Home

World's TV Channel များကို တိုက်ရိုက်ကြည့်ရှုနိုင်မည့် TVU Player 2.5.2.2


                                   P2P (Pear-to-Pear) ဟုခေါ်သော internet TV တစ်ခုဖြစ်သည့် TVU client ကို အသုံးပြု၍ နိုင်ငံတကာမှ TV channels ပေါင်း ၁၀၀ ကျော်ကို High Quality ဖြင့် သင့်ကွန်ပျူတာမှ တိုက်ရိုက်၊ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ News, Sports, Networks, Movies, Cartoons, Music, Fun, Lifestyle, Science, Shopping စသည်ဖြင့် Categories များအလိုက်ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ StarGames TV, ABC, American Unleashed, Blue Highways TV, CBN, CBS, CCTV channel 1 မှ 10, ESPN, Nostalgia channel များ, KUNG FU TV, Toons, TubTub Kids channel များ၊ PDTV channel များ, Imagine TV, FOX, Fight Night, SBS TV, Fashion TV စသည်ဖြင့် နိုင်ငံတကာမှ channel 100 ကျော်ကို ကြည့်ရှုနိုင်ပါတယ်။ Time zone နှင့် Channel ကိုရွေးပေးထားလျှင် ထုတ်လွင့်မည့် အစီအစဉ် schedule ကိုပါ ကြိုတင်ကြည့်ရှုနိုင်ပါသေးတယ်။

                                    Download လုပ်ပြီး၊ install လုပ်လျှင် firewall မှ block လုပ်ပါက၊ unblock လုပ်ပေးလိုက်ပါ။ ပြီးလျှင် သင်နှစ်သက်ရာ channel ကိုရွေးချယ်၍ ထုတ်လွှင့်သည့် အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ပါပြီ။ သာမန် satellite (သို့မဟုတ်) cable TV များထက်ခြားနားသည့် အချက်ကတော့ TVU Player တွင် legal မဟုတ်သည့် channels များကိုပါ ကြည့်ရှုနိုင်ခြင်းပါပဲ။ Sign up ပြုလုပ်ထားလျှင် ထုတ်လွင့်သည်များကို record ပါပြုလုပ်ထားနိုင်ပြီး၊ အခြား function များကိုပါ အသုံးပြုနိုင်ပါသေးတယ်။ 5 MB ကျော်သာရှိပြီး၊ Windows 2000, XP, Vista နှင့် Windows 7 များမှာ အသုံးပြုနိုင်ပါတယ်။ Mac အတွက်ပါ ရယူနိုင်ပြီး၊ Window များအတွက် portable ကိုပါ download လုပ်နိုင်ပါတယ်။
Update:    TVU Player 2.5.2.2 ကို မူရင်း download page တွင် download လုပ်၍ အဆင်မပြေပါက Ziddu site တွင် သွား၍ download လုပ်နိုင်ပါသည်။

4 comments:

  1. Anonymous23/4/10

    ဒေါင်းလို့မရဘူးဗျ ဘယ်လိုလုပ်ရမလဲပြောပြပါဗျာ ဘယ်မှာဒေါင်းရမလဲ

    ReplyDelete
  2. ဒေါင်းလို့မရဘူးဗျ ဘယ်လိုလုပ်ရမလဲပြောပြပါဗျာ ဘယ်မှာဒေါင်းရမလဲပြောပြပါဗျာ

    ReplyDelete
  3. Anonymous23/4/10

    TVU player ကို download လုပ်ရန် download page သို့အရင်သွားပါခမျာ...ပြီးရင်.."I agree with TVU term of service " မှ tick မရှိလျှင် tick လုပ်ပေးပါ။ Window အတွက်ဆိုရင် Download TVU for Window ကိုနှိပ်လိုက်ရင် Download လုပ်ရမယ့်နေရာကို ရောက်သွားပါလိမ့်မယ်။ Mac အတွက်ဆိုရင်လည်းအတူတူပါပဲ။ Download TVU for apple Mac ကိုနှိပ်ပြီး download လုပ်ရမယ့်နေရာကိုသွားပါခမျာ..
    Window အတွက် Download လုပ်ရမယ့်နေရာရောက်ရင် exe နှင့် zip file format များမှ နှစ်သက်ရာကို ရွေးပီးတော့ download လုပ်နိုင်ပါတယ်ခမျာ...အောက်မှာပေးထားတဲ့ image link များမှာကျေးဇူးပြုပြီး ကြည့်လိုက်ပါခမျာ....အဆင်မပြေလျှင် ကျေးဇူးပြု၍ ပြန်ပြောပါအုံးခမျာ...ကျေးဇူးပါခမျာ... :)

    image link for Window: http://img40.imagefra.me/img/img40/6/4/23/stamedia/f_sm_981a3e8.jpg

    image link for Mac: http://img38.imagefra.me/img/img38/6/4/23/stamedia/f_dm_83a2051.jpg

    ReplyDelete
  4. Anonymous23/4/10

    Download လုပ်လို့အဆင်မပြေသေးလျှင် Ziddu site မှာ Window အတွက် TVUexe file ကိုတင်ပေးထားပါတယ်။ အဆင်ပြေပါစေ..

    ReplyDelete