Home

Google ကလည်း Motorola နှင့် ပေါင်းခါ စမတ်နာရီထုတ်မည်

                             Sony ၏ ထုတ်လုပ်ပြီး SmartWatch, Apple ၏ အတည်မပြုရသေးသော iWatch နှင့် Samsung ၏ အတည်ပြုပြီး Altius smart watch သတင်းများထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း Google မှလည်း စမတ်နာရီတစ်မျိုးကို ထုပ်လုပ်နေတယ်လို့ သတင်းများထွက်ပေါ်လာပြန်ပါတယ်။ Financial Times ဝဘ်ဆိုက်စာမျက်နှာမှာ ဖေါ်ပြထားတာကတော့ Google ပိုင် Motorola မိုဘိုင်းကုမ္ပဏီမှ ဝတ်ဆင်အသုံးပြုနိုင်သော Android စနစ်ဖြင့် ချိတ်ဆက်ထားသည့် ပစ္စည်းတစ်မျိုးကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ကလည်း Motorola ကုမ္ပဏီမှ MocotoACTV လို့ခေါ်တဲ့ အားကစားသုံး နှင့် သီချင်းနားထောင်နိုင်ရန် နာရီတစ်မျိုးကို ထုတ်လုပ်ခဲ့ဖူးတဲ့အတွက် လက်တွေ့မှာတော့ Apple, Samsung တို့နှင့်စာလျှင် Google ပိုင် Motorola မှ စမတ်ဖုန်း ထုတ်လုပ်မှုမှာ အတွေ့အကြုံရှိခဲ့ဖူးတယ်လို့ ပြောလို့ရပါတယ်။

Apple ID ကိုလည်း 2 step verification စနစ်စတင်ပြီ

                          Apple ID သို့မဟုတ် iTunes account လို့ခေါ်တဲ့ Apple device များအတွက် backup, sync, download ပြုလုပ်နိုင်ရန် လိုအပ်တဲ့ Account ကို log in လုပ်ရာမှာ 2 step verification ကို Apple မှ 22/ 4/13 မှာ စတင် တည်ဆောက်ပေးခဲ့ပါတယ်။ Apple ID ရှိပြီးသားသူများရော၊ အသစ်ပြုလုပ်မည့်သူများပါ ယခု 2 step verification စနစ်အတွက် စတင် sign up လုပ်နိုင်ပြီး မြန်မာနိုင်ငံမှာတော့ မရသေးပါဘူး။ အမေရိကား၊ အင်္ဂလန်၊ အိုင်ယာလန်၊ ႀသစေတ်းလ် နှင့် နယူဇီလန် နိုင်ငံများမှာ စတင် အသုံးပြုနိုင်ပြီလို့သိရပါတယ်။ အသုံးပြုပုံကတော့ အသုံးပြုနေကျ Apple ID နှင့် log in ဝင်လိုက်လျှင် Apple ID ပိုင်ရှင်မှ ထည့်သွင်းထားသော ဖုန်းနံပါတ်သို့ ဂဏန်း ၄ လုံးကို SMS မတ်ဆေ့ပို့ပေးမှာဖြစ်ပြီး၊ ၄င်း ဂဏန်း ၄ လုံးကိုမှန်ကန်စွာထည့်နိုင်မှသာ iPhone, iPod touch, iPad device အားလုံးမှာ log in ဝင်နိုင်မှာဖြစ်ပါတယ်။

Google Image Search တွင် animated GIFs format ပုံများကို Filter ဖြင့်ရှာနိုင်ပြီ

                         ဓါတ်ပုံဖိုင်အမျိုးအစားများစွာရှိသည့်အနက်မှ animation လှုပ်ရှားမှုပုံရိပ်များဖြင့် ဖန်တီးထားသော GIF format (Graphics Interchange Format) ပုံများကို အလွယ်တကူရှာဖွေနိုင်ရန် Google Image တွင် စတင်ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် search result မှာပါ animated လှုပ်ရှားမှုပုံရိပ်များကို တိုက်ရိုက် မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ GIFs အမျိုးအစား ပုံများကိုရှာဖွေရန်အတွက် Google Image Search သို့သွားခါ Search tools ကို click နှိပ်ခါ Any type တွင် "animated" ဟူ၍ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

iOS 6.1.3, Evasi0n နှင့် Untethered Jailbreak

                                         iOS 6 ရဲ့ နာမည်ကြီး untethered jailbreak အဖွဲ့ Evasi0n ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရေကို စိန်ခေါ်လိုက်သည့် iOS 6.1.3 ကို Apple တို့ မတ်လ ၁၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ ယခု iOS 6 မှာ အဓိကအနေနဲ့ lock screen ကို ကျော်၍ ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ခြင်း၊ voice mail များကို နားထောင်နိုင်ခြင်း၊ ဓါတ်ပုံများကို ကြည့်ရှုနိုင်ခြင်း စသည့် security ပိုင်းဆိုင်ရာအားနည်းချက်များကို ပြင်ဆင်ပေးထားပြီး၊ ဂျပန်နိုင်ငံ၏ မြေပုံကို update လုပ်ထားပါတယ်။ ဒါ့အပြင် Evasi0n အတွက် iOS စနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန် အထောက်အကူဖြစ်စေတဲ့ အားနည်းချက်များကိုလည်း ပြန်လည်ပြင်ဆင်ပေးလိုက်သေးတယ်လို့ သိရပါတယ်။ iOS 6.1.2 ထိအောင်နေ့ခြင်းညခြင်း untethered jailbreak tool ထွက်ရှိပေးခဲ့တဲ့ Evasi0n အဖွဲ့ကတော့ ယခုအချိန်ထိအောင် jailbreak နဲ့ပါတ်သက်လို့ နှုတ်ဆိတ်နေဆဲပဲရှိပါသေးတယ်။ ဒါ့အပြင် နောက်ဆုံးထွက် iPhone 5, iPhone 4S, iPad နှင့် iPod touch 5th-generation iDevice များမှာ iOS 6.1.3 ကို အကြောင်းအမျိုးမျိုးကြောင့် တင်လိုက်မိပါက 6.1.2 သို့ပြန်လည် downgrade ပြုလုပ်ဖို့ကိုလည်း မည်သည့် tool မျှ မစွမ်းဆောင်နိုင်သေးဘူးလို့ သိရပါတယ်။

အိုင်ဖုန်းနှင့် တွဲဖက်အသုံးပြုနိုင်သည့် အရက်မှုးနှုန်းတိုင်း ကိရိယာ Breathalyzer

                   ကားမောင်းရင်းဖြစ်စေ၊ အခြားတားမြစ်ထားသော အရက်မသောက်ရ နေရာများတွင်ဖြစ်စေ လေမှတစ်ဆင့် သွေးကြောအတွင်း alcohol ပမာဏ blood alcohol concentration (BAC) ကို တိုင်းတာစစ်ဆေးပေးနိုင်သော Breathometer ခေါ် ကိရိယာကို Smith and Wesson ကုပ္မဏီမှ စတင်တီထွင်ခဲ့ပါတယ်။ အဆင့်မြင့်လာသည့် မိုဘိုင်းကွန်ပျူတာစနစ်များ နှင့် တွဲဖက်အသုံးပြုနိုင်သည့် portable gadget hardware များမျိုးစုံပေါ်ပေါက်လာခါ ယခု Breathalyzer ကို အိုင်ဖုန်းဖြင့် တွဲဖက်အသုံးပြုနိုင်ရန် Breathometer ကုမ္ပဏီမှ ဖန်တီးထုပ်လုပ်လိုက်ပါတယ်။ ကားကီးချိန်းတစ်ခုအရွယ်သာရှိသည့် ၄င်း Breathalyzer ကို ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပြီး၊ အလွယ်တကူလည်း သယ်ဆောင်နိုင်ပါတယ်။ အသွင်းအထုတ်ပြုလုပ်နိုင်သည့် jack pin ကိုထုတ်ခါ အိုင်ဖုန်း၏ 3.5 mm စတီရီယို နားကြပ်ပေါက်တွင် တပ်ဆင်ပေးပြီး၊ အိုင်ဖုန်းတွင်ထည့်သွင်းထားသည့် Application ဖွင့်ရမှဖြစ်ပါတယ်။ ပြီးနောက် တိုင်းတာလိုသူ၏ ပါးစပ်မှတစ်ဆင့် Breathalyzer ကိရိယာသို့ လေမှုတ် ပေးရမှာဖြစ်ပြီး၊ အိုင်ဖုန်း၏ application မှတစ်ဆင့် Alcohol ပါဝင်မှုပမာဏကို ဖေါ်ပြပေးမှာဖြစ်ပါတယ်။

အံ့ဖွယ် အစွမ်းများနဲ့ Google glass ကို Website နှင့်တကွ တရားဝင်မိတ်ဆက်ပြီ

                       လွန်ခဲ့တဲ့ လပိုင်းလောက်ထိအောင် ဒီဇိုင်နာများ၊ အိုင်တီဆိုင်ရာ ခန့်မှန်းအဖြေရှာသူများ အားလုံး မှန်းဆခဲ့ကြသည့် Google Glass project ကို အခုတော့ တရားဝင် Google website မှာ စတင်မိတ်ဆက်ဖေါ်ပြလိုက်ပါပြီ။ Google Glass ရဲ့ တကယ်တမ်းထွက်ရှိလာတဲ့ပုံကတော့ အထက်တွင်ပြထားသည့်အတိုင်း Video camera နှင့် laser projector အသေးစားလေးများကို မျက်မှန်၏ ညာဘက်ပိုင်းတွင် ပေါ့ပါး ကျစ်လစ်စွာ တပ်ဆင်ပေးထားပြီး၊ ညာဘက် နားနောက်ဘက်မှ မျက်မှန်ကိုင်း ထိပ်တွင် ဘက်ထရီ၊ CPU chips များ၊ network card များကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာ၏နောက်ဘက် တည့်တည့်တွင် photo နှင့် video များကို သိုလှောင်ထားပေးနိုင်မည့် flash memory စနစ် ပါဝင်နေနိုင်ပါတယ်။ ကင်မရာ၏ နောက်ဘက် အတွင်းဘက်တွင်တော့ အသံဖြင့် အမိန့်ပေးစေခိုင်းနိုင်မည့် microphone စနစ်တပ်ဆင်ထားပါတယ်။ မျက်မှန်ကိုင်းမှာ ကွေးနိုင်ဆန့်နိုင်အောင် ပြောင်းသော ပလက်စတစ် (သို့) material အမျိုးအစားတစ်ခုဖြင့် ပြုလုပ်ပေးထားပြီး၊ အနီ၊ အနက်၊ အပြာ၊ ခဲ စသည့် အေ၇ာင်များနှင့် ထုပ်လုပ်ထားပါတယ်။

built-in PDF reader ပါပြီး၊ လေးလံခြင်းမရှိတော့သည့် Firefox 19 update

                          လူသုံးများတဲ့ browser တစ်ခုဖြစ်တဲ့ Mozilla firefox မှ PDF file များကို မည်သည့် Third-party Plug-in မျှအသုံးပြုစရာမလိုပဲ ဖတ်နိုင်အောင် HTML5 ကိုအခြေခံထားသည့် built-in PDF reader ကိုထည့်သွင်းခါ Updated version 19 ထပ်မံထုပ်လုပ်လိုက်ပါပြီ။ နောက်ဆုံး Version 18 ထိအောင် firefox စတင်ဖွင့်လိုက်ချိန်တွင် နှေးကွေးလေးလံနေစေသော အမှားအယွင်း များကိုလည်း ပြန်လည် ပြင်ဆင်ပေးလိုက်တဲ့အတွက် ယခု version 19 မှာ Start-up time ကိုလည်း ပိုမိုလျှင်မြန်လာစေပါတယ်။ ထို့အပြင် Private browsing mode မှာ ပါဝင်နေတဲ့ bug အချို့ကိုလည်း ပြန်လည် ပြုပြင်ပေးထားတဲ့အတွက် ယခင် Version များထက် ပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လက်တွေ့ လက်ဆောင်ပေးနိုင်မယ့် Facebook ရဲ့ Gift Card လာတော့မည်

                                 Facebook သူငယ်ချင်းများ အတွက် မွေးနေ့လိုနေ့မျိုးတွေမှာ Facebook built-in application တွေသုံးပီး လက်ဆောင်ပေး၊ မွေးနေ့ဆုတောင်း ပြုလုပ်နေသူများအတွက် ထို့ထက်ပိုမိုလက်တွေ့ဆန်သော လက်ဆောင်ပေးခြင်း တစ်ခုကို Facebook မှ စတင်စမ်းသပ်နေပါပြီ။ Newyork မြို့မှာရှိတဲ့ Target, Jamba Juice နှင့် Olive Garden အစရှိတဲ့ အထင်ကရ ဆိုင်တွေမှာ ဝယ်ယူသုံးစွဲနိုင်မယ့် facebook gift card ကိုစတင် စမ်းသပ်သုံးစွဲမှုတွေပြုလုပ်နေပါပြီ။ လက်ဆောင်ပေးတဲ့ အပိုင်းမှာ facebook အသုံးပြုသူ သူငယ်ချင်းများအချင်းချင်း ချောကလတ်များ၊ ပန်းစည်းများ အစရှိသည့် ပစ္စည်းများကို ပေးပို့နိုင်မျာဖြစ်ပါတယ်။ နောက်တစ်ပါတ် ကြာသာပတေးနေ့ကနေစတင်ပြီးတော့ အမေရိကန်နိုင်ငံမှာ အမြဲတမ်းအသုံးပြုနိုင်မယ့် facebook gift ကဒ်များကို စတင်အသုံးပြုနိုင်မယ် လို့ ကြေငြာထားပါတယ်။

iOS 6.0 မှ 6.1 iDevice များအတွက် Evasi0n ၏ Untertnered jailbreak တနင်္ဂနွေနေ့ ည မြန်မာစံတော်ချိန် ၁၂ ခွဲ ထွက်မည်

                                    iOS 6.1/6.0.2/6.0.1/6.0 သုံး Apple iDevices များအားလုံးအတွက် Untethered Jailbreak software ကို Evasi0n မှ လာမယ့် တနင်္ဂနွေနေ့ (3/2/13) မြန်မာစံတော်ချိန် ည ၁၂ နာရီခွဲ မှာ စတင် မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ Evasi0n iOS 6.1 untethered jailbreak tool ကိုအသုံးပြုပြီး၊ iPhone 5,iPhone 4S, iPhone 4, iPhone 3GS, iPad 4, iPad 3, iPad 2, iPad mini, iPod touch 5, iPod touch 4, Apple TV 2 များအားလုံး ကို jailbreak ပြုလုပ်နိုင်မှာဖြစ်ပြီး Apple TV 3 အတွက်တော့ ယခု version နှင့်မရသေးကြောင်း Evasi0n ရဲ့ blog မှာ ဖေါ်ပြထားပါတယ်။ အခြားနိုင်ငံများအတွက် Evasi0n Jailbreak tool ကို ထုတ်ဖေါ်ပြသမည့် အချိန်ကိုတော့ အထက်ပါပုံတွင် ကြည့်ရှုနိုင်ပါတယ်။

iOS, Android နှင့် Window 8 OS များကို ယှဉ်ပြိုင်မည့် Blackberry 10 (BB10) mobile operating system

                              
                                     Apple ရဲ့ iOS သုံး iDevice များ, Google ၏ Android နှင့် Microsoft ရဲ့ Window 8 OS သုံး နာမည်စုံ mobile device များအကြားမှာ ယခင်က နာမည်ကျော်လူကြိုက်များခဲ့တဲ့ ကနေဒါနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ RIM (Research In Motion ltd) ဟာ ဒီကနေ့တော့ သူ့ရဲ့ မူပိုင် Operating system အသစ် တစ်ခုဖြစ်တဲ့ Blackberry 10 ကို စတင်မိတ်ဆက်ခဲ့ပါပြီ။ လက်ရှိ Blackberry ဖုန်းများမှာ အသုံးပြုနေတဲ့ Blackberry operating system နဲ့ လုံးဝမတူတဲ့ ထူးခြားဆန်းသစ်တဲ့ feature များအပြင်၊ ရုပ်ရှင်များ၊ တီဗွီရှိုးများ၊ သီချင်းများ၊ ဂိမ်းများ နှင့် အသုံးဝင် ဆော့ဖ်ဝဲများ ပါဝင်သည့် Application ပေါင်း ၇၀၀၀၀ ကျော်ကိုလည်း Blackberry 10 OS မှာ support လုပ်သွားမှာဖြစ်ပါတယ်။

ရွှေသားဖြင့်ပြုလုပ်ထားသော Ammo USB flash device လေးများ



                               စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Strontium Technology မှ Ammo ဟုခေါ်သည့် ၂၄ ကာရတ် ရှိ ရွေသားအကာဖြင့်ပြုလုပ်ထားသော USB Flash Drive များကို ထုပ်လုပ်လိုက်ပါတယ်။ သိုလှောင်နိုင်မှုပမာဏ 16 GB ကနေ 64 GB ထိ ရရှိနိုင်ပြီး၊ ဈေးနှုန်းကတော့ 16 GB အတွက် အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လခန့်ကျသင့်မည်ဖြစ်ပြီး၊ 64 GB အတွက်တော့ ၄၆ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ အားနဲချက်ကတော့ USB 2.0 system ကို သာ အသုံးပြုထားခြင်းပဲဖြစ်ပြီး၊ Windows PC, notebook PC များနှင့် Apple ၏ iMac နှင့်MacBook များမှာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Apple mobile device များအတွက် အသစ်ထွက် iOS 6.1 Features & Download

                              Apple mobile device များဖြစ်သည့် iPad, iPhone, iPod touch များအတွက် Operating System Firmware အသစ် iOS 6.1 ကို Apple မှ တရားဝင် update ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အသစ်ထပ်မံထည့်သွင်းပေးလိုက်တဲ့ Feature များကတော့ နောက်ဆုံးပေါ် mobile network တစ်ခုဖြစ်တဲ့ LTE (Long Term Evolution) network ပါဝင်လာခြင်း၊ အမေရိကားတွင် အသုံးပြုသူများအတွက် ရုပ်ရှင်လက်မှတ်များကို Siri မှတစ်ဆင့် အမိန့်ပေးစေခိုင်းခါ ဝယ်ယူနိုင်ခြင်း၊ iTunes Match subscribers များအတွက် သီချင်းများကို iCloud မှတစ်ဆင့် ဝယ်ယူ download လုပ်နိုင်ခြင်း၊ ကြော်ငြာများကို ခြေရာခံသည့်စနစ်ကို လွယ်ကူစွာ reset ပြုလုပ်စေနိုင်မည့် Advertising Identifier reset button ပါဝင်ခြင်း၊ Apple TV ကို iPad, iPhone, iPod touch တစ်ခုခုမှတစ်ဆင့် Bluetooth စနစ်အသုံးပြုထားသည့် Keyboard ဖြင့် စေခိုင်းနိုင်ခြင်း၊ စသည်တို့ပဲဖြစ်ပါတယ်။

128 GB ဆံ့ Apple ရဲ့ iPad 4 လာတော့မည့်

                                လက်ရှိအသုံးပြုနေသည့် Apple ရဲ့ iPad တွေမှာ အများဆုံး 64 GB ထိအောင် data များသိုလှောင်နိုင်သည့် ပမာဏရှိနေပြီး၊ ထို့ထက်ပိုမို သိုလှောင်နိုင်မယ့် iPad ကို Apple တို့ စတင် ထုတ်လုပ်ဖို့ရန် ရည်ရွယ်နေကြပါပြီ။ ဆက်လက်ထုတ်လုပ်မယ့် iPad ရဲ့ သိုလှောင်နိုင်မှုပမာဏကတော့ 128GB flash memory ရှိမှာဖြစ်ပြီး၊ အပြင်ပိုင်း ဒီဇိုင်းနှင့် အခြား function များကိုတော့ ပြောင်းလဲနိုင်ဖွယ် မရှိသေးကြောင်း 9to5mac.com မှာ ဖေါ်ပြထားပါတယ်။ လက်တလော အပြိုင်အဆိုင်များပြီး၊ ထင်သလောက် ဈေးကွက်မရခဲ့တဲ့ အနေအထားကို ပြန်လည် ထိမ်းသိမ်းနိုင်စေရန် ရည်ရွယ် ချက်ဖြင့် အဆောတလျင် ထုတ်လုပ်မည့် 128 GB ဆံ့ Apple iPad မှာ ယခင် iPad များကဲ့သို့ပင် အဖြူနှင့် အနက် ၂ ရောင်လာမည်ဖြစ်ပြီး၊ Wifi သီးသန့် နှင့် Wifi+ Cellularဗားရှင်း နှစ်မျိုးထွက်လာမှာ ဖြစ်ပါတယ်။ 

face-recognition ပြုလုပ်နိုင်ခြင်းမှ ကာကွယ်နိုင်သည့် မျက်မှန်


                              Face-recognition လို့ခေါ်တဲ့ ကင်မရာ အတော်များများမှာ ပါဝင်တဲ့ မျက်နှာဖတ်သည့် စနစ် ကိုကာကွယ်နိုင်ရန် ဂျပန်နိုင်ငံ မှ Isao Echizen ဆိုသူ သိပ္ပံပညာရှင် တစ်ယောက်က မျက်မှန်တစ်လက်ကို တီထွင်လိုက်ပါတယ်။ အဆိုပါမျက်မှန်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော near-infrared LEDs ဟုခေါ်သည့် မီးလုံးလေးများကို face-recognition စနစ်မှ အများဆုံး ဖတ်ရှုသည့် မျက်နှာ၏ အစိတ်အပိုင်းများဖြစ်သည့် မျက်လုံး၊ မျက်ခုံးနှင့် နှာတံများအနီးတွင် တပ်ဆင်ထားပါတယ်။ ၄င်းမျက်မှန်ကိုတပ်ဆင်ထားသူအား face-recognition စနစ်ပါဝင်သည့် ကင်မရာတစ်ခုခုနှင့် ရိုက်ကူးလိုက်ပါက မျက်မှန်တွင်တပ်ဆင်ပေးထားသော မီးလုံးလေးများမှ digital noise ဟုခေါ်သည့် ပုံမှန်မဟုတ်သော မလိုလားအပ်သည့် အရောင်များကို အလိုအလျှောက်ဖန်တီးပေးခြင်းဖြင့် Auto face-recognition ပြုလုပ်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Android mobile device များအတွက် Temple Run 2 ထွက်ရှိ



                           ပြီးခဲ့တဲ့ အပါတ်က Apple mobile device များအတွက် စတင်မိတ်ဆက်ခဲ့တဲ့ နာမည်ကြီးလူကြိုက်များတဲ့ Temple run 2 ဂိမ်းဟာ Android OS သုံး mobile device များအတွက်လည်း ထွက်ရှိလာပါပြီ။ ယခင် Temple run ဂိမ်း ထက် ပိုမိုကောင်းမွန်တဲ့ Graphic design များနှင့် ပြေးလမ်းများ ၊ power-up function များ၊ Achievement များ၊ Character များကို ယခင် Temple run ထက်ပိုမိုကောင်းမွန်အောင် ဖန်တီးပေးထားပြီး၊ ယခင်ဂိမ်းနှင့်မတူသည့်အချက်ကတော့ လမ်းကြောင်းမှားလျှင်ဖြစ်စေ၊ ခလုပ်တိုက်၍ဖြစ်စေ မိမိ၏ character သေဆုံးသွားပါက "Save me" ဟူသည့် function ကိုအသုံးပြုပြီး၊ ရောက်ရာနေရာမှ ဆက်ပြေးနိုင်ခြင်းပဲဖြစ်ပါတယ်။

iPad mini ထက်ပါးသော Sony Xperia Z Tablet အသစ်ထွက်ရှိ

 Sony Xperia Z tablet
                             Sony Mobile ကုမ္ပဏီရဲ့ အသစ်ထပ်မံထွက်ရှိလာတဲ့ ရေစိုအကြမ်းခံ (water & dust proof) Xperia Z Tablet ပါ။ 1920-1200 ပစ်ဆဲလ် Screen resolution ရှိတဲ့ 10.1 လက်မ Screen ကို Mobile Bravia Engine 2 အသုံးပြုခါ အရည်အသွေးမြှင့်ထားပါတယ်။ Qualcomm 1.5GHz quad-core APQ8064 processor ကိုအသုံးပြုထားပြီး၊ RAM memory ပမာဏကတော့ 2GB နှင့် built-in memory 32 GB ပါဝင်ခါ MicroSD Expension Slot လည်းပါဝင်ပါသေးတယ်။ ကျောဘက်မှာ 8.1-megapixel ရှိတဲ့ Exmor R ကင်မရာကို တပ်ဆင်ပေးထားပြီး၊ NFC နှင့် LTE ကဲ့သို့သော နောက်ဆုံး ပေါ် network connection system များလည်းအသုံးပြုနိုင်ပါတယ်။

လူအများစိတ်ဝင်စားလာတဲ့ Google ရဲ့ အနာဂါတ် သိပ္ပံမျက်မှန်

                                  ကွန်ပျူတာ အင်တာနက်လောကမှာ မသိသူမရှိသလောက် နာမည်ကြီးလှတဲ့ ကမ္ဘာ့အကြီးဆုံးနည်းပညာ ကုမ္ပဏီ Google ရဲ့ Hardware ပစ္စည်း တစ်ခုဖြစ်တဲ့ Google Glass ဟာ လက်တွေ့ အသုံးမပြုနိုင်သေးပေမယ့်လည်း၊ နည်းပညာစိတ်ဝင်စားတဲ့ လူအများကြားမှာတော့ ထင်ကြေးအမျိုးမျိုးနဲ့ မှန်းဆနေကြပါတယ်။ Google Glass ရဲ့ မျက်မှန်ကိုင်း တစ်ဖက်မှာ တိုက်ရိုက်ရိုက်ကူးနိုင်သည့် video recording စနစ်ပါဝင်ပြီး၊ ကြိုးမဲ့ အင်တာနက်စနစ်တခုခုအသုံးပြုခါ online cloud storage သို့တိုက်ရိုက် upload လုပ်နိုင်သောကြောင့် live presentation ပုံစံမျိုးပါ ထုတ်လွင့်နိုင်ဖွယ်ရာရှိကြောင်း အချို့ကဆိုပါတယ်။ အခြားမျက်မှန်ကိုင်း တစ်ဖက်မှာတော့ laser projector အသေးစားတစ်ခုပါဝင်နိုင်ပြီး၊ ၄င်း projector မှ လေဆာ အလင်းတန်းများကို မျက်မှန်ဝတ်ဆင်ထားသူ၏ လက်ဖဝါး၊ လက်ဖျံ နှင့် အခြား အရာဝတ္ထုများပေါ်သို့ keyboard အရိပ်ပုံစံ ကျရောက်စေခါ ထို keyboard မှတစ်ဆင့် မျက်မှန်ကို ခိုင်းစေနိုင်မှာဖြစ်ပါတယ်။

50 GB free ရမယ့် MEGA တစ်ဖြစ်လဲ Megaupload online file storage site


                               လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အမေရိကန်အစိုးရရဲ့ အွန်လိုင်းဥပဒေသစ် ပြဌာန်းလိုက်ပြီးတဲ့နောက်ပိုင်း Megaupload အပါအဝင် အချို့ online file sharing service ဆိုက်တွေဟာ ပိတ်ပင်ခံခဲ့ရပါတယ်။ ယခု MEGA site ကတော့ ပိတ်ပင်ခံခဲ့ရတဲ့ ဆိုက်တွေထဲမှ တစ်ခုဖြစ်ပြီး၊ ပိုမိုသစ်လွင်ပြီးပြည့်စုံတဲ့ feature အသစ်များနဲ့ beta version အနေနဲ့ ပြန်လည် စတင်ခဲ့ပါပီ။ Free register user များအတွက် သိမ်းထားပေးမယ့် ပမာဏကို 50 GB ထိအောင် အလကားပေးထားပါတယ်။ လောလောဆယ်အနေနဲ့ အသုံးများတဲ့ Web browser အားလုံးနဲ့ အဆင်ပြေနိုင်ပြီး၊ Mobile application ကိုတော့ မကြာမီကာလအတွင်း ဖြန့်ချီပေးမယ်လို့ သိရပါတယ်။

Voice message ပေးပို့နိုင်သော Android Facebook application 2.1

                         Android System သုံး Mobile ဖုန်း အသုံးပြုသူများအတွက် Official Facebook application version 2.1 အသစ် ထွက်ရှိလာပြီဖြစ်ပါတယ်။ Version အသစ်မှာ iOS facebook messenger application မှာ ကဲ့သို့ Voice message ပေးပို့နိုင်မယ့် feature ကိုထည့်သွင်းပေးထားပါတယ်။ ဓါတ်ပုံများကို loading ပြုလုပ်ချိန် ပိုမိုမြန်ဆန်လာပြီး၊ Sharing ကိုလည်း မိမိ၏ Timeline တွင်သာမကပဲ Group နှင့် Page များမှာပါ တိုက်ရိုက် ပြန်လည် Share ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

Facebook Messenger မှတဆင့် VOIP ဖုန်းခေါ်ဆိုနိုင်တော့မည်


                          Facebook ရဲ့ official application တစ်ခုဖြစ်တဲ့ Facebook messenger မှတစ်ဆင့် WiFi သို့မဟုတ် Cellular network တစ်ခုခုကို အသုံးပြုပြီး၊ မိမိ၏ Friend list ထဲမှ သူငယ်ချင်းများကို Voice over IP လို့ခေါ်တဲ့ VOIP နည်းပညာသုံး အင်တာနက် ဖုန်း ခေါ်ဆို နိုင်တော့မှာပါ။ Skype Voice နှင့် Google Talk call များကဲ့သို့ အကောင့်တစ်ခုမှတစ်ခု အခမဲ့ ဖုန်းပြောဆိုနိုင် မယ့် Feature အသစ်ကို Canada မှာ စတင်စမ်းသပ် အသုံး ပြုနေပြီး၊ စမ်းသပ်မှုကာလပြီးမြောက်လျှင် တစ်ကမ္ဘာလုံးအဆင့် အသုံးပြုနိုင်လာတော့မှာဖြစ်ပါတယ်။