Home

ကမ္ဘာ့ ပထမဆုံး 1000GB ဆံ့ USB 3.0 flash drive

                      
                         Video, Audio, Photo အစရှိတဲ့ multi-media file အမျိုးမျိုးကို လွယ်ကူပေါ့ပါးစွာ သိမ်းဆည်း၊ သယ်ဆောင်ပေးနိုင်သော USB Flash drive လေးများကို လူတိုင်း ဆောင်ထားတတ်ကြမှာပါ။ 16GB, 32GB, 64GB နှင့် အများဆုံး 256 GB (Kingston DataTraveler HyperX 3.0) အထိအောင် သိမ်းဆည့်ပေးနိုင်ကြသော USB flash drive လေးများကိုအသုံးပြုခါ မနည်းလွန်းမများလွန်းသော Data များကို သယ်ဆောင်၊ သိမ်းဆည်းပေးနိုင်ပြီး၊ ထို့ထက်ပို သိမ်းဆည်းလိုပါက External Hard Drive ကဲ့သို့သော Device များကိုအသုံးပြုရပါတယ်။ Kingston ရဲ့  DataTraveler HyperX Predator 3.0 USB flash drive ကတော့ အထက်တွင်ရေးခဲ့သော ပမာဏများထက်ပိုမိုခါ အများဆုံး 1 Tetra bytes (1000GB) ထိအောင် သိမ်းဆည်းပေးနိုင်ပါတယ်။ USB 3.0 System ကိုအသုံးပြုထားပြီး၊ Reading Speed ကို 240MB/s ထိလျှင်မြန်စွာအသုံးပြုနိုင်ပြီး၊ Writing Speed ကိုတော့ 160MB/s ထိအောင် အသုံးပြုနိုင်တဲ့အတွက် အလျှင်မြန်ဆုံး USB Flash Drive speed ပဲဖြစ်ပါတယ်။ USB 2.0 System များအတွက်ကတော့ 30MB/s reading နှင့် 30MB/s writing speed အမြန်နှုန်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။


                         လောလောဆယ် DataTraveler HyperX Predator 3.0 USB flash drive 500GB ကို အမေရိကန်ဒေါ်လာ $1,750 ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ 1 TB (1000GB) ဆံ့ External Hard drive ဆယ်လုံး တန်ဖိုးထက် ပိုမို ဈေးကြီးနေသည်မှန်သော်လည်း၊ ပေါ့ပေါ့ပါးပါး သယ်ဆောင်ရန်နှင့် ၊ ထိခိုက်မှု ပိုမို ကင်းဝေးစေရန် အတွက်ကတော့ အကောင်းဆုံး Portable Data Storage device ပဲဖြစ်နေပါတယ်။ အသေးစိတ်ကို Kingston Homepage မှာသွားရောက် ဖတ်ရှုနိုင်ပါတယ်။
                         

0 comments: