Home

Apple ID ကိုလည်း 2 step verification စနစ်စတင်ပြီ

                          Apple ID သို့မဟုတ် iTunes account လို့ခေါ်တဲ့ Apple device များအတွက် backup, sync, download ပြုလုပ်နိုင်ရန် လိုအပ်တဲ့ Account ကို log in လုပ်ရာမှာ 2 step verification ကို Apple မှ 22/ 4/13 မှာ စတင် တည်ဆောက်ပေးခဲ့ပါတယ်။ Apple ID ရှိပြီးသားသူများရော၊ အသစ်ပြုလုပ်မည့်သူများပါ ယခု 2 step verification စနစ်အတွက် စတင် sign up လုပ်နိုင်ပြီး မြန်မာနိုင်ငံမှာတော့ မရသေးပါဘူး။ အမေရိကား၊ အင်္ဂလန်၊ အိုင်ယာလန်၊ ႀသစေတ်းလ် နှင့် နယူဇီလန် နိုင်ငံများမှာ စတင် အသုံးပြုနိုင်ပြီလို့သိရပါတယ်။ အသုံးပြုပုံကတော့ အသုံးပြုနေကျ Apple ID နှင့် log in ဝင်လိုက်လျှင် Apple ID ပိုင်ရှင်မှ ထည့်သွင်းထားသော ဖုန်းနံပါတ်သို့ ဂဏန်း ၄ လုံးကို SMS မတ်ဆေ့ပို့ပေးမှာဖြစ်ပြီး၊ ၄င်း ဂဏန်း ၄ လုံးကိုမှန်ကန်စွာထည့်နိုင်မှသာ iPhone, iPod touch, iPad device အားလုံးမှာ log in ဝင်နိုင်မှာဖြစ်ပါတယ်။

                          ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ကုမ္ပဏီဝန်ထမ်းများ၏ ကွန်ပျူတာများကို အွန်လိုင်းမှတိုက်ခိုက်ခံရပြီးနောက် ယခု 2 step verification စနစ်ကိုစတင်ထည့်သွင်းခြင်းဖြစ်ပြီး၊ ယခုနှစ် ဇန္နဝါရီလစစ်တမ်းများအရ Apple ID အသုံးပြုသူပေါင်း သန်း ၅ ရာကျော်တယ်လို့သိရပါတယ်။

1 comment:

  1. Akshob - KOMAX casino - KOMAX
    The brand's 서울특별 출장마사지 profile picture. Visit KOMAX's website to 경상남도 출장안마 find out more 경주 출장샵 about 태백 출장안마 this iconic online slot machine. The company 평택 출장마사지 develops slot machines,

    ReplyDelete