Home

ရှေ့နောက်ကင်မရာများမှ တပြိုင်တည်း ရိုက်ကူးနိုင်မည့် LG Optimus G Pro ဖုန်း

LG's Optimus G Pro ဖုန်းကို ရှေ့ပိုင်းမှမြင်ရပုံ
                               LG electronic ကုမ္ပဏီကထုတ်လုပ်တဲ့ ၅ လက်မအရွယ်ရှိတဲ့ LG Optimus G Pro (L-04E) ဖုန်း ဟာ full HD 1080p အရည်အသွေးနဲ့ ထွက်ရှိလို့လာပါပြီ။ 1.7 GHz အမြန်နှုန်းရှိတဲ့ Snapdragon S4 Pro APQ8064 processor တပ်ဆင်ထားပြီး၊ RAM ကိုတော့ 2GB ထည့်သွင်းပေးထားပါတယ်။ နောက်ဆုံး ထွက် Android 4.1 Jelly Bean စနစ်ဖြစ်ခါ၊ ယခင်ထွက်ရှိပြီးသား Optimus G ဘက်ထရီထက် ပိုမိုကြာရှည်ခံအသုံးပြုနိုင်သည့် 3000mAh ဘက်ထရီ တပ်ဆင်ထားသော်လည်း 10.1 မီလီမီတာ အထူနှင့် 160 ဂရမ် သာလေးတဲ့အတွက် ဘက်ထရီ အနည်းငယ်ပိုကြီးလာသည်နှင့်စာလျှင် ဖုန်း၏ အထူနှင့် အလေးချိန်တို့မှာ မပြောပလောက်ပါဘူး။




                            ကင်မရာအနေနဲ့ကတော့ နောက်ဘက် ကင်မရာအကြီးမှာ 13.2 မီဂါပစ်ဆဲလ် ရှိခါ BSI sensor နှင့် LED flash မီးတို့ပါဝင်ခါ၊ ရှေ့ဘက်ကင်မရာ အသေးမှာ 2.4 MP ရှိပါတယ်။ Built-in software application အနေနဲ့ ထူးခြားတဲ့ Dual Video လို့ခေါ်တဲ့ ရှေ့နောက်ကင်မရာများမှ တပြိုင်နက်တည်း ရိုက်ကူးနိုင်တဲ့ Video recording application ပါဝင်သောကြောင့် အင်တာဗျူးကဲ့သို့သော နေရာများတွင် မေးခွန်းမေးသူ ရော ဖြေကြားသူကိုပါ တပြိုင်နက်တည်း ရိုက်ကူးနိုင်ပြီး၊ အခြားနှစ်ဘက်မြင် ဗွီဒီယိုရိုက်ကူးမှုများမှာ အသုံးပြုနိုင်ပါတယ်။ ရှေ့ကင်မရာ မှ video clip နှင့် နောက်ကင်မရာမှ video clip များကို မူ ခွဲခြား၍ save လုပ် သိမ်းဆည်းနိုင်မှာ မဟုတ်ပါဘူး။ အဖြူနှင့် အနက်ရောင် ရရှိနိုင်မည့် LG ရဲ့ Optimus G Pro ဖုန်း ကို လာမယ့် April လမှာ ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချီမယ်လို့ သိရပါတယ်။ 

0 comments: