Home

Gmail တွင် Attachment file များကို Drag & Drop လွယ်ကူစွာ ထည့်နိုင်ပါပြီ


(ပုံပေါ်တွင် Click နှိပ်၍ မူရင်းပုံကို ကြည့်နိုင်ပါသည်)
                          Gmail တွင် ယခင်က file တစ်ခုခုကို attach ပြုလုပ်လိုလျှင် attach a file ကို click နှိပ်၍ သင် attach လုပ်လိုသော file ကို သင့် ကွန်ပျူတာ hard disk မှဖြစ်စေ၊ အခြား removable disk များမှဖြစ်စေ ရွေးချယ်၍ attach လုပ်ရပါတယ်။ ယခု Google မှ Drag & Drop function ကို Gmail မှာအသုံးပြုလို့ရအောင် ပြုလုပ်ပေးလိုက်ပါပြီ။ သင် attach ပြုလုပ်လိုသော file ကို Drag ဆွဲ၍ attach a file နေရာတွင် relase ပြုလုပ်ပေးလိုက်လျှင် ၎င်း file ကို auto attach ပြုလုပ်ပေးသွားပါလိမ့်မယ်။

                          File တစ်ခုထက်ပို၍ attach ပြုလုပ်လိုလျှင် Drag မဆွဲမီ သင် attach လုပ်လိုသော file များကို Ctrl+click နှိပ်၍ မှတ်သားပြီး၊ Drag & Drop တစ်ကြိမ်တည်းနှင့် ၎င်း file အားလုံးကို attach ပြုလုပ်ပေးနိုင်ပါတယ်။ လောလောဆယ်အနေနဲ့ ၎င်း Gmail Drag & Drop function ကို Google Chrome နှင့် Firefox 3.6 များမှာ အသုံးပြုလို့အဆင်ပြေပါမယ်။

0 comments: