Home

Gmail တွင် ပို့ပြီးသား Email တစ်စောင်ကို စက္ကန့်ပိုင်းအတွင်း Cancel ပြုလုပ်လိုလျှင်

 





                              သာမန် default setting အတိုင်းဆိုလျှင် Gmail မှာ Email တစ်စောင်ကို ပို့ရန်အတွက် Send button ကို click နှိပ်လျှင် Sending... Cancel ၊ ထို့နောက် Your message has been sent. ဟူ၍ အစဉ်လိုက် သင့် Email ကို ပို့လိုက်သည့်အကြောင်းကို ဖေါ်ပြပါလိမ့်မယ်။ ထိုသို့ Your message has been sent. ဖေါ်ပြပြီးသည့်နောက် စက္ကန့်ပိုင်းအတွင်း ၎င်း Email ပို့ခြင်းကို cancel ပြုလုပ်နိုင်ပါတယ်။ ၎င်း Your message has been sent. ဟူသောစာတန်း၏နောက်မှာ Undo ဟူသော စာတန်းပေါ်လာအောင်ပြုလုပ်၍ ထို Undo ကိုနှိပ်ခါ၊ သင့် Email ပို့ခြင်းကို cancel ပြုလုပ်နိုင်ပါတယ်။

                              ထိုသို့ပြုလုပ်နိုင်ရန်အတွက် သင်၏ Gmail တွင် log in လုပ်ပါ။ ပြီးလျှင် Gmail Window ၏ညာဘက် အပေါ်ထောင့်တွင်ရှိသော Settings ကိုနှိပ်ပါ။ ပြီးလျှင် Labs menu သို့သွား၍ Undo send ဟူသော sub category ကိုရှာပါ။ ထို့နောက် enable ကို click နှိပ်၍ Window ၏အောက်ဆုံးတွင်ရှိသော Save Changes ကိုနှိပ်ပါ။ ထို့နောက် Email တစ်စောင်ကို အစမ်းပို့ကြည့်ပါ။ Send button ကို click နှိပ်ပြီးလျှင် Sending... Cancel ဟူ၍ အချက်ပြပြီးနောက် Your message has been sent. Undo ဟူ၍ပေါ်လာပါလိမ့်မယ်။ ထို့နောက် Undo ကို click နှိပ်လိုက်လျှင် Sending has been undone. ဟူ၍ဖေါ်ပြပြီး၊ သင်၏ Email ပို့ခြင်းကို cancel ပြုလုပ်ပေးပါလိမ့်မယ်။

3 comments:

  1. စမ်းသပ်ပြီးပြီ. ကျေးဇူးဘဲ မသိဘူး။ တစ်ခါတစ်လေပို့ပြီးမှ မပို့ချင်ဘူးဆိုပြီးဖြစ်တတ်ယ်။

    ReplyDelete
  2. အလိမ္မာတုံး19/4/10

    ကျေးဖူးပါပဲဗျာ ဒီလိုလေးတွေသိရတဲ့ အတွက်

    ReplyDelete
  3. Anonymous19/4/10

    ကျေးဇူးပါခမျာ....အစဉ်ကြိုးစားလျှက်ပါ... :)

    ReplyDelete