Home

Privacy ကို ပိုမိုလွယ်ကူစွာ ပြောင်းလဲသတ်မှတ်နိုင်မည့် Facebook ၏ New Privacy Shortcut မိတ်ဆက်


                            Facebook အသုံးပြုသူများအနေနဲ့ မိမိ၏ Privacy နှင့် ပတ်သက်သော setting များကို ယခင်က Home menu ၏ ဘေးရှိ drop down menu မှတစ်ဆင့် မိမိ၏ Privacy Settings သို့ဝင်ပြီး သတ်မှတ်ပေးရပါတယ်။ 20/12/2012 ရက်နေ့မှစ၍ Facebook မှ New Privacy Shortcut ကို နိုင်ငံအချို့မှ Facebook user များအတွက် စတင်မိတ်ဆက်လိုက်ပါတယ်။ ပုံမှန်မြင်တွေ့နေကြ Home menu ၏ ညာဘက်နေရာတွင် dropdown ပုံစံ menu ကို Setting icon menu ပုံစံပြောင်းလဲလိုက်ပြီး၊ Home menu နှင့် Setting menu တို့၏ အလယ်တွင် New Privacy Shortcut ကိုရည်ညွန်းသည့် သော့ခလောက်ပုံစံ Icon ကို ထည့်သွင်းပေးလိုက်ပါတယ်။


၎င်း New Privacy Shortcut ကိုနှိပ်လိုက်လျှင် dropdown menu ကျလာမည်ဖြစ်ပြီး၊ လတ်တလော အလွယ်တကူ ရွေးချယ်စရာ menu သုံး ခုကို တွေ့ရမှာဖြစ်ပါတယ်။
1)Who can see my stuff?
2)Who can contact me?
3)How do I stop someone from bothering me? menu များပဲဖြစ်ပါတယ်။


1)Who can see my stuff? menu အသုံးပြုပုံ
                  ပထမဆုံး "Who can see my stuff?" ကိုနှိပ်လိုက်လျှင် Sub menu ၃ ခုထပ်ပွင့် မည်ဖြစ်ပြီး၊ ၄င်း menu များမှ မိမိ၏ Post များကို အခြားသူများ ကြည့်၍ ရနိုင်မရနိုင်ကို သတ်မှတ်ပေးထားနိုင်သော "Who can see my future posts?"၊ မိမိ၏ Facebook အသုံး ပြုသည့် အချက်အလက်များနှင့် အချိန်များကို Report လုပ်ပေးပြီး၊ မိမိအား tagged လုပ်ထားခဲ့သော Post များကို သိရှိနိုင်မည့် "Where can I review all my posts and things I'm tagged in?" (Activity log) ၊ မိမိသတ်မှတ်လိုက်သော Profile ကို တခြား သူများအနေနှင့် ပြန်လည်ကြည့်ရှု နိုင်သော "What do other people see on my timeline?" (View as) sub menu များကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။


2)Who can contact me? menu အသုံးပြုပုံ
                  ဒုတိယ "Who can contact me?" menu ကိုနှိပ်လိုက်လျှင် Facebook chat အပါအဝင် Facebook email/message များကို မည်သူများမှ ပို့နိုင်၊ မပို့နိုင် သတ်မှတ်ပေးထားနိုင်သော "Who can send me facebook messages?" နှင့် မည်သူများမှ မိမိအား Friend request ပြုလုပ်နိုင်၊ မလုပ်နိုင်သတ်မှတ်ပေးနိုင်သော "Who can send me friend requests?" sub menu များကိုတွေ့ရမှာဖြစ်ပါတယ်။


3)How do I stop someone from bothering me? အသုံးပြုပုံ
                    နောက်ဆုံး "How do I stop someone from bothering me?" တွင် ယခင်က  Block လုပ်ခဲ့သော သူများ၏ စာရင်းကိုအလွယ်တကူ ကြည့်ရှုနိုင်ပြီး၊ ယခုထပ်မံ Block လုပ်လိုပါကလည်း အလွယ်တကူ အသုံးပြုနိုင်ရန် Block box ကိုထည့်သွင်းပေးထားပါတယ်။ Block လုပ်လိုသော သူ၏ အမည်(Name) သို့ မဟုတ် အီးမေး(Email) ကိုရိုက်ထဲ့ခါ ဘေးမှ Block button ကို နှိပ်လိုက်ရုံသာဖြစ်ပါတယ်။


                  အထက်ပါ Shortcut menu များအပြင် ထို့ထက်ပိုမို ပြင်ဆင်သတ်မှတ်လိုပါက ၄င်း menu များ၏ အောက်ဆုံးတွင် "See More Settings" ကိုအသုံးပြုနိုင်ပါတယ်။ See More Settings ကိုသွားလိုက်ပါက အထက်တွင် ဖေါ်ပြခဲ့သော New Privacy Shortcut မှ Menu သုံးခုကို အသေးစိတ် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

အသေးစိတ်ထပ်မံ ပြုပြင်သတ်မှတ်နိုင်သော Setting များမှာ-
-ယခင် တင်ပြီးသား post များကို ပြန်လည် ပြင်ဆင်သတ်မှတ်ပေးရန် Privacy tab မှ "Who can see my stuff?" မှာ အသေးစိတ်ပြင်ဆင်နိုင်ပါတယ်။ Tagged လုပ်ထားခံရသော သူများ ကိုတော့ ပြင်ဆင်သတ်မှတ်နိုင်မှာမဟုတ်ပါဘူး။
-Facebook search engine မှလွဲ၍ အခြား Search engine (ဥပမာ- Google, Bing Search engines) များတွင် မိမိ၏ User name သို့မဟုတ် Email ကိုအသုံးပြု၍ ရှာဖွေနိုင်၊ မဖွေနိုင်ကို သတ်မှတ်ပေးထားနိုင်ပါတယ်။
-Blocking tab မှ တစ်ဆင့် block လုပ်လိုသော Profile name များ၊ Application များ၊ Event Invitation များ ကို အသေးစိတ် သတ်မှတ်ပေးထားနိုင်မှာဖြစ်ပါတယ်။

 ပိုမိုလွယ်ကူသော Facebook ၏ New Privacy Shortcut ကို နိုင်ငံအချို့တွင်သာ Update ပြုလုပ်ပေးထားခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ၄င်း Update ကို ထည့်သွင်းပေးထားခြင်း မရှိသေးပါဘူး။



0 comments: