Home

အသစ်ထွက်ရှိမယ့် iPhone 6 ခန့်မှန်း Design

                           
                            iPhone 5 ထွက်ရှိပီးလို့ မကြာသေးတဲ့အချိန်မှာပဲ Apple ရဲ့ ထုံးစံအတိုင်း အစဉ်လိုက် ထပ်မံထွက်ရှိမယ့် iPhone 6 ဒါမှမဟုတ် iPhone 5S ရဲ့အကြောင်းကို Apple Brand ကြိုက်နှစ်သက်သူတိုင်း စိတ်ဝင်စားလာကြမှာပါ။ အီတလီလူမျိုး ဒီဇိုင်နာ Federico Ciccarese ဟာ ယခင် iPhone pre-design များကဲ့သို့ပဲ သူ့ရဲ့ စိတ်ကူးနဲ့ ကြိုတင်ခန့်မှန်းခါ ထပ်မံထွက်ရှိမယ့် iPhone 6/ 5S ရဲ့ ဒီဇိုင်းကို ပုံမှာပြထားတဲ့အတိုင်း ရေးဆွဲထားပါတယ်။


                                    ယခင် iPhone 5 မထွက်မီ ကြိုတင်ခန့်မှန်းခဲ့သော designer များရဲ့ iPhone 5 design တော်တော်များများကတော့ တကယ်တမ်းထွက်ရှိလာတဲ့ iPhone 5 ထက် ပိုမိုစွဲမက် ကျေနပ်ဖွယ်ဖြစ်ခဲ့ပေမယ့်၊ ယခု iPhone 6/ 5S design ကိုတော့ Nokia Lumia နှင့် အနဲငယ်ဆင်တူပြီး၊ iPod Nano နှင့်လည်း ခပ်ဆင်ဆင် တူသယောင် ဖန်တီးထားပါတယ်။ Icon design များနှင့် opperating system design layout များကို တော့ Apple product များဖြစ်တဲ့ iPhone ရဲ့ iOS နဲ့ Mac ရဲ့ OSX ကိုပေါင်းစပ်ထားတဲ့ ဒီဇိုင်းများ ရေးဆွဲထားသောကြောင့် iOSX ဒီဇိုင်း လို့တောင် ခေါ်ဆိုနိုင်ဖွယ်ဖြစ်ပါတယ်။



  
Ref: mashable

0 comments: