Home

iPhone 5S တွင်ပါဝင်လာသည့် Touch ID ခေါ် လက်ဗွေဖတ်စနစ် အကြောင်းတစ်စေ့တစ်စောင်း

                                 
                                  ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကပဲ နာမည်ကျော် Apple ကုမ္ပဏီမှ iPhone 5C နှင့် 5S ခေါ် စမတ်ဖုန်း အသစ်နှစ်မျိုးကို ထုတ်ဖေါ် မိတ်ဆက်ပေးခဲ့ပါတယ်။ ဈေးသက်သာသော ပလက်စတစ်ကိုယ်ထည်နှင့် iPhone 5C မှာ အထူးတလည် မွန်းမံပြင်ဆင်ထားခြင်းများ မပါရှိသော်လည်း 5S မှာတော့ ယခင်ကတည်းက ကောလဟာလ သတင်းများထွက်ပေါ်နေခဲ့သည့် Touch ID ခေါ် လက်ဗွေစနစ်ပါဝင်လာပါတယ်။ ရည်ရွယ်ချက်ကတော့ ယခင် Slide to unlock နေရာမှာ password ဖြင့်ရိုက်ခါ ဝင်ရောက် ရန်မလိုပဲ home button အဝိုင်း နှင့် တသားတည်း ထည့်သွင်းထားသည့် လက်ဗွေ ဖမ်းစနစ်ပေါ်တွင် ဖုန်းပိုင်ရှင်၏ လက်ဗွေကို တင်ပေးလိုက်ရုံဖြင့် unlock ဖြစ်ခါ iPhone ကို အသုံးပြု နိုင်ရန် အဆင်သင့်ဖြစ်စေမှာဖြစ်ပါတယ်။iPhone ပိုင်ရှင်၏ လက်ဗွေကို ကြိုတင် ထည့်သွင်း သတ်မှတ်ပေးထားရမည်ဖြစ်ပြီး ၄င်းလက်ဗွေရာ ကို iPhone 5S ၏ 64bit A7 chip processor မှ encryption စနစ်ဖြင့် သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။ ပိုင်ရှင်တစ်ဦးတည်းသာမကပဲ မိမိယုံကြည်၇သူ (သို့) မိမိ၏ဖုန်းကို အတူတကွအသုံးပြုလိုသူ၏ လက်ဗွေကို ပါ ထည့်သွင်းသတ်မှတ်ပေးထားနိုင်ပါတယ်။
                           

 
                                     Finger print scanner hardware ပိုင်းကိုကြည့်လျှင် အလွှာ ၄ ခု ပါဝင်မှာဖြစ်ပါတယ်။ ယခင် home button နေရာတွင် ကော်ခလုတ်အစား sapphire crystal ခေါ် တန်ဖိုးကြီးနာရီများတွင် တွေ့ရတတ်သည့် အလွယ်တကူ အစင်းမထင်သော ဖန်သားအကြည် ဖြင့် အစားထိုးတပ်ဆင်ထားပါတယ်။ နှစ်ဖက်မြင်အကြည်ထည့်သွင်းပေးထားခြင်းဖြင့် ၄င်း၏ အောက်ဘက်တွင် ကပ်လျှက် ထည့်သွင်းထားသော လက်ဗွေဖမ်း ကိရိယာမှ အသုံးပြုသူ၏ လက်ဗွေလမ်းကြောင်းများကို ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ Sapphire crystal ဖန်သားအဝိုင်းကို ပတ်ပြီး စတီးသားဖြင့်ပြုလုပ်ထားသာ detection ring ကို တပ်ဆင်ထားပါတယ်။ Touch ID ပေါ်သို့ အသုံးပြုသူ၏ လက်ရောက်မရောက်ကို ၄င်း detection ring မှ သတ်မှတ်မှာဖြစ်ပါတယ်။ လက်ရောက်ကြောင်း detection ring မှ သိရှိပါက ၄င်းတို့၏ အောက်ဘက် တွင် တပ်ဆင်ထားသော 500PPI (pixel per inches) စနစ်ပါ လက်ဗွေဖမ်း ကိရိယာမှ ဖမ်းယူခါ ယခင်ထည့်သွင်းပေးထားသော လက်ဗွေဟုတ်မဟုတ်ကို A7 chip ဖြင့် တိုက်ဆိုင်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ အောက်ဆုံးတစ်လွှာကတော့ ယခင် iPhone များတွင်ပါဝင်သည့် home button switch ဖြစ်ပါတယ်။
                                 အားသာချက်များအနေနဲ့ကတော့ ၄င်း လက်ဗွေစနစ်ကိုအသုံးပြုပြီး၊ လွယ်ကူလျှင်မြန်စွာ unlock လုပ်နိုင်ခြင်း၊ iTunes store, iBook store နှင့် Apps store တို့တွင် ဝယ်ယူရန် iTune account နှင့် Password တို့ကို ရိုက်သွင်းရန်မလိုအပ်ပဲ၊ လက်ဗွေစနစ်ဖြင့် ဝယ်ယူနိုင်ခြင်း၊ လက်ဗွေဖတ်ရန်အတွင် iPhone ၏ orientation level ခေါ် ဖုန်းအနေအထားကို အတိအကျထားစရာမလိုပဲ ၃၆၀ ဒီဂရီမှ လက်ဗွေဖတ်နိုင်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။
                                အားနည်းချက်များကတော့ Apple မှ built in ထည့်သွင်းထားခြင်းမဟုတ်သည့် အခြား developer များမှ ထုတ်လုပ်သော application (third party apps) များမှာ လက်ဗွေစနစ်ကိုအသုံးပြုခွင့် ပေးမထားခြင်း၊ လက်ဗွေစနစ်ကို iPhone ၏ အတွင်းပိုင်းရှိ A7 chip တွင်သာ encrypted လုပ်၍ သိမ်းထားပြီး၊ iCloud တွင် သိမ်းဆည်းခါ sync မလုပ်နိုင်ခြင်း စသည်တို့အပြင် လက်တွေ့အသုံးပြုချိန်မှာ လက်တွင် ချွေးစိုနေခြင်း၊ lotion တစ်ခုခုလိမ်းထားခြင်း စသည့်အခြေအနေများမှာ scanner မှ မှန်ကန်စွာ မဖတ်နိုင်ခြင်းများပါ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
                                စတင်တီထွင်ခြင်းသာ အဓိကလိုအပ်ချက်တစ်ခုဖြစ်ပြီး ပိုမို ကောင်းမွန်သည့် အနေအထား (သို့) အမှားအယွင်းနည်း သည့် အနေအထားသို့ ရောက်ရှိရန် မှာ အချိန်အတိုင်းအတာ တစ်ခု အတွင်း ဖြစ်ပေါ်လာသည့်ထုံးစံရှိသည့်အတိုင်း၊၊ Apple ၏ iPhone 5S လက်ဗွေစနစ်ပါ စမတ်ဖုန်းမှာ ဖုန်းလောကကို တစ်မျိုးတစ်ဖုံ ဆန်းသစ် လာစရာ အကြောင်းအရင်းတစ်ရပ်ပင်ဖြစ်နေပါတော့တယ်။

0 comments: