Home

Gmail တွင် mail conversation များကို အလွယ်ပြောင်းလဲဖတ်ရှုလိုလျှင်

                                  Mouse ကိုအသုံးပြုရာမှာ အားသာသူများအတွက် Gmail မှာ mail conversation တစ်ခုမှနောက်တစ်ခုကို mouse တစ်ချက်ဝှေ့ရုံနဲ့ လွယ်ကူစွာ ပြောင်းလဲနိုင်ပါတယ်။ Back to Inbox ကိုပြန်သွားစရာမလိုပါဘူး။ ထိုသို့အသုံးပြုရန်အတွက် ပထမဦးစွာ သင့် Gmail ကို ဖွင့်ပါ။ ထို့နောက် Gmail window ၏အပေါ်ညာဘက်ထောင့်ရှိ Settings ကို သွားပါ။ ( သင့် Gmail တွင် အစိမ်းရောင် Labs shortcut ကိုတွေ့ရပါက၊ ၎င်း Labs ကိုတခါတည်းသွားနိုင်ပါသည်။ ) ပြီးလျှင် Labs menu သို့သွားပါ။ Labs menu ၏အောက်တွင် Mouse gestures menu ကိုရှာပြီး enable ကိုနှိပ်ပေးပါ။ ပြီးလျှင် keyboard မှ End key ကိုနှိပ်၍ စာမျက်နှာ၏အောက်ဆုံးသို့သွားပြီး Save Changes ကိုနှိပ်ပါ။

                                  သင့် Gmail window သည် reload ပြန်လုပ်ပြီးသည့်နောက်၊ သင်နှစ်သက်ရာ mail တစ်စောင်ကို ဖွင့်ပါ။ ပြီးလျှင် သင့် mouse ၏ right click ကို နှိပ်ထား၍ ယာဘက်သို့ drag အနည်းငယ်ဆွဲကြည့်ပါ။ မျှားသင်္ကေတတစ်ခုပေါ်လာပြီးလျှင်၊ နောက်(next) mail conversation သို့ပြောင်းသွားမည်ဖြစ်ပြီး၊ ဘယ်ဘက်သို့ drag ဆွဲပါက ယခင်(previous) mail conversation သို့လျှင်မြန်စွာ ပြောင်းလဲသွားသည်ကို တွေ့ရပါလိမ့်မည်။

0 comments: