Home

Galaxy S2 နှင့်မကွာလှတဲ့ Samsung Galaxy S2 Plus မိတ်ဆက်

                         Samsung ရဲ့ S2 series ဖုန်းအသစ်တစ်မျိုး ဖြစ်လာမယ့် Galaxy S2 Plus ပါ။ မျက်နှာပြင် အကျယ် 4.3 လက်မရှိပြီး၊ Resolution ကတော့ (800 x 480 Pixels) ရှိပါတယ်။ Super AMOLED Plus capacitive touch screen display ကိုအသုံးပြုထားပြီး၊ 1.2 GHz dual-core processor အသုံးပြုထားတဲ့အတွက် ယခင် Samsung Galaxy S2 နှင့် သိပ်မကွာတဲ့ hardwares များ ကိုအသုံးပြုထားပါတယ်။   1GB RAM နှင့် Android 4.1.2 (Jelly Bean) System အသုံးပြုထားပြီး၊ Built-in memory storage ကတော့ 8 GB ပါဝင်ပါတယ်။ 64 GB ထိအောင်အသုံးပြုနိုင်တဲ့ External microSD memory slot ပါဝင်ပြီး၊ ကင်မရာမှာလည်း ယခင် Galaxy S2 အတိုင်း အရှေ့ကင်မရာ 2 Megapixel နှင့် 1080P အရည်အသွေးရှိ Video များကို ရိုက်ကုးနိုင်သော Main Camera 8 Megapixel တို့ပါဝင်ပါတယ်။

                          NFC Version နှင့် Non-NFC version နှစ်မျိုးထွက်မည်ဖြစ်ပြီး၊ NFC version မှာ 8.9 mm အထူရှိခါ non-NFC version ကတော့ 8.5mm ရှိပါတယ်။ အသုံးပြုနိုင်မယ့် network တွေကတော့ 3G (HSDPA: 21 Mbps, HSUPA: 5.76Mbps), Wi-Fi 802.11 a/b/g/n, WiFi Direct, Bluetooth v 3.0, GPS/GLONASS and NFC (optional) တို့ဖြစ်ပါတယ်။ ယခင် ထွက်ရှိပြီးသား Galaxy S2 နှင့် သိပ်မကွာလှသော Specification များ၊ Hardware များအတိုင်း model နံပါတ်အသစ်ဖြင့် ထွက်ရှိလာမည်ဖြစ်သောကြောင့် Samsung ကြိုက်နှစ်သက်သူများအတွက် ပိုမိုထူးခြားလာတဲ့ ခံစားမှုမျိုးကိုတော့ ပေးစွမ်းနိုင်မှာ မဟုတ်လောက်ပါဘူး။

0 comments: