Home

လူအများစိတ်ဝင်စားလာတဲ့ Google ရဲ့ အနာဂါတ် သိပ္ပံမျက်မှန်

                                  ကွန်ပျူတာ အင်တာနက်လောကမှာ မသိသူမရှိသလောက် နာမည်ကြီးလှတဲ့ ကမ္ဘာ့အကြီးဆုံးနည်းပညာ ကုမ္ပဏီ Google ရဲ့ Hardware ပစ္စည်း တစ်ခုဖြစ်တဲ့ Google Glass ဟာ လက်တွေ့ အသုံးမပြုနိုင်သေးပေမယ့်လည်း၊ နည်းပညာစိတ်ဝင်စားတဲ့ လူအများကြားမှာတော့ ထင်ကြေးအမျိုးမျိုးနဲ့ မှန်းဆနေကြပါတယ်။ Google Glass ရဲ့ မျက်မှန်ကိုင်း တစ်ဖက်မှာ တိုက်ရိုက်ရိုက်ကူးနိုင်သည့် video recording စနစ်ပါဝင်ပြီး၊ ကြိုးမဲ့ အင်တာနက်စနစ်တခုခုအသုံးပြုခါ online cloud storage သို့တိုက်ရိုက် upload လုပ်နိုင်သောကြောင့် live presentation ပုံစံမျိုးပါ ထုတ်လွင့်နိုင်ဖွယ်ရာရှိကြောင်း အချို့ကဆိုပါတယ်။ အခြားမျက်မှန်ကိုင်း တစ်ဖက်မှာတော့ laser projector အသေးစားတစ်ခုပါဝင်နိုင်ပြီး၊ ၄င်း projector မှ လေဆာ အလင်းတန်းများကို မျက်မှန်ဝတ်ဆင်ထားသူ၏ လက်ဖဝါး၊ လက်ဖျံ နှင့် အခြား အရာဝတ္ထုများပေါ်သို့ keyboard အရိပ်ပုံစံ ကျရောက်စေခါ ထို keyboard မှတစ်ဆင့် မျက်မှန်ကို ခိုင်းစေနိုင်မှာဖြစ်ပါတယ်။


                                   ထို့ထက်ပို၍ လေဆာ ပရိုဂျက်တာမှ တစ်ဆင့် video များ၊ ဓါတ်ပုံများ အစရှိတဲ့ media ပုံရိပ်များကိုပါ ထုတ်လွင့်ကြည့်ရှုနိုင်အုံးမယ်လို့လည်း ခန့်မှန်းထားကြပါသေးတယ်။ မိမိသွားလိုသည့် နေရာတစ်ခုခု၏ လိပ်စာ နှင့် zip code များကို လက်ဖဝါးပေါ်သို့ အရိပ် ကျရောက်စေသာ လေဆာ ကီးဘုတ်မှတစ်ဆင့် ၇ိုက်ထည့်ခါ GPRS စနစ်တစ်ခုကဲ့သို့ ပို့ဆောင်ပေးနိုင်မယ့် function လည်းပါဝင်လာနိုင်ပါသေးတယ်။ လက်ဖဝါးပေါ်သို့ ကျရောက်စေမယ့် လေဆာကီးဘုတ်မှတစ်ဆင့် ဂဏန်းနှင့် စာလုံးမျာကို ရိုက်ထည့်နိုင်ရုံသာမကပဲ၊ လက်သီးဆုပ်ခြင်း၊ လက်ချောင်းကွေးခြင်း၊ ဖြန့်ခြင်း စသော မတူညီသည့် လက်ဖဝါး၏ လှုပ်ရှားမှုများကိုအသုံးပြု၍လည်း ခိုင်းစေအသုံးပြု၍ ရနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားကြပါတယ်။



ref: unwiredview.com, tgdaily.com

0 comments: