Home

iPhone 5S တွင်ပါဝင်လာသည့် Touch ID ခေါ် လက်ဗွေဖတ်စနစ် အကြောင်းတစ်စေ့တစ်စောင်း

                                 
                                  ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကပဲ နာမည်ကျော် Apple ကုမ္ပဏီမှ iPhone 5C နှင့် 5S ခေါ် စမတ်ဖုန်း အသစ်နှစ်မျိုးကို ထုတ်ဖေါ် မိတ်ဆက်ပေးခဲ့ပါတယ်။ ဈေးသက်သာသော ပလက်စတစ်ကိုယ်ထည်နှင့် iPhone 5C မှာ အထူးတလည် မွန်းမံပြင်ဆင်ထားခြင်းများ မပါရှိသော်လည်း 5S မှာတော့ ယခင်ကတည်းက ကောလဟာလ သတင်းများထွက်ပေါ်နေခဲ့သည့် Touch ID ခေါ် လက်ဗွေစနစ်ပါဝင်လာပါတယ်။ ရည်ရွယ်ချက်ကတော့ ယခင် Slide to unlock နေရာမှာ password ဖြင့်ရိုက်ခါ ဝင်ရောက် ရန်မလိုပဲ home button အဝိုင်း နှင့် တသားတည်း ထည့်သွင်းထားသည့် လက်ဗွေ ဖမ်းစနစ်ပေါ်တွင် ဖုန်းပိုင်ရှင်၏ လက်ဗွေကို တင်ပေးလိုက်ရုံဖြင့် unlock ဖြစ်ခါ iPhone ကို အသုံးပြု နိုင်ရန် အဆင်သင့်ဖြစ်စေမှာဖြစ်ပါတယ်။iPhone ပိုင်ရှင်၏ လက်ဗွေကို ကြိုတင် ထည့်သွင်း သတ်မှတ်ပေးထားရမည်ဖြစ်ပြီး ၄င်းလက်ဗွေရာ ကို iPhone 5S ၏ 64bit A7 chip processor မှ encryption စနစ်ဖြင့် သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။ ပိုင်ရှင်တစ်ဦးတည်းသာမကပဲ မိမိယုံကြည်၇သူ (သို့) မိမိ၏ဖုန်းကို အတူတကွအသုံးပြုလိုသူ၏ လက်ဗွေကို ပါ ထည့်သွင်းသတ်မှတ်ပေးထားနိုင်ပါတယ်။
                           

 
                                     Finger print scanner hardware ပိုင်းကိုကြည့်လျှင် အလွှာ ၄ ခု ပါဝင်မှာဖြစ်ပါတယ်။ ယခင် home button နေရာတွင် ကော်ခလုတ်အစား sapphire crystal ခေါ် တန်ဖိုးကြီးနာရီများတွင် တွေ့ရတတ်သည့် အလွယ်တကူ အစင်းမထင်သော ဖန်သားအကြည် ဖြင့် အစားထိုးတပ်ဆင်ထားပါတယ်။ နှစ်ဖက်မြင်အကြည်ထည့်သွင်းပေးထားခြင်းဖြင့် ၄င်း၏ အောက်ဘက်တွင် ကပ်လျှက် ထည့်သွင်းထားသော လက်ဗွေဖမ်း ကိရိယာမှ အသုံးပြုသူ၏ လက်ဗွေလမ်းကြောင်းများကို ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ Sapphire crystal ဖန်သားအဝိုင်းကို ပတ်ပြီး စတီးသားဖြင့်ပြုလုပ်ထားသာ detection ring ကို တပ်ဆင်ထားပါတယ်။ Touch ID ပေါ်သို့ အသုံးပြုသူ၏ လက်ရောက်မရောက်ကို ၄င်း detection ring မှ သတ်မှတ်မှာဖြစ်ပါတယ်။ လက်ရောက်ကြောင်း detection ring မှ သိရှိပါက ၄င်းတို့၏ အောက်ဘက် တွင် တပ်ဆင်ထားသော 500PPI (pixel per inches) စနစ်ပါ လက်ဗွေဖမ်း ကိရိယာမှ ဖမ်းယူခါ ယခင်ထည့်သွင်းပေးထားသော လက်ဗွေဟုတ်မဟုတ်ကို A7 chip ဖြင့် တိုက်ဆိုင်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ အောက်ဆုံးတစ်လွှာကတော့ ယခင် iPhone များတွင်ပါဝင်သည့် home button switch ဖြစ်ပါတယ်။
                                 အားသာချက်များအနေနဲ့ကတော့ ၄င်း လက်ဗွေစနစ်ကိုအသုံးပြုပြီး၊ လွယ်ကူလျှင်မြန်စွာ unlock လုပ်နိုင်ခြင်း၊ iTunes store, iBook store နှင့် Apps store တို့တွင် ဝယ်ယူရန် iTune account နှင့် Password တို့ကို ရိုက်သွင်းရန်မလိုအပ်ပဲ၊ လက်ဗွေစနစ်ဖြင့် ဝယ်ယူနိုင်ခြင်း၊ လက်ဗွေဖတ်ရန်အတွင် iPhone ၏ orientation level ခေါ် ဖုန်းအနေအထားကို အတိအကျထားစရာမလိုပဲ ၃၆၀ ဒီဂရီမှ လက်ဗွေဖတ်နိုင်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။
                                အားနည်းချက်များကတော့ Apple မှ built in ထည့်သွင်းထားခြင်းမဟုတ်သည့် အခြား developer များမှ ထုတ်လုပ်သော application (third party apps) များမှာ လက်ဗွေစနစ်ကိုအသုံးပြုခွင့် ပေးမထားခြင်း၊ လက်ဗွေစနစ်ကို iPhone ၏ အတွင်းပိုင်းရှိ A7 chip တွင်သာ encrypted လုပ်၍ သိမ်းထားပြီး၊ iCloud တွင် သိမ်းဆည်းခါ sync မလုပ်နိုင်ခြင်း စသည်တို့အပြင် လက်တွေ့အသုံးပြုချိန်မှာ လက်တွင် ချွေးစိုနေခြင်း၊ lotion တစ်ခုခုလိမ်းထားခြင်း စသည့်အခြေအနေများမှာ scanner မှ မှန်ကန်စွာ မဖတ်နိုင်ခြင်းများပါ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
                                စတင်တီထွင်ခြင်းသာ အဓိကလိုအပ်ချက်တစ်ခုဖြစ်ပြီး ပိုမို ကောင်းမွန်သည့် အနေအထား (သို့) အမှားအယွင်းနည်း သည့် အနေအထားသို့ ရောက်ရှိရန် မှာ အချိန်အတိုင်းအတာ တစ်ခု အတွင်း ဖြစ်ပေါ်လာသည့်ထုံးစံရှိသည့်အတိုင်း၊၊ Apple ၏ iPhone 5S လက်ဗွေစနစ်ပါ စမတ်ဖုန်းမှာ ဖုန်းလောကကို တစ်မျိုးတစ်ဖုံ ဆန်းသစ် လာစရာ အကြောင်းအရင်းတစ်ရပ်ပင်ဖြစ်နေပါတော့တယ်။

Portable device များတွင် Virus ကြောင့် hidden (သို့) invisible ဖြစ်သွားသော file/ folder များကို ပြန်လည်ရယူပုံ


                        USB Flash drive, Portable hard drive နဲ့ Memory card တွေထဲမှာရှိတဲ့ folder များဟာ virus ကြောင့် ပျောက်ကွယ်သွားခြင်း၊ hidden ဖြစ်ခါ folder icon လေးများ မှေးမှိန်နေခြင်း နဲ့ folder များဖွင့်မရတော့ပဲ executable file (.exe) များဖြစ်နေခြင်း တို့ ကြုံရတတ်ပါတယ်။ Portable ပစ္စည်းများဖြစ်သောကြောင့် စက်တစ်လုံးမှ အခြားစက်တစ်လုံးသို့ ပြောင်းလဲ အသုံးပြုရာမှ virus များ ပြန့်ပွားကူးစက် လာရခြင်းဖြစ်ပါတယ်။ ၄င်း portable device များမှ data များကို ပြန်လည်ရယူဖို့အကောင်းဆုံး နည်းလမ်းကတော့ ပထမဦးစွာ device ကို virus defination update ပြုလုပ်ထားသော Microsoft security essential နှင့် အရင်ဆုံး scan ဖတ်ပါ။ ပြီးတဲ့နောက် virus လို့ယူဆတဲ့ exe file/ folder အားလုံးကို ဖြတ်ထုတ်သွားပါလိမ့်မယ်။ အဲဒီနောက်တော့ Fixxy လို့ခေါ်တဲ့ software ကို download လုပ်ပြီးနောက် အောက်မှာ ပြထားတဲ့ပုံအဆင့်အဆင့် အတိုင်း မိမိ device ကိုရွေးချယ်ခါ ပြန်လည် recover ပြုလုပ်နိုင်ပါတယ်။
              
Fixxy 3 portable software ကို့ မူရင်း homepage မှ download လုပ်ရန်
Fixxy 3 portable software ကို Mediafire မှ download လုပ်ရန်


 Frxxy software ကို run ပြီး I Agree ကိုနှိပ်ပါ။
ပြီးလျှင် Advanced Pro Version ကို ရွေးချယ်ပါ။
Scan & Recover ကို နှိပ်ပါ။
၎င်းနောက် မိမိ၏ Portable device ကို ရွေးချယ်သတ်မှတ်ပေးပါ။
                           ပြီးလျှင် Click Me ကိုနှိပ်ခါ စတင် recover ပြုလုပ်နိုင်ပါပြီ။ Recover ပြုလုပ်ပြီးသွားလျှင် Virus ကြောင့် hidden / invisible ဖြစ်သွားတဲ့ file folder များအားလုံးကို မိမိရဲ့ device အတွင်းမှာ ပြန်လည်တွေ့ရှိရမှာဖြစ်ပါတယ်။ ထူခြားချက်ကတော့ device ထဲမှာရှိနေတဲ့ hidden/invisible စတဲ့ attribute တွေကို ပဲ hidden မှ unhidden ၊ invisible မှ visible ပြောင်းလဲပေးတဲ့အတွက် recover ပြုလုပ်ချိန် အလွန်လျှင်မြန်ခြင်းပဲဖြစ်ပါတယ်။                      

iWatch ရဲ့အသစ်ထွက် ခန့်မှန်းဒီဇိုင်းများ (video)

                         iWatch ခေါ် စမတ်နာရီ ကို Apple ကုမ္ပဏီမှ ထုတ်လုပ်သည့်သတင်းများ ထွက်ပေါ်လာပြီးနောက် အိုင်တီဒီဇိုင်နာ အတော်များများက သူတို့ရဲ့ ခန့်မှန်း ဒီဇိုင်းများကို ဖန်တီးရေးဆွဲလာကြပါတယ်။ ယခုနှစ် အစောပိုင်းကပဲ iWatch နာရီ project အတွက် Team တစ်ခုကိုဖွဲ့စည်းခဲ့ပြီး၊ နာမည်ကျော် အားကစား ပစ္စည်းများထုတ်လုပ်သည့် Nike တွင် အလုပ်လုပ်ခဲ့ဖူးသော fitness consultant Jay Blahnik ကိုလည်း ဒီ iWatch project အတွက် ငှားရမ်းခဲ့ပါသေးတယ်။ ထပ်မံထွက်ပေါ်လာတဲ့ အီတလီဒီဇိုင်နာများရေးဆွဲထားတဲ့ ယခု iWatch ဒီဇိုင်းကတော့ ပါးလွှာပီး အနားလုံး ဒီဇိုင်းဖြစ်ခါ အရောင် ငါးရောင် ဖြင့် ရေးဆွဲထားပါတယ်။


Mailbox app အသုံးပြုသူများအတွက် Dropbox 1GB အခမဲ့

                           အကောင်းဆုံး နဲ့ အလကားပေးထားတဲ့ File hosting များထဲမှတစ်ခုဖြစ်တဲ့ dropbox ဟာ iOS app တစ်ခုဖြစ်တဲ့ Mailbox အသုံးပြုသူတွေအတွက် 1GB free ပေးနေပါတယ်။ Mailbox ဆိုတာကတော့ Gmail client application တစ်ခုဖြစ်ပြီး itunes store မှာ အခမဲ့ download ရယူနိုင်ပါတယ်။ ပုံမှန် အသုံးပြုသူတွေအတွက် 2GB နှင့် ယခု 1GB free ပေါင်းလိုက်လျှင် 3GB dropbox free space ကိုရရှိမှာဖြစ်ပါတယ်။

                       ရယူပုံကတော့ Mailbox app ကို itunes မှ download လုပ်ပြီး၊ iOS 6.0 နဲ့အထက်ရှိတဲ့ iPhone, iPad, iPod touch တွေမှာ install လုပ်ပါ။ 6.0 ထက်နိမ့်တဲ့ iOS version မှာတော့ install လုပ်လို့မရပါဘူး။ ပြီးနောက် Mailbox app ကိုဖွင့်ခါ Setting ထဲမှတဆင့် Dropbox ကိုသွားခါ မိမိအသုံးပြုနေကျ dropbox account နှင့် Sign in လုပ်ပေးရမှာဖြစ်ပါတယ်။ Sing in ဝင်ပီးတာနဲ့ အလိုအလျှောက် 1GB ကို မိမိရဲ့ အကောင့်ထဲ ပေါင်းထည့်ပေးသွားမှာပါ။ ယခင်က Sign in ဝင်ထားသူများအတွက်တော့ dropbox account ကို Sign out လုပ်ခါ ပြန်လည် Sign in ဝင်ပေးရမှာဖြစ်ပါတယ်။

Jailbreak မလုပ်ထားသည့် iDevice များမှာပါ Paid Application များထည့်သွင်းနိုင်သော iClover 2.0.8.1 (latest version)



                      iDevices တွေဖြစ်တဲ့ iPhone, iPad နဲ့ iPod Touch တွေကို jailbreak လုပ်ထားသည်ဖြစ်စေ၊ လုပ်မထားသည်ဖြစ်စေ full version cracked application များကို ဒေါင်းလုပ်လုပ်ခါ တိုက်ရိုက်ထည့်သွင်းနိုင်တဲ့ iClover ခေါ် Tongbu software ဖြစ်ပါတယ်။ နေ့စဉ် Update လုပ်တဲ့အတွက် နောက်ဆုံးထွက်တဲ့ Application တွေ ဂိမ်းတွေကို ပိုက်ဆံပေးဝယ်တဲ့ သူများနည်းတူ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Cracked app မဟုတ်တဲ့ တရားဝင် legal application ကိုမှလိုချင်တယ်ဆိုရင်လည်း ဒီ iClover ထဲမှာပဲ မိမိ apple ID နဲ့ sign in လုပ်ခါ တိုက်ရိုက် free legal application များကို ကိုယ်ပိုင်အကောင့်ဖြင့် ရယူ download လုပ်နိုင်ပါတယ်။
                          အသုံးပြုလိုသော iPhone, iPad, iPod တို့ကို ကွန်ပျူတာတွင်ဆက်ခါ install ထည့်သွင်းလိုက်သော Application များ ဖွင့်မရဖြစ်ပြီး crash ဖြစ်နေလျှင်လည်း အထက်တွင်ပြထားသော ပုံအတိုင်း fix crash ကိုနှိပ်ခါ ဖြေရှင်းနိုင်ပါတယ်။ App များကို download ပြုလုပ်ရန် internet connection လိုအပ်မည်ဖြစ်ပြီး၊ install ပြုလုပ်ရန်နှင့် Fix crash ပြုလုပ်ရန် internet connection မလိုအပ်ပါ။
iClover home page
iClover 2.0.8.1 ကို တိုက်ရိုက် download ပြုလုပ်ရန်
iClover 2.0.8.1 ကို Mediafire မှ download ပြုလုပ်ရန်

အိုင်ဖုန်း 5S ကိုရွှေရောင်ဖြင့် လည်း ထုတ်လုပ်မည်

ထပ်မံထွက်ရှိလာဖွယ်ရှိတဲ့ အိုင်ဖုန်း 5S ရွှေရောင်
                        အသစ်ထပ်မံထွက်ရှိလာမယ့် အိုင်ဖုန်း 5C အပြင် ယခက်ထွက်ရှိနေကျ အိုင်ဖုန်း စီးရီးအစဉ်အတိုင်း iPhone 5S ကိုလည်းထပ်မံထွက်ရှိလာအုံးမယ်လို့ အချို့အွန်လိုင်းဆိုက်များမှာ ဖေါ်ပြနေကြပါတယ်။ အောက်မှာဖေါ်ပြထားတဲ့ပုံကတော့ ဂျပန်ဝဘက်ဆိုက်တစ်ခုမှာ ဖေါ်ပြထားတဲ့ ထပ်မံထွက်ရှိလာမယ့် အိုင်ဖုန်း 5S ရဲ့ပုံများဖြစ်ပါတယ်။ ယခုစီးရီးမှာ ထူးခြားချက်အနေနဲ့ ယခင်က အဖြူရောင်နှင့် အနက်ရောင်အပြင် ရွှေရောင် ကာဗာဖြင့်ပါ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းဆိုင်ရာများမှာ ပိုမိုကောင်းမွန်လာဖွယ်ရှိတဲ့ အိုင်ဖုန်း 5S မှာ A7 chip processor ကိုအသုံးပြုမယ်လို့လည်းသိရပါတယ်။ iPhone 5S အပြင် ဈေးနှုန်းချိုသာသော အိုင်ဖုန်း 5C ထွက်ရှိလာ၊ မလာကိုတော့ ယခုနှစ် စက်တင်ဘာလာမှာ သိရှိရမှာဖြစ်ပါတယ်။

ထပ်မံထွက်ပေါ်လာသည့် iPhone 5C ပုံများ

                တရုတ် ဝဘ်ဆိုက်တစ်ခုမှာ ထပ်မံထွက်ပေါ်လာသည့် အိုင်ဖုန်း ၏ နောက်ထပ်မျိုးဆက်တစ်ခု iPhone 5C ၏ရုပ်ပုံများကို ဖေါ်ပြပေးလိုက်ပါတယ်။ iPhone 5C ဟာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ထွက်ပေါ်လာမည်ဟု ပြောဆိုနေကြပေသော်လည်း ယခု တရုတ် ဝဘ်ဆိုက်မှာတော့ ယွမ်ငွေ ၃၀၀၀ ဝန်းကျင် ခန့်၊ အမေရိကန်ဒေါ်လာ ၄၀၀ ခန့် ဖြင့် စတင်မယ်လို့လည်း ဖေါ်ပြထားရာ ယခင် iPhone 4G ထက်မနဲသော ဈေးပင်ဖြစ်နေပါတယ်။























Apple မှ Smart Pen ခေါ် စမတ် ကွန်ပျူတာ ဘောပင် ထုတ်မည်

                          
photo: cdn.psfk.com
                           Apple ကွန်ပျူတာကုမ္ပဏီမှ iWatch ခေါ် စမတ်နာရီထုတ်လုပ်မည့်သတင်းများ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ယခုတဖန် ကွန်ပျူတာစနစ်၊ sensor စနစ်နှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ်များပါဝင်သည့် Smart Pen စမတ်ဘောပင်တစ်မျိုးကို ထုတ်လုပ်တော့မည် ဟု သတင်းများ ထပ်မံထွက်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ 1997 ခုနှစ်ကတည်းက ဒီ ကွန်ပျူတာဘောပင်နဲ့ပါတ်သက်တဲ့ ဒီဇိုင်းကို အင်္ဂလန် နည်းပညာရှင် Lyndsay Williams ဆိုသူကတီထွင်ပေးခဲ့ပြီး Apple ကုမ္ပဏီမှ 2008 မှာ မူပိုင်အဖြစ်ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ စမတ်ဘောပင်မှာ touchscreen LCD display တစ်ခုပါဝင်မည်ဖြစ်ပြီး၊ ၄င်း screen မှတစ်ဆင့် အီးမေးများ၊ text message များနှင့် အခြား စာသားဖြင့်ဖေါ်ပြနိုင်သော information များကို ဖေါ်ပြမှာဖြစ်ပါတယ်။ Cellular သို့မဟုတ် GPS data စနစ် တမျိုးမျိုးပါဝင်နိုင်ပြီး၊ ၄င်းစနစ်ကိုအသုံးပြုခါ အင်တာနက်ဖြင့်ချိန်ဆက်နိုင်မှာဖြစ်ပါတယ်။

Fancy USB flash drive လေးများစုစည်းမှု

                       
                      ဒီဇိုင်းအသစ်အဆန်းများနဲ့ fancy style USB flash drive များကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်။ ပမာဏသေးငယ်ပေမယ့် 4GB ကနေ 32GB ထိအောင် ထည့်သွင်းသယ်ဆောင်သွားလို့ ရပါတယ်။

Mozilla မှ Unreal Engine 3 Epic ဂိမ်းများကို browser တွင်ကစားနိုင်ရန် စမ်းသပ်နေ

                     Mozilla Firefox browser တွင် PS3/4 , Xbox 720 တို့ကဲ့သို့သော 3D Epic game များကို မည်သည့် plug-in မှထပ်မံထည့်သွင်းစရာမလိုပဲ အဆင်ပြေစွာ ဆော့ကစားနိုင်ရန် Mozilla မှ developer များစတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ UE3 ခေါ် Unreal Engine 3 စနစ် ဂိမ်းများကို Emscrepten နှင့် asm.js ခေါ် javascript ကုဒ်များကို အသုံးပြုပြီး console ဂိမ်းစက်များထက်မညံ့သော အရည်အသွေးဖြင့် ဆော့ကစားနိုင်မှာဖြစ်တယ်လို့ firefox ရဲ့ official blog မှာ ဖေါ်ပြထားပါတယ်။ အပြိုင်အဆိုင် နာမည်ကြီး browser များဖြစ်တဲ့ Google Chrome နှင့် Internet Explorer များမှာ browser based game များ ကစားနိုင်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ firefox browser ကို အသုံးပြုမှုမှာ တကမ္ဘာလုံးအဆင့် ထိပ်ဆုံးမှာရောက်ရှိနေပါတယ်။ ယခုအခါ ၄င်း browser များထက်ပိုမိုကောင်းမွန်ရုံတင်မကပဲ Sony ၏ Play Station ကဲ့သို့သော console game စက်များ၏ အရည်အသွေးလောက်နီးပါး ကစားနိုင်မည့် Epic game များကို Mozilla မှ စမ်းသပ်နေသည်ဖြစ်ရာ အင်တာနက်အသုံးပြုရင်း ဂိမ်းကစားလိုသူများကို ထပ်မံ၍ ဆွဲဆောင်ထားနိုင်အုံးမှာ ပဲဖြစ်ပါတယ်။

Facebook comment တွင် တိုက်ရိုက် reply ပြုလုပ်နိုင်ပြီ

            
                              Facebook တွင် comment တစ်ခုချင်းစီကို တိုက်ရိုက် reply ပြန်ရေးပေးနိုင်တဲ့ feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ မိမိတင်ထားသော အကြောင်းအရာ သို့မဟုတ် အခြားသူများ၏ အကြောင်းအရာများတွင် ယခင်က comment တစ်ခုကို reply လုပ်လိုပါက ပထမ comment ပေးခဲ့သူ၏ pofile link ကိုထည့်သွင်း၍ ဖြစ်စေ၊ နာမည်တိုက်ရိုက်ရေး၍ ဖြစ်စေ ယခင် comment ၏ အောက်မှ comment တစ်ခုထပ်ရေးပေးခြင်းဖြင့် reply လုပ်ပေးခဲ့ကြရပါတယ်။ Blog comment များကဲ့သို့ comment တစ်ခုကို တိုက်ရိုက် reply ပြုလုပ်နိုင်ရန် facebook မှ reply ဟူသည့် option ကို ထပ်မံထည့်သွင်းပေးပြီး၊ တိုက်ရိုက် အမေးအဖြေသဘော မျိုး ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။ Reply option ကို comment ၏ အောက် Like ၏ ညာဘက်ဘေးနားတွင်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Page တစ်ခုအတွက် တိုက်ရိုက် reply option ကိုအသုံးပြုနိုင်ရန် Admin panel ၏ အောက်နားတွင် ပြသပေးထားသော demo animation နေရာတွင် အောက်ပါပုံတွင်ပြထားသည့်အတိုင်း Turn on Replies ကို click နှိပ်ပေးရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ အင်တာနက် စနစ်နှင့် ကမ္ဘာ့ ထိပ်သီး နည်းပညာကုမ္ပဏီ Google

Photo credit: elevenmyanmar.com
                  Google ၏ CEO Mr.Eric Schmidt မြန်မာနိုင်ငံသို့ လာရောက်လည်ပါတ်သွားပီးတဲ့နောက်ပိုင်း Google မှ မြန်မာနိုင်ငံအပေါ် တားမြစ်ထားသည့် Online services အချို့ကို ပြန်လည် အသုံးပြုခွင့်ပေးခဲ့ပါတယ်။ မြန်မာ domain အဖြစ် Google.com.mm ကို Mr.Eric Schmidt မလာခင်ရက်ပိုင်းအလို မှစတင်ခါ အသုံးပြုခွင့်ပေးခဲ့ပြီး ၄င်းနောက် အားလုံးမျှော်လင့်နေကြသည့် Google Play ကို စမ်းသပ် အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိသည့် Google မှ ရာထူးအကြီးဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည့် Mr.Eric Schmidt က "လူငယ်တွေနဲ့ နည်းပညာပေါင်းစပ်လိုက်ရင် တိုင်းပြည်တစ်ပြည်ဟာ ပြီးပြည့်စုံသွားမှာပါ၊ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကတစ်ဆင့် လူကြီးမိဘတွေကို အင်တာနက်ကိုဘယ်လိုသုံးရတယ်ဆိုတာ ပြန်ပြောနေတဲ့ အသံစာစာလေးတွေကို ကြားရတာကို သူနှစ်သက်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အုပ်ချုပ်သူများဘက်မှလည်း အင်တာနက်ပိုင်းဆိုင်ရာ ထိမ်းချုပ်ထားတာတွေကို အသင့်အတင့် ရုပ်သိမ်းပေးနိုင်ခဲ့ရင် ပိုကောင်းလာမယ်လို့ ထင်ပြီး၊ "အစိုးရတွေအနေနဲ့ကတော့ သူတို့သတင်းကို အင်တာနက်ပေါ်မှာ ကောင်းသတင်းပဲရေးစေချင်ကြပြီး၊ မကောင်းသတင်းများကို ကြိုက်နှစ်သက်ကြမှာ မဟုတ်ဘူး" လို့ ပြောကြားသွားတာကိုလည်း elevenmyanmar.com မှာ ဖေါ်ပြထား ပါတယ်။