေးထားပြီး၊ notification drawer မှတစ်ဆင့် reply, archive, delete စသည်တို့ကို တိုက်ရိုက်ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Email တစ်စောင်ဝင်လာတိုင်း Gmail application ဖွင့်ပြီး အထက်ပါ function လုပ်ဆောင်ချက်များကို သီးသန့် ဆောင်ရွက်စရာမလိုပဲ notification bar မှတိုက်ရိုက် ပြုလုပ်ပေးနိုင်မှာဖြစ်တဲ့အတွက် Memory စားသက်သာခြင်း၊ အချိန်မြန်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေတဲ့အတွက် update ပြုလုပ်ထားသင့်ပါတယ်။

Firefox Browser တွင် Gmail, Facebook စသည့် Account များကို တစ်ခုထက်ပို၍ တပြိုင်တည်း ဖွင့်နည်း

                              Internet Browser များမှာ Gmail, Yahoo Mail, AOL Mail, Facebook စသည့်အကောင့်များကို တစ်ခုထက်ပို၍ ဖွင့်လိုပါက ပုံမှန်အားဖြင့် လက်ရှိအသုံးပြုနေသော အကောင့်မှ Sign Out လုပ်ပြီးမှသာ၊ နောက်အကောင့်တစ်ခုကို ထပ်မံဝင်ရောက်၍ Sign In လုပ်ပေးနိုင်ပါတယ်။ အကောင့်တစ်ခု ထက်ပို၍ အသုံးပြုသူများအနေနဲ့၊ နောက်အကောင့်တစ်ခုကို အသုံးပြုလိုပါက အထက်ပါအတိုင်း Sign Out လုပ်ပြီးမှ၊ Sign In ပြန်လုပ်ပေးရပါက အချိန်ပေးရခြင်း၊ အကောင့်နှစ်ခုလုံးမှ Content များကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ခြင်း၊ Built In Chatting ပါဝင်သော အကောင့်များကို တစ်ပြိုင်နက်တည်း Chatting မပြုလုပ်နိုင်ခြင်း စသော အခက်အခဲများကြုံတွေ့ရပါတယ်။ Firefox Internet Browser ကိုအသုံးပြု သူများအနေနဲ့ CookieSwap လို့ခေါ်တဲ့ Firefox Add-on ကိုအသုံးပြုပြီး၊ ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

Official Gmail Signature ကို ပုံများ၊ စာများ စုံလင်စွာ ထည့်နိုင်ပါပြီ

                                        Official Gmail Site မှ ယခင်က Signature ကိုမူရင်း Gmail Setting ကပဲသုံးမယ်ဆိုရင် Text တစ်မျိုးထဲကိုပဲ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ပုံများ၊ စာများ၊ Format များ၊ Link များ စသည်တို့ကို ထည့်သွင်းအသုံးပြုလိုပါက Greasemonkey scripts, Wise Stamp ကဲ့သို့သော  Third Party Plug in များ ကိုတွဲဖက် အသုံးပြုရပါတယ်။ ယခုအခါ Gmail Team မှ Gmail Signature ကို Rich Text Format အဖြစ် Text, Link, Format, Color, Picture စသည်တို့ကို ထည့်သွင်းအသုံးပြုနိုင်ရန် ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။

GRaiN Desktop Google Reader Notifier Latest Version 1.1.7

                                                 မိမိနှစ်သက်ရာ Web Site များမှ Subscribe ပြုလုပ်ပြီးလျှင် ၎င်း Site များတွင် Post အသစ်တစ်ခုရောက်တိုင်း Auto Update လုပ်ပေးနိုင်တဲ့ Google Reader ကို Notify ပြုလုပ်ပေးမည့် GRaiN Desktop Google Reader Notifier ပါ။ လောလောဆယ်နောက်ဆုံး Version 1.1.7 ကို ရယူနိုင်ပါတယ်။ အထက်ပါပုံတွင် ပြထားသည့်အတိုင်း Subscribe ပြုလုပ်ထားသည့် Google Account User Name နှင့် Password တို့ကို ထည့်သွင်းပေးရပါမယ်။ System Tray တွင် Icon အနေအသုံးပြုထားနိုင်ပြီး၊ Update အရေအတွက်များကို Pop Up Bubble ဖြင့် Notify လုပ်ပေးပါတယ်။ နှစ်သက်ရာအသံနှင့် Notify ပြုလုပ်ပေးနိုင်ရန် သတ်မှတ်ပေးထားနိုင်ပါတယ်။ 118 KB သာရှိ၍ Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Gmail တွင် Video, Voice နှင့် Group Chat များကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ပါပြီ

                                         Gmail တွင် ယခင်အတိုင်းဆိုလျှင် အသုံးများသော Video Chat , Voice Chat နှင့် Group Chat များကို အသုံးပြုရန်အတွက် Chat Box ၏အောက်ခြေရှိ Video & more Menu မှ တဆင့် သီးခြား သွားရမည် ဖြစ်ပြီး၊ ယခုအခါ ၎င်း Feature များကို လွယ်ကူစွာ တိုက်ရိုက်အသုံးပြုနိုင်ရန် Google နှင့် Gmail Team မှ Update လုပ်ပေးလိုက်ပါပြီ။ ယခုအခါ Gmail တွင် တစ်စုံတစ်ယောက်နှင့် Chat ရန်အတွက် Click နှိပ်လိုက်လျှင် Chat Box ၏ အထက်နားတွင် Video, Voice နှင့် Group Chat များအတွက် Quick Access Button များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Animated Smile Emoticon ပုံများကို လွယ်ကူစွာ အသုံးပြုနိုင်သော GetSmile Version 1.952

                                        Email, Forum နှင့် MSN ကဲ့သို့သော IM Chat Client များတွင် Animated Smile  Emoticon ပုံများကို လွယ်ကူစွာ အဆင်သင့် ထည့်သွင်းအသုံးပြု နိုင်မည့် GetSmile Emoticon ပါ။ Smile Emoticon များအနေနဲ့ Party, Jolly, Sad, Gibe, Types, Goodies, Baddies, Force, Misc, Love စသည်ဖြင့် Category အလိုက် ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ထည့်သွင်း အသုံးပြုလိုက်သော Emoticon ပုံများကို အခြား ထပ်မံ ကြည့်ရှုမည့်သူ၊ လက်ခံမည့်သူအနေနှင့် မည်သည့် Software ကိုမျှ Download လုပ်စရာမလိုပဲ Smile Emoticon များကို တိုက်ရိုက် တွေ့မြင်နိုင်ပါတယ်။ Get Smile Emoticon များကို Gmail မှာပါ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Gmail တွင် ပြီးပြည့်စုံသော Signature များ Auto ထည့်ပေးနိုင်သော WiseStamp

                                         Gmail တစ်စောင် ပို့တိုင်း Text body ၏အောက်ဆုံးတွင် နာမည်၊ ဖုန်းနံပါတ်နှင့် လိပ်စာများ၊ ဓာတ်ပုံများ ၊ အခြား Information များစသည့် Signature များကို သီးခြား ရေးပေးစရာမလိုပဲ၊ ကြိုတင်ဖန်တီး၊ သတ်မှတ်ထားသော Signature ကို Auto ထည်ပေးနိုင်သည့် WiseStamp ပါ။ Signature အနေနှင့် Personal နှင့် Business ဟူ၍ ၂ မျိုးခွဲခြား သတ်မှတ်ပေးထားနိုင်ပြီး၊ Text များ၊ ကိုယ်ပိုင် Logo နှင့် ဓာတ်ပုံများ၊ သတ်မှတ်ထားသော Facebook, Twitter, Gtalk, Blogger, RSS, Picasa, Youtube အစရှိသော Soicial Media Account များသို့ တိုက်ရိုက် Access လုပ်နိုင်သည့် Icon များကိုပါ ဖန်တီးထား နိုင်ပါတယ်။ ၎င်းအပြင် အနုစိပ် ဖန်တီးလိုပါက HTML ကိုပါအသုံးပြုနိုင်ပါသေးတယ်။

ပို့လိုက်သော Email တစ်စောင်၏ Statistics ကိုဖေါ်ပြပေးမည့် DidTheyReadIt

                                      (ပုံများပေါ်တွင် Click နှိပ်၍ မူရင်းပုံများကို ကြည့်ပါ)                                            
                                              Email တစ်စောင်ကို ပို့လိုက်လျှင် ၊ မိမိပို့လိုက်သော Email ကို အခြားသူမှ ဖတ်၊ မဖတ် ကိုလွယ်ကူစွာ မသိနိုင်ပါဘူး။ ယခုဖေါ်ပြမယ့် နည်းလမ်းကတော့ Email တစ်စောင်ကို အခြားသူတစ်ယောက်ထံ ပို့လိုက်ပါက၊ ၎င်း Email ကို ဖတ်၊ မဖတ်၊ ဖတ်ရှုသည့်အချိန်၊ နေရာ(IP Address + Geo Location)၊ ဖတ်ရှုသည့်အကြိမ် အရေအတွက်၊ မည်မျှကြာကြာဖတ်ရှုသည်၊ အသုံးပြုသည့် Browser Details စတဲ့ Statistics ကို လွယ်ကူစွာ သိရှိနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် မိမိ Email ကို အခြားသူမှဖတ်၊ မဖတ်သိလိုသူများ အသုံးပြုနိုင်ပါတယ်။

Gmail အသုံးပြုသူများအတွက် Fancy Color Animation မျိုးစုံနှင့် b² Gmail Notifier

                                            Gmail အသုံးပြုသူများ အတွက် Gmail တစ်စောင် ဝင်လာသည်နှင့် လှပသော ရောင်စုံ Fancy Animation ရုပ်ပုံများနှင့် Notify ပြုလုပ်ပေးမည့် b² Labs.com မှဖန်တီးထားသော Adobe Air ကိုအခြေခံထားသည့် Gamil Notifier ပါ။ အဆင်သင့် ပြုလုပ်ပြီးသား Animation ပုံများကို နှစ်သက်ရာ ရွေးချယ်၍၊ free download ရယူနိုင်သလို ကိုယ်ပိုင် ရုပ်ပုံများ၊ Animation ပြုလုပ်၍လည်း အသုံးပြုနိုင်ပါတယ်။

Gmail Skin ကို Transparent Skin Design အဖြစ်ပြောင်းလဲနိုင်သည့် Google Redesigned

                                          Gmail Skin ကိုအထက်ပါပုံများတွင် ပြထားသည့်အတိုင်း Transparent Skin Design ပြောင်းလဲပေးနိုင်သည့် Google Redesigned ပါ။ (ပုံများပေါ်တွင် click နှိပ်၍မူရင်းပုံများကို ကြည့်ပါ) Skin တစ်ခုတည်းကိုသာ သစ်လွင်လှပသော Transparent Design အဖြစ်ပြောင်းလဲပေးပြီး၊ Function များကိုတော့ မူရင်း Gmail ၏ Function များအတိုင်း ဆက်လက်အသုံးပြုနိုင်သည့်အတွက် Loading လုပ်တဲ့အချိန်လည်း မကွာပါဘူး။ Gmail Setting များကိုလည်း မူရင်း သတ်မှတ်ထားသည့်အတိုင်း ဆက်လက်သုံးစွဲနိုင်ပြီး၊ မြန်မာ Font ကိုပါ အသုံးပြုနိုင်ပါတယ်။ Gmail အပြင် Google Calendar နှင့် Google Reader Skin များကိုပါ ပြောင်းလဲပေးပါတယ်။ အားနည်းချက်မှာ Firefox Browser နှင့်သာ အသုံးပြုနိုင်ပြီး၊ Firefox ကို Default browser အဖြစ်အသုံးပြုသူများအတွက် သင့်တော်ပါတယ်။

Facebook Online Friend များကို Gmail Window မှ Chat လိုလျှင်




(ပုံပေါ်တွင် click နှိပ်၍ မူရင်းပုံများကို ကြည့်နိုင်ပါသည်)

                               သင်၏ Gmail Window မှနေ၍ Facebook IM Chat ကိုအသုံးပြုခါ Facebook Online တွင်ရှိနေသော သူများနှင့် တိုက်ရိုက် Chat နိုင်ပါတယ်။ ထိုသို့ပြုလုပ်နိုင်ရန် Facebook IM Chat gadget ကိုသင့် Gmail မှာထည့်သွင်းရပါမယ်။

Gmail တွင် Attachment file များကို Drag & Drop လွယ်ကူစွာ ထည့်နိုင်ပါပြီ


(ပုံပေါ်တွင် Click နှိပ်၍ မူရင်းပုံကို ကြည့်နိုင်ပါသည်)
                          Gmail တွင် ယခင်က file တစ်ခုခုကို attach ပြုလုပ်လိုလျှင် attach a file ကို click နှိပ်၍ သင် attach လုပ်လိုသော file ကို သင့် ကွန်ပျူတာ hard disk မှဖြစ်စေ၊ အခြား removable disk များမှဖြစ်စေ ရွေးချယ်၍ attach လုပ်ရပါတယ်။ ယခု Google မှ Drag & Drop function ကို Gmail မှာအသုံးပြုလို့ရအောင် ပြုလုပ်ပေးလိုက်ပါပြီ။ သင် attach ပြုလုပ်လိုသော file ကို Drag ဆွဲ၍ attach a file နေရာတွင် relase ပြုလုပ်ပေးလိုက်လျှင် ၎င်း file ကို auto attach ပြုလုပ်ပေးသွားပါလိမ့်မယ်။

Webpage တစ်ခုမှ text များ (သို့) Webpage တစ်ခုလုံးကို Gmail ဖြင့် One Click Access ပို့လိုလျှင်


                               Webpage တစ်ခု၏ စာမျက်နှာပါ အကြောင်းအရာအချို့ကို ဖြစ်စေ၊ Webpage တစ်ခုလုံးကိုဖြစ်စေ၊ Gmail ဖြင့်ပို့လိုပါက လွယ်ကူစွာ One click access ဖြင့် ပို့နိုင်ပါတယ်။ ပုံမှန်အတိုင်းဆိုလျှင် ပို့လိုသော စာများ (သို့မဟုတ်) Webpage တစ်ခု၏ URL လိပ်စာကို copy ကူး၍ Gmail ကိုဖွင့်ရပါမယ်။ ပြီးလျှင် copy ကူးလာသော စာများနှင့် လိပ်စာများကို Gmail message body တွင် paste လုပ်ပြီးပို့ရပါတယ်။

Gmail တွင် ပို့ပြီးသား Email တစ်စောင်ကို စက္ကန့်ပိုင်းအတွင်း Cancel ပြုလုပ်လိုလျှင်

 





                              သာမန် default setting အတိုင်းဆိုလျှင် Gmail မှာ Email တစ်စောင်ကို ပို့ရန်အတွက် Send button ကို click နှိပ်လျှင် Sending... Cancel ၊ ထို့နောက် Your message has been sent. ဟူ၍ အစဉ်လိုက် သင့် Email ကို ပို့လိုက်သည့်အကြောင်းကို ဖေါ်ပြပါလိမ့်မယ်။ ထိုသို့ Your message has been sent. ဖေါ်ပြပြီးသည့်နောက် စက္ကန့်ပိုင်းအတွင်း ၎င်း Email ပို့ခြင်းကို cancel ပြုလုပ်နိုင်ပါတယ်။ ၎င်း Your message has been sent. ဟူသောစာတန်း၏နောက်မှာ Undo ဟူသော စာတန်းပေါ်လာအောင်ပြုလုပ်၍ ထို Undo ကိုနှိပ်ခါ၊ သင့် Email ပို့ခြင်းကို cancel ပြုလုပ်နိုင်ပါတယ်။

Email (သို့မဟုတ်) အခြားနေရာများတွင် စာများကို လျှို့ဝှက်စာများအဖြစ် အသုံးပြုလိုလျှင်


                                           Email (သို့မဟုတ်) အခြားနေရာများတွင် သင်ရေးလိုသည့် စာများကို လျှို့ဝှက်စာများအဖြစ် Encode လုပ်ပြီး၊ password အသုံးပြု၍ ပို့နိုင်ပါသည်။ Encode လုပ်စဉ်က password နှင့်သာ ၎င်းစာကို Decode ပြန်ဖြည်၍ရမည် ဖြစ်ပါသည်။ အောက်တွင်ပေးထားသော Top Secrect Email Site တွင်သွားပြီး၊ Enter your "Unique key here" ကွပ်လပ်တွင် သင်နှစ်သက်ရာ password ကိုရေးပါ။ ထို့နောက် Create your messages to be encode ၏အောက်တွင်ရှိသော ကွပ်လပ်တွင် သင်ရေးလိုသောစာများကိုရေးပါ။ Uni-Code ကိုပါ support လုပ်သည့်အတွက် မြန်မာစာ ZawGyi One Font ကိုပါအသုံးပြုနိုင်ပါသည်။ သင်ရေးလိုသောစာများကို ရေးပြီးလျှင် ၎င်း၏အောက်တွင်ရှိသော Encode Now ကိုနှိပ်ပါ။

သင်နှစ်သက်ရာ Site များမှ update status ကိုသင့် Gmail window မှကြည့်လိုလျှင်

                              ပုံမှာပြထားတဲ့အတိုင်း သင်နှစ်သက်ရာ (သို့မဟုတ်) သင့်ကိုယ်ပိုင် web site (သို့မဟုတ်) blog တစ်ခုခုရဲ့ update လုပ်ထားတဲ့ post အသစ်များကို သင့် Gmail window ကနေပြီးတော့ inbox ၏အထက်ရှိ web clip ဟူသောနေရာတွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ၎င်း web clip နေရာတွင် ပုံမှန်အတိုင်းဆိုလျှင် Google မှ ကြော်ငြာများ နှင့် original ထည့်ပေးထားသော site များမှ post များကိုဖေါ်ပြနေမှာပါ။ သင်နှစ်သက်ရာ site များ၏ web clip ကိုမြင်တွေ့နိုင်ရန်အတွက် သင့် Gmail window မှ Settings ကိုသွားပါ။ ထို့နောက် Web clips ကိုထပ်သွားပါ။  ပြီးလျှင် Show my web clips above the inbox ရှေ့မှ check box ကို check ပေးပါ။  

Gmail တွင် mail conversation များကို အလွယ်ပြောင်းလဲဖတ်ရှုလိုလျှင်

                                  Mouse ကိုအသုံးပြုရာမှာ အားသာသူများအတွက် Gmail မှာ mail conversation တစ်ခုမှနောက်တစ်ခုကို mouse တစ်ချက်ဝှေ့ရုံနဲ့ လွယ်ကူစွာ ပြောင်းလဲနိုင်ပါတယ်။ Back to Inbox ကိုပြန်သွားစရာမလိုပါဘူး။ ထိုသို့အသုံးပြုရန်အတွက် ပထမဦးစွာ သင့် Gmail ကို ဖွင့်ပါ။ ထို့နောက် Gmail window ၏အပေါ်ညာဘက်ထောင့်ရှိ Settings ကို သွားပါ။ ( သင့် Gmail တွင် အစိမ်းရောင် Labs shortcut ကိုတွေ့ရပါက၊ ၎င်း Labs ကိုတခါတည်းသွားနိုင်ပါသည်။ ) ပြီးလျှင် Labs menu သို့သွားပါ။ Labs menu ၏အောက်တွင် Mouse gestures menu ကိုရှာပြီး enable ကိုနှိပ်ပေးပါ။ ပြီးလျှင် keyboard မှ End key ကိုနှိပ်၍ စာမျက်နှာ၏အောက်ဆုံးသို့သွားပြီး Save Changes ကိုနှိပ်ပါ။

သင့် Gmail ကိုအလွယ်တကူ စစ်နိုင်မယ့် Gmail Notifier

                                Gmail Notifier ကတော့ သင့် Gmail ကိုအလွယ်တကူ စစ်ပေးနိုင်ပါတယ်။ အင်တာနက် Connection သိပ်မကောင်းတဲ့နေရာတွေမှာ သင်ဖွင့်နေကြ Gmail Window ကိုဖွင့်မယ်ဆိုရင် အချိန်ကြာပါတယ်။ ဒီဆော့(ဖ်)ဝဲကို ရှိထားရင် သင့် Gmail window ကိုဖွင့်ကြည့်စရာမလို တော့ပါဘူး။ သင့် Gmail inbox မှာ mail အသစ်ဝင်တာနဲ့ Sound Alert အနေနဲ့ သင့်ကိုဖေါ်ပြပါလိမ့်မယ်။ သင့် Gmail account နောက်တစ်ခုကိုကြည့်ဖို့အတွက်လည်း Gmail Notifier ကိုအသုံးပြုနိုင်ပါတယ်။ Account တစ်ခုတည်း ရှိသောသူများအတွက်တော့ Gtalk တစ်ခုတည်းနဲ့တင် အဆင်ပြေနိုင်ပါတယ်။ 

လုပ်ဆောင်ချက်များစွာပါဝင်သော Scott's Gmail Alert

                                       Scott's Gmail Alert လို့ခေါ်တဲ့ Gmail shortcut ဆော့(ဖ်)ဝဲမှာ လုပ်ဆောင်ချက်များစွာပါဝင်ပါတယ်။ သင့် Gmail account ၅ ခုကိုတစ်ပြိုင်နက်ထဲ sign in လုပ်ထားနိုင်ပါတယ်။ ၎င်း account တစ်ခုခုမှ mail အသစ်ဝင်လာလျှင် အသံနဲ့ Alert ပေးပါတယ်။ သင် ကြိုက်ရာအသံကို preference setting ရဲ့ အောက်မှာ ရွေးချယ်နိုင်ပါတယ်။ ဒါအပြင် Cap lock key ပွင့်နေလျှင်လည်း သင်နှစ်သက်ရာအသံနဲ့ alert ပေးနိုင်အောင်လုပ်ထားလို့ရပါတယ်။ သင်နှစ်သက်ရာ web site ရဲ့ RSS feed ကိုလည်း alert လုပ်ပေးနိုင်ပါသေးတယ်။

Digg social network status ကိုသင့် Gmail window မှာ ကြည့်လိုလျှင်

                        

                            Digg social network  အသုံးပြုသူများအတွက်ပါ။ မိမိရဲ့ Digg network status ကို မိမိရဲ့ Gmail window မှာကြည့်နိုင်ပါတယ်။                            Gmail မှာ Digg gadget တင်ရန် သင့် Gmail ကိုဖွင့်ပါ။ ထို့နောက် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Settings ကိုနှိပ်ပါ။ Gadgets ဆိုတဲ့ menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကိုသွားပါ။ ထို့နောက် Add any gadget by URL ကို Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs menu ရဲ့အောက်ဆုံးမှာ ရှိပါတယ်။ ပြီးလျှင် Gadgets menu ကို Setting menu ရဲ့အောက်မှာ တွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add a gadget by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်က စာကြောင်းကို copy ကူးပြီးထည့်ပါ။