Home

Feature အသစ်များနှင့် free MP3 downloader Songr 2.0

                                  MP3 သီချင်းများကို လွယ်ကူစွာရှာဖွေနိုင်ပြီး၊ Download လုပ်ပေးနိုင်သည့် MP3 downloader software ပါ။ ရှာလိုသည့် သီချင်း Title, Artist, Album စသည်တို့ကို search box မှာထည့်ပြီးရှာနိုင်သည့်အပြင် Lyrics words များနှင့်ပါ တိကျစွာရှာဖွေနိုင်ပါတယ်။ မြန်မာ MP3 သီချင်းများအပါအဝင် အခြားသီချင်းများကို BeeMp3.com, DilanDau.com, Goear.com, Hypster.com Iask.com, JustHearIt.com, YouTube videos,  Kohit.net, Mp3000.net အစရှိသော နာမည်ကြီး MP3 search engine 16 ခုမှ Auto ရှာဖွေပေးပါတယ်။


                                   Youtube video များကို MPEG HD quality ဖြင့် download လုပ်ရယူခါ MP3 file သို့ပြောင်းလဲပေးနိုင်သောကြောင့် Songr downloader ဟာ ပိုက်ဆံပေးဝယ်ရသော MP3 downloader များထက်ကို သာတယ်လို့ပြောနိုင်ပါတယ်။ Youtube video များကို download လုပ်ရန် file menu မှ တဆင့် "download from Youtube..." သို့သွားခါ Youtube လိပ်စာ URL ကို Paste box ထဲတွင် ထည့်ပြီး၊ MPEG သို့မဟုတ် MP3 format ရွေးခါ download ရယူနိုင်ပါတယ်။

                                  ယခုနောက်ဆုံးထွက် Updated version 2.0(beta) တွင် MP3juices နှင့် MusicSearch.so MP3 search engine အသစ်နှစ်ခု ပါဝင်လာပြီး၊ User interface လည်းပိုမို ကောင်းမွန်လာပါတယ်။ Standby screen တွင် Genres အလိုက် သီချင်းအမျိုးအစားများကို အဆင်သင့် ထားရှိပေးထားပြီး၊ Window 7 task bar player control လည်းပါဝင်ပါတယ်။  သီချင်းတစ်ပုဒ်ကို Download မလုပ်မီ၊ double click နှိပ်ခါ နားဆင်နိုင်ပါတယ်။ 5.7MB သာရှိသော Songr MP3 downloader ကို၊ Window XP, Vista, 7, 8  များ အတွက် Installer version နှင့် flash drive အတွင်းတွင် ထည့်သွင်း အသုံးပြုနိုင်သော Portable version(3.8MB) ကိုပါ free download ရယူနိုင်ပါတယ်။

 (Songr home page သို့သွားရန်)







0 comments: