Home

သင်နှစ်သက်ရာ Site များမှ update status ကိုသင့် Gmail window မှကြည့်လိုလျှင်

                              ပုံမှာပြထားတဲ့အတိုင်း သင်နှစ်သက်ရာ (သို့မဟုတ်) သင့်ကိုယ်ပိုင် web site (သို့မဟုတ်) blog တစ်ခုခုရဲ့ update လုပ်ထားတဲ့ post အသစ်များကို သင့် Gmail window ကနေပြီးတော့ inbox ၏အထက်ရှိ web clip ဟူသောနေရာတွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ၎င်း web clip နေရာတွင် ပုံမှန်အတိုင်းဆိုလျှင် Google မှ ကြော်ငြာများ နှင့် original ထည့်ပေးထားသော site များမှ post များကိုဖေါ်ပြနေမှာပါ။ သင်နှစ်သက်ရာ site များ၏ web clip ကိုမြင်တွေ့နိုင်ရန်အတွက် သင့် Gmail window မှ Settings ကိုသွားပါ။ ထို့နောက် Web clips ကိုထပ်သွားပါ။  ပြီးလျှင် Show my web clips above the inbox ရှေ့မှ check box ကို check ပေးပါ။  
                             ပြီးလျှင် window ၏ ဘယ်ဘက်ခြမ်းတွင်ရှိသော Search by topic or URL တွင် သင်နှစ်သက်ရာ website (သို့မဟုတ်) သင့် blog ၏ URL (သို့မဟုတ်) key word ကိုရိုက်၍ရှာပါ။ သင်ရှာသော site များကျလာလျှင် သင်၏ URL လိပ်စာကို သေချာစစ်၍ သင်၏ site မှန်လျှင် Add ကိုနှိပ်ပေးပါ။ Feed လိပ်စာကိုလည်း add လုပ်နိုင်ပါတယ်။ ထို့နောက် Settings menu မှပြန်ထွက်ပြီး Inbox သို့ပြန်သွားပါ။ ပုံတွင်ပြထားသည့်အတိုင်း web clips နေရာတွင် သင် add လုပ်လိုက်သော site မှ post များကို တလှဲ့စီဖေါ်ပြနေတာကို တွေ့ရပါလိမ့်မယ်။ ၎င်းအပြင် ရှိပြီးသား web clips များမှ သင် remove လုပ်လိုသော site များကိုလည်း remove ကိုနှိပ်ပြီး ဖယ်ရှားနိုင်ပါတယ်။

0 comments: