Home

Google Translation ကိုအခြေခံထားသည့် Portable အဖြစ်ပါအသုံးပြုနိုင်သော Dictionary.Net Translator

                                          Language တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲ Translate လုပ်နိုင်ရန် အထောက်အကူပြုပေးသည့် Google Translation ကို အခြေခံထားသည့် Dictionary.Net ပါ။ Web page သို့မဟုတ် အခြား စာမျက်နှာများမှ Language တစ်ခုကို English to English (သို့မဟုတ်) English မှ အခြားဘာသာ တစ်ခုသို့ အပြန်အလှန် ဘာသာပြန်ရန်အတွက် အသုံးများသော Google Translate သို့မဟုတ် Bing Translate များသို့ သီးခြားသွားစရာ မလိုတော့ပါဘူး။ Translate လုပ်လိုသည့် စကားလုံးပေါ်တွင် Drag ဆွဲ၍ High light လုပ်ပြီး၊ Mouse Wheel ကို Click နှိပ်ခါ Dictionary.Net ကိုအသုံးပြုပြီး၊ လွယ်ကူစွာ ဘာသာပြန်နိုင်ပါတယ်။ Install လုပ်စရာမလိုသောကြောင့် USB ကဲ့သို့သော Flash Drive များမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဘာသာစကားပေါင်း 65 မျိုး ကို လွယ်ကူစွာ ပြောင်းလဲနိုင်ပါတယ်။

Java Mobile Phone များအတွက် Concise Oxford Dictionary 11th Edition

                                       Java Mobile ဖုန်းများအားလုံးအတွက် Pocket Dictionary တစ်ခုလိုအသုံးပြုနိုင်မည့် Concise Oxford English to English Dictionary (11th Edition) ပါ။ ရှာလိုသည့် English Meaning ကို Search box တွင်ရေး၍ ရှာနိုင်ပြီး၊ Related Word များကို တိုက်ရိုက်လွယ်ကူစွာ ကြည့်ရှုနိုင်ရန် Link အနေနဲ့ ပေးထားပါတယ်။ အသံထွက် Pronunciation ကိုတော့ သင်္ကေတနဲ့ပဲ ဖေါ်ပြပေးထားပါတယ်။ 4782 KB ရှိပြီး၊ Sony Ericsson, Nokia, LG, Samsung နှင့် အခြား Java အခြေခံ Mobile များအားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Online, Offline အသုံးပြုနိုင်သည့် Pronunciation ပါဝင်သော Babylon Dictionary Pro 8.0.6 (Portable)

                                               Online/Offline Translation, Device Pronunciation, Human Translation, Webpage Translation, Units Converter စသည်ဖြင့် ပြီးပြည့်စုံအောင်ပါဝင်တဲ့ Babylon Dictionary Pro Version 8.0.6 Latest Version (Portable) ဖြစ်ပါတယ်။ Window ရဲ့ အပေါ်ဆုံးမှာ Standby ရှိနေမယ့် Babylon Globe Shortcut ကိုအသုံးပြု၍ အထက်ပါ Translation များအားလုံးကို လွယ်ကူစွာ Access လုပ်နိုင်ပါတယ်။ ဘာသာစကားပေါင်း 80 ကျော်ကို Configure Settng မှာကြိုက်ရာရွေးချယ် ဘာသာပြန်နိုင်ပါတယ်။ Britannica Dictionary, Oxford Dictionary, Merriam-Webster College Dictionary, Wikipedia Dictionary များကိုလည်း Free download ရယူပြီး၊ ပူးတွဲ အသုံးပြုနိုင်ပါတယ်။

ဘာသာစကားပေါင်း 80 ကျော်ကို အပြန်အလှန် ဘာသာပြန်ပေးမည့် Lingoes Dictionary



(ပုံများပေါ်တွင် click နှိပ်၍ မူရင်းပုံများကို ကြည့်နိုင်ပါသည်)
                                             English, French, German, Russian, Spanish, Italian, Portuguese, Dutch, Swedish, Chinese, Japanese, Korean, Vietnamese, Esperanto စသောဘာသာစကားပေါင်း 80 ကျော်ကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သည့် အပြင်၊ Systran, Promt, Cross, Yahoo, Google, Wikipedia,  Altavista စသော search engine များကိုအသုံးပြု၍ text translation များကိုပါ လွယ်ကူစွာ ပြုလုပ်ပေးမည့် Lingnoes Dictionary ပါ။ Cursor translation ကိုပါအသုံးပြုနိုင်သည့်အတွက် ဘာသာပြန်လိုသည့် text ပေါ်တွင် Ctrl+Right click နှိပ်ခါ လွယ်ကူစွာ ဘာသာပြန်ဆိုနိုင်ပါတယ်။ Free and full ရယူနိုင်ပြီး၊ Online ရော၊ Offline ပါအသုံးပြုနိုင်ပါတယ်။

ရောင်စုံရုပ်ပုံများနှင့် စနစ်တကျဖေါ်ပြထားသော The New Oxford Picture Dictionary


 

                                                   ရောင်စုံရုပ်ပုံများနှင့် စနစ်တကျရှင်းပြထားသော Oxford Picture Dictionary Ebook ပါ။ စာမျက်နှာ 128 မျက်နှာရှိ၍ PDF file ပါ။ Adobe Reader ရှိလျှင် အဆင်ပြေစွာအသုံးပြုနိုင်ပြီး၊ 69 MB သာရှိပါတယ်။ Rar file ကို download လုပ်၍ Winrar နှင့် ပြန်ဖြည်ရပါမယ်။

Pronunciation ပါဝင်သော Oxford English to English Portable Dictionary



                                            Pronunciation ကိုပါ ဖေါ်ပြပေးမည့် English to English Oxford portable Dictionary 11th Edition ပါ။ Words, phrases, definitions စသည်ဖြင့် စကားလုံးပေါင်း 65000 ကျော်ပါဝင်ပါတယ်။ Back key function , Copy/print shortcut, Float on top function စသည်ဖြင့် menu option မှာရွေးချယ်နိုင်ပါသေးတယ်။ Rar file ကို download လုပ်ပြီးလျှင် Winrar နှင့် ပြန်ဖြည်ပြီး အသုံးပြုနိုင်ပါပြီ။ 171 MB ရှိပြီး၊ Window အားလုံးမှာအသုံးပြုနိုင်ပါတယ်။

Voice Pronunciations ပါဝင်သော WordWeb English to English Dictionary


                              English to English ဘာသာပြန်ပေးမည့် WordWeb Dictionary Free edition ပါ။ ရှာလိုတဲ့ English word ကို Search box မှာထည့်ပြီးရှာနိုင်သလို၊ ၎င်းစကားလုံးပေါ်မှာ highlight ဆွဲ၍ Ctrl နှိပ်ခါ၊ highlight ပေါ်တွင် right click နှိပ်ပြီးလည်း ရှာနိုင်ပါတယ်။ စကားလုံးတစ်လုံး၏ အသုံးပြုပုံများကို ဥပမာများဖြင့် ဖေါ်ပြပေးပြီး၊ အခြား နီးစပ်ရာစကားလုံး၊ ဆင်တူရိုးမှားစကားလုံး၊ ဆန့်ကျင်ဘက်စကားလုံး စသည်များကိုပါ ဖေါ်ပြပေးပါတယ်။ တိုက်ရိုက်အသံထွက်ပေးနိုင်မည့် Pronunciations function ပါဝင်ပါတယ်။ (ပုံပေါ်တွင် click နှိပ်၍ မူရင်းပုံကို ကြည့်နိုင်ပါသည်)