Home

Window live messenger service ရပ်စဲလျှင် Skype တွင်ဆက်လက်အသုံးပြုပုံ

                               Microsoft ရဲ့ အထင်ကရ online chat service တစ်ခုဖြစ်တဲ့ MSN Messenger လို့ခေါ်တဲ့ Window Live Messenger ဟာ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရပ်စဲပါတော့မယ်။  မတ်လ ၁၅ ရက်နေ့ကနေစတင်ပြီးတော့ Window live messenger desktop application မှာ sign in လုပ်တာနဲ့ Skype ကို download လုပ်ခါ install ပြုလုပ်ခိုင်းပြီး၊ Window live messenger ကို Uninstall ပြုလုပ်ခိုင်းမည့် စာသားပေါ်လာမည်ဖြစ်ပြီး၊ အခြား IM chatting software များဖြစ်သည့် Pidgin နှင့် Trillian  အစရှိသော Third party client software များမှာလည်း ထို့အတူဖြစ်လာမှာ ဖြစ်ပါတယ်။ Window live messenger account မှာရှိပြီးသား သူငယ်ချင်း များနှင့် ဆက်လက် ဆုံစည်းလိုသူများအတွက်တော့ Window live account ကို Skype account တွင် ဆက်လက် အသုံးပြုနိုင်ရန် ဖန်တီးပေးထားမှာဖြစ်ပါတယ်။ ထိုသို့ပေါင်းစည်းရာမှာလည်း အသုံးပြုလက်စ Skype account နှင့် ပေါင်းစပ်နိုင်ရန်နှင့် Skype account အသစ် ဖန်တီးခါ ပေါင်းစည်းနိုင်ရန် နည်းလမ်းနှစ်ခု ရွေးချယ်နိုင်ပြီး၊ နောက်ဆုံးထွက် Skype application ကို မိမိကွန်ပျူတာမှာ install ပြုလုပ်ထားရမှာ  ဖြစ်ပါတယ်။ Window live account နှင့် Skype account ကိုပေါင်းစည်း လိုပါက အောက်တွင်ပြထားသော နည်းလမ်းများအတိုင်းလိုက်လံဆောင်ရွက်နိုင်ပါတယ်။


                      ပထမဆုံး Skype ကိုဖွင့်ပြီး၊ Sign-in ပြုလုပ်တဲ့အချိန်မှာ Sign-in with a Microsoft account ဟူသော Option ကိုရွေးချယ်ခါ Window live account user name နှင့် password များဖြင့် sign in ပြုလုပ်ပေးပါ။ ၄င်းနောက် သင့်မှာ Skype account ရှိပြီးသားလား သို့မဟုတ် အသစ်ဖန်တီးလိုပါသလား ဟူသော window တက်လာပါမယ်။ Skype account ရှိပြီးသား option ကိုရွေးချယ်ပြီး၊ သုံးနေကျ Skype account user name နှင့် password များကိုအသုံးပြုခါ Sign in ဝင်ပေးလိုက်လျှင် Window live account နှင့် ယခု sign in ဝင်လိုက်သော Skype account ကို ပေါင်းစည်းပြီးသားဖြစ်သွားပါလိမ့်မယ်။ ထိုသို့မဟုတ်ပဲ Skype account အသစ်ဖန်တီးလိုပါသည် ဟူသော Option ကိုရွေးချယ်ပေးလိုက်ပါက မိမိနှစ်သက်ရာ user name နှင့် password ကိုရွေးချယ်ပေးရမည်ဖြစ်ပြီး၊ ယခုအသစ်ဖွင့်လိုက်သော Skype account နှင့် Window live account ကိုပေါင်းစည်းပေးသွားမှာ ဖြစ်ပါတယ်။ ထိုသို့ပေါင်းစည်းပေးပြီးသည်နှင့် နောင်အချိန်များတွင် Skype account ကို sign in ဝင်တိုင်း window live messenger account မှ သူငယ်ချင်းများကိုလည်း Skype မှတစ်ဆင့် ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ 
                       ထူးခြားချက်တစ်ခုကတော့ Window live messenger service ကို တကမ္ဘာလုံး အဆင့် မတ်လ ၁၅ ရက်နေ့မှာ ရပ်ဆိုင်းပေမယ့်လည်း တရုတ်ပြည်မှာတော့ ဆက်လက်အသုံးပြုခွင့် ပေးထားအုံးမယ်လို့ ဖေါ်ပြထားပါတယ်။

0 comments: