Home

iOS 6.1.3 မှာလည်း Lockscreen ကို bypass လုပ်ခါ Contact ကို ဝင်ရောက်နိုင် (Security issue)

                             Evasi0n တို့ jailbreak မလုပ်နိုင်သေးတဲ့ နောက်ဆုံးထွက် iOS 6.1.3 မှာ Apple ရဲ့ security report အရ lockscreen ကို bypass ကျော်နိုင်ခြင်းကို ပြင်ဆင်ပေးထားခဲ့တယ်လို့ ဆိုထားပေမယ့် ယခု အောက်တွင်ပြထားသော Youtube video တစ်ခုမှ lockscreen ကို bypass ကျော်ပုံကို ပြသထားတာကိုတွေ့ မြင့်ရမှာဖြစ်ပါတယ်။ ဒီတစ်ခါတော့ security ပြဿနာက Voice dial လို့ခေါ်တဲ့ အသံနှင့် ဖုန်းနံပါတ်နှိပ်ခါ ဖုန်းခေါ်တဲ့ စနစ်ကနေ ဖြစ်စေတာပဲဖြစ်ပါတယ်။ Video မှာပြထားသည့်အတိုင်း Voice dial ဖြင့် ဖုန်းခေါ်စေခါ sim card ကို ရုတ်တရက်ဆွဲဖြုတ်လိုက်လျှင် contact screen ကို အလိုအလျှောက် ပြန်ရောက်သွားပါတယ်။

iOS 6.1.3, Evasi0n နှင့် Untethered Jailbreak

                                         iOS 6 ရဲ့ နာမည်ကြီး untethered jailbreak အဖွဲ့ Evasi0n ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရေကို စိန်ခေါ်လိုက်သည့် iOS 6.1.3 ကို Apple တို့ မတ်လ ၁၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ ယခု iOS 6 မှာ အဓိကအနေနဲ့ lock screen ကို ကျော်၍ ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ခြင်း၊ voice mail များကို နားထောင်နိုင်ခြင်း၊ ဓါတ်ပုံများကို ကြည့်ရှုနိုင်ခြင်း စသည့် security ပိုင်းဆိုင်ရာအားနည်းချက်များကို ပြင်ဆင်ပေးထားပြီး၊ ဂျပန်နိုင်ငံ၏ မြေပုံကို update လုပ်ထားပါတယ်။ ဒါ့အပြင် Evasi0n အတွက် iOS စနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန် အထောက်အကူဖြစ်စေတဲ့ အားနည်းချက်များကိုလည်း ပြန်လည်ပြင်ဆင်ပေးလိုက်သေးတယ်လို့ သိရပါတယ်။ iOS 6.1.2 ထိအောင်နေ့ခြင်းညခြင်း untethered jailbreak tool ထွက်ရှိပေးခဲ့တဲ့ Evasi0n အဖွဲ့ကတော့ ယခုအချိန်ထိအောင် jailbreak နဲ့ပါတ်သက်လို့ နှုတ်ဆိတ်နေဆဲပဲရှိပါသေးတယ်။ ဒါ့အပြင် နောက်ဆုံးထွက် iPhone 5, iPhone 4S, iPad နှင့် iPod touch 5th-generation iDevice များမှာ iOS 6.1.3 ကို အကြောင်းအမျိုးမျိုးကြောင့် တင်လိုက်မိပါက 6.1.2 သို့ပြန်လည် downgrade ပြုလုပ်ဖို့ကိုလည်း မည်သည့် tool မျှ မစွမ်းဆောင်နိုင်သေးဘူးလို့ သိရပါတယ်။

ဘက်ထရီအားမခံသည့် အချက်နှင့် contact application ပြဿနာကို ဖြေရှင်းပေးမည့် iOS 6.1.2 update နှင့် jailbreak


                    နောက်ဆုံးထွက်ခဲ့တဲ့ iOS 6.1.1 မှာ အဓိကအားဖြင့် iPhone 4S အသုံးပြုသူများအနေနဲ့ ဘက်ထရီအားကုန်လွယ်ခြင်း၊ Exchange Calendar နှင့် Contact application များမှာ ပြသနာအချို့ရှိနေခြင်း၊ Wifi network ချိတ်ဆက်ရာတွင် အဆင်မပြေခြင်း များကို ဖြေရှင်းနိုင်ဖို့ Apple မှ iOS 6.1.2 ကို ထပ်မံ ထုပ်လုပ်လိုက်ပါတယ်။ ယခုထွက်ရှိလာတဲ့ update iOS 6.1.2 ကို ယခင် iOS 6.1 တင်ထားသည့်မည်သည့် iDevice မဆို update လုပ်နိုင်ပြီး၊ iPhone 3GS နှင့်အထက်, iPad 2 နှင့် အထက်, iPod touch 4G နှင့်အထက် အပါအဝင် iPhone 5 တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကြိုးမဲ့စနစ်ဖြင့် မျှဝေအသုံးပြုနိုင်မည့် Adata ၏ DashDrive Air AE400 (Wireless card reader)

                            စမတ်ဖုန်း များနှင့် tablet ကွန်ပျူတာများမှ desktop ကွန်ပျူတာခေတ်ကို တဖြည်းဖြည်း အစားထိုးနေရာယူ လာသည့်အနေအထားတွင် တိုင်ဝမ် အခြေစိုက် flash memory device များထုပ်လုပ်သည့် နည်းပညာကုမ္ပဏီ ADATA Technology မှ ကြိုးမဲ့ Card reader တစ်ခုကဲ့သို့ အသုံးပြုနိုင်မည့် DashDrive Air AE 400 ကို စတင်မိတ်ဆက်လိုက်ပါတယ်။ USB flash drive, SD card, External Hard disk ကဲ့သို့သော portable device များကို ယခု AE 400 တွင်ချိတ်ဆက်ခါ ၄င်း portable device များတွင်ထည့်သွင်းထားသော သီချင်းများ၊ ဗွီဒီယိုများ နှင့် အခြား file များကို mobile device များမှ အင်တာနက် လိုင်းမလိုပဲ ကြိုးမဲ့ စနစ်ဖြင့် မျှဝေ သုံးစွဲနိုင်ကြမှာဖြစ်ပါတယ်။ AE 400 မှာ 802.11 b/g/n wireless hotspot စနစ်ကို အသုံးပြုထားပြီး၊ internet ချိတ်ဆက်ခါ ၄င်း device မှတစ်ဆင့် အခြား device ၁၀ ခုအထိ internet connection ကို တပြိုင်တည်း ဖမ်းယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Evasi0n Tool ဖြင့် iOS 6 မှ 6.1 အထိ Jailbreak ပြုလုပ်ပုံ အသေးစိတ်

                            iOS 6, iOS 6.0.1, iOS 6.0.2 နှင့် iOS 6.1 သုံး iDevice များအတွက် Eavasi0n ရဲ့ Untethered Jailbreak tool ထွက်ရှိလို့လာပါပြီ။ ၄င်းတို့ကြေညာထားသည့် ရက်မှ အနည်းငယ် နောက်ကျထွက်ရှိခဲ့ပေမယ့် လောလောဆယ် iOS 6 ကနေ 6.1 အထိ untethered jailbreak လုပ်ဖို့အတွက်တော့ ပထမဦးဆုံး tools တစ်ခုဖြစ်နေပါတယ်။ Jailbreak လုပ်လို့ရမယ့် မော်ဒယ်တွေကတော့  iPhone 3GS, iPhone 4, iPhone 4S နှင့် iPhone 5, iPad 2, iPad 3, iPad 4 နှင့် iPad mini, iPod Touch 4G နှင့် iPod Touch 5G, Apple TV 2 တို့ပဲဖြစ်ပါတယ်။ 

iOS 6.0 မှ 6.1 iDevice များအတွက် Evasi0n ၏ Untertnered jailbreak တနင်္ဂနွေနေ့ ည မြန်မာစံတော်ချိန် ၁၂ ခွဲ ထွက်မည်

                                    iOS 6.1/6.0.2/6.0.1/6.0 သုံး Apple iDevices များအားလုံးအတွက် Untethered Jailbreak software ကို Evasi0n မှ လာမယ့် တနင်္ဂနွေနေ့ (3/2/13) မြန်မာစံတော်ချိန် ည ၁၂ နာရီခွဲ မှာ စတင် မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ Evasi0n iOS 6.1 untethered jailbreak tool ကိုအသုံးပြုပြီး၊ iPhone 5,iPhone 4S, iPhone 4, iPhone 3GS, iPad 4, iPad 3, iPad 2, iPad mini, iPod touch 5, iPod touch 4, Apple TV 2 များအားလုံး ကို jailbreak ပြုလုပ်နိုင်မှာဖြစ်ပြီး Apple TV 3 အတွက်တော့ ယခု version နှင့်မရသေးကြောင်း Evasi0n ရဲ့ blog မှာ ဖေါ်ပြထားပါတယ်။ အခြားနိုင်ငံများအတွက် Evasi0n Jailbreak tool ကို ထုတ်ဖေါ်ပြသမည့် အချိန်ကိုတော့ အထက်ပါပုံတွင် ကြည့်ရှုနိုင်ပါတယ်။

iPhone, iPad, iPod touch အသုံးပြုသူများအတွက် Ornagai 2 မြန်မာအင်္ဂလိပ် အဘိဓါန် version အသစ်

 

                               မြန်မာ mobile ဖုန်းအသုံးပြုသူများ အားလုံးအားသုံးပြုဖူးကြတဲ့ Ornagai 2 update ထွက်ရှိလာပါပြီ။ Ornagai 2 မှာ စကားလုံးတစ်လုံး၏ အဓိပ္ပါယ်ကို မြန်မာမှ အင်္ဂလိပ်၊ အင်္ဂလိပ်မှ မြန်မာ အပြန်အလှန် ပြန်ဆိုပေးနိုင်ပြီး၊ အင်္ဂလိပ် စကားလုံးများအတွက် Text to Speech လို့ခေါ်တဲ့ အသံထွက်ပေးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ မြန်မာ မှ အင်္ဂလိပ်သို့ ရှာဖွေနိုင်ရန် မြန်မာစာ ကီးဘုတ် ကိုထည့်သွင်းပေးထားပြီး၊ ၄င်း ကီးဘုတ်ကို အသုံးပြုနိုင်ရန် ဇော်ဂျီ မြန်မာစာစနစ် သီးခြားထည့်သွင်းထားစရာ မလိုအပ်ပါဘူး။

Apple mobile device များအတွက် အသစ်ထွက် iOS 6.1 Features & Download

                              Apple mobile device များဖြစ်သည့် iPad, iPhone, iPod touch များအတွက် Operating System Firmware အသစ် iOS 6.1 ကို Apple မှ တရားဝင် update ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အသစ်ထပ်မံထည့်သွင်းပေးလိုက်တဲ့ Feature များကတော့ နောက်ဆုံးပေါ် mobile network တစ်ခုဖြစ်တဲ့ LTE (Long Term Evolution) network ပါဝင်လာခြင်း၊ အမေရိကားတွင် အသုံးပြုသူများအတွက် ရုပ်ရှင်လက်မှတ်များကို Siri မှတစ်ဆင့် အမိန့်ပေးစေခိုင်းခါ ဝယ်ယူနိုင်ခြင်း၊ iTunes Match subscribers များအတွက် သီချင်းများကို iCloud မှတစ်ဆင့် ဝယ်ယူ download လုပ်နိုင်ခြင်း၊ ကြော်ငြာများကို ခြေရာခံသည့်စနစ်ကို လွယ်ကူစွာ reset ပြုလုပ်စေနိုင်မည့် Advertising Identifier reset button ပါဝင်ခြင်း၊ Apple TV ကို iPad, iPhone, iPod touch တစ်ခုခုမှတစ်ဆင့် Bluetooth စနစ်အသုံးပြုထားသည့် Keyboard ဖြင့် စေခိုင်းနိုင်ခြင်း၊ စသည်တို့ပဲဖြစ်ပါတယ်။

128 GB ဆံ့ Apple ရဲ့ iPad 4 လာတော့မည့်

                                လက်ရှိအသုံးပြုနေသည့် Apple ရဲ့ iPad တွေမှာ အများဆုံး 64 GB ထိအောင် data များသိုလှောင်နိုင်သည့် ပမာဏရှိနေပြီး၊ ထို့ထက်ပိုမို သိုလှောင်နိုင်မယ့် iPad ကို Apple တို့ စတင် ထုတ်လုပ်ဖို့ရန် ရည်ရွယ်နေကြပါပြီ။ ဆက်လက်ထုတ်လုပ်မယ့် iPad ရဲ့ သိုလှောင်နိုင်မှုပမာဏကတော့ 128GB flash memory ရှိမှာဖြစ်ပြီး၊ အပြင်ပိုင်း ဒီဇိုင်းနှင့် အခြား function များကိုတော့ ပြောင်းလဲနိုင်ဖွယ် မရှိသေးကြောင်း 9to5mac.com မှာ ဖေါ်ပြထားပါတယ်။ လက်တလော အပြိုင်အဆိုင်များပြီး၊ ထင်သလောက် ဈေးကွက်မရခဲ့တဲ့ အနေအထားကို ပြန်လည် ထိမ်းသိမ်းနိုင်စေရန် ရည်ရွယ် ချက်ဖြင့် အဆောတလျင် ထုတ်လုပ်မည့် 128 GB ဆံ့ Apple iPad မှာ ယခင် iPad များကဲ့သို့ပင် အဖြူနှင့် အနက် ၂ ရောင်လာမည်ဖြစ်ပြီး၊ Wifi သီးသန့် နှင့် Wifi+ Cellularဗားရှင်း နှစ်မျိုးထွက်လာမှာ ဖြစ်ပါတယ်။ 

Mobile Gamer များအတွက် Temple Run 2 အသစ်ထွက်ရှိ

 
                           နာမည်ကြီး Mobile Game Temple Run Brave ကို အကြိုက်ဆော့ကစား ခဲ့သူများအတွက် Imangi Studios ရဲ့ ထပ်မံဖန်တီးမှုအဖြစ် Temple Run 2 ထွက်ရှိလာပါပီ။ Temple Run 2 မှာ ယခင် Temple Run Brave ထက် Graphics ပိုင်း ပိုမိုကောင်းမွန်လာပြီး၊ ပြေးလမ်းများကိုလည်း ကြိုးတန်းများတွင် ခိုပြေးခြင်း၊ ကုန်းတက် ကုန်းဆင်းများတွင် ပြေးခြင်း၊ မိုင်းရထားတွဲများပေါ်တွင် တက်ပြေးခြင်း စသော ပါတ်ဝန်းကျင်အသစ် နှင့် အသုံးပြုသည့် ပစ္စည်းသစ် များထည့်သွင်း ထားပါတယ်။  Powerups နှင့် Achievements များကိုလည်း အသစ်များထပ်မံ ထည့်သွင်း ပေးထားသည့်အပြင် Character တစ်ယောက်စီအတွက် သီးခြား Special အသုံးပြုနိုင်မယ့် Feature များကိုပါ ဆော့ကစားနိုင်ပါတယ်။ 

အသစ်ထွက်ရှိမယ့် iPhone 6 ခန့်မှန်း Design

                           
                            iPhone 5 ထွက်ရှိပီးလို့ မကြာသေးတဲ့အချိန်မှာပဲ Apple ရဲ့ ထုံးစံအတိုင်း အစဉ်လိုက် ထပ်မံထွက်ရှိမယ့် iPhone 6 ဒါမှမဟုတ် iPhone 5S ရဲ့အကြောင်းကို Apple Brand ကြိုက်နှစ်သက်သူတိုင်း စိတ်ဝင်စားလာကြမှာပါ။ အီတလီလူမျိုး ဒီဇိုင်နာ Federico Ciccarese ဟာ ယခင် iPhone pre-design များကဲ့သို့ပဲ သူ့ရဲ့ စိတ်ကူးနဲ့ ကြိုတင်ခန့်မှန်းခါ ထပ်မံထွက်ရှိမယ့် iPhone 6/ 5S ရဲ့ ဒီဇိုင်းကို ပုံမှာပြထားတဲ့အတိုင်း ရေးဆွဲထားပါတယ်။

မေ့တတ်သူများအတွက် Stick 'N' Find bluetooth စတစ်ကာလေးများ

                
                               သတိမေ့တတ်သူများအတွက် အသုံးဝင်နိုင်မယ့် mobile gadget တစ်ခုပါ။  မိမိသုံးနေကြ ဖုန်းကို တစ်နေရာရာတွင် ချခဲ့ပြီး၊ နောက်တစ်ခါ ပြန်အသုံးပြုချင်လျှင် ထားခဲ့သောနေရာကို မမှတ်မိတော့ ပါက အခြားဖုန်းတစ်လုံးလုံးနှင့် ခေါ်ဆိုကြည့်လျှင် ဖုန်း Ring သံကို နားထောင်ပြီး၊ ပြန်လည်ရှာတွေ့နိုင်ပါတယ်။ အလားတူ အရေးကြီးသော့တွဲများ၊ တီဗွီရီမုများ၊ အိမ်မွေးတိရိစ္ဆာန် ကလေးများ  ပျောက်ဆုံးပါက အထက်ပါအတိုင်း ခေါ်ဆို၍ မဖြစ်နိုင်တော့ပါဘူး။ ဆယ်ပြားစေ့အရွယ်သာရှိပြီး၊ bluetooth 4.0 system အသုံးပြုထားတဲ့ Stick 'N' Find စတေကာလေးများကို အထက်ပါ ပစ္စည်းများမှာ ကပ်ပေးလိုက်ပြီး၊ မိမိအသုံးပြုနေကျ ဖုန်းမှတစ်ဆင့် ရှာဖွေနိုင်ပါတယ်။

                     အသုံးပြုဖို့ကတော့ Stick 'N' Find sticker ကို ရှာဖွေလိုသော ပစ္စည်းများပေါ်မှာ ကပ်ပေးထားပြီး၊ iPhone 4s, iPhone 5, New Ipad, iPad mini, New iPod touch နဲ့ Android 4.1 system သုံး device တစ်ခုခုမှာ Stick 'N' Find Application ကို install လုပ်ပေးထားရပါမယ်။ ပြီးလျှင် sticker နာမည် များကို configure လုပ်ပေးထားပြီး၊ ရှာဖွေလိုသော အချိန်မှာ Stick 'N' Find application ကိုဖွင့်ခါ ပေ ၁၀၀ အတွင်း ရှာဖွေပေးနိုင်ပါတယ်။ လဲလှယ်ပေးနိုင်တဲ့ CR2016 ဘက်ထရီ ပါဝင်ပြီး၊ သက်တမ်းကတော့ တစ်ရက်ကို ၃၀ မိနစ်အသုံးပြုပါက တစ်နှစ်ခံမယ်လို့ ဆိုပါတယ်။ လောလောဆယ် အားနဲချက်ကတော့ sticker ရဲ့ တည်နေရာ အရပ်မျက်နှာနှင့် အကွာ အဝေး ကိုအတိအကျ ဖေါ်ပြပေးနိုင်ခြင်းမရှိသေးပဲ၊ application radar မှာ sticker တစ်ခုပေါ်လာသည်နှင့် ရှေ့တိုးနောက်ဆုတ်လုပ်ခါ ချဉ်းကပ်ရှာဖွေရမှာဖြစ်ပါတယ်။ အသေးစိတ်ကို http://www.sticknfind.com/ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။


Apple device များအတွက် ထူးခြားသည့် Facebook ၏ Poke application

                     
                       Facebook ရဲ့ ပြန်လည် ရုပ်သိမ်းသွားတဲ့ Poke function ကို official poke application တစ်ခုအနေနဲ့ iOS device များအတွက် စတင်ဖြန့်ချီ လိုက်ပါပြီ။ ဒီ application မှာ Facebook friend အချင်းချင်း Text message သာမက Picture, Video message များနှင့်ပါ Poke လုပ်နိုင်ပါတယ်။ Poke application ရဲ့ထူးခြားချက်ကတော့ Self destruction ဆိုတဲ့ အလိုအလျောက် ဖျက်စနစ် ပါဝင်ခြင်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ Friend list ထဲမှ တစ်စုံတစ်ယောက်ကို Poke လုပ်လိုက်ပါက တစ်ဖက်လူမှ Poke message ကိုစတင်ကြည့် လိုက်သည်နှင့် သတ်မှတ်ထားသော အချိန်ပြည့်လျှင် ၄င်း Message မှာ မိမိ၏ Account မှာရော၊ Poke လုပ်သူရဲ့ Account မှာပါ အပီးအပိုင် ပျောက်ပျက်သွားမှာ ဖြစ်ပါတယ်။

မှတ်မိလိုသမျှ မပျက်မိစေဖို့ ရှိထားသင့်သည့် Evernote

                                Computer အသုံးပြုသူတိုင်း Window 7 မှာရော Vista မှာ ပါ Note gadget တွေ အသင့်ထည့်ပေးထားတာကို သတိထားမိမှာပါ။ အကြောင်းအရာ အမျိုးမျိုးကို နောင်တစ်ချိန်တွင် ပြန်လည် မှတ်မိနေစေရန်နှင့် ပျောက်ပျက် မသွားစေရန်၊ အထက်တွင် ရေးခဲ့သည့် Window note gadget များမှာ ရေးဖူး၊ မှတ်ဖူး၊ သုံးဖူးကြပါလိမ့်မယ်။ သို့ရာတွင် ၄င်း built-in ပါဝင်သော note gadget များတွင် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပြီး၊ အဓိကပြသနာမှာ Window note gadget များမှာ မြန်မာ Zawgyi font အသုံးပြု၍ အဆင်မပြေခြင်း ပင်ဖြစ်ပါတယ်။ အထက်ပါ အခက်အခဲများကို အဆင်ပြေနိုင်စေရန် 2011 နောက်ပိုင်းမှစ၍ နာမည်ကြီးလာပြီး၊ ယခုအခါ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူပေါင်း ၄၅ သန်းကျော် ရှိနေပြီဖြစ်သည့်၊ Evernote application လေးက ကူညီနိုင်ပါတယ်။