Home

မြန်မာစာ အဆင်သင့် အသုံးပြုနိုင်သော HTC ဖုန်းများ


                       ထိုင်ဝမ် မိုဘိုင်းဖုန်းကုမ္ပဏီ HTC ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ကပဲ KMD computer group နဲ့အတူ သူ့ရဲ့ HTC ဖုန်း များကို ပြည်တွင်းဈေးကွက်မှာ စတင် ဖြန့်ချီခဲ့ပါပြီ။ ပြည်တွင်း မိုဘိုင်းဖုန်း အသုံးပြုသူများကို ဆွဲဆောင်မှုရှိစေတာကတော့ ပထမဆုံး မြန်မာဖောင့် အသုံးပြုလို့ရတဲ့ စမတ်ဖုန်းများ ဖြစ်နေခြင်းပါ။  မြန်မာဖောင့် စနစ်ဟာ ယခုချိန်ထိ တိတိကျကျ စံသတ်မှတ် ထားသော လက်ကွပ်ပုံစံ နှင့် font အနေအထားများ မရှိသေးပေမယ့်၊ ပြည်တွင်း developer Sanmyanmar နှင့်ပူပေါင်းဖန်တီးထားသည့် ယခု HTC ရဲ့ စနစ်ဟာ နောင်ထပ်မံတိုးချဲ့လာမယ့် မြန့်မာ့ မိုဘိုင်းဖုန်း နယ်ပယ်မှာ စံတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

မြန်မာစာများနှင့် ပုံနှိပ်ထားသော HTC ဖုန်းအခွံ
                 
                            လောလောဆယ် မြန်မာစာစနစ်အဆင်သင့် အသုံးပြုနိုင်သော HTC Butterfly, HTC One X+, HTC One X, HTC Desire X, HTC Desire VC and HTC Desire C HTC စမတ်ဖုန်း (၆) မျိုးတို့ကို စတင်ဖြန့်ချီနေပြီဖြစ်ပါတယ်။ Samsung နှင့် Huawei ကုမ္ပဏီများနှင့်စာလျှင် မြန်မာပြည်ဈေးကွက်သို့ စတင်ချဉ်းကပ်ချိန်နောက်ကျပေမယ့် ပြည်တွင်းတိုက်ရိုက်ဖြန့်ချီနိုင်ခြင်း နှင့် မြန်မာစာစနစ် အဆင်သင့် ထည့်သွင်းထားခြင်း တို့က မြန်မာမိုဘိုင်းဖုန်း အသုံးပြုသူများကို ဆွဲဆောင်နိုင်မှာကတော့ အသေအချာပဲဖြစ်ပါတယ်။

0 comments: