iOS 6, iOS 6.0.1, iOS 6.0.2 နှင့် iOS 6.1 သုံး iDevice များအတွက် Eavasi0n ရဲ့ Untethered Jailbreak tool ထွက်ရှိလို့လာပါပြီ။ ၄င်းတို့ကြေညာထားသည့် ရက်မှ အနည်းငယ် နောက်ကျထွက်ရှိခဲ့ပေမယ့် လောလောဆယ် iOS 6 ကနေ 6.1 အထိ untethered jailbreak လုပ်ဖို့အတွက်တော့ ပထမဦးဆုံး tools တစ်ခုဖြစ်နေပါတယ်။ Jailbreak လုပ်လို့ရမယ့် မော်ဒယ်တွေကတော့ iPhone 3GS, iPhone 4, iPhone 4S နှင့် iPhone 5, iPad 2, iPad 3, iPad 4 နှင့် iPad mini, iPod Touch 4G နှင့် iPod Touch 5G, Apple TV 2 တို့ပဲဖြစ်ပါတယ်။
ကွန်ပျူတာ စနစ်တစ်ခုလုံးအတွက် မြန်မာ ဇော်ဂျီ font နှင့် အခြား ယူနီကုဒ် တစ်မျိုးမျိုး ထည့်သွင်းထားသော်လည်း Browser များ၏ ရံဖန်ရံခါ update ပြုလုပ်မှုများကြောင့်နှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် မြန်မာစာ အသုံးပြုထားသော webpage များကို ဖတ်ရှုရာမှာ လေးထောင့်တုံးများ ပေါ်နေတတ်ပြီး၊ အဆင်မပြေမှုများ ကြုံတွေ့ကြရပါတယ်။ Firefox နှင့် Google Chrome အသုံးပြုသူများအတွက်တော့ မြန်မာ developer တစ်ယောက်ဖန်တီးထားသော Tagu တန်ခူးဟုခေါ်သည့် Browser Addon တစ်ခုကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အထက်ပါ Browser များမှာ Facebook အပါအဝင်၊ မြန်မာစာပါဝင်သော Webpage များမှာ အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ၄င်း Tagu Addon ကိုထည့်သွင်းထားခြင်းဖြင့် မိမိ၏ကွန်ပျူတာတွင် အခြားမည်သည့် မြန်မာစာစနစ်များကိုမှ ထည့်သွင်းထားစရာမလိုပဲ ဇော်ဂျီစနစ်ရော အခြား ယူနီကုဒ်စနစ်များကိုပါ အလိုအလျှောက် ခွဲခြားပြီး၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
Microsoft ရဲ့ အထင်ကရ online chat service တစ်ခုဖြစ်တဲ့ MSN Messenger လို့ခေါ်တဲ့ Window Live Messenger ဟာ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရပ်စဲပါတော့မယ်။ မတ်လ ၁၅ ရက်နေ့ကနေစတင်ပြီးတော့ Window live messenger desktop application မှာ sign in လုပ်တာနဲ့ Skype ကို download လုပ်ခါ install ပြုလုပ်ခိုင်းပြီး၊ Window live messenger ကို Uninstall ပြုလုပ်ခိုင်းမည့် စာသားပေါ်လာမည်ဖြစ်ပြီး၊ အခြား IM chatting software များဖြစ်သည့် Pidgin နှင့် Trillian အစရှိသော Third party client software များမှာလည်း ထို့အတူဖြစ်လာမှာ ဖြစ်ပါတယ်။ Window live messenger account မှာရှိပြီးသား သူငယ်ချင်း များနှင့် ဆက်လက် ဆုံစည်းလိုသူများအတွက်တော့ Window live account ကို Skype account တွင် ဆက်လက် အသုံးပြုနိုင်ရန် ဖန်တီးပေးထားမှာဖြစ်ပါတယ်။ ထိုသို့ပေါင်းစည်းရာမှာလည်း အသုံးပြုလက်စ Skype account နှင့် ပေါင်းစပ်နိုင်ရန်နှင့် Skype account အသစ် ဖန်တီးခါ ပေါင်းစည်းနိုင်ရန် နည်းလမ်းနှစ်ခု ရွေးချယ်နိုင်ပြီး၊ နောက်ဆုံးထွက် Skype application ကို မိမိကွန်ပျူတာမှာ install ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ Window live account နှင့် Skype account ကိုပေါင်းစည်း လိုပါက အောက်တွင်ပြထားသော နည်းလမ်းများအတိုင်းလိုက်လံဆောင်ရွက်နိုင်ပါတယ်။
အရေးကြီးပြီး၊ အသေးစိတ်ကျတဲ့ data များကို အွန်လိုင်းမှတစ်ဆင့် အခြားသူတစ်ယောက် ၇ဲ့ Email ကို ပို့ဆောင်ပေးနိုင်မယ့် Lockbin messaging site ပါ။ လက်ခံမည့်သူ၏ အီးမေးလိပ်စာ၊ ပို့သူ၏ အီးမေးလိပ်စာ နှင့် အမည်၊ message ကို encrypt ပြုလုပ်ပေးမည့် password များကို ရိုက်ထည့်ခါ အလွယ်တကူပေးပို့နိုင်ပါတယ်။ SSL enable ဖြစ်ပြီး AES-256bit encryption စနစ်ဖြင့် encrypt ပြုလုပ်ပေးသည့်အတွက် လုံခြုံစိတ်ချစွာ ပေးပို့နိုင်ပြီး၊ မိမိ၏ အီးမေးကိုဖွင့်ရန် အခြေအနေမပေးသည့် အခါများတွင်လည်း အသုံးပြုနိုင်ပါတယ်။ Text format တစ်မျိုးတည်းသာမကပဲ media file များပါ ပူးတွဲပေးပို့နိုင်ပြီး၊ Attachment size ကို Free user များအတွက် 15 MB သတ်မှတ်ပေးထားပါတယ်။ လက်ခံမည့်သူအား encrypt လုပ်လိုက်သော အီးမေးကို ဖတ်ရှုနိုင်ရန် မိမိသတ်မှတ်လိုက်သော password အသိပေးထားရမှာဖြစ်ပြီး၊ password မမှန်လျှင် ဖွင့်ကြည့်လို့ရမှာမဟုတ်ပါဘူး။
ဓါတ်ပုံများ သီးသန့် Upload လုပ်ခါ သိမ်းထားနိုင်ပြီး၊ ပုံအရေအတွက်၊ Size ပမာဏကို အဓိကမထားပဲ မူရင်း resolution အတိုင်း Unlimited သိမ်းထားပေးသော Free online service တစ်ခုပါ။ Shutterfly ဟာတကယ်တော့ online photo printing site တစ်ခုဖြစ်ပြီး၊ Free image uploading service ကတော့ Shutterfly ရဲ့ Service တွေထဲကတစ်ခုပဲဖြစ်ပါတယ်။
Facebook ရဲ့ ပြန်လည် ရုပ်သိမ်းသွားတဲ့ Poke function ကို official poke application တစ်ခုအနေနဲ့ iOS device များအတွက် စတင်ဖြန့်ချီ လိုက်ပါပြီ။ ဒီ application မှာ Facebook friend အချင်းချင်း Text message သာမက Picture, Video message များနှင့်ပါ Poke လုပ်နိုင်ပါတယ်။ Poke application ရဲ့ထူးခြားချက်ကတော့ Self destruction ဆိုတဲ့ အလိုအလျောက် ဖျက်စနစ် ပါဝင်ခြင်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ Friend list ထဲမှ တစ်စုံတစ်ယောက်ကို Poke လုပ်လိုက်ပါက တစ်ဖက်လူမှ Poke message ကိုစတင်ကြည့် လိုက်သည်နှင့် သတ်မှတ်ထားသော အချိန်ပြည့်လျှင် ၄င်း Message မှာ မိမိ၏ Account မှာရော၊ Poke လုပ်သူရဲ့ Account မှာပါ အပီးအပိုင် ပျောက်ပျက်သွားမှာ ဖြစ်ပါတယ်။
အင်တာနက်လိုင်း နှေးသောနေရာများတွင် VZO အသုံးပြုသူများအနေနဲ့ မိမိနှင့် Video Call Chat နေသော တစ်ဖက်လူ၏ မြင်ကွင်းကို ရှင်းလင်း ပြတ်သားစွာ မမြင်နိုင်ပဲ၊ ရုပ်ပုံများ တစ်ခုပီးတစ်ခု စက္ကန့်ပိုင်းစီလောက် ခြားပြီးမှ ပေါ်နေသကဲ့သို့၊ မြင်ရတတ်ပါသည်။ Settings menu မှ Network Setup သို့ဝင်ရောက်ပြီး၊ Bandwidth Control ကို အမြင့်ဆုံး maximum speed များသို့ ချိန်ညှိပေးခြင်းဖြင့်၊ မိမိနှင့် Video call chat နေသော တဖက်လူ၏ မြင်ကွင်းကို အဆင်ပြေစွာ တွေ့ရှိနိုင်မည် ဖြစ်ပါသည်။ အောက်တွင်ပြထားသော Video တွင် အသေးစိတ်လေ့လာနိုင်ပါသည်။
Internet Browser များမှာ Gmail, Yahoo Mail, AOL Mail, Facebook စသည့်အကောင့်များကို တစ်ခုထက်ပို၍ ဖွင့်လိုပါက ပုံမှန်အားဖြင့် လက်ရှိအသုံးပြုနေသော အကောင့်မှ Sign Out လုပ်ပြီးမှသာ၊ နောက်အကောင့်တစ်ခုကို ထပ်မံဝင်ရောက်၍ Sign In လုပ်ပေးနိုင်ပါတယ်။ အကောင့်တစ်ခု ထက်ပို၍ အသုံးပြုသူများအနေနဲ့၊ နောက်အကောင့်တစ်ခုကို အသုံးပြုလိုပါက အထက်ပါအတိုင်း Sign Out လုပ်ပြီးမှ၊ Sign In ပြန်လုပ်ပေးရပါက အချိန်ပေးရခြင်း၊ အကောင့်နှစ်ခုလုံးမှ Content များကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ခြင်း၊ Built In Chatting ပါဝင်သော အကောင့်များကို တစ်ပြိုင်နက်တည်း Chatting မပြုလုပ်နိုင်ခြင်း စသော အခက်အခဲများကြုံတွေ့ရပါတယ်။ Firefox Internet Browser ကိုအသုံးပြု သူများအနေနဲ့ CookieSwap လို့ခေါ်တဲ့ Firefox Add-on ကိုအသုံးပြုပြီး၊ ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။