USB Flash drive, Portable hard drive နဲ့ Memory card တွေထဲမှာရှိတဲ့ folder များဟာ virus ကြောင့် ပျောက်ကွယ်သွားခြင်း၊ hidden ဖြစ်ခါ folder icon လေးများ မှေးမှိန်နေခြင်း နဲ့ folder များဖွင့်မရတော့ပဲ executable file (.exe) များဖြစ်နေခြင်း တို့ ကြုံရတတ်ပါတယ်။ Portable ပစ္စည်းများဖြစ်သောကြောင့် စက်တစ်လုံးမှ အခြားစက်တစ်လုံးသို့ ပြောင်းလဲ အသုံးပြုရာမှ virus များ ပြန့်ပွားကူးစက် လာရခြင်းဖြစ်ပါတယ်။ ၄င်း portable device များမှ data များကို ပြန်လည်ရယူဖို့အကောင်းဆုံး နည်းလမ်းကတော့ ပထမဦးစွာ device ကို virus defination update ပြုလုပ်ထားသော Microsoft security essential နှင့် အရင်ဆုံး scan ဖတ်ပါ။ ပြီးတဲ့နောက် virus လို့ယူဆတဲ့ exe file/ folder အားလုံးကို ဖြတ်ထုတ်သွားပါလိမ့်မယ်။ အဲဒီနောက်တော့ Fixxy လို့ခေါ်တဲ့ software ကို download လုပ်ပြီးနောက် အောက်မှာ ပြထားတဲ့ပုံအဆင့်အဆင့် အတိုင်း မိမိ device ကိုရွေးချယ်ခါ ပြန်လည် recover ပြုလုပ်နိုင်ပါတယ်။
Fixxy 3 portable software ကို့ မူရင်း homepage မှ download လုပ်ရန်
Fixxy 3 portable software ကို Mediafire မှ download လုပ်ရန်
Frxxy software ကို run ပြီး I Agree ကိုနှိပ်ပါ။
ပြီးလျှင် Advanced Pro Version ကို ရွေးချယ်ပါ။
Scan & Recover ကို နှိပ်ပါ။
၎င်းနောက် မိမိ၏ Portable device ကို ရွေးချယ်သတ်မှတ်ပေးပါ။
ပြီးလျှင် Click Me ကိုနှိပ်ခါ စတင် recover ပြုလုပ်နိုင်ပါပြီ။ Recover ပြုလုပ်ပြီးသွားလျှင် Virus ကြောင့် hidden / invisible ဖြစ်သွားတဲ့ file folder များအားလုံးကို မိမိရဲ့ device အတွင်းမှာ ပြန်လည်တွေ့ရှိရမှာဖြစ်ပါတယ်။ ထူခြားချက်ကတော့ device ထဲမှာရှိနေတဲ့
hidden/invisible စတဲ့ attribute တွေကို ပဲ hidden မှ unhidden ၊ invisible
မှ visible ပြောင်းလဲပေးတဲ့အတွက် recover ပြုလုပ်ချိန်
အလွန်လျှင်မြန်ခြင်းပဲဖြစ်ပါတယ်။
Android ဖုန်းများအတွက် နောက်ဆုံးထွက် Official facebook Application 2.2.1 နှင့် Facebook Messenger 2.2.5 ကို မသုံးပဲ ပိုမိုထူးခြားသည့် နောက်ခံ ဒီဇိုင်းဖြင့် အသုံးပြုလိုသူများအတွက် အနက်ရောင် နောက်ခံဒီဇိုင်းများဖြင့် ပိုမိုထူးခြားသည့် modified version များဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ feature များကတော့ နောက်ဆုံး official ထွက် version ကဲသို့ပင်ဖြစ်ပြီး နောက်ခံ ဒီဇီုင်းလေးတစ်ခု သာ ပြောင်းလဲထားခြင်းဖြစ်ပါတယ်။ Facebook application အတွက် အနက်ရောင်နောက်ခံတွင် အဖြူရောင်စာသားနှင့် အပြာရောင်စာသားများဖြင့် နှစ်မျိုးရရှိနိုင်ပြီး Facebook Messenger အတွက် တော့ အနက်ရောင်နောက်ခံတွင် အဖြူရောင်စာသားဖြင့် ရယူနိုင်ပါတယ်။ ယခင် official version များကို Uninstall ပြုလုပ်ပြီးမှသာ ယခု Modified version များကို install ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လူသုံးများတဲ့ browser တစ်ခုဖြစ်တဲ့ Mozilla firefox မှ PDF file များကို မည်သည့် Third-party Plug-in မျှအသုံးပြုစရာမလိုပဲ ဖတ်နိုင်အောင် HTML5 ကိုအခြေခံထားသည့် built-in PDF reader ကိုထည့်သွင်းခါ Updated version 19 ထပ်မံထုပ်လုပ်လိုက်ပါပြီ။ နောက်ဆုံး Version 18 ထိအောင် firefox စတင်ဖွင့်လိုက်ချိန်တွင် နှေးကွေးလေးလံနေစေသော အမှားအယွင်း များကိုလည်း ပြန်လည် ပြင်ဆင်ပေးလိုက်တဲ့အတွက် ယခု version 19 မှာ Start-up time ကိုလည်း ပိုမိုလျှင်မြန်လာစေပါတယ်။ ထို့အပြင် Private browsing mode မှာ ပါဝင်နေတဲ့ bug အချို့ကိုလည်း ပြန်လည် ပြုပြင်ပေးထားတဲ့အတွက် ယခင် Version များထက် ပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Youtube, Facebook, Tangle, Godtube, Vimeo, Myspace, Break.com, Megavideo.com, TeacherTube, Blip.TV, DailyMotion စတဲ့ video ဆိုက်များစွာမှာ video များကို အကောင်းဆုံး အရည်အသွေးဖြင့် download လုပ်ပေးနိုင်မည့် Save2PC Ultimate နောက်ဆုံးထွက် version 5.2.6.1429 ပါ။ Internet download manager နှင့် real player ကဲ့သို့သော pop-up flash detector addon များကို အသုံးပြု၍ အွန်လိုင်း ဗွီဒီယိုများကို download လုပ်နိုင်သော်လည်း flash browser plug-in ၏ ရံဖန်ရံခါ crash ဖြစ်ခြင်း၊ browser update နှင့် flash ပူးတွဲသုံး၍ အဆင်မပြေခြင်းများကြောင့် အထက်တွင်ဖေါ်ပြခဲ့သော internet download manager နှင့် real player pop-up addon များမှာ တစ်ခါတစ်ရံ အလုပ်မလုပ်နိုင်ပါဘူး။
ကွန်ပျူတာတစ်လုံးတွင် Program တစ်ခုကို Install သို့မဟုတ် Uninstall ပြုလုပ်စဉ်တွင် ကျန်ရှိနေသော Registry Signature များ ကြောင့်မိမိ၏ ကွန်ပျူတာ နှေးကွေးခြင်း၊ Crash ဖြစ်ခြင်း၊ Errorတက်ခြင်း စသောအခြေအနေများကို တွေ့ကြုံရတတ်ပါတယ်။ ထိုသို့သော Registry Error များကို ဖြေရှင်းပေးနိုင်ရန် အတွက် မိမိအသုံးပြုသော ကွန်ပျူတာတွင် Registry Cleaner တစ်မျိုးမျိုး အသုံးပြုရန်လိုအပ်ပါတယ်။ ယခု နောက်ဆုံးထွက် Registry Reviver 3.0.1.112 တွင် အထက်တွင်ဖေါ်ပြခဲ့သော Error များကို ဖြေရှင်းနိုင်သည့် အပြင်၊ အခြား Registry Cleaner Software များထက်အားသာသည့်အချက်မှာ Registry Error Scan ဖတ်ချိန်လျှင်မြန်ခြင်းပင်ဖြစ်ပါတယ်။
Registry Error များကို Scan ဖတ်ပြီးနောက် Fix မပြုလုပ်မှီ Auto Backup ပြုလုပ်ပေးပါတယ်။
လက်တလောအသုံးများလာတဲ့ ပေါ့ပေါ့ပါးပါး anti-malware program တစ်ခုဖြစ်တဲ့ Malwarebytes Pro နောက်ဆုံးထွက် Version 1.70 ပါ။ viruses, worms, trojans, rootkits, dialers, spyware များကို ကွန်ပျူတာကို မလေးစေပဲ scan ဖတ်ခါ ရှာဖွေပေးနိုင်ပြီး၊ အခြား နာမည်ကြီး anti-virus program များ နှင့်မရသည့် malwares များကို ပင် Malwarebytes Pro ဖြင့် အပြီးသတ် ရှင်းလင်းပေးနိုင်တယ်လို့ သူ့ရဲ့ homepage မှာဖေါ်ပြထားပါသေးတယ်။ အခြား anti-malware, anti-spyware program များနှင့် မတူပဲပိုမိုကောင်းမွန်သည့်အချက်ကတော့ malware definition update ကိုနေ့စဉ်နီးပါး ပြုလုပ်ပေးခြင်း၊ အချိန်နှင့် သတ်မှတ်ပေးထားခါ scan ဖတ်ပေးနိုင်သော Scheduler စနစ်ပါရှိခြင်း၊ Anti-virus program ကြီးများကဲ့သို့ပင် real time protection စနစ် မှာတိကျသေချာစွာပြုလုပ်ပေးနိုင်ခြင်းတို့ ပဲဖြစ်ပါတယ်။
ကွန်ပျူတာ screen တစ်ခုမှာပေါ်နေသမျှ window အားလုံးကို နှစ်သက်ရာပုံစံ ဖြင့် Screen capture ဗွီဒီယိုရော ဓါတ်ပုံပါ ရိုက်နိုင်သော software တစ်ခုပါ။ အသုံးပြုနိုင်တဲ့ function များကတော့ ဝဘ်ဆိုက်စာမျက်နှာ တစ်ခုလုံးကို scroll ဆွဲ၍ ရိုက်နိုင်ခြင်း၊ main menu များ၊ hover menu များကို ပါ ရိုက်ကူးပေးနိုင်ခြင်း၊ အချိန်သတ်မှတ်ပေးထားပြီး ရိုက်ကူးနိုင်သော timer mode ပါဝင်ခြင်း၊ မိမိနှစ်သက်သကဲ့သို့ ရိုက်ကူးနိုင်သော free rectangle capture နှင့် free style capture များပါဝင်ခြင်း နှင့် ယခုနောက်ဆုံးထွက် version 6.0.2 မှာ Color picker လို့ခေါ်တဲ့ အရောင် ကုဒ်များကို မှတ်သားခါ ပြန်လည်အသုံးပြုနိုင်သော function နှင့် တစ်ကြိမ်တည်း ပုံများစွာရိုက်ကူးနိုင်သည့် Multishot on/off function များပါဝင်လာပါတယ်။
PC Cleaner Pro လို့ခေါ်တဲ့ ကွန်ပျူတာတစ်လုံး၏ start-up အချိန် နှင့် performance ကို ပိုမိုမြန်ဆန်စေမည့် software တစ်ခုပါဖြစ်ပါတယ်။ System registry များကို စစ်ဆေးပေးခါ ပြင်ဆင်ပေးခြင်း၊ မလိုလားအပ်သော Junk file များကို ရှင်းလင်းပေးခြင်း၊ နောက်ခံ background process တွင်ပွင့်နေသော အသုံးမပြုသည့် task process များ (ဥပမာ- program updater) ကို သတ်ပေးခြင်း၊ worms, spyware, adware အစရှိတဲ့ antivirus များကို ရှင်းလင်းပေးခြင်း၊ Privacy ပိုင်းနှင့် Security ပိုင်းတွင်လည်း မလိုအပ်သည့် ActiveX file များကို ရှင်းလင်းပေးခြင်း စသည်တို့ကို one click ဖြင့် ဆောင်ရွက်ပေးနိုင်ပါတယ်။
Software တစ်ခုခုကို install ပြုလုပ်ရင်းမှ နောက်ခံ background မှ ၄င်း တို့၏ Browser Toolbar များကို အသုံးပြုသူ မသိအောင် silent install လုပ်သွားတတ်ကြပါတယ်။ လက်တွေ့အသုံးဝင်သည့် toolbar များရှိပေမယ့် သေချာတာတစ်ခုကတော့ မိမိအသုံးပြုနေတဲ့ browser ရဲ့အလုပ်လုပ်မှုကို သိသိသာသာနှေးကွေးစေခါ Crash ဖြစ်ရတဲ့ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်နေပါတယ်။ ယခု taskbar remover software ကတော့ ၄င်း toolbar များအားလုံးကို auto detect ပြုလုပ်ခါ အသုံးမပြုလိုသည့် toolbar များကို အလွယ်တကူ uninstall ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
Download လုပ်ရာမှာ ပိုမိုကောင်းမွန်တဲ့ function များ ၊ ပိုမိုမြန်ဆန်တဲ့ speed များနဲ့ download လုပ်ပေးနိုင်တဲ့ download manager များထဲမှ တစ်ခုဖြစ်တဲ့ Mass Downloader 3.9 နောက်ဆုံးထွက် version ပါ။ Internet download manager ထက်ကို ပိုမိုမြန်ဆန်စွာ download လုပ်နိုင်တယ့်လို့ Mass downloader ရဲ့ home page မှာ ဖေါ်ပြထားပါတယ်။ Internet download manager ထက်ပိုကောင်းတဲ့ အချက်ကတော့ download capture လုပ်ရာမှာ built-in browser download window နဲ့ ဖေါ်ပြပေးတဲ့အတွက် internet download manager ကဲ့သို့ browser အလုပ်လုပ်မှုသိသိသာသာ နှေးကွေးသွားခြင်း၊ Crash ဖြစ်သွားခြင်း စသည်တို့ မရှိခြင်းပင်ဖြစ်ပါတယ်။ download speed ကတော့ သိပ်မကွာပဲ၊ 3 priority project လို့ခေါ်တဲ့ IDM scheduler ကဲ့သို့သော function လည်းပါပြီး၊ အခြား downloader များမှာ ပါဝင်တတ်တဲ့ Site grabber function များလည်းပါဝင်ပါတယ်။
USB flash drive များ အသုံးများသည့် ကွန်ပျူတာတစ်လုံးမှာ ရှိထားသင့်တဲ့ ပေါ့ပါးပြီး အစွမ်းထက်သည့် USB antivirus software တစ်ခုပါ။ အခြား Antivirus နှင့် Internet Security တစ်ခုခုနှင့်ပါ တွဲသုံးနိုင်သည့်အတွက် System ကို ပိုမိုလုံခြုံမှုရှိစေပါတယ်။ အခြား USB antivirus software များနှင့် မတူသည့်အချက်ကတော့ System registry ကိုပါ ပြုပြင်ထိမ်းသိမ်းပေးနိုင်ခြင်း၊ အမြဲတမ်း နီးပါး update ပြုလုပ်စရာမလိုပဲ အသုံးပြုနိုင်သည့်အတွက် offline အသုံးပြုသူများအတွက် သင့်တော်ခြင်း၊ စသည်တို့ပဲဖြစ်ပါတယ်။
Advance SystemCare လို့ခေါ်တဲ့ ကွန်ပျူတာ System တစ်ခုကိုပြုပြင် ထိမ်းသိမ်းပေးတဲ့ software တစ်ခုပါ။ Window Registry ကို error စစ်ပေးပြီး၊ defragment ပြုလုပ်ပေးခြင်း၊ Hard drive performance ကို မြှင့်တင်ပေးခြင်းစသည်တို့အပြင် ယခု Pro version မှာ Malware များပါစစ်ပေးခြင်း၊ အင်တာနက် အသုံးပြုမှုကို ပိုမိုမြန်ဆန်စေခြင်း နှင့် အဆင်ပြေဆုံးအချက်မှာ ကွန်ပျူတာတစ်လုံးအတွက် system registry ပိုင်းဆိုင်ရာများကို မှန်ကန်စွာဖြေရှင်းပေးနိုင်သည့်အတွက် System speed ကို ၃၀၀% ပိုမိုမြန်ဆန်စေ စေနိုင်ခြင်း ပင်ဖြစ်ပါတယ်။
MP3 သီချင်းများကို အလွယ်ကူဆုံး download ပြုလုပ်ပေးနိုင်မယ့် Easy MP3 downloader နောက်ဆုံးထွက် version 4.5.1.6 ပါ။ သီချင်းပေါင်း သန်း ၁၀၀ ကျော်များထဲမှ မိမိကြိုက်နှစ်သက်ရာ သီချင်းများအလိုက် သီဆိုသူ၊ သီချင်းအမည်၊ အယ်လ်ဘမ်အမည် စသည်တို့ကို ရိုက်ထည့်ခါ ရှာဖွေနိုင်သည့်အပြင် Rock, Pop, Alternative အစရှိသဖြင့် Categories များအလိုက် လည်းရှာဖွေနိုင်ပါတယ်။ လတ်တလောထင်ပေါ်ကြော်ကြားနေသည့် သီချင်းများကို လည်း feature section မှာ ပြသပေးထားပါတယ်။
Apple mobile device များအားလုံး ကို iTunes အသုံးပြုခါ သီချင်းများ၊ ဗွီဒီယိုများ၊ ဂိမ်းများ ထည့်သွင်း သကဲ့သို့ Android device များအတွက် media file များ၊ application များကို ထည့်သွင်း စီစဉ်ပေးနိုင်မယ့် SnapPea လို့ခေါ်တဲ့ window software ပါ။ မိမိ၏ Android ဖုန်းကို USB connection ဖြင့်သော်လည်းကောင်း Wifi network တစ်ခုတည်းတွင် ချိတ်ဆက် ၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုသော application များကို Google play store တွင် သွားရောက် download လုပ်စရာမလိုပဲ SnapPea မှတိုက်ရိုက် download ပြုလုပ်ခါ Install ပြုလုပ်နိုင်သည့်အပြင် ဖုန်းအတွင်းယခင်ကရှိပြီးသား application များကိုလည်း ကွန်ပျူတာတွင် backup လုပ်ထားနိုင်ပါတယ်။
HTML ကို အစအဆုံး Coding လုပ်စရာမလိုပဲ၊ လိုအပ်တဲ့ CSS နဲ့ HTML code များကို အဆင်သင့် drag-drop ဆွဲထည့်ပေးခါ အသုံးပြုနိုင်တဲ့ CoffeeCup HTML editor 12.7 ပါ။ HTML Beginner များအတွက် တော့ အသုံးတည့် မှာမဟုတ်သေးပါဘူး။ အခြားအသုံး ပြုနိုင်မယ့် အချက်များကတော့ built-in Validate HTML tool ပါရှိခြင်း၊ ဖန်တီးထားသော Website တစ်ခု၊ Template တစ်ခုကို offline preview ကြည့်နိုင်ခြင်း၊ အခြား Web template source များကို import လုပ်ခါ ပြန်လည်ပြုပြင်နိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။ 33MB ရှိပြီး၊ အသေးစိတ်ကို CoffeeCup HTML Editor Homepage မှာ သွားရောက်လေ့လာနိုင်ပါတယ်။ Windows 8, Windows 7, Vista, XP များမှာ အသုံးပြုနိုင်ပါတယ်။
MP3 သီချင်းများကို လွယ်ကူစွာရှာဖွေနိုင်ပြီး၊ Download လုပ်ပေးနိုင်သည့် MP3 downloader software ပါ။ ရှာလိုသည့် သီချင်း Title, Artist, Album စသည်တို့ကို search box မှာထည့်ပြီးရှာနိုင်သည့်အပြင် Lyrics words များနှင့်ပါ တိကျစွာရှာဖွေနိုင်ပါတယ်။ မြန်မာ MP3 သီချင်းများအပါအဝင် အခြားသီချင်းများကို BeeMp3.com, DilanDau.com, Goear.com, Hypster.com Iask.com, JustHearIt.com, YouTube videos, Kohit.net, Mp3000.net အစရှိသော နာမည်ကြီး MP3 search engine 16 ခုမှ Auto ရှာဖွေပေးပါတယ်။
Computer အသုံးပြုသူတိုင်း Window 7 မှာရော Vista မှာ ပါ Note gadget တွေ အသင့်ထည့်ပေးထားတာကို သတိထားမိမှာပါ။ အကြောင်းအရာ အမျိုးမျိုးကို နောင်တစ်ချိန်တွင် ပြန်လည် မှတ်မိနေစေရန်နှင့် ပျောက်ပျက် မသွားစေရန်၊ အထက်တွင် ရေးခဲ့သည့် Window note gadget များမှာ ရေးဖူး၊ မှတ်ဖူး၊ သုံးဖူးကြပါလိမ့်မယ်။ သို့ရာတွင် ၄င်း built-in ပါဝင်သော note gadget များတွင် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပြီး၊ အဓိကပြသနာမှာ Window note gadget များမှာ မြန်မာ Zawgyi font အသုံးပြု၍ အဆင်မပြေခြင်း ပင်ဖြစ်ပါတယ်။ အထက်ပါ အခက်အခဲများကို အဆင်ပြေနိုင်စေရန် 2011 နောက်ပိုင်းမှစ၍ နာမည်ကြီးလာပြီး၊ ယခုအခါ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူပေါင်း ၄၅ သန်းကျော် ရှိနေပြီဖြစ်သည့်၊ Evernote application လေးက ကူညီနိုင်ပါတယ်။
Audio format သီချင်းမျိုးစုံကို ပေါ့ပေါ့ပါးပါးနှင့် လွယ်ကူစွာ install ပြုလုပ်ခါ Free download နှင့် Update ပါပြုလုပ်နိုင်သော AIMP3 Player ဖြစ်ပါတယ်။ အခြား Audio Player များထက် ထူးထူးခြားခြား အားသာသည့် အချက်များကတော့ Audio format များစွာကို Support လုပ်နိုင်ခြင်း၊ loading time မြန်ဆန်ခြင်း၊ Player Skin ပေါင်းများစွာကို မိမိနှစ်သက်သလောက် Free download ရယူနိုင်သည့် အပြင် Skin Editor ပါ support လုပ်ပေးထားသည့်အတွက် မိမိနှစ်သက်ရာ Skin ကို ကိုယ်တိုင် Create လုပ်နိုင်ခြင်း၊ Audio Converter နှင့် Recorder ကိုပါအသုံးပြုနိုင်ခြင်း၊ Plug-in များ ကို Free download ပြုလုပ်ခါ အသုံးပြုနိုင်ခြင်း၊ Unicode ကို Support ပြုလုပ်သည့်အတွက် မြန်မာ font များအသုံးပြုနိုင်ခြင်း၊ Tag များ၊ Playlist များကို လွယ်ကူစွာအသုံးပြုနိုင်ခြင်း၊ Lyric များ Edit လုပ်ရာတွင် လွယ်ကူခြင်း၊ Auto Shut-down timer ပါဝင်သည့်အတွက် နားဆင်လိုသည့်သီချင်းကို ဖွင့်ထားပြီး၊ သတ်မှတ်ထားတဲ့အချိန်မှာ Computer ကို Shut-down ချနိုင်ခြင်း စသည်တို့ဖြစ်ပြီး၊ အခြား Function များလည်းပါဝင်ပါတယ်။
ကွန်ပျူတာတစ်လုံးတွင် Program တစ်ခုကို Install သို့မဟုတ် Uninstall ပြုလုပ်စဉ်တွင် ကျန်ရှိနေသော Registry Signature များ ကြောင့်မိမိ၏ ကွန်ပျူတာ နှေးကွေးခြင်း၊ Crash ဖြစ်ခြင်း၊ Errorတက်ခြင်း စသောအခြေအနေများကို တွေ့ကြုံရတတ်ပါတယ်။ ထိုသို့သော Registry Error များကို ဖြေရှင်းပေးနိုင်ရန် အတွက် မိမိအသုံးပြုသော ကွန်ပျူတာတွင် Registry Cleaner တစ်မျိုးမျိုး အသုံးပြုရန်လိုအပ်ပါတယ်။ ယခု Reviversoft မှထုပ်လုပ်ထားသော Registry Reviver 2.1.6 တွင် အထက်တွင်ဖေါ်ပြခဲ့သော Error များကို ဖြေရှင်းနိုင်သည့် အပြင်၊ အခြား Registry Cleaner Software များထက်အားသာသည့်အချက်မှာ Registry Error Scan ဖတ်ချိန်လျှင်မြန်ခြင်းပင်ဖြစ်ပါတယ်။
Window Email Program များထဲမှ လူသုံးများသည့် Email Software တစ်ခုဖြစ်တဲ့ The Bat Professional Edition ဖြစ်ပါတယ်။ Microsoft Outlook လောက် rich feature များမပါဝင်ပေမယ့်၊ Connection မကောင်းသော နေရာများမှာ အဓိကအသုံးဝင်မှာဖြစ်ပါတယ်။ ပါဝင်တဲ့ Feature များကတော့ Protection of Privacy, Anti-virus defense ,Smart Sorting Office ,Handy Message Templates , Quick Templates , Message Parking , Built-In Backup and Restore , Strong Encryption , Mail Synchronization , Fast Address Book စတဲ့ Feature တွေပါဝင်ပါပြီး၊ Online ရော၊ Offline ပါအသုံးပြုနိုင်ပါတယ်။ အသေးစိတ်ကိုတော့ ဒီနေရာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။