Home

World's TV Channel များကို တိုက်ရိုက်ကြည့်ရှုနိုင်မည့် TVU Player 2.5.2.2


                                   P2P (Pear-to-Pear) ဟုခေါ်သော internet TV တစ်ခုဖြစ်သည့် TVU client ကို အသုံးပြု၍ နိုင်ငံတကာမှ TV channels ပေါင်း ၁၀၀ ကျော်ကို High Quality ဖြင့် သင့်ကွန်ပျူတာမှ တိုက်ရိုက်၊ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ News, Sports, Networks, Movies, Cartoons, Music, Fun, Lifestyle, Science, Shopping စသည်ဖြင့် Categories များအလိုက်ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ StarGames TV, ABC, American Unleashed, Blue Highways TV, CBN, CBS, CCTV channel 1 မှ 10, ESPN, Nostalgia channel များ, KUNG FU TV, Toons, TubTub Kids channel များ၊ PDTV channel များ, Imagine TV, FOX, Fight Night, SBS TV, Fashion TV စသည်ဖြင့် နိုင်ငံတကာမှ channel 100 ကျော်ကို ကြည့်ရှုနိုင်ပါတယ်။ Time zone နှင့် Channel ကိုရွေးပေးထားလျှင် ထုတ်လွင့်မည့် အစီအစဉ် schedule ကိုပါ ကြိုတင်ကြည့်ရှုနိုင်ပါသေးတယ်။

4 comments:

Advanced Image Editor GIMP 2.6.8

                   Adobe Photoshop လောက်နီးနီး အသုံးပြုလို့ရတဲ့ advanced image editing software တစ်ခုပါ။ Advanced layer support, masks, filters, effects စသော image editing tool များစုံလင်စွာပါဝင်ပါတယ်။ Photoshop ထက်အားသာချက်ကတော့ 17.4 MB သာရှိသောကြောင့် ပါဝင်တဲ့ function များနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် memory ပမာဏသေးငယ်ပါတယ်။ Windows 7, Vista, XP, 2008, 2003, 2000, 98, ME နှင့် NT4 အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

0 comments:

Online Map ကို save လုပ်၍ offline တွင် အသုံးပြုနိုင်မည့် GMapCatcher 0.6.3.0





                                 Google Map, Open Street Map, Cloud Made, Yahoo Map, Virtual Earth အစရှိသော Map services များမှ Online map များကို မိမိ၏ ကွန်ပျူတာတွင် save လုပ်၍ download လုပ်ထားနိုင်ပါတယ်။ Internet connection မရှိသည့် အချိန်မှာ save လုပ်ထားသော location များကို ပြန်လည်အသုံးပြုနိုင်ပါတယ်။ Download လုပ်လိုသည့် လိပ်စာကို ရိုက်ထည့်၍ ရှာရမည်ဖြစ်ပြီး၊ Online ကိုအသုံးပြုရန် Offline ဟူသည့် check box တွင် uncheck ပြုလုပ်ထားရပါမယ်။ 8.4 MB ရှိပြီး၊ Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။ Linux နှင့် Max user များအတွက်လည်း home page မှာ download လုပ်နိုင်ပါတယ်။



0 comments:

Personal နေ့စဉ်မှတ်တမ်းကို လုံခြုံစွာ ရေးမှတ်နိုင်မည့် Efficient Diary


                                  နေ့စဉ်ဖြစ်ပျက်သမျှ အကြောင်းအရာများကို Diary မှတ်တမ်းရေးမှတ်နိုင်မည့် software ပါ။ Calendar ပါရှိပြီး၊ file များကိုပါ attach လုပ်၍ မှတ်ထားနိုင်ပါတယ်။ Smile ရုပ်ပုံများကို insert ပြုလုပ်နိုင်ပါတယ်။ Font design နှင့် size ကိုရွေးချယ်ရေးမှတ်နိုင်ပါတယ်။ Password နှင့် ဖွင့်ရတာဖြစ်လို့ personal အတွက် လုံခြုံမှုရှိပါတယ်။ 3.3 MB သာရှိပြီး Windows 7, Vista, XP, 2008, 2003, 2000, 98, ME နှင့် NT4 ထိအောင်အသုံးပြုလို့ ရပါတယ်။ 4.4 MB ရှိ Portable version ကိုပါရယူနိုင်ပါတယ်။


0 comments:

Finance Manager ကဲ့သို့ စာရင်းဇယားများပြုလုပ်နိုင်မည့် AceMoney Lite Software


                                   ဝင်ငွေ၊ ထွက်ငွေ ၊ အသုံးစရိတ် ၊ ရင်းနှီးမြှုပ်နှံမှုများ၊ bank account ၊ ပေးရန်စာရင်း၊ ရရန်စာရင်း စသည့် account နှင့်သက်ဆိုင်သော စာရင်းများကို တစ်ခုချင်းစီ သီးခြားထည့်သွင်းနိုင်ပြီး၊ နောက်ဆုံး အမြတ်စာရင်းကို report တစ်ခုအဖြစ် တွက်ချက်ပေးမယ့် software ပါ။ သင်အသုံးပြုသည့် currency ကို ရွေးချယ်နိုင်သလို Exchange rates ကိုလည်း manually update ပြုလုပ်နိုင်သည့်အပြင်၊ internet မှလည်း auto download လုပ်နိုင်ပါတယ်။ ထို့အပြင် Paypal ကဲသို့သော Online banking စနစ်ကိုပါ အသုံးပြုလို့ ရတဲ့အတွက် e-business ကိုပါ ပြုလုပ်နိုင်ပါတယ်။ Personal အတွက်အသုံးပြုနိုင်သလို၊ လုပ်ငန်းအသေးစားများအတွက်ပါ အသုံးပြုနိုင်ပါတယ်။ 2.6 MB သာရှိပြီး Window 95 မှစ၍ Window 7 အထိအသုံးပြုနိုင်ပါတယ်။

1 comments:

စိုင်း မြန်မာ-အင်္ဂလိပ် Online နှင့် Offline Dictionary





                               မြန်မာဘာသာ ( Zawgyi font ) မှ English သို့ လွယ်ကူစွာ ဘာသာပြန်ပေးမည့် Online dictionary ပါ။ သိလိုသည့် မြန်မာစကားလုံး၏ အက္ခရာကို ရွေးချယ်၍ အဆင့်ဆင့် ရှာဖွေနိုင်ပါတယ်။ ထို့ပြင် ၎င်း site မှာပဲ မြန်မာဘာသာမှ English ဘာသာသို့ ပြန်ဆိုပေးမည့် offline software ကိုလည်း download လုပ်နိုင်ပါတယ်။ ၎င်း software ကို download လုပ်၍ install ပြုလုပ်ရာတွင် အဆင်မပြေပါက abort လုပ်၍ တဖန်ပြန်လည် install လုပ်ပါ။ Install ပြုလုပ်မည့် drive နေရာရွေးသည့်အဆင့်သို့ ရောက်သောအခါ C:/Program files/.... အစား C:/Program1 files/..... ဟူ၍ ပြောင်းလဲပေးလိုက်လျှင် အဆင်ပြေသွားပါလိမ့်မယ်။

2 comments:

Hard disk မှဖျက်လိုက်သော data များကိုပြန်လည် ရယူနိုင်မည့် EASEUS Data Recovery Software


                            အကြောင်းအမျိုးမျိုးကြောင့် သင်၏ hard drive မှ အပီးအပိုင် delete လုပ်လိုက်သော data file များကို ပြန်လည် recover ရယူနိုင်ပါတယ်။ Hard disk တစ်ခုလုံးကို crash ဖြစ်သွားတဲ့အချိန်မှာပါ ပြန်လည် recover လုပ်နိုင်ပါတယ်။ ထို့ပြင် USB drive, memory card, memory stick, camera card, Zip, floppy disk အစရှိသော device များမှ data များကိုပါ recover ပြန်လည်ရယူနိုင်ပါတယ်။ EASEUS Data Recovery Software ကို သာမန် install ပြုလုပ်နေကျ drive ထဲတွင် မလုပ်ပဲ၊ အခြား တစ်နေရာတွင် ပြုလုပ်ဖို့ recommend ပေးထားပါတယ်။ 3.7 MB သာရှိပြီး၊ Windows 2000/XP/2003/Vista/2008/Windows 7 များမှာ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။

0 comments:

Nero Lite Version 9.4.12 free download


                           Multimedia file များကို create, rip, copy, burn, edit, share နှင့် upload အစရှိသည်များပြုလုပ်နိုင်မည့် Nero Lite Burning Software version 9.4.12 ပါ။ Nero ရဲ့ hom page မှာ သွားရောက်ပြီးတော့ အထက်ပါပုံတွင် ပြထားသည့်အတိုင်း သင်နှစ်သက်ရာ Email ကို ဖြည့်ပြီး free download လုပ်နိုင်ပါတယ်။ Free license Key ပါတစ်ခါတည်း ပါလာပါလိမ့်မယ်။

0 comments:

Quick Media Converter HD Latest Version 4.0.0.20


                        Quick Media Converter HD V 4.0.0.20 ပါ။ နောက်ဆုံး Updated version ဖြပ်ပါတယ်။ ယခင် version 4.0.0.8 ထက်ပိုမိုကောင်းမွန်တဲ့အချက်များကတော့ full HD AVC support ပါဝင်လာခြင်းပဲဖြစ်ပါတယ်။ ကျန်တဲ့ Feature များကတော့ ယခင် version 4.0.0.8 အတိုင်းပါပဲ။ 42.5 MB ရှိပြီး၊ Window 95,98,2000,XP,Vista နှင့် 7 များမှာအသုံးပြုနိုင်ပါတယ်။


1 comments:

YouRecorder Free Screen Recording Tool


                                သင်ကွန်ပျူတာ Window screen ပေါ်တွင်ရှိသော still image, gif animation, video စသော screen ပေါ်တွင်ရှိသမျှ ကို record ပြုလုပ်ပေးမည့် YouRecorder Free Screen Recording Tool ပါ။ Image format များအနေနဲ့ BMP, JPG, GIF, PNG, TIFF format များကို support လုပ်ပါတယ်။ 1.5 MB ရှိပြီး၊ Window 2000, XP, Vista (32 bits), 7 (32 bits) များမှာအသုံးပြုနိုင်ပါတယ်။


0 comments:

Bienne Soft YouTube Downloader and Converter


                                       YouTube, Google Video, MySpaceTV နှင့် အခြား video channels များမှ video များကို URL address လိပ်စာထည့်ပြီး လွယ်ကူစွာ download လုပ်နိုင်မည့် Bienne Soft YouTube Downloader version 2.5.3 ပါ။ သင်နှစ်သက်ရာ devices များတွင် အသုံးပြုနိုင်သည့် video format များသို့ လွယ်ကူစွာ Convert ပြောင်းလဲနိုင်ပါတယ်။ Download quality ကိုလည်း Normal, HQ, HD စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။ 3Mb ရှိပြီး၊ Window 2000, XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။

2 comments:

PC Game ကစားရာတွင် ပိုမိုမြန်ဆန်စေမည့် Game Booster


                               PC Game များကစားရာတွင် မလိုအပ်သည့် background program များနှင့် Window service များကို ယာယီပိတ်ပေးပြီး၊ game file များကိုလည်း defrag ပြုလုပ်ပေးပါတယ်။ ဂိမ်းကစားရန်အတွက် RAM ၏ လတ်တလော မလိုအပ်သည့် memory များကိုလည်း လျှော့ချပေးပါတယ်။ ဂိမ်းကစားရန်အတွက် Switch to Gaming Mode ကိုနှိပ်လျှင် ဖေါ်ပြပါ function များကို auto ပြုလုပ်ပေးပါတယ်။ ဂိမ်းကစားပြီးလျှင်လည်း Back to Normal Mode ကိုနှိပ်ခါ ပုံမှန်အသုံးပြုနေသည့် window ကိုပြန်လည် ရရှိစေမှာဖြစ်ပါတယ်။ 1.2 MB ရှိပြီး၊ Window 2000, XP, Vista နှင့် 7 များမှာအဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။

0 comments:

Free IObit Advanced Uninstaller


                                 သင့် ကွန်ပျူတာ Program file မှာ install လုပ်ပြီးသား program software တစ်ခုခုကို ပြန်လည် uninstall လုပ်လိုလျှင် အသုံးပြုနိုင်ပါတယ်။ Uninstall လုပ်ရာတွင် Advanced mode နှင့် Standard mode ဟူ၍ ၂ မျိုးပါဝင်ပါတယ်။ Forced Uninstall နှင့် Clean PC mode များလည်းပါဝင်ပါတယ်။ Install လုပ်ပြီးသာ program file များကို All Programs, Recently Programs, Large Program နှင့် Rare Used ဟူ၍ ခွဲခြား ပေးထားပါတယ်။ 687 KB သာရှိပြီး၊ Window 2000, XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။

0 comments:

LoveChess The Greek Era 3D Free Full Version PC game


                                        3D Graphics Design Chess ရုပ်များနှင့် Chess ကစားနိုင်မည့် LoveChess The Greek Era PC game ပါ။ Erotic graphics အနည်းငယ်ပါဝင်တဲ့အတွက် ၁၈ နှစ်အထက်သာ ကစားခွင့်ပြုထားပါတယ်။ 39 MB ရှိပြီး၊ Window 98, 2000, XP, Vista နှင့် 7 များမှာ ကစားနိုင်ပါတယ်။ System လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
  • Direct X : 9.0c
  • 1024 MB RAM
  • 500 MB Free HD space

4 comments:

Death Rally Free and Full version PC racing game


                                        Death Rally free and full version PC racing game ပါ။ 42 MB ရှိပြီး၊ Windows XP SP3, Windows Vista နှင့် Windows 7 များမှာကစားနိုင်ပါတယ်။ System လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
  • Direct X : 9.0c
  • 1024 MB RAM
  • 500 MB Free HD spac

2 comments:

Ferrari Virtual Race PC game


                                       System 3 မှဖန်တီးထားတဲ့ Ferrari Virtual Race Simulation PC game ပါ။ 76 MB ရှိပြီး Window 98, 2000, XP, Vista နှင့် 7 များမှာအဆင်ပြေစွာကစားနိုင်ပါတယ်။ System လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
  • Direct X : 9.0c
  • MD Athlon 64 3200+ or Intel Pentium 4, 3.2GHz
  • 1024 MB RAM
  • 500 MB Free HD spac

0 comments:

Flash ပုံများ လွယ်ကူစွာဖန်တီးနိုင်မည့် Advanced Flash Maker


                                       Flash animation ပုံများကို effect များထည့်သွင်းခါ ဖန်တီးနိုင်မည့် Advanced Flash Maker free edition ပါ။ Flash animation ပုံများအပြင် slide shows, message applets, scrollers, games, site navigation menu အစရှိသည့် java script effect များကိုလည်း ဖန်တီးနိုင်ပါတယ်။ Messenger, Slide Shows, Menus, Java Script, Scroller, Animations, Miscellaneous စသော category များပါဝင်ပါတယ်။ SWF file အဖြစ်သိမ်းဆည်းပေးပါတယ်။ သင်နှစ်သက်ရာ အရွယ်အစား၊ text, font , design , color များကို customize လုပ်နိုင်ပြီး၊ Preview ကြည့်နိုင်ပါတယ်။ Web page များတွင် အဆင်သင့် ထည့်သွင်းနိုင်ရန် script code ကိုပါ ရယူနိုင်ပါတယ်။

0 comments:

Auto download လုပ်ပေးမည့် NatGeo Wallpaper Downloader 2.0.2



                                           NatGeo Magazine နှင့် NatGeo Website များမှ အသစ်တင်တမျှ Wallpaper များကို category အလိုက် select လုပ်ပေးရုံဖြင့် Auto download လုပ်ပေးသွားမည့် software ပါ။ Photography, Animals, Kids, Environment အစရှိသည့် category များပါဝင်ပြီး screen resolution ကိုလည်းနှစ်သက်ရာ ရွေးချယ်ပြီး download လုပ်နိုင်ပါတယ်။ Download လုပ်နေစဉ်အချိန်အတွင်းမှာ System tray မှာ minimize လုပ်ထားနိုင်ပါတယ်။ 712 KB သာရှိပြီး Window 98, 2000, XP , Vista နှင့် 7 မှာပါအသုံးပြုနိုင်ပါတယ်။

0 comments:

MILIENNIUM SECRETS Emerald Curse PC game



                                       Milienium Secrets Emerald Curse  စွန့်စားခန်း game ပါ။ အောက်တွင်ပေးထားသော FileFactory နှင့် Rapid Share site မျာ၏ URL လိပ်စာများမှ အဆင်ပြေရာတစ်ခုကို copy ကူး၍ သင်၏ browser address box တွင် paste လုပ်ခါ enter ကိုနှိပ်ပြီး EXE file ကို download ပါ။ ပြီးလျှင် install လုပ်၍ ကစားနိုင်ပါပြီ။ Window 98, 2000, XP နှင့် Vista များမှာ အဆင်ပြေစွာ ကစားနိုင်ပါတယ်။

0 comments:

Audio file များကို effect များစွာနှင့် edit လုပ်နိုင်သည့် Free Audio Editor 2010 V6.9.1



                                         Microphone ကိုအသုံးပြု၍ အသံသွင်းထားသော Audio file များနှင့် အခြား Audio format device များမှ Audio file များကို effect များထည့်သွင်းခါ၊ စိတ်ကြိုက် edit လုပ်၍ သိမ်းဆည်းပေးမည့် Free Audio Editor 2010 version 6.9.1 ပါ။ Build in Youtube downloader ပါဝင်တဲ့အတွက် Youtube မှ video များကို download လုပ်၍ Audio file သို့ပြောင်းလဲနိုင်ပါတယ်။ Audio CD မှ MP3, WMA, WAV, and OGG များသို့ burn နိုင်ပါတယ်။ Text to Speech function လည်းပါဝင်တဲ့အတွက် Text file ကို Voice အဖြစ် ပြောင်းလဲဖတ်ရှုပေးနိုင်ပါသေးတယ်။

0 comments:

Video မှ Audio သို့ပြောင်းလည်းသိမ်းဆည်းနိုင်မည့် Video to Audio Converter 2010

                                   Video file များကို Audio file များအဖြစ် လွယ်ကူစွာ extract ပြောင်းလဲသိမ်းဆည်းပေးနိုင်တဲ့ Video to Audio Converter 2010  version 3.3.8 ပါ။  AVI, MPEG, WMV, MP4, VOB video file များကို MP3, WMA, WAV, MP2 besides some rarely heard RA, OGG, M4A, AC3 audio format များအဖြစ် extract လုပ်ခါ သိမ်းဆည်းထားနိုင်ပါတယ်။ သင်နှစ်သက်ရာ video start point နှင့် end point ကိုလည်း သတ်မှတ်ပေးပြီး convert လုပ်နိုင်ပါတယ်။ Audio out put အတွက် Heartz quality ကိုလည်း သတ်မှတ်ပေးထားနိုင်ပါတယ်။ Window 98, 2000, XP, Vista, 7 များအားလုံးမှာ အသုံးပြုနိုင်ပါတယ်။         

0 comments:

Blu Ray Disc မှ HD format နှင့် အခြား Media format များသို့ပြောင်းလဲပေးမည့် Aimersoft Blu Ray Ripper

                                 Blu Ray (M2TS format) Disc ကို HD video format  (H.264/MPEG-4 AVC, AVCHD video and HD WMV) များအဖြစ် လွယ်ကူစွာ convert လုပ်နိုင်တဲ့ Aimersoft Blu Ray DVD ripping software ပါ။ ၎င်းအပြင် iPod, iPhone, Archos, iRiver, Creative Zen, PSP, PS3, Xbox 360, Apple TV, Zune, mobile phone သော portable device များတွင်အသုံးပြုနိုင်သည့် AVI, MPEG, WMV, MKV, MP4, H.264/AVC, RM, MOV, XviD, 3GP, FLV အစရှိသော video format များသို့လည်း ပြောင်းလဲပေးနိုင်ပါသေးတယ်။

0 comments:

PC တစ်လုံးရှိ Product ID နှင့် License Key များကိုရှာဖွေပေးမည့် LicenseCrawler


                                သင့်ကွန်ပျူတာတွင် ထည့်သွင်းထားသော Window product key အပါအဝင်၊ Operating system software နှင့် Application software များ၏ Product ID, Product Type, Serial key, License key စသည့် information များကို detail ကျကျ လျှင်မြန်စွာ ရှာဖွေပေးနိုင်တဲ့ software ပါ။ LicenseCrawler software ကို USB flash drive တွင် ထည့်သွင်း၍ အသုံးပြုနိုင်သလို၊ LAN network များမှဖြတ်၍လည်း ကွန်ပျူတာတစ်လုံးတွင်ရှိသော License Key များကို ရှာဖွေနိုင်ပါတယ်။ 75 KB သာရှိပြီး Window95, 98, 2000, XP နှင့် Vista များမှာ အသုံးပြုနိုင်ပါတယ်။


0 comments:

Copy Paste မလုပ်ခင် Edit ပြုလုပ်နိုင်မည့် PasteCopy.NET


                               Text , Image , Folder စသည်တို့ကို paste မလုပ်မှီ၊ တစ်ကြိမ်ထက်ပိုပြီး၊ copy ပြုလုပ်နိုင်ပြီး၊ ၎င်းအရာများကို သင်နှစ်သက်ရာရွေးချယ်၍ paste လုပ်နိုင်တဲ့ PaintCopy.NET ပါ။ Auto-paste, Convert Rtf to text, Convert html to Rtf or text, Auto-save on exit, Auto-clear clipboard on exit, Auto-copy on keyboard navigation စသည့် function များအပြင်၊ Preview function အနေနဲ့ On mouse hover, Auto-resize, Zoom Image, Show line numbers , Word Wrap စသည့် function များလည်းပါဝင်ပါတယ်။ 293 KB သာရှိပြီး၊ Window အားလုံးအတွက် အသုံးပြုနိုင်ပါတယ်။

0 comments:

Window Utility module များကိုစုစည်းထားသည့် WinUtilities Pro 9.44 နှင့် Full version License Key



                                     Window အသုံးပြုသူများအတွက် Window Utility System များကို လွယ်ကူစွာ manage ပြုလုပ်နိုင်မယ့် Utilitiy module ၂၀ ကျော်ကို စုစည်းထားသည့် WinUtilities Pro 9.44 latest professional version ပါ။ Full version အတွက် License Key ကိုပါ အောက်မှာ တခါတည်း ထည့်ပေးထားပါတယ်။ Window utility manager များအပြင် One click maintenance နှင့် System Scheduler function များပါ၊ ပါဝင်ပါသေးတယ်။ Window XP, 2000, Vista နှင့် Window 7 မှာပါ အသုံးပြုလို့ အဆင်ပြေပါတယ်။ ပါဝင်တဲ့ Utility module များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0 comments:

CONTENTS

သင့်ပုံကို ဒီဇိုင်းမျိုးစုံနှင့် ပိုစတာပုံများအဖြစ် ဖန်တီးပေးမယ့် Poster Forge


                                 သင်နှစ်သက်ရာ ပုံများကို ပိုစတာ (poster) ဒီဇိုင်းပုံများ အဖြစ်ဖန်တီးနိုင်တဲ့ Poster Forge software ပါ။ သင်ဖန်တီးပြီးသားပုံကို သင့်စိတ်ကြိုက် title, color များဖြင့် edit လုပ်၍ print ထုတ်နိုင်တဲ့ size အဖြစ်ပါ သိမ်းဆည်းနိုင်ပါတယ်။ ယခု free version မှာ poster design များအနေနဲ့ Wanted poster, Movie poster နှင့် Motivational poster ဟူ၍ ပိုစတာ ၃ မျိုးပြုလုပ်နိုင်ပါတယ်။ JPG, PNG, TIFF, BMP image file များကို support လုပ်ပါတယ်။ Size အနေနဲ့ကတော့ 450-600 small size နှင့် 3600-4800 poster size များအဖြစ် save လုပ်နိုင်ပါတယ်။

0 comments:

Picture file ၂ ခုကို တစ်ပြိုင်တည်းဖွင့်ပြီး Effect စုံလင်စွာနှင့် ပေါင်းစပ်ပေးမည့် 2Pic software


                                      သင်နှစ်သက်ရာ picture file ၂ ခုကို 2Pic software မှာ left နှင့် right တစ်ပြိုင်တည်းဖွင့်၍ effect စုံလင်စွာထည့်သွင်းခါ ပေါင်းစပ်သိမ်းဆည်းနိုင်ပါတယ်။ Effect များအနေနဲ့ Watery, Distortion Mirror, Foggy, Engraving, Sharper, Blur စသည်ဖြင့် ပါဝင်ပြီး၊ အခြား Merge, Fade, Aerosol, Frames စသော editor tools များလည်းပါဝင်ပါတယ်။ Resize ပြုလုပ်၍ရသည့်အပြင်၊ Undo function ကိုပါထည့်သွင်းပေးထားသောကြောင့် စိတ်ကြိုက် edit ပြုလုပ်နိုင်ပါတယ်။ JPG, BMP, GIF, ICO အစရှိသော အသုံးများသည့် image file တော်တော်များများကို support လုပ်ပါတယ်။

0 comments:

Email (သို့မဟုတ်) အခြားနေရာများတွင် စာများကို လျှို့ဝှက်စာများအဖြစ် အသုံးပြုလိုလျှင်


                                           Email (သို့မဟုတ်) အခြားနေရာများတွင် သင်ရေးလိုသည့် စာများကို လျှို့ဝှက်စာများအဖြစ် Encode လုပ်ပြီး၊ password အသုံးပြု၍ ပို့နိုင်ပါသည်။ Encode လုပ်စဉ်က password နှင့်သာ ၎င်းစာကို Decode ပြန်ဖြည်၍ရမည် ဖြစ်ပါသည်။ အောက်တွင်ပေးထားသော Top Secrect Email Site တွင်သွားပြီး၊ Enter your "Unique key here" ကွပ်လပ်တွင် သင်နှစ်သက်ရာ password ကိုရေးပါ။ ထို့နောက် Create your messages to be encode ၏အောက်တွင်ရှိသော ကွပ်လပ်တွင် သင်ရေးလိုသောစာများကိုရေးပါ။ Uni-Code ကိုပါ support လုပ်သည့်အတွက် မြန်မာစာ ZawGyi One Font ကိုပါအသုံးပြုနိုင်ပါသည်။ သင်ရေးလိုသောစာများကို ရေးပြီးလျှင် ၎င်း၏အောက်တွင်ရှိသော Encode Now ကိုနှိပ်ပါ။

0 comments:

Multi Media file များကို Disc device များသို့ burn ပေးမည့် Ashampoo Burning Software 8.03





                                     CD, DVD, Blu-Ray အစရှိတဲ့ disc device များသို့ Music, Video, Audio အစရှိတဲ့ multi media file များကို burn ပေးမယ့် Ashampoo burning software 8.03 ပါ။  ISO နှင့် BIN/CUE format များကိုပါ burn နိုင်ပါတယ်။ Audio format များအနေနဲ့ WAV, MP3, FLAC, WMA and Ogg file များကို support လုပ်ပေးပါတယ်။ Disc copy လုပ်နိုင်ပြီး၊ data များကို compress/decompress လုပ်၍ သိမ်းနိုင်ပါတယ်။ Restore data နှင့် disc erase function နှင့် အခြား function များလည်းများစွာ ပါဝင်ပါသေးတယ်။ Download လုပ်ပြီးလျှင် install လုပ်၍ အောက်တွင်ပြထားသော Serial key ကို ထည့်ပေးလိုက်လျှင် Free and Full အသုံးပြုနိုင်ပါပြီ။

0 comments:

Shutter Island PC game


                                        ကျွန်းတစ်ခုပေါ်သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်ရောက်ရှိလာသည့် စုံထောက်များ၏ ဇာတ်လမ်းကို game တစ်ခုအဖြစ် ကစားနိုင်ပါတယ်။ အောင်တွင်ပေးထားသော file factory URL လိပ်စာကို သင်၏ browser address box တွင် paste လုပ်၍ enter ကိုနှိပ်ခါ exe file ကို download လုပ်ပါ။ ပြီးလျှင် install လုပ်၍ ကစားနိုင်ပါသည်။ 143MB ရှိပြီး၊ system လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0 comments:

Free Wallpaper ပုံများရယူနိုင်သည့် 3D & Digital Wallpapers Site


                                      3D Wallpaper များနှင့် Digital design Wallpaper များကို free ရယူနိုင်ပါတယ်။ JPG ပုံများဖြစ်သောကြောင့် memory ပမာဏနည်းပြီး၊ resolution အနေနဲ့ 800-600, 1024-768 နှင့်1400-900 အထိရယူနိုင်ပါတယ်။ နှစ်သက်ရာတစ်ပုံချင်းစီပေါ်မှာ normal click အရင်နှိပ်၍ ပုံကြီးချဲ့ပြီး၊ right click နှိပ်ခါ၊ save လုပ်ရုံပါပဲ။ Web image downloader ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေပါမယ်။ Animals, Articles , Art စသည်ဖြင့် A to Z Category များကို အစဉ်လိုက်စဉ်ထားပေးသောကြောင့် သင်နှစ်သက်ရာပုံကို လွယ်ကူစွာရှာဖွေနိုင်ပါတယ်။

0 comments:

Flash Graphic ပုံများစွာကို စိတ်ကြိုက် အဆင်သင့် ရယူနိုင်သည့် GlitterGraphicsNow Free Site

Myspace Songbutterflies glitteringkiss                        

                                   Flash Glitter Graphic ပုံများကို သင်၏ blog (သို့မဟုတ်) web site တွင် အဆင်သင့် ထည့်သွင်းဖေါ်ပြနိုင်ရန် စီစဉ်ပေးထားသော GlitterGraphicsNow free flash graphic site ပါ။ သင်နှစ်သက်ရာ flash graphic ပုံကိုရွေးချယ်ပြီး၊ HTML java script code ကို copy ကူးယူ၍ သင့် blog (သို့မဟုတ်) web site မှာ လွယ်ကူစွာ ထည့်သွင်းနိုင်ပါတယ်။ Category များအနေနဲ့ Angels, Animals, Baby Girl, Beautiful , Care Bears, Cherry စသည်ဖြင့် A မှ Z အလိုက် သင့်စိတ်ကြိုက် ရှာဖွေနိုင်ပါတယ်။

0 comments:

Escape from Lost Island PC game


                                  ပျောက်ဆုံးနေသော ကျွန်းတစ်ခုပေါ် သင်္ဘောပျက်ခါ ရောက်သွားသည့် လူငယ်လေးတစ်ယောက်က ပြန်လည်လွတ်မြောက်ရန် ကြိုးပမ်းမှုကို game တစ်ခုအဖြစ် ဖန်တီးထားပါတယ်။ အောက်တွင်ပေးထားသည့် Rapid share နှင့် File factory များမှ သင်အဆင်ပြေရာ URL တစ်ခုကို သင်၏ browser address bar တွင် paste လုပ်၍ enter ကိုနှိပ်ပါ။ ပြီးလျှင် exe file ကို download လုပ်ခါ install လုပ်ပြီး၊ ကစားနိုင်ပါပြီ။ System လိုအပ်ချက်များအနေနဲ့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1 comments:

Dark Parables: Curse of Briar Rose Collector's Edition PC game

                              Dark Parables: Curse of Briar Rose ကွန်ပျူတာဂိမ်းပါ။ Collector's Edition အနေနဲ့ advanced levels , screensaver နှင့် wallpapers များပါဝင်ပါသေးတယ်။ အောက်တွင်ပြထားသော URL လိပ်စာကို သင်၏ browser address box တွင် paste လုပ်၍ enter ကိုနှိပ်ပြီး၊ exe file ကို download လုပ်ပါ။ ပြီးလျှင် exe file ကို install လုပ်၍ ကစားနိုင်ပါပြီ။ System လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0 comments:

နှစ်သက်ရာ SWF movie file များကို screen saver အဖြစ်ဖန်တီးပေးမည့် InstantStorm

                                သင်နှစ်သက်ရာ SWF flash movie file များကို screen saver အဖြစ် လွယ်ကူစွာ သင့်စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ Exe file အဖြစ် save လုပ်ပေးပါတယ်။ Save မလုပ်မီ၊ သင်ဖန်တီးထားသော screen saver ကို preview ကြည့်နိုင်ပါသေးတယ်။ Screen rosolution နှင့် exit event များကိုလည်း advanced option မှာသင့်စိတ်ကြိုက် သတ်မှတ်ထားနိုင်ပါတယ်။


0 comments:

DJ ဝါသနာရှင်များအတွက် Mixxx DJ software


                                 အခြေခံရော၊ professional DJ ဝါသနာရှင်များပါ လွယ်ကူစွာ အသုံးပြုနိုင်သည့် DJ Mix software ပါ။ Music file နှစ်ခုကိုတစ်ပြိုင်နက်တည်း ဖွင့်ပြီး DJ အဖြစ်ဖန်တီးနိုင်ပါတယ်။ အခြား additional software များမလိုပဲ၊ Mixxx (version 1.7.2) software တစ်ခုတည်းနှင့်တင် live mix music များကို ဖန်တီးနိုင်ပါတယ်။ MP3, OGG, WAVE နှင့် FLAC file များကို အသုံးပြုနိုင်ပါတယ်။ သင်ဖန်တီးထားသော DJ သံစဉ်ကို WAV file အဖြစ် record လုပ်ထားနိုင်ပါသေးတယ်။

1 comments:

ပုံများကို လွယ်ကူစွာ effect များထည့်ပေးနိုင်သည့် PhotoFiltre software

                                         Image file များအတွက် လွယ်ကူစွာ edit လုပ်နိုင်ပြီး၊ effect များစွာထည့်ပေးနိုင်တဲ့ software ပါ။ Selection, clone brush, paint brush အစရှိသော standard tool များလည်း ပါဝင်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ လျှင်မြန်စွာ loading လုပ်နိုင်ခြင်းပါ။ BMP, JPEG, GIF, TIFF, PNG, အစရှိတဲ့ image file များအပြင် ico file အဖြစ်ပါ save လုပ်ထားနိုင်ပါတယ်။

1 comments:

Text ကို အသံအဖြစ် ပြောင်းလဲဖတ်ရှုပေးမယ့် Speakonia

                                Text နှင့်ရေးထားသော စာကြောင်းများကို အသံထွက်ဖတ်ပေးမည့် "Text-To-Speech" software ပါ။ Clipboard မှာ ရှိတဲ့ စာကြောင်းများကို အသံနှင့်ဖတ်ပြပေးမည်းအပြင်၊ လက်ရှိနာရီအချိန်နှင့် နေ့စွဲများကိုပါ အသံထွက်ပြီး ဖတ်ပြပေးနိုင်ပါတယ်။ သင်နှစ်သက်ရာ male or female အသံကိုအသုံးပြုနိုင်ပါတယ်။ ၎င်းအသံကို wave file အဖြစ် သိမ်းဆည်းထားနိုင်ပါတယ်။ Speakonia ကို Run ပြီးလျှင် free registration ပြုလုပ်ရန် Tool>>Options>>Registration ကိုသွား၍ သင့်အမည်၊ သင့် Email လိပ်စာ များကိုထည့်ပါ။ ပြီးလျှင် register လုပ်၍ Speakonia ကိုပြန်ပိတ်ပြီးလျှင် ပြန်ဖွင့်ပေးပါ။ Free and full version ရလာပါလိမ့်မည်။


1 comments:

အသုံးပြုလက်စ window နှင့် program များကို ဖျောက်ထားပေးမယ့် Verschwindibus


                                   သင်အသုံးပြုလက်စ program များနှင့် web page များအားလုံး (သို့မဟုတ်) သင်နှစ်သက်ရာ window တစ်ခုတည်းကို၊ (one key access) key တစ်ချက်တည်းနှင့် ဖျောက်ထားပေးနိုင်တဲ့ software ပါ။ Verschwindibus software ကို run ပြီးလျှင် system tray မှာ minimize လုပ်ထားပြီး၊ F8 ကို နှိပ်ပြီး window များကို ဖျောက်နိုင်ထားနိုင်ပါတယ်။ ပြန်လည်အသုံးပြုလိုပါက F7 ကိုနှိပ်ပြီး ပြန်ဖေါ်နိုင်ပါတယ်။ F8 ကိုနှိပ်ပြီး window များကို ဖျောက်ထားတဲ့အချိန်မှာ သင်အသုံးပြုနေတဲ့ window များကို toolbar မှာလည်း minimize အနေနဲ့ မြင်ရမှာမဟုတ်ပါဘူး။ F7 ကိုပြန်နှိပ်မှသာ ပြန်လည်အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ ၎င်းအပြင် desktop shortcut icon များနှင့် task bar ကိုပါဖျောက်ထားနိုင်ပါသေးတယ်။ Windows 95, Windows 98, Windows 2000, Windows ME နှင့် Windows XP များမှာ အသုံးပြုနိုင်ပါတယ်။

0 comments:

The Suffering free full version PC game


                                          Encore Software Inc ကထုပ်လိုက်တဲ့ "The Suffering" action and adventure game ပါ။ Torque ဟူသော လူအဖြစ်မှ monster အဖြစ်ပြောင်းလဲနိုင်စွမ်းရှိသော သူတစ်ယောက်က အဆိုးသွမ်းဆုံးထောင်တစ်ခုမှ လွတ်မြောက်ရန်ကြိုးပမ်းပုံနှင့် အခြားစွမ်းဆောင်မှုများ ကို game တစ်ခုအဖြစ် ကစားနိုင်ပါတယ်။ 1.26 GB ရှိပြီး၊ Windows 98/2000/ME/XP များမှာ ကစားနိုင်ပါတယ်။ System လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1 comments:

Professional လုပ်ဆောင်ချက်များစွာနှင့် video converter WinX HD Deluxe

                                Professional function ပေါင်းများစွာပါဝင်တဲ့ video converter ပါ။ Blu-ray,BDAV, M2TS, MKV, AVCHD, HDTV and MPEG-TS video movies အစရှိတဲ့ multi track HD video များအားလုံးကို support လုပ်ပါတယ်။ Build in video player ပါဝင်ပါတယ်။ HD camcorder တွေကနေရိုက်ထားတဲ့ video တွေကို iPad, iPod, iPhone, Apple TV, PS3, PSP, Xbox, Zune, PDA, Blackberry, Nokia, Android, Zen အစရှိတဲ့ portable နဲ့ console player တွေအတွက်လွယ်ကူစွာ ပြောင်းလဲပေးနိုင်ပါတယ်။ သာမန် video converter တွေထက် ၅ ဆကနေ ၁၅ ဆထိအောင် convert လုပ်တဲ့နှုန်း ပိုမိုမြန်ဆန်ပါတယ်။

0 comments:

Desktop screen ကို password နှင့် lock ချပေးမည့် Matrix Screen Locker

                            သင်အသုံးပြုလက်စ window screen ကို matrix အသွင် screen effect နှင့် lock ချထားပေးမယ့် software ပါ။ Install လုပ်ပြီးတာနဲ့ system tray ကိုရောက်သွားမှာဖြစ်ပြီး icon ပေါ်မှာ normal click တစ်ချက်နှိပ်လိုက်ရုံနဲ့ သင့် screen ကို lock ချပေးမှာပါ။ Install လုပ်ပြီးလျှင် system tray ရှိ Matrix Screen Locker icon ပေါ်တွင် right click နှိပ်၍ Set password ကိုသွားပါ။ ပြီးလျှင် သင်နှစ်သက်ရာ password ကို new password မှာ သေချာစွာရိုက်၍ OK ကိုနှိပ်ပါ။

0 comments:

Technology ဆိုင်ရာအတိုခေါက်စကားလုံးများကို ဘာသာပြန်ပေးမည့် AcronymGenie software

                               Computer, internet, information technology, programming, networking အစရှိတဲ့ technology နဲ့ပါတ်သက်တဲ့ အတိုခေါက်စကားလုံးအသုံးအနှုံးများကို ဘာသာပြန်ပေးမည့် dictionary software ပါ။ သင်သိလိုတဲ့ အတိုခေါက်စကားလုံးကို search box မှာရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ 700 KB တောင်မပြည့်အောင်သေးငယ်တဲ့ ဒီ AcronymGenie software မှာ information technology နဲ့ပါတ်သက်တဲ့ အတိုခေါက်စကားလုံးပေါင်း 17000 ကျော်ပါဝင်ပါတယ်။ Off line database software ဖြစ်တဲ့အတွက် မည်သည့် internet connection မှမလိုအပ်ပါဘူး။ Zip file ကို download လုပ်ပြီးလျှင် ပြန်ဖြည်၍ exe file ကို install လုပ်ရုံပါပဲ။ Free version ဖြစ်သည့်အတွက် donate လုပ်ရန် window ပေါ်လာသည်ကလွဲ၍ အသုံးတည့်သော software ဖြစ်ပါတယ်။


0 comments:

၁၄၇ နိုင်ငံရဲ့ ပထဝီအချက်အလက်များကိုရှာဖွေနိုင်ပြီး quiz game အဖြစ်ပါကစားလို့ရတဲ့ enigeo 2.1.0

                                    ကမ္ဘာပေါ်ရှိ နိုင်ငံ ၁၄၇ နိုင်ငံ၏ အလံ၊ မြို့တော်အမည်၊ အကျယ်အဝန်း၊ လူဦးရေ၊ ပါဝင်သည့်တိုက်၊ မြေပုံပေါ်ရှိတည်နေရာ အစရှိသည်တို့ကို ရှာဖွေနိုင်တဲ့အပြင်၊ quiz game တစ်ခုအဖြစ်ပါကစားလို့ရတဲ့ software ပါ။ ကစားရာတွင်ပါဝင်လိုသည့် နိုင်ငံအရေအတွက်နှင့် ကစားနည်းများကို သတ်မှတ်ထားနိုင်ပြီး၊ မေးခွန်းတစ်ခုစီတိုင်းအတွက် အချိန်သတ်မှတ်ပေးထားပါတယ်။ သင့်အဖြေမှားခဲ့လျှင်လည်း အသံနှင့် alert ပေးမည့်အပြင်၊ အဖြေမှန်ကိုဖေါ်ပြပေးပါတယ်။


1 comments: