Home

Mobile Gamer များအတွက် Temple Run 2 အသစ်ထွက်ရှိ

 
                           နာမည်ကြီး Mobile Game Temple Run Brave ကို အကြိုက်ဆော့ကစား ခဲ့သူများအတွက် Imangi Studios ရဲ့ ထပ်မံဖန်တီးမှုအဖြစ် Temple Run 2 ထွက်ရှိလာပါပီ။ Temple Run 2 မှာ ယခင် Temple Run Brave ထက် Graphics ပိုင်း ပိုမိုကောင်းမွန်လာပြီး၊ ပြေးလမ်းများကိုလည်း ကြိုးတန်းများတွင် ခိုပြေးခြင်း၊ ကုန်းတက် ကုန်းဆင်းများတွင် ပြေးခြင်း၊ မိုင်းရထားတွဲများပေါ်တွင် တက်ပြေးခြင်း စသော ပါတ်ဝန်းကျင်အသစ် နှင့် အသုံးပြုသည့် ပစ္စည်းသစ် များထည့်သွင်း ထားပါတယ်။  Powerups နှင့် Achievements များကိုလည်း အသစ်များထပ်မံ ထည့်သွင်း ပေးထားသည့်အပြင် Character တစ်ယောက်စီအတွက် သီးခြား Special အသုံးပြုနိုင်မယ့် Feature များကိုပါ ဆော့ကစားနိုင်ပါတယ်။ 

                                လောလောဆယ် iOS system သုံး Apple device များအတွက် download free ရယူနိုင်မည်ဖြစ်ပြီး၊ Android system mobile phone များအတွက် တော့ လောလောဆယ် မထွက်သေးပါဘူး။ Temple Run 2 ကို  iPhone 3GS, iPhone 4, iPhone 4S, iPhone 5, iPod touch (3rd generation), iPod touch (4th generation), iPod touch (5th generation) and iPad device များတွင် ဆော့ကစားနိုင်မှာဖြစ်ပြီး၊ အနဲဆုံး iOS 4.2 ရှိထားရပါမယ်။

Temple Run 2 ကို iTunes Store မှ download ပြုလုပ်ရန်

0 comments: