Home

50 GB free ရမယ့် MEGA တစ်ဖြစ်လဲ Megaupload online file storage site


                               လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အမေရိကန်အစိုးရရဲ့ အွန်လိုင်းဥပဒေသစ် ပြဌာန်းလိုက်ပြီးတဲ့နောက်ပိုင်း Megaupload အပါအဝင် အချို့ online file sharing service ဆိုက်တွေဟာ ပိတ်ပင်ခံခဲ့ရပါတယ်။ ယခု MEGA site ကတော့ ပိတ်ပင်ခံခဲ့ရတဲ့ ဆိုက်တွေထဲမှ တစ်ခုဖြစ်ပြီး၊ ပိုမိုသစ်လွင်ပြီးပြည့်စုံတဲ့ feature အသစ်များနဲ့ beta version အနေနဲ့ ပြန်လည် စတင်ခဲ့ပါပီ။ Free register user များအတွက် သိမ်းထားပေးမယ့် ပမာဏကို 50 GB ထိအောင် အလကားပေးထားပါတယ်။ လောလောဆယ်အနေနဲ့ အသုံးများတဲ့ Web browser အားလုံးနဲ့ အဆင်ပြေနိုင်ပြီး၊ Mobile application ကိုတော့ မကြာမီကာလအတွင်း ဖြန့်ချီပေးမယ်လို့ သိရပါတယ်။

Nokia Phone တွင်ထည့်သွင်းထားသော ဓါတ်ပုံ၊ ဗွီဒီယို စသည်များကို Lock ချပေးထားနိုင်သော GalleryLocker


                                     Nokia Mobile Phone အသုံးပြုသူများ အတွက် ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ ဓါတ်ပုံများ၊ ဗွီဒီယိုများ၊ သီချင်းများစတဲ့ Multi-media File များကို ကြည့်ရှုနိုင်သော Gallery ကို Password ပေးပြီး၊ Lock ချပေးထားနိုင်သော GalleryLocker Application ပါ။ Gallery တစ်ခုတည်းကိုသာမကပဲ၊ ဖုန်းတစ်ခုလုံးကိုပါ Lock ချပေးထားနိုင်ပြီး၊ Imcoming Call ပြန်ဖြေနိုင်ရုံမှ လွဲ၍ ကျန် Function များကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။