Home

Google ကလည်း Motorola နှင့် ပေါင်းခါ စမတ်နာရီထုတ်မည်

                             Sony ၏ ထုတ်လုပ်ပြီး SmartWatch, Apple ၏ အတည်မပြုရသေးသော iWatch နှင့် Samsung ၏ အတည်ပြုပြီး Altius smart watch သတင်းများထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း Google မှလည်း စမတ်နာရီတစ်မျိုးကို ထုပ်လုပ်နေတယ်လို့ သတင်းများထွက်ပေါ်လာပြန်ပါတယ်။ Financial Times ဝဘ်ဆိုက်စာမျက်နှာမှာ ဖေါ်ပြထားတာကတော့ Google ပိုင် Motorola မိုဘိုင်းကုမ္ပဏီမှ ဝတ်ဆင်အသုံးပြုနိုင်သော Android စနစ်ဖြင့် ချိတ်ဆက်ထားသည့် ပစ္စည်းတစ်မျိုးကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ကလည်း Motorola ကုမ္ပဏီမှ MocotoACTV လို့ခေါ်တဲ့ အားကစားသုံး နှင့် သီချင်းနားထောင်နိုင်ရန် နာရီတစ်မျိုးကို ထုတ်လုပ်ခဲ့ဖူးတဲ့အတွက် လက်တွေ့မှာတော့ Apple, Samsung တို့နှင့်စာလျှင် Google ပိုင် Motorola မှ စမတ်ဖုန်း ထုတ်လုပ်မှုမှာ အတွေ့အကြုံရှိခဲ့ဖူးတယ်လို့ ပြောလို့ရပါတယ်။

                              အချို့ဝဘ်ဆိုက်များမှာ ဖေါ်ပြထားတာကတော့ ယခုနှစ်နွေရာသီ အမှီကို Google ၏ စမတ်နာရီကို ဈေးကွက်အရောက် ထုတ်လုပ်ပေးနိုင်မယ်လို့ သိရပေမယ့် လောလောဆယ်ထိအောင် အတည်မပြုသေးတဲ့အတွက် မျှော်လင့်စရာတော့မရှိပါဘူး။ Touch စနစ်သုံး စမတ်ဖုန်းလောကမှာ နောက်ကောက်ကျနေခဲ့တဲ့ Motorola ဟာ Google နဲ့ပူးပေါင်းပြီး X Phone လို့အမည်ရတဲ့ Android စနစ်သုံး စမတ်ဖုန်းကို ယခု သတင်းထွက်နေတဲ့ Google ရဲ့ စမတ်နာရည်နဲ့ တပြိုင်တည်း ဈေးကွက်တင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဖေါ်ပြထားပါတယ်။ ယခုသတင်းများသာ Google မှအတည်ပြုလိုက်ပါက လက်ရှိအတည်ပြုကြေညာပြီး Google Glass နှင့် ယခု စမတ်နာရီ၊ ပြီးနောက် Motorola ၏ X Phone တို့တပြိုင်တည်း ပေါင်း၍ Touch စနစ်သုံး စမတ်ဖုန်းလောကထဲသို့ ယှဉ်ပြိုင်ရန် လုံလောက်သော အနေအထားသို့ ဖြစ်သွားနိုင်ပါတယ်။

0 comments: