Home

50 GB free ရမယ့် MEGA တစ်ဖြစ်လဲ Megaupload online file storage site


                               လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အမေရိကန်အစိုးရရဲ့ အွန်လိုင်းဥပဒေသစ် ပြဌာန်းလိုက်ပြီးတဲ့နောက်ပိုင်း Megaupload အပါအဝင် အချို့ online file sharing service ဆိုက်တွေဟာ ပိတ်ပင်ခံခဲ့ရပါတယ်။ ယခု MEGA site ကတော့ ပိတ်ပင်ခံခဲ့ရတဲ့ ဆိုက်တွေထဲမှ တစ်ခုဖြစ်ပြီး၊ ပိုမိုသစ်လွင်ပြီးပြည့်စုံတဲ့ feature အသစ်များနဲ့ beta version အနေနဲ့ ပြန်လည် စတင်ခဲ့ပါပီ။ Free register user များအတွက် သိမ်းထားပေးမယ့် ပမာဏကို 50 GB ထိအောင် အလကားပေးထားပါတယ်။ လောလောဆယ်အနေနဲ့ အသုံးများတဲ့ Web browser အားလုံးနဲ့ အဆင်ပြေနိုင်ပြီး၊ Mobile application ကိုတော့ မကြာမီကာလအတွင်း ဖြန့်ချီပေးမယ်လို့ သိရပါတယ်။




                              ပိုမိုကောင်းမွန်လာတဲ့ feature အသစ်များကတော့ file များကို drag & drop Upload ပြုလုပ်ပေးနိုင်ခြင်း၊ ၄၈ နာရီအတွင်း download လုပ်လက်စ ဖိုင်များကို resume ပြန်လည်ရရှိနိုင်ခြင်း၊ Instant massaging စနစ်ပါဝင်လာခြင်း၊ SSL enable ဖြစ်ပြီး AES 128 bits encryption စနစ်ဖြင့် ဖိုင်များကို upload / download ပြုလုပ်စေနိုင်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။ လောလောဆယ် beta version စတင်ချိန် မှာ register ပြုလုပ်သူများ များပြားလှသည့်အတွက် အဆင်မပြေပါက web page ကို refresh/ reload ပြုလုပ်ခါ ပြန်လည် register ပြုလုပ်နိုင်ပါတယ်။

MEGA တွင် 50 GB lifetime storage free ရယူနိုင်ရန် register ပြုလုပ်ရန်


0 comments: