Home

iOS, Android နှင့် Window 8 OS များကို ယှဉ်ပြိုင်မည့် Blackberry 10 (BB10) mobile operating system

                              
                                     Apple ရဲ့ iOS သုံး iDevice များ, Google ၏ Android နှင့် Microsoft ရဲ့ Window 8 OS သုံး နာမည်စုံ mobile device များအကြားမှာ ယခင်က နာမည်ကျော်လူကြိုက်များခဲ့တဲ့ ကနေဒါနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ RIM (Research In Motion ltd) ဟာ ဒီကနေ့တော့ သူ့ရဲ့ မူပိုင် Operating system အသစ် တစ်ခုဖြစ်တဲ့ Blackberry 10 ကို စတင်မိတ်ဆက်ခဲ့ပါပြီ။ လက်ရှိ Blackberry ဖုန်းများမှာ အသုံးပြုနေတဲ့ Blackberry operating system နဲ့ လုံးဝမတူတဲ့ ထူးခြားဆန်းသစ်တဲ့ feature များအပြင်၊ ရုပ်ရှင်များ၊ တီဗွီရှိုးများ၊ သီချင်းများ၊ ဂိမ်းများ နှင့် အသုံးဝင် ဆော့ဖ်ဝဲများ ပါဝင်သည့် Application ပေါင်း ၇၀၀၀၀ ကျော်ကိုလည်း Blackberry 10 OS မှာ support လုပ်သွားမှာဖြစ်ပါတယ်။


                           
                                     BBM (Blackberry Messenger) လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးအဆင့် အပြန်အလှန် text chat, နှင့် voice and video chat များ ပြုလုပ်နိုင်သည့် social network စနစ်ကိုလည်း ထည့်သွင်းထားရာ၊ Apple ၏ iMessage နှင့် Facetime ကဲ့သို့ အင်တာနက် ကွန်ယက်တစ်ခုခုပေါ်မှာ အခမဲ့ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ ၄င်းအပြင် Blackberry HUB ဟုခေါ်သည့် Feed reader ကဲ့သို့သော application လည်းပါဝင်ပြီး၊ ၄င်း application တွင် မိမိ၏ ကိုယ်ပိုင် အီးမေးများ၊ facebook account များ၊ twitter streaming များကိုပါ subscribe ပြုလုပ်ထားနိုင်မည်ဖြစ်ရာ သက်ဆိုင်ရာ social account များသို့သီးခြား ဖွင့်ကြည့်စရာမလိုပဲ ၄င်း Blackberry HUB မှပင် သိရှိဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ Camera built in application အနေနဲ့ Time Shift ဟုခေါ်သည့် Application ပါဝင်လာပြီး၊ Keyboard မှာလည်း အခြား mobile OS များနှင့် မတူကွဲပြားသည့် လုပ်ဆောင်ချက်ဖြင့် ထွက်ရှိလာပါတယ်။



                             Twitter, Facebook, LinkedIn and Foursquare စသည့် Social media application များကိုလည်း Operating System တွင် built-in ထည့်သွင်းထားပြီး၊ Email စနစ်တွင်လည်း file attaching, text color, flag, mark as read/unread စသည်ဖြင့် ပြည့်စုံတဲ့ feature များဖြင့် ပြန်လည် ဖန်တီးထားရာ Apple mobile device များ၏ built-in mail application ထက်ပင်သာလွန်နေပါသေးတယ်။ အသံဖြင့် စေခိုင်းနိုင်သည့် Voice control စနစ်လည်းပါဝင်ပြီး၊ Browser မှာလည်း HTML 5 support ပြုလုပ်ပေးနိုင်ပါတယ်။ BB10 OS မှာ Smart phone operating system တစ်ခုမှာ ပါဝင်သင့်တဲ့ Wi-Fi, Bluetooth, NFC, mobile hot spot, VPN, နှင့် Internet tethering အစရှိသော network function များလည်းပါဝင်ပါတယ်။ ပထမဆုံး Blackberry 10 OS အသုံးပြုမည့် Blackberry phone model Z10 ကို Blackberry ရဲ့ official website မှာစတင်မိတ်ဆက်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

 Photos: cnet.com

0 comments: