Home

iOS 6.1.3, Evasi0n နှင့် Untethered Jailbreak

                                         iOS 6 ရဲ့ နာမည်ကြီး untethered jailbreak အဖွဲ့ Evasi0n ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရေကို စိန်ခေါ်လိုက်သည့် iOS 6.1.3 ကို Apple တို့ မတ်လ ၁၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ ယခု iOS 6 မှာ အဓိကအနေနဲ့ lock screen ကို ကျော်၍ ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ခြင်း၊ voice mail များကို နားထောင်နိုင်ခြင်း၊ ဓါတ်ပုံများကို ကြည့်ရှုနိုင်ခြင်း စသည့် security ပိုင်းဆိုင်ရာအားနည်းချက်များကို ပြင်ဆင်ပေးထားပြီး၊ ဂျပန်နိုင်ငံ၏ မြေပုံကို update လုပ်ထားပါတယ်။ ဒါ့အပြင် Evasi0n အတွက် iOS စနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန် အထောက်အကူဖြစ်စေတဲ့ အားနည်းချက်များကိုလည်း ပြန်လည်ပြင်ဆင်ပေးလိုက်သေးတယ်လို့ သိရပါတယ်။ iOS 6.1.2 ထိအောင်နေ့ခြင်းညခြင်း untethered jailbreak tool ထွက်ရှိပေးခဲ့တဲ့ Evasi0n အဖွဲ့ကတော့ ယခုအချိန်ထိအောင် jailbreak နဲ့ပါတ်သက်လို့ နှုတ်ဆိတ်နေဆဲပဲရှိပါသေးတယ်။ ဒါ့အပြင် နောက်ဆုံးထွက် iPhone 5, iPhone 4S, iPad နှင့် iPod touch 5th-generation iDevice များမှာ iOS 6.1.3 ကို အကြောင်းအမျိုးမျိုးကြောင့် တင်လိုက်မိပါက 6.1.2 သို့ပြန်လည် downgrade ပြုလုပ်ဖို့ကိုလည်း မည်သည့် tool မျှ မစွမ်းဆောင်နိုင်သေးဘူးလို့ သိရပါတယ်။

                               ဒီနေရာမှာ Apple ရဲ့ iDevice old model အဟောင်းများဖြစ်တဲ့ A4 processor သုံး iPhone 4G, iPhone 3GS နှင့် iPod Touch 4G တွေကတော့ ကံအားလျော်စွာ နောက်ဆုံးထွက် iOS 6.1.3 ကို jailbreak ပြုလုပ်ခါ အသုံးပြုခွင့် ရနိုင်မှာဖြစ်ပါတယ်။ သို့သော် Untethered jailbreak တော့မဟုတ်ပါဘူး။ တချိန်က Jailbreak လောကမှာ နာမည်ရခဲ့တဲ့ Redsn0w ရဲ့ နောက်ဆုံးထွက် jailbreak tool ကိုသုံးပြီး iOS 6.1.3 ကို tethered jailbreak ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Tethered jailbreak တို့ရဲ့ ထုံးစံအတိုင်း Power ကျလို့မရပါဘူး။ ကွန်ပျူတာနှင့်ဆက်ခါ Redsn0w application နှင့် ချိတ်ဆက်ထားခြင်းမရှိပဲ Power ပိတ်ပြီးပြန်ဖွင့် (restart) တာနဲ့ jailbreak စနစ်ပျက်ပြယ်ပြီး၊ အစအဆုံး jailbreak ပြန်လုပ်ရမှာဖြစ်ပါတယ်။ ဒါကလည်း Apple ရဲ့ ပညာရှင်တွေနဲ့ Jailbreaker များ ယှဉ်ပြိုင်ရာကနေ ရရှိခဲ့တဲ့ သင်္ခန်းစာတွေကို အခြေခံလို့ သူ့ရဲ့ iOS ကို အတတ်နိုင်ဆုံး ဖာထေးထားခြင်းပဲဖြစ်ပါတယ်။ Cydia store မှ အချို့ Add-on များကို install ပြုလုပ်ခါ Power on / off function ကို password ဖြင့် manually disabled ပြုလုပ်ထားနိုင်သော်လည်း အနဲဆုံးတော့ battery အားမနိုင်တဲ့တစ်ချိန် Power ကျမှာပဲဖြစ်ပါတယ်။
                               ဘယ်လိုပဲဖြစ်စေ Download အကြိမ်ရေ ၇ သန်းခန့် ပြုလုပ်ခံခဲ့ရသည့် Evasi0n tool ရဲ့ developer evad3rs မှနောက်ဆုံးထွက် iOS 6.1.3 အတွက် untethered jailbreak tool အသစ်မပြုလုပ်နိုင်သည့်တိုင်အောင် ငကန်းသေလျှင် ငစွေပေါ်လာတတ်တဲ့ နည်းပညာ hacking လောကမှာ အခြား iOS hacker အဖွဲ့တစ်ခုမှ Apple ကိုစိန်ခေါ်သည့် untether jailbreak စနစ်ကတော့ ပေါ်ပေါက်လာမှာ အသေအခြာပဲဖြစ်နေပါတော့တယ်။

Download iOS 6.1.3

0 comments: