Home

အရေးကြီး အချက်အလက်နဲ့ ဖိုင်တွေကို Email ကနေ လုံခြုံစိတ်ချစွာ ပို့နိုင်သော Lockbin


                                   အရေးကြီးပြီး၊ အသေးစိတ်ကျတဲ့ data များကို အွန်လိုင်းမှတစ်ဆင့် အခြားသူတစ်ယောက် ၇ဲ့ Email ကို ပို့ဆောင်ပေးနိုင်မယ့် Lockbin messaging site ပါ။ လက်ခံမည့်သူ၏ အီးမေးလိပ်စာ၊ ပို့သူ၏ အီးမေးလိပ်စာ နှင့် အမည်၊ message ကို encrypt ပြုလုပ်ပေးမည့် password များကို ရိုက်ထည့်ခါ အလွယ်တကူပေးပို့နိုင်ပါတယ်။ SSL enable ဖြစ်ပြီး AES-256bit encryption စနစ်ဖြင့် encrypt ပြုလုပ်ပေးသည့်အတွက် လုံခြုံစိတ်ချစွာ ပေးပို့နိုင်ပြီး၊ မိမိ၏ အီးမေးကိုဖွင့်ရန် အခြေအနေမပေးသည့် အခါများတွင်လည်း အသုံးပြုနိုင်ပါတယ်။ Text format တစ်မျိုးတည်းသာမကပဲ media file များပါ ပူးတွဲပေးပို့နိုင်ပြီး၊  Attachment size ကို Free user များအတွက် 15 MB သတ်မှတ်ပေးထားပါတယ်။ လက်ခံမည့်သူအား encrypt လုပ်လိုက်သော အီးမေးကို ဖတ်ရှုနိုင်ရန် မိမိသတ်မှတ်လိုက်သော password အသိပေးထားရမှာဖြစ်ပြီး၊ password မမှန်လျှင် ဖွင့်ကြည့်လို့ရမှာမဟုတ်ပါဘူး။

                                     Linux, Window, Mac user များအတွက် lockbin desktop application များ free download ရယူနိုင်ပြီး Web version လောက်တော့ အသုံးပြုရမလွယ်ကူပါဘူး။ မြန်မာ အင်တာနက်အသုံးပြုသူများအတွက်တော့ ဇော်ဂျီမြန်မာ font ပါအသုံးပြုနိုင်ပြီး၊ Microsoft Outlook Add-in အဖြစ်နဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။  Attach လုပ်ပေးလိုက်တဲ့ file များအတွက် သိမ်းထားပေးမယ့် အများဆုံး အချိန်ကာလကတော့ ၆ လသာဖြစ်ပါတယ်။ တစ်ဖက်လူမှ မိမိပေးပို့လိုက်သော အီးမေးကို ဖွင့်ဖတ်လျှင်လည်း notification အီးမေးပြန်လည်ပေးပို့ပေးပါတယ်။
Lockbin တွင် email ပို့ရန်
Lockbin desktop software ကို download ပြုလုပ်ရန်

0 comments: