Home

face-recognition ပြုလုပ်နိုင်ခြင်းမှ ကာကွယ်နိုင်သည့် မျက်မှန်


                              Face-recognition လို့ခေါ်တဲ့ ကင်မရာ အတော်များများမှာ ပါဝင်တဲ့ မျက်နှာဖတ်သည့် စနစ် ကိုကာကွယ်နိုင်ရန် ဂျပန်နိုင်ငံ မှ Isao Echizen ဆိုသူ သိပ္ပံပညာရှင် တစ်ယောက်က မျက်မှန်တစ်လက်ကို တီထွင်လိုက်ပါတယ်။ အဆိုပါမျက်မှန်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော near-infrared LEDs ဟုခေါ်သည့် မီးလုံးလေးများကို face-recognition စနစ်မှ အများဆုံး ဖတ်ရှုသည့် မျက်နှာ၏ အစိတ်အပိုင်းများဖြစ်သည့် မျက်လုံး၊ မျက်ခုံးနှင့် နှာတံများအနီးတွင် တပ်ဆင်ထားပါတယ်။ ၄င်းမျက်မှန်ကိုတပ်ဆင်ထားသူအား face-recognition စနစ်ပါဝင်သည့် ကင်မရာတစ်ခုခုနှင့် ရိုက်ကူးလိုက်ပါက မျက်မှန်တွင်တပ်ဆင်ပေးထားသော မီးလုံးလေးများမှ digital noise ဟုခေါ်သည့် ပုံမှန်မဟုတ်သော မလိုလားအပ်သည့် အရောင်များကို အလိုအလျှောက်ဖန်တီးပေးခြင်းဖြင့် Auto face-recognition ပြုလုပ်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။



                                တီထွင်သူ Isao Echizen ကတော့ တစ်စုံတစ်ယောက်ဟာ ဓါတ်ပုံပိုင်ရှင်ကို အသိမပေးပဲ tag လုပ်ခြင်းနှင့် အခြား ကိုယ်ပိုင်အချက်အလက် များ သတ်မှတ်ပေးနိုင်ခြင်း မရှိနိုင်စေရန် ရည်ရွယ်ထုတ်လုပ်ခဲ့တာလို့ BBC သတင်းဌာနကို ပြောပြခဲ့ပါတယ်။ ထို့ပြင် shopping mall ကဲ့သို့နေရာများတွင်လည်း face-recognition စနစ်များပါဝင်သည့် အဆင့်မြင့် CCTV များအသုံးပြုခါ ဈေးဝယ်သူ၏ ဘဏ်ကဒ်၊ အကြွေးကဒ်များမှ အချက်အလက်များနှင့် တွဲဖက်၍ မှတ်တမ်းတင်ထားတတ်ကြပါတယ်။ ထိုသို့သော နေရာများတွင် ယခု မျက်မှန်ကို တပ်ဆင်ခါ မိမိ၏ မျက်နှာကို ဖတ်ရှုသိမ်းဆည်းထားခြင်းမှ ကာကွယ်နိုင်ပါတယ်။

ref: www.bbc.co.uk

0 comments: